ဆိုင်တည်နေရာ Yangon International Hotel ၊ အလုံလမ်း၊ ရန်ကုန်မြို့ ဖြစ်ပြီး ဖုန်းနံပါတ်အနေနဲ့ ၀၉-၈၅၀၁၃၆၁၊ ၀၉- ၇၃၂၀၃၂၉၅ တို့ဖြစ်ပါတယ်။
ဆိုင်ဖွင့်ချိန် ဆိုင်ဖွင့်ချိန်အနေနဲ့ နံနက် ၆ နာရီကနေ ည ၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
ဆိုင်ဖွင့်လှစ်ဖြစ်တဲ့ရည်ရွယ်ချက် ဆိုင်ဖွင့်လှစ်ဖြစ်တဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ဆိုင်ပိုင်ရှင် ကိုမြတ်ထွေးက ''ဒီဆိုင်ကDismsum စားလို့ရှိရင် မအီမ လည်ဖြစ်တာမျိုး၊ ခေါင်းကိုက်တာမျိုး မဖြစ်ဘူး။ အလုပ် လုပ်တဲ့သူတွေအနေနဲ့ ရုံးမသွားခင် ဗိုက်ဆာလို့ နံနက်စာ ဝင်စားလိုက်တယ်။ အလုပ်ထဲရောက်တော့ အားလုံးအတွက် အဆင်မပြေဘူး။ စားခဲ့ဖူးတဲ့ Dismsum တွေဟာ အချိုမှုန့်တ အားများတယ်။ လက်ရှိမြန်မာပြည်ကDimsum ဆိုင် တော်တော်များများဟာ Quality ကောင်းတာလည်း ရှိ တယ်။ ဒါပေမဲ့ အမျိုးအစားမစုံလင်ဘူး။ ဒါကြောင့် Dim- sum သီးသန့်ဆိုင်ဖွင့်ဖို့ ရည်ရွယ်ဖြစ်သွားတာပါ'' လို့ ရှင်းပြခဲ့ပါတယ်။
ရရှိနိုင်တဲ့ Menu Menu အမျိုးပေါင်း ၄၀ ကျော်ရှိပြီး ထမင်းဟင်းတွေကို လည်း မှာယူရရှိနိုင်ပါတယ်။ ဒါအပြင် ဒီဆိုင်ရဲ့နာမည်ကြီး ဟင်းတွေကတော့ စင်ကာပူဝက်နံရိုးဟင်းချိုရည်၊Dimsum ဖြစ်ပြီး ဖျော်ရည်ထဲမှာဆိုရင် Ice Lemon Tea ၊ Green Tea တွေက အများဆုံးစားသောက်ကြတဲ့ Menu တွေဖြစ် တယ်လို့ ဆိုပါတယ်။
ဈေးနှုန်းသတ်မှတ်ချက် ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ အနိမ့်ဆုံး ရှစ်ရာကျပ်က စပြီး အများဆုံး သုံးထောင်၊ ရှစ်ထောင်၊ တစ်သောင်းကျော် အထိရှိတယ်လို့ သိရပါတယ်။
ဝန်ဆောင်မှုပိုင်း အင်တာနက်၊ ွှWifi Free လုပ်ထားပေးပြီး ရုံး Meeting လုပ်ချင်တဲ့သူတွေ၊ ပွဲလုပ်ချင်တဲ့သူတွေနဲ့ အကျွေးအမွေး ပြုလုပ်ချင်သူတွေအတွက် Out Door Service လုပ်ပေးပြီး ဈေးနှုန်းတွေကို ဆိုင်ကဈေးနှုန်းထက် သက်သာအောင် ပြုလုပ်ထားပေးတယ်လို့ ဆိုပါတယ်။
အနာဂတ်အစီအစဉ် အနာဂတ်အစီအစဉ်အနေနဲ့ ဆိုင်ခွဲသစ်တွေကို ဖွင့်လှစ်သွား ပြီး Menu အသစ်ဖြစ်တဲ့ ငါးဆီပေါင်းဟင်းချိုရည်၊ ငါးနဲ့ ကြက်သားDimsum ကိုလည်း ဈေးနှုန်းသက်သက်သာ သာနဲ့ ပြုလုပ်ပေးသွားမယ်လို့ သိရပါတယ်။