မြန်မာနိုင်ငံမှာ လာရောက် မိတ်ဆက်သွားတဲ့ Club Med Resort များ

feature image မော်လဒိုက်နိုင်ငံ Kani  ကမ်းခြေ၊ ထိုင်းနိုင်ငံ Phuket ကမ်းခြေ၊ အင်ဒိုနီးရှားနိုင်ငံBaliကမ်းခြေနဲ့ အခြားဒေသတို့မှာရှိတဲ့ Club Med Resorts  များကို မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က လာရောက်မိတ်ဆက်ခဲ့ပါတယ်။  Signature စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ မိတ်ဆက်ပွဲ အခမ်းအနားမှာ  Club Med အပန်းဖြေစခန်းများ၊Travel package  များအကြောင်းကို ဗီဒီယိုနဲ့ အသေးစိတ် ရှင်းပြသွားပါတယ်။ အဆိုပါ  Club Med Resorts တွေကို သွားရောက်လည်ပတ်မယ်ဆိုရင် ကမ်းခြေမှာ ပြုလုပ်နိုင်တဲ့ အားကစားနည်းတွေ၊ ပျော်ရွှင်စရာ အစီအစဉ်တွေပါတဲ့ ညနေခင်းတွေ၊ စုံလင်တဲ့ အစားအသောက်တွေ၊ Spa ဝန်ဆောင်မှုတွေ စတဲ့ အနားယူအပန်းဖြေစရာတွေ အားလုံး စုံစုံလင်လင် ပါဝင်ပါတယ်။ အဲဒီဒေသတွေကClub Med Resorts တွေမှာ သွားရောက်အပန်းဖြေလိုသူတွေအနေနဲ့ Sun Far Travels & Tours ကို ဆက်သွယ်ပြီး သွားရောက်လည်ပတ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ သွားရောက်နိုင်တဲ့ ဈေးနှုန်းတွေကတော့ မော်လဒိုက်ကKani ကမ်းခြေကို Malaysia Airlines  နဲ့ ၂ ညအိပ် ၃ ရက်ခရီးအတွက် ဒေါ်လာ ၁၆၀၀၊ ၃ ညအိပ် ၄ ရက်ခရီးအတွက် ၁၈၇၅ ဒေါ်လာ၊ ထိုင်းနိုင်ငံ၊ Phuket  ကိုBangkok Airways နဲ့ ၂ ညအိပ် ၃ ရက်ခရီးအတွက် တစ်ယောက်လျင် ၇၈၅ ဒေါ်လာ၊ ၃ ညအိပ် ၄ ရက်ခရီးအတွက် ၉၇၅ ဒေါ်လာ၊ အင်ဒိုနီးရှား ဘာလီ ခရီးစဉ်ကို Malaysia Airlines  နဲ့ ၂ ညအိပ် ၃ ရက်ခရီးအတွက် ဒေါ်လာ ၉၅၀၊ ၃ ညအိပ် ၄ ရက်ခရီးအတွက် ဒေါ်လာ ၁၁၀၀ အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။
bali, Indonesiaအင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ Club Med Resort တစ်နေရာ  Club Med Phuketထိုင်းနိုင်ငံ Phuket ရှိ Club Med Resort          Kani Maldivesမော်လဒိုက်နိုင်ငံ Kani ရှိ Club Med Resort