အဖွဲ့အစည်းတိုင်းတွင် ခေါင်းဆောင် (သို့မဟုတ်) စီမံခန့်ခွဲမှုပုံစံများ တစ်ခုခုဖြစ်စေ (သို့မဟုတ်) ခေါင်းဆောင်ခွင့် စီမံခန့်ခွဲမှုပုံစံနှစ်မျိုးစလုံးဖြစ်စေ အပြောင်းအလဲရှိပါက သတိပြုဆင်ခြင်ရန် အခြေအနေအမျိုးမျိုးရှိတတ်ပါသည်။ (က) ခေါင်းဆောင်၏ ခေါင်းဆောင်မှုအရည်အချင်းများကို ပြင်ဆင်ခြင်း၊ (ခ) စီမံခန့်ခွဲမှုပုံစံ အံမဝင်ခွင်မကျခြင်း၊ (ဂ) လက်တွေ့လုပ်ဆောင်ရမည့် ဗျူရိုကရက်အုပ်စုများ၏ အတိုက်အခံပြုခြင်းတို့ကို ကြုံတွေ့နိုင်ပါသည်။
အောက်ဖော်ပြပါဇယားကို လေ့လာကြည့်လျှင် . . .
စနစ်နှင့်ခေါင်းဆောင်အပြောင်းအလဲကာလတွင် စီမံခန့်ခွဲမှုအပိုင်းမှ လုပ်ငန်းနှင့်လူများအကြောင်း သင်ယူလေ့လာရန် မပြည့်စုံခြင်း (Inadequate Learning) ရှိတတ်သဖြင့် ဆုံးဖြတ်ချက် အမှားများလုပ်ကိုင်ရန် အခွင့်အရေးများပြားသကဲ့သို့ အဆင့်ဆင့်ထောက်ပံ့ပံ့ပိုးမှု တာဝန်ယူမှု (Lack of supportive alliances) တိုင်းတွင် အားနည်းခြင်းကြောင့် ဆုံးဖြတ်ချက်အမှား (Bad Decisions) များပါသည်။ အဆင့်ဆင့်ထောက်ပံ့ပံ့ပိုးမှု တာဝန်ယူမှုအားနည်းခြင်းသည် အဖွဲ့အစည်းတွင်းရှိ ဆက်ဆံရေးတည်ထောင်မှု အားနည်းနေသေးခြင်း (Ineffective relationship building) ကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဆုံးဖြတ်ချက်အမှားများကြောင့် အဖွဲ့အစည်းအတွင်းနှင့်အပြင်မှ ယုံကြည်မှုအားနည်းလာပြီး (Credibility lost) နောက်ဆုံးတွင် အတိုက်အခံပြုလုပ်ခြင်း (Resistance) များ ရှိလာနိုင်ပါသည်။ ထိရောက်သောခေါင်းဆောင်အနေဖြင့် အဖွဲ့အစည်းကို စတင်တာဝန်ယူပြီးနောက် မိမိလိုချင်သော စီမံခန့်ခွဲမှုပုံစံဖြင့် ဦးဆောင်လိုပါက ဖော်ပြပါစီမံခန့်ခွဲမှု စိန်ခေါ်မှုများကို လေ့လာပြင်ဆင်ထားရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ အဖွဲ့အစည်းသာမက သက်ဆိုင်သူအားလုံးအတွက် ပိုမိုကြီးမားသော စိန်ခေါ်မှုများရင်ဆိုင်လာနိုင်ရပါကြောင်း။
Ref: The First 90 Days
မောင်သာ