ဤတွင် အရင်းရှင်စနစ်နှင့် ပတ်သက်၍ စီးပွားရေးသီအိုရီ အသစ်ပေါ်သည်။ ယင်းသီအိုရီကို ဗြိတိသျပါရဂူကြီးလော့ဒ် မေနတ်ကိန်းက ပြုစုဖော်ထုတ်သဖြင့် ကိန်းသီအိုရီဟု ကျော် ကြားသည်။ လော့ဒ်ကိန်းက အရင်းရှင်စနစ်ကို ဖရီးမတ် ကက်ဖြင့် အခါခပ်သိမ်း မထိန်းချုပ်နိုင်တော့ပြီဟု ဖော်ထုတ် လိုက်သည်။ အရင်းရှင်စနစ်ကို အစိုးရ၏ဝင်ရောက်စွက်ဖက် မှုဖြင့် ကျားကန်ရမည်ဟု ဆိုသည်။ ဤအတိုင်းလည်း အစိုးရက ဝင်ကယ်ခဲ့သဖြင့် မဟာစီးပွားပျက်ကပ်ကြီး၏အလွန်ဆိုးဝါးသောအန္တရာယ်မှ လွတ်သွားသည်။ အရင်းရှင် စနစ် နာလန်ပြန်ထလာသည်။ စစ်စီးပွားရေးဖြင့် ဆက်လက် ပြီး အရင်းရှင်စနစ်ကို ဈေးကန်ပေးခဲ့သည်။ အိမ်ရာမြေကွက်အကျပ်အတည်းနှင့် ချေးငွေ အကျပ်အတည်းတို့ ပေါင်းဆုံပြီး အမေရိကန်တွင် မဟာစီး ပွားပျက်ကပ်ကြီး (Great Depression) ဆန်ဆန် ကပ် ဘေးကြီး ပေါ်လာသည်။ ပထမတော့ ဖရီးမတ်ကက်နည်းဖြင့် ဝိုင်းဝန်းဖြေရှင်းကြသည်။ ဖရီးမတ်ကက်နည်းဆိုသည်မှာ အစိုးရကဝင်မကယ်ဘဲ ဒေဝါလီခံ၍ ပြုတ်သွားသည့်ရင်းနှီး မြှုပ်နှံမှုကော်ပိုရေးရှင်းကြီးတို့ကို အခြားပုဂ္ဂလိကရင်းနှီးမြှုပ် နှံမှုကော်ပိုရေးရှင်းကြီးတို့က ဝိုင်းကယ်၊ ဝင်ကယ်သောနည်း ဖြစ်သည်။ တစ်နည်းပြောလျင် ပုဂ္ဂလိကကော်ပိုရေးရှင်းကြီး တို့က ထိုးရောင်း၊ ထိုးဝယ်သည်ကို အခြားပုဂ္ဂလိကကော်ပို ရေးရှင်းတို့က ဝယ်ယူလက်ခံ၍ စခန်းသွားရန်ဖြစ်သည်။ အခြားနည်းတစ်နည်းမှာ ငွေပြတ်သွားသောကုမ္ပဏီတို့ကို ကုမ္ပဏီချင်း လက်လှည့်ချေးငှားကြသောနည်း ဖြစ်သည်။ အချင်းချင်းဝင်မကယ်နိုင်သောအခါ ဗဟိုဘဏ်နှင့် အစိုးရက အလုံးအရင်းနှင့် ပုံအောဝင်ကူရသည်။ ဒေဝါလီ ခံရသော ကုမ္ပဏီတို့ကို ဗဟိုဘဏ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနတို့က ပစ္စည်းထိန်းငွေများအဖြစ် ဝင်သိမ်းရသည်။ အစိုး ရက ပစ္စည်းထိန်းအဖြစ် ဝင်သိမ်းငွေများ ပုံအောချေးငှားရခြင်း တို့သည် တော်တော်ပြင်းထန်သည့်သဘောရှိ၍ အစွန်း ရောက်ဝင်ရောက်စွက်ဖက်မှု (Radical Intervention) ဟု ခေါ်သည်။
မောင်သာဇုံ