တရုတ်နိုင်ငံ၏ အထင်ရှားဆုံးအိမ်ခြံမြေလုပ်ငန်းကြီးကို ဦးဆောင်နေသူ Wang Jianlin

wan jianlin1 Wang Jianlin ကို တရုတ်နိုင်ငံSichuan  ပြည်နယ်၊ Cangxi  မြို့နယ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းညီအစ်ကို ငါးယောက်တွင် အကြီးဆုံးသားဖြစ်သည်။ သူ့ဖခင်သည် မော်စီတုန်း၏ ခရီးရှည်ချီတက်ပွဲတွင် ပါဝင်တိုက်ပွဲဝင် ခဲ့သူ တစ်ယောက်ဖြစ်သည်။Wang သည် ၁၉၇၀ ခုနှစ်မှ၁၉၈၆ ခုနှစ်အထိ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တွင် အမှုထမ်းကာ ၁၉၇၆ ခုနှစ်တွင် တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်လာခဲ့သည်။ ၁၉၈၆ ခုနှစ်တွင်Liaoningါ တက္ကသိုလ်မှ ဘွဲ့ရကာDalian မြို့တွင် အလုပ်ဝင်ခဲ့သည်။ ၁၉၉၂ ခုနှစ် တွငDalian Wanda Group  ၏ အထွေထွေမန်နေဂျာအဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၉၃ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီ၏ CEO ဖြစ်လာကာ ထိုမှသည် ဥက္ကဋ္ဌရာထူးသို့ တက်လှမ်းခဲ့ပါသည်။Wang ၏ ပိုင်ဆိုင်မှုသည် ယခုအခါ ဒေါ်လာ ၁၄ ဘီလီယံရှိကာ တရုတ်နိုင်ငံမှHangzhou Wahaha  အချိုရည်ကုမ္ပဏီ၏ ဥက္ကဋ္ဌ  Zong Qinghou  ထက် ပိုမို များပြားနေပါသည်။ ထို့ကြောင့်လည်းWang  ကို Forbes မဂ္ဂဇင်းက တရုတ်နိုင်ငံ၏ အချမ်းသာဆုံးဟု (၂၀၁၃ ခုနှစ် အတွင်း) သတ်မှတ်ခဲ့ပါသည်။ သူ၏ကုမ္ပဏီသည် ဧည့်ခံ ရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းများကို ဆက်လက်အာရုံစိုက် လိမ့်မည်ဟုလည်း ယင်းမဂ္ဂဇင်းက ခန့်မှန်းထား  Wang''ကျွန်တော်တို့ဟာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ ဘီလီယံအနည်းငယ် သုံးစွဲသွားမှ ဖြစ်မှာပါ'' ဟု တရုတ်နိုင်ငံမြောက်ပိုင်းDalian  တွင် မ ကြာသေးမီကကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် ပြင်ပအင် တာဗျူးတစ်ခုတွင် ပြောကြားသွားခဲ့ပါသည်။   တရုတ်နိုင်ငံတွင် အကြီးမားဆုံး Dalian Wanda Group ဆိုသည်မှာ တရုတ်နိုင်ငံတွင်အကြီး မားဆုံး အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း တစ်ခုဖြစ်သည်။ ကုမ္ပဏီကို ၁၉၈၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ အိမ်ခြံမြေရောင်းဝယ်ရေး၊ ဇိမ်ခံဟိုတယ်လုပ်ငန်း၊ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး၊ လက်လီစတိုးဆိုင်များ စသည့် လုပ် ငန်းလေးမျိုးကို အဓိကထားလုပ်ကိုင်သည်။ လုပ်ငန်းပိုင်ဆိုင် မှု ဒေါ်လာ ၄၈ ဘီလီယံ၊ နှစ်စဉ် ဝင်ငွေဒေါ်လာ ၂၃ဘီလီ ယံနှင့် အခွန်ငွေ ဒေါ်လာ ၃.၂ ဘီလီယံ နှစ်စဉ်ထမ်းဆောင် ကြောင်းသိရသည်။ ၂၀၁၅ ခုနှစ်တွင် လုပ်ငန်းပိုင်ဆိုင်မှု ဒေါ်လာ ၆၄.၈ ဘီလီယံ၊ နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၂၅၀ ဘီလီယံနှင့် အခွန်ငွေ ဒေါ်လာ ၄.၈ ဘီလီယံ နှစ်စဉ်ထမ်း ဆောင်ကာ ကမ္ဘာ့အဆင့် လုပ်ငန်းကြီးတစ်ခု ဖြစ်လာစေရန် ရည်မှန်းထားသည်ဟု ကုမ္ပဏီကဆိုထားပါသည်။ ယခုအခါ Wanda ကုမ္ပဏီသည် ပြည်ပလုပ်ငန်း များ၊ ပိုင်ဆိုင်မှုများ ဝယ်ယူမှုအတွက် နှစ်စဉ်ဒေါ်လာ ငါးဘီ လီယံသုံးမည်ဟု ဆိုလာပါသည်။ ဗြိတိသျရွက်လှေထုတ် လုပ်သူSunseeker International Ltd  ကို အပြီးသတ်ဝယ် ယူပြီး သီတင်းပတ်အနည်းငယ်အတွင်း Wanda ကုမ္ပဏီ၏ဥက္ကဋ္ဌဖြစ်သူWang Jianlin  က သူသည်အခွင့်ကြုံပါက လုပ်ငန်းဝယ်ယူရန်အတွက် ဒေါ်လာငါးဘီလီယံကျော်အထိ သုံးစွဲရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ Dalian Wanda    ကုမ္ပဏီသည် တရုတ်နိုင်ငံ တစ် ဝန်းတွင်Wanda ပလာဇာ ၄၉ ခု၊ အဆင့်မြင့် ဟိုတယ် ၂၆ ခု၊ ရုပ်ရှင်ရုံ ၈၆ ရုံ၊ စတိုးဆိုင် ၄၀ နှင့် ကာရာအိုကေ စင်တာ ၄၅ ခု ပိုင်ဆိုင်ပါသည်။ ၂၀၁၂ ခုနှစ်၊ မေလတွင် အမေရိကန်မှAMC Entertainment Holdings  ကုမ္ပဏီကို ဒေါ်လာ ၂.၆ ဘီလီယံဖြင့် ဝယ်ယူမည်ဟု ကြေညာလိုက် သောအခါ အမေရိကန်တွင် အတော်လေး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်အထိ ဂယက်ရိုက်သွားခဲ့ပါသည်။ အဆိုပါဝယ် ယူမှုသည် စက်တင်ဘာလတွင် ပြီးပြတ်သွားပါသည်။ Dalian Wanda  သည်လည်း ကမ္ဘာ့အကြီးဆုံး ရုပ်ရှင်ရုံလုပ် ငန်းလုပ်ကိုင်သူဖြစ်လာသည်။ ထိုမှသည်Wanda  ကုမ္ပဏီ သည် ဆက်လက်ကြီးထွားလာကာ နိုဝင်ဘာလတွင် အယ် လာဘားမား၊ လူဝီစီယားနားနှင့် ဖလော်ရီဒါပြည်နယ်များရှိ ရုပ်ရှင်ရုံလေးခုကို ဝယ်ယူခဲ့လေသည်။   ငွေအရင်းအမြစ်များများဖြင့် လည်ပတ်နိုင်ခဲ့ စီးပွားရေးမကောင်းချိန်တွင် အိမ်ခြံမြေလုပ်ငန်းအတွက် တကယ့်အခက်အခဲက ပုံမှန်ဝင်ငွေ ရရှိနေရေးဖြစ် သည်။ Wanda ကုမ္ပဏီအတွက်ဆိုလျင် ဝင်ငွေအလုံအလောက် ရရှိပါမှ ကျန်လုပ်ငန်းများအတွက် အထောက်အကူ ရနိုင်မည်ဖြစ်သည်။ ကုမ္ပဏီ၏အဓိကဝင်ငွေမှာ လူနေသီးသန့် အဆောက်အအုံများနှင့် စီးပွားရေးပလာဇာများ၏ လူနေထိုင် သည့်အစိတ်အပိုင်းများ ရောင်းချရမှုမှ ဝင်လာခြင်းဖြစ်သည်။ Wanda  ကုမ္ပဏီ၏ရုပ်ရှင်လုပ်ငန်းကွန်ရက်က တရုတ်နိုင်ငံဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်း ရထားသော်လည်း ထိုအပိုင်း မှWanda ကုမ္ပဏီတစ်ခုလုံးအတွက် ပံ့ပိုးမှုက ၁ ရာခိုင်နှုန်းသာရှိသည်။ ဟိုတယ်နှင့် စတိုးဆိုင်များအားလုံးမှာ ဘေးထွက် လုပ်ငန်းတွေသာဖြစ်ပြီး မြို့ပြအိမ်ရာများအတွက် ဝန်ဆောင်ပံ့ပိုးသည့်အစိတ်အပိုင်းများသာ ဖြစ်သည်။ ထိုဘေး ထွက်လုပ်ငန်းများက တကယ့်လုပ်ငန်းကြီးအတွက် ငွေကြေး ပံ့ပိုးမှုက မဆိုစလောက်သာ ဖြစ်သည်။ Wanda  ကုမ္ပဏီ၏ ပုံမှန်ဝင်ငွေ ဖန်တီးပေးလာခဲ့ သည်မှာ Kunming, Nanchang, Beijina  နှင့် Dalian  တို့တွင် ရှိသည့်လူနေသီးသန့်စီမံကိန်းများမှ ဖြစ်သည်။ တစ်ချိန်တည်းမှာပင်Wanda ကုမ္ပဏီက ရှစ်နှစ်စီမံကိန်း ချမှတ်ထားသည့် စီးပွားဖြစ်အိမ်ခြံမြေအဆောက်အအုံ စီမံ ကိန်းများမှ ရောင်းချရငွေများ အဆက်မပြတ်ရှိနေနိုင်ပါသည်။   Wang ၏ အမြော်အမြင် ၂၀၀၇ ခုနှစ်မတိုင်မီကပင် Wang Jianlin သည် Wanda ကုမ္ပဏီကို အဘက်ဘက်မှ စီမံခန့်ခွဲပေးခဲ့သည်။ ၂၀၀၇ ခုနှစ်တွငWanda ကုမ္ပဏီသည် အမှုဆောင် ဥက္ကဋ္ဌရာထူးကို တီထွင်ကာDing Benxi  ကို Wang Jianlin  က ပုဂ္ဂိုလ်ရေး အရရွေးချယ်ခဲ့ကာ အရောင်းစီမံကိန်းများအတွက် တိုက်ရိုက်တာဝန်ပေးခဲ့သည်။ ထိုနှစ်တွငWanda ရောင်းအား သည် ယွမ်ငွေဘီလီယံ ၂၀ ကျော်ရှိကာ ၂၀၀၈ ခုနှစ်တွင် ပိုမိုအောင်မြင်လာခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ် နှောင်း ပိုင်း ပြင်ပစီးပွားရေးအခြေအနေ ဆိုးရွားမှုများကြောင့်Wanda ကုမ္ပဏီ၏ရောင်းအားသည်လည်း ကျဆင်းခဲ့သည်။ ၂၀၀၉ ခုနှစ်တွင် အိမ်ခြံမြေလုပ်ငန်းတစ်ခုလုံး နှေးကွေးသွား မည်ဟုပင် Wang Jianlin  က မျော်မှန်းခဲ့သည်။ ၂၀၀၈ ခုနှစ်ကထက်တောင် ပိုဆိုးနိုင်သဖြင့် လုပ်ငန်းတစ်ခုလုံး အတွက် ပြုပြင်ပြောင်း လဲမှုပြုလုပ်ရန် ရာနှုန်းပြည့်လိုအပ် ကြောင်း သူက ပြောခဲ့သည်။ ၂၀၀၉ ခုနှစ်တွင်Wanda ကုမ္ပဏီသည် ှ့ Shanghai  နှင့်Qingdao မြို့များမှ ပလာဇာများအပါအဝင် စီမံကိန်း ဆယ်ခုကျော် စတင်နိုင်ခဲ့သည်။ ထိုမတိုင်မီ သုံးနှစ်ကလည်း တစ်နှစ်လျင် စီမံကိန်းသုံးခု အနည်းဆုံးစတင် ခဲ့သည်။ ထိုမှသညWanda ကုမ္ပဏီသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ကာ နှစ်စဉ် စီမံကိန်းများစွာ စတင်လာ သည်။ ထိုကာလအတွင်း ထိုဖွံ့ဖြိုးမှုကို ဆက်လက်ထိန်းသိမ်း နိုင်ရန်အတွက် ကုမ္ပဏီသည် အများပိုင်လုပ်ငန်းတစ်ခုဖြစ်ရလိမ့်မည်ဟုလည်း အိမ်ခြံမြေဆိုင်ရာအကဲခတ်တို့က ယူဆ ခဲ့ကြပါသည်။   ပုဂ္ဂလိကပိုင်လုပ်ငန်း ဖြစ်လာသည့်နောက် သို့ဖြင့် သိပ်မကြာခင်မှာပင် ပုဂ္ဂလိကပိုင်ဖြစ်ပြီးသည့်နောကWanda Group  သည် ဟိုတယ်နှင့် ဈေးဝယ်စင်တာများ၊ ရုပ်ရှင်ရုံများစသည့် လုပ်ငန်းများလည်ပတ်နေသည့် လုပ် ငန်း ကြီးတစ်ခု ဖြစ်လာပါသည်။ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံပြင်ပတွင် လုပ်ငန်းများ အလျင်အမြန်တိုးချဲ့ခဲ့ သည်။ ဇွန်လတုန်းကWangသည် ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် သူသည် နယူးယောက်တွင် ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံး တည်ဆောက်ရန် ဒေါ်လာ တစ်ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း၊ လာမည့်ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံပြင်ပတွင် ဟိုတယ် အလုံးရေ ရှစ်ခုမှ ဆယ်ခုအထိ တည်ဆောက်သွားချင်ကြောင်း၊ သို့မှသာ ကုမ္ပဏီကို တစ်ကမ္ဘာလုံး ပျံ့နှံ့စေမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ Wanda ကုမ္ပဏီသည် နိုင်ငံတကာလုပ်ငန်းနယ်ပယ် သို့ ယမန်နှစ်က စတင်ဝင်ရောက်ခဲ့သည်။ အမေရိကန်ရှိ ရုပ်ရှင် ရုံလုပ်ငန်းကြီး တစ်ခုဖြစ်သော AMC Entertainment  ကို မဝယ်ယူမီကလည်း ဗြိတိန်နိုင်ငံ၏ဇိမ်ခံရွက်လှေထုတ် လုပ်သည့် ရောင်းအားအကောင်းဆုံးလုပ်ငန်းကြီး Sunseeker ကို ဝယ်ယူမှုအပါအဝင် ဗြိတိန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁.၅၇ ဘီလီယံ ရှိခဲ့သည်။ ထိုအထဲတွင် လန်ဒန် မြို့၌ အခန်း ၁၆၀ ပါသညWanda  ဟိုတယ်နှင့် လူနေ တိုက်ခန်းတစ်ကွက် ဆောက်လုပ်မှုလည်း ပါဝင်ပါသည်။ မကြာသေးမီကလည်း တရုတ်နိုင်ငံကမ်းခြေမြို့ဖြစ်သည့်Qingdao တွင် ဒေါ်လာ ၄.၉ ဘီလီယံတန် ရုပ်ရှင်စတူဒီယို အသစ်တစ်ခု ဖွင့်လှစ်မည်ဟု ကြေညာခဲ့ပါသေးသည်။   တရုတ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု တရုတ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၂ ခုနှစ်တွင် စုစုပေါင်းဒေါ်လာ ၈၇.၈ ဘီလီယံ ရှိကာ ၂၀၁၁ ခုနှစ်က ထက် ၁၇.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ပြီးလျင် ကမ္ဘာတွင် တတိယမြောက်အကြီးဆုံး ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်လာကြောင်း တရားဝင် စာရင်း ဇယားများအရ သိရပါသည်။ အရင်းအမြစ်ဆိုင်ရာနှင့် တယ်လီဆက်သွယ်ရေး လုပ်ငန်းများကဲ့သို့ အမှားအယွင်းမခံသည့် လုပ်ငန်းနယ်ပယ် များရှိ တရုတ်ကုမ္ပဏီ အများအပြားမှာ ပြည်ပကလုပ်ငန်း များကို ဝယ်ယူမည်ကြံတိုင်း ဆန့်ကျင်ကန့်ကွက်မှုများ ရင် ဆိုင်ကြရလေ့ရှိပါသည်။ Wanda  ကုမ္ပဏီကတော့ ထိုကုမ္ပဏီ များကဲ့သို့မဟုတ်ဘဲ၊ ဝန်ဆောင်မှုလုပ်ငန်းပိုင်းတွင် ဖြစ်သည့် အတွက် ပြည်ပလုပ်ငန်းများဝယ်ယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း တို့ဘက်တွင် အောင်မြင်လျက်ရှိနေပါသည်။ Wang က တရုတ်နိုင်ငံ၏ ပြည်ပတွင် ရင်းနှီး မြှုပ်နှံမှုများသည် စည်းကမ်းများ ပိုမိုတင်းကျပ်လာသဖြင့် နှောင့်နှေးနေသည်ဟုဆိုခြင်းမှာ အခြေအမြစ်မရှိကြောင်း ပြောပါသည်။ ထိုသို့ကြားနေရသည်မှာ မီဒီယာများတွင်  ဖော်ပြသည့်စိုးရိမ်လွန်ကဲမှုများကြောင့်ဟု သူက ပြစ်တင် ဝေဖန်သွားသည်။Wangက ''အမေရိကန် အစိုးရဟာ ပြည်ပကလာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို မတင်း ကျပ်ပါဘူး။ ဒီလိုပဲ တရုတ်နိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဥပဒေကလည်း တချို့လူတွေ ထင်ကြသလို မတင်းကျပ်ပါ ဘူး။ ပထမတော့ ကျွန်တော်တို့လည်း လန့်သွားပါတယ်။ အမေရိကန်မှာသွားပြီးရင်းနှီးမြှုပ်နှံမယ်ဆိုရင် အချိန်အကြာ ကြီးစောင့်ရမယ်လို့ ထင်ခဲ့တာပါ။ ဒေသခံရှေ့နေတစ်ယောက်ကိုမေးတော့ သူက လည်း ထောက်ခံပေးဖို့ မသေချာဘူးလို့ သိလိုက်ရတယ်။ တကယ်တော့ အဲဒီလောက် မရှုပ်ထွေးပါဘူး။ ကုမ္ပဏီဘက်က လည်း ရိုးသားမယ်၊ အထိမခံတဲ့ လုပ်ငန်းနယ်ပယ်တွေလည်း မဟုတ်ဘူးဆိုရင်တော့ ဘာမှ အခက်အခဲမရှိဘူးလို့ ကျွန် တော်ထင်ပါတယ်”  ဟုပြောကြား သွားပါသည်။ ကိုယ်ရေးအကျဉ်း အမည် - Wang Jianlin မွေးသက္ကရာဇ် - အောက်တိုဘာ 24 ရက် ၊ 1954 ခုနှစ် (အသက် 58 နှစ်) ဇာတိ - တရုတ်နိုင်ငံ၊ Sichuan ပြည်နယ်၊ Cangxi မြို့နယ် နိုင်ငံသား - တရုတ် ရာထူး - Dalian Wanda Group ၏ ဥက္ကဋ္ဌ အသားတင် - ဒေါ်လာ 14.2 ဘီလီယံ ပိုင်ဆိုင်မှု - (တရုတ်နိုင်ငံ၏ အချမ်းသာဆုံး) မိသားစု - သားနှစ်ယောက်၊ သမီးတစ်ယောက်

ငြိမ်းလတ်အောင်