Marketing Director
City Mart Holding Co Ltd[/caption] City Mart ရဲ့ CSR အစီအစဉ် အကောင်အထည်ဖော်ဖြစ်ခဲ့တဲ့ရည်ရွယ်ချက်နဲ့ စတင်လုပ်ကိုင်တဲ့ခုနှစ် City Mart Holding Co Ltd ကို ၁၉၉၆ ခုနှစ်မှာ စတင် တည်ထောင်တဲ့အချိန်ကစပြီး ၁၇ နှစ်တာ ကာလအတွင်း စာသင်ကျောင်းတွေ ဆောက်လုပ်လှူဒါန်းတာ၊ လူမှုရေးအဖွဲ့ အစည်းတွေကို လှူဒါန်းတာတွေအပြင် သဘာဝဘေးအန္တရာယ် ကျတဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အတွက်လှူဒါန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ် တွေကို ပိုပြီးအားစိုက်လုပ်ဆောင်နိုင်ဖို့အတွက် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှာ City Love & Hope Foundation ကို ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ လူမှု ရေးဆိုင်ရာတာဝန်သိတတ်မှု Corporate Social Respon-sibility လုပ်ငန်းစဉ်တွေကို လူမှုရေး၊ ပညာရေး၊ ကျန်းမာ ရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတဲ့ လုပ်ငန်းစဉ် လေးရပ်နဲ့ အဓိကဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ CSR အတွက် သီးသန့်တာဝန်ယူတဲ့ဌာန လက်ရှိအချိန်မှာ Marketing Department ရဲ့ သီးသန့် ှSection ခွဲတစ်ခုအနေနဲ့ CSRလုပ်ငန်းတွေကို ဖော်ဆောင် နေပြီး တခြားစိတ်ပါဝင်စားတဲ့ Volunteer ဝန်ထမ်းတွေက လည်း အတူတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလကစတင်ပြီး Corporate Strategy အနေ နဲ့ City Love & Hope Foundation ရဲ့ CSR Committee ကို ဖွဲ့စည်းတည်ထောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆောင်ရွက်ခဲ့တဲ့အစီအစဉ်တွေနဲ့ ၂၀၁၄ ခုနှစ်အတွက် အစီအစဉ် City Love & Hope Foundation က လုပ်ကိုင်ဆောင်ရွက် တဲ့ကဏ္ဍလေးရပ်ကတော့ Environment ၊ Health ၊ Edu-cation နဲ့ Community Living တို့ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ အဲဒီကဏ္ဍလေးရပ်အတွက် ထောက်ပံ့စောင့်ရှောက်မှု လုပ်ငန်းတွေဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာလည်း အဲဒီ ကဏ္ဍတွေအတွက် ထောက်ပံ့စောင့်ရှောက်ရေးလုပ်ငန်းတွေကို တစ်နှစ်စာအစီအစဉ်ဆွဲ၊ Budget သတ်မှတ်ပြီး ဆောင် ရွက်သွားမှာဖြစ်ပါတယ်။ City Love & Hope Foundation ရဲ့ CSR လုပ် ငန်းစဉ်တွေကို နှစ်အလိုက် Year Plan တွေချမှတ်ဆောင် ရွက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအနေနဲ့ NO Plastic Bag ဆိုတဲ့ 'ပလတ်စတစ်အိတ် သုံးစွဲမှုလျော့ချရေးအစီစဉ်' ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကာလအတွင်း City Mart Supermarket နဲ့ Ocean Supercenter ဆိုင်ခွဲတွေအားလုံး ကနေရောင်းချရတဲ့ Reusable Bag အိတ်ရောင်းရငွေတွေ ရဲ့ ၅၀ ရာခိုင်နှုန်း၊ Help Save The Earth Promotion က ရရှိတဲ့အမြတ်ငွေတွေနဲ့ ဈေးဝယ်သူမိဘပြည်သူတွေက လှူဒါန်းငွေတွေအားလုံးကို စုပေါင်းပြီး ထောက်ကြံ့မြို့နယ်၊ ရွှေနံ့သာမြို့သစ်မှာ သစ်ပင်ပေါင်း ၁၂,၅၀၀ တိတိစိုက် ပျိုးပေးခဲ့ပါတယ်။ အဲဒီအစီအစဉ်ကို ၂၀၀၉ ခုနှစ်မှာ စတင် ခဲ့တာဖြစ်ပြီး စုစုပေါင်း ငွေကျပ်သိန်း ၃၆၀ ကျော်လှူဒါန်းပြီး သစ်ပင်ပေါင်း ၂၅,၅၀၀ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပလတ် စတစ်အိတ်သုံးစွဲမှုအနေဖြင့် အလုံးရေ ၇၁,၁၄၀ အိတ်လျော့ ချနိုင်ခဲ့ပါတယ်။ ကျန်းမာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သူတွေ ကျန်းမာပျော်ရွှင်စွာနေထိုင်ရေးကို ဦးတည်ပြီး ပြည်သူတွေကျန်းမာရေးအသိရှိစေဖို့ City Care Health & Beauty Store အနေနဲ့ ပုံမှန်အသိပညာပေးစာစောင်တွေနဲ့ ပို့စကတ်တွေ ထုတ်ဝေပေးလျက်ရှိပါတယ်။ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ အခမဲ့စမ်းသပ်စစ်ဆေးခြင်း Free Health Check ကို ဇွန်လကစတင်ပြီး နှစ်လတစ်ကြိမ် စမ်းသပ်စစ် ဆေးပေးတာကိုလည်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အမေများ နေ့အထိမ်းအမှတ် ဈေးရောင်းပွဲကနေ ရရှိလာတဲ့ အမြတ်ငွေ တွေကို ၂၀၁၂ ခုနှစ်ကစပြီး နှစ်စဉ်လှူဒါန်းခဲ့ရာမှာ ကျန်း မာရေးစောင့်ရှောက်မှုရန်ပုံငွေအဖြစ် ရန်ကုန်ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ ရန်ကုန်အလုပ်သမားဆေးရုံကြီး၊ ရန်ကုန်ကလေး ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၊ တောင်ဥက္ကလာအမျိုးသမီးနှင့်ကလေးဆေးရုံ၊ စိတ်ကျန်းမာရေး ဆေးရုံ၊ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံကြီးအပါ အဝင် မင်္ဂလာဗျူဟာပရဟိတအဖွဲ့ (သွေးပဒေသာပင်အလှူ)တွေကို ငွေကျပ် သိန်း ၄၂၀ ကျော် လှူဒါန်းနိုင်ခဲ့ပါတယ်။ City Mart ဝန်ထမ်းမိသားစုတွေရဲ့ စုပေါင်းသွေးလှူဒါန်းပွဲ အနေနဲ့ ၂၀၁၁ ခုနှစ်က စတင်ပြီး ၂၀၁၃ ခုနှစ်အထိ Volunteer ဝန်ထမ်းပေါင်း ၆၄၄ ဦးက သွေးလှူဒါန်းနိုင်ခဲ့ပြီး အဲဒါကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမှာဖြစ် ပါတယ်။ ပညာရေးကဏ္ဍ ပညာရေးကဏ္ဍအနေနဲ့ အမေများနေ့အထိမ်းအမှတ်ဈေး ရောင်းပွဲကနေရရှိလာတဲ့ အမြတ်ငွေတွေကို ရန်ကုန်အမျိုးသမီး လေးများ သင်တန်းကျောင်း၊ မန္တလေးအမျိုးသမီးလေးများ သင်တန်းကျောင်း၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ကမ္ဘာအေးလူငယ်သင်တန်းကျောင်း (ယခုသန်လျင်)၊ ကျိုက် ဝိုင်းလူငယ်သင်တန်းကျောင်း၊ ရတနာပုံရိပ်ငြိမ် အမှတ် (၁) ဘုန်းတော်ကြီးပညာသင်ကျောင်း၊ မြသိင်္ဂီအမှတ် (၁) သီလ ရှင်ပညာရေးကျောင်း၊ မေတ္တာဝါဒီ ဘုန်းတော်ကြီးသင်ကျောင်း၊ ကျောက်တော်မြို့၊ မတင်မှိုင်းဘုန်းကြီးသင် ပညာရေးကျောင်း၊ သာသနာ့ဂုဏ်ရည် သီလရှင်ပညာရေးကျောင်း၊ မဟာသိပ္ပံ အမှတ် (၄) ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပဲခူးမြို့၊ ပန်းခြံကုန်းမှာရှိတဲ့လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ စတဲ့ ပညာရေးကျောင်းတွေကို နှစ်စဉ်အလှည့်ကျလှူဒါန်း ခဲ့ရာမှာ ၂၀၁၃ ခုနှစ်မှာ ၁၂ ကြိမ်မြောက်အဖြစ် ငွေကျပ်သိန်း ၃၅၀ ကျော်ကို လှူဒါန်းနိုင်ခဲ့ပါတယ်။ အနာဂတ်ရဲ့သားကောင်းရတနာဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံတော်က အားကိုးရမယ့် လူငယ်လူရွယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၃ နိုဝင် ဘာလ ၂၈ ရက်နေ့မှာ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ 4th ASEAN Scout Jamboree ကို တက်ရောက်မယ့် ကင်း ထောက်လူငယ်လေးတွေအတွက် ရန်ကုန်- ဘန်ကောက်-ရန်ကုန် အသွားအပြန် လေယာဉ်လက်မှတ် ၂၂ စောင်ကို လှူဒါန်းခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ မေလ ၅ ရက်နေ့ကနေ ဇွန်လ ၅ ရက်နေ့အထိ ဈေးဝယ်သူမိဘပြည်သူတွေနဲ့ ပူးပေါင်းပြီး Donate A Book အစီအစဉ်ကိုပြုလုပ်ပြီး ငွေကျပ် ၂၈ သိန်းကျော်တန်ဖိုးရှိတဲ့ စာရေးကိရိယာတွေနဲ့ ကျောင်းသုံး ဗလာစာအုပ်တွေကို ရန်ကုန်အမျိုးသမီးလေးများသင်တန်း ကျောင်း၊ မန္တလေးအမျိုးသမီးလေးများသင်တန်းကျောင်း၊ ရတနာပုံရိပ်ငြိမ် အမှတ်(၁) ဘုန်းတော်ကြီးသင်ပညာကျောင်းနဲ့ သုခရိပ်မြုံ လူငယ်ပရဟိတဂေဟာတို့ကို လှူဒါန်းခဲ့ပါတယ်။ ဒါအပြင် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးပွဲအနေနဲ့ Wall of Pledge အစီအစဉ်ကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ လ ၈ ရက်မှာပြုလုပ်ခဲ့ပြီး အဲဒီပွဲကရရှိခဲ့တဲ့လက်ဝါးရာလေး ၂ç၃၈၅ ခုအတွက် ငွေကျပ် ၂ç၃၈၅ç၀၀၀ ကို ကရင်အမျိုး သမီးလေးများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Karen Women Empowerment Group) ကို လှူဒါန်းခဲ့ပါတယ်။ လူနေမှုဘဝတိုးတက်မြင့်မားရေး (Developing Community Living) လူမှုရေးစောင့်ရှောက်မှုအနေနဲ့ ဘဝကံအကြောင်းမလှကြတဲ့ လူငယ်လူရွယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ လူမှုအဖွဲ့အစည်းတွေက ပြုလုပ်ရောင်းချတဲ့ လက်မှုထွက်ကုန်ပစ္စည်းတွေကို City Mart Supermarket နဲ့ Ocean Supercenter တို့မှာ အခမဲ့ ရောင်းချခွင့်ရဖို့ စီစဉ်ပေးသွားမှာဖြစ်တယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်မှာ ရွေ့လျား အာဟာရအစီအစဉ် 'Mobile Soup Kitchen' ကို အိမ်ခြေ တစ်ထောင်ကို ပေးဝေခြင်းအစီအစဉ်နဲ့ စတင်ခဲ့ပြီး ဆင်းရဲ နွမ်းပါးပြီး လိုအပ်ချက်တွေရှိနေတဲ့ ပြည်သူတချို့အတွက် နေ့စဉ်လိုအပ်တဲ့အခြေခံစားသောက်ကုန်တွေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းတွေပါဝင်တဲ့ Care Packages အထုပ် တွေကို အိမ်တိုင်ရာရောက် တစ်နေရာပြီးတစ်နေရာ လစဉ် သွားရောက်လှူဒါန်းသွားမှာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလမှာကျင်းပမယ့် ရိုးမမာရသွန်ပြိုင်ပွဲကြီးမှာ မိဘမဲ့ ကလေး ၃၉ ဦးနဲ့အတူ City Mart Holding Co Ltd ရဲ့ Volunteer ဝန်ထမ်းတွေကRun For Love ခေါင်းစဉ်နဲ့ အတူတကွ ပြိုင်ပွဲဝင်ကြမှာဖြစ်ပါတယ်။ မိဘမဲ့ကလေးတွေ ကို စိတ်အားငယ်တာ၊ စိတ်ဓာတ်ကျတာတွေမှ ကင်းဝေးပြီး လူ့ဘောင်လူ့အသိုင်းအဝိုင်းဝန်းကျင်ထဲကို တိုးဝင်ရင်ဆိုင်ရပ် တည်ရဲတဲ့စိတ်ဓာတ်နဲ့ သတ္တိတွေရှိလာစေဖို့ အခုလိုဆောင် ရွက်ပေးတာဖြစ်ပါတယ်။ UN ရဲ့ Global Compactအဖွဲ့ဝင်ဖြစ်လာပြီးနောက်ပိုင်း Global Compact မှာပါဝင်တဲ့ Principle တွေကို ကျွန်မတို့ Commit လုပ်ခဲ့တဲ့အတိုင်း Company ရဲ့ Policy တွေ၊ Regulation တွေကို Review လုပ်ပြီး လက်တွေ့လုပ်ဆောင် မှု (Practices) တွေကို Awareness ရှိရှိနဲ့ ဆောင်ရွက်ခဲ့ပါ တယ်။ ကျွန်မတို့ဆောင်ရွက်ခဲ့သလို ကျွန်မတို့နဲ့အတူ လက် တွဲဆောင်ရွက်နေတဲ့ စီးပွားဖက်ကုမ္ပဏီတွေ၊ Partner တွေ ကိုလည်း Principle တွေကို လက်ဆင့်ကမ်းပေးသွားမှာ ဖြစ်ပါတယ်။ Global Compact ကို Report လုပ်ရတဲ့အနေအထား Global Compact ပါ စောင့်သိရမယ့် အချက်ဆယ်ချက်နဲ့ ပတ်သက်တဲ့ ကုမ္ပဏီရဲ့ တစ်နှစ်တာဆောင်ရွက်မှုတွေကို Report လုပ်ရပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် Annual Report ကို ပေးပို့ထားပြီးဖြစ်သလို UN Global Compact Website မှာ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါ တယ်။
အယ်ဒီတာအဖွဲ့