News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
မြန်မာနိုင်ငံတွင် Channel NewsAsia သတင်းဌာန တရားဝင်ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးဝန်းကျင်အကြောင်း ဆွေးနွေးပွဲကျင်းပ
Editorial
January 23, 2014
Asean News
Local News
News
Top Story
အာရှဒေသတွင်း ရုပ်သံဌာနတစ်ခုဖြစ်တဲ့ Channel NewsAsia ရဲ့ သတင်းဌာနကို မြန်မာနိုင်ငံမှာ တရားဝင် ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Channel NewsAsia ရဲ့ Managing Director Debra Soon က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားခဲ့ရာ ဒီကနေ့အခမ်းအနားမှာ Channel NewsAsia ရဲ့ နောက်ထပ်မှတ်တိုင်အသစ်တစ်ခုကို တက်ရောက်လာသူတွေနဲ့ ဝေမျှခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါကြောင်း၊ Channel NewsAsia ဟာ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့အနှစ် ၂၀ ကာလ ၁၉၉၆ ခုနှစ်မှာ ပထမဆုံးအကြိမ်ဝင်ရောက်ခဲ့စဉ်မှာ Channel NewsAsia အနေနဲ့ မဟုတ်သေးဘဲ စင်ကာပူရုပ်မြင်သံကြား ကော်ပိုရေးရှင်း (Television Corporation of Singapore) ရဲ့ သတင်းဌာနအဖြစ် ဝင်ရောက်ခဲ့တာဖြစ်ကြောင်း၊ Channel NewsAsia ရဲ့ မိခင်ကုမ္ပဏီ MediaCorp အနေနဲ့လည်း နေပြည်တော်မှာ မြဝတီရုပ်သံဌာန ဒီဇိုင်းဖန်တီးမှု၊ တည်ဆောက်တပ်ဆင်မှုအပိုင်းတွေမှာ ပါဝင်ခွင့်ရခဲ့တဲ့အတွက်ဂုဏ်ယူမိပါကြောင်း၊ ကျွန်မတို့ဟာ မိတ်ဆွေတွေဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးအတွက် အခွင့်အလမ်းတွေကို ကျွန်းကိုင်းမှီကိုင်းကျွန်းမှီ ဖန်းတီးသွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးရဲထွဋ်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။ နေ့လည်စာနဲ့ တည်ခင်းဧည့်ခံပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဝန်းကျင်အနေအထား၊ အခွင့်အလမ်းတွေနဲ့ပတ်သက်ပြီး ' Business Insights – Understanding the Changing Myanmar ' ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ Moderator အဖြစ် Channel NewsAsia ရဲ့ ဂုဏ်ပြုဆုရ အစီအစဉ်တင်ဆက်သူ Teymoor Nabili ကဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး၊ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင် ရာ ဌာနေမန်နေဂျာ Mr Kanthan Shankar ၊ Serge Pun & Associates(Myanmar) ရဲ့ CEO Melvyn Pun ၊ Singapore Institute of International Affairs ရဲ့ Chairman Associate Professor Simon Tay နဲ့ DFDL (Myanmar) ရဲ့ Partner/Deputy Managing Director Mr William Greenlee, Jr. တို့က မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအနေအထား၊ ပထဝီမြေအနေထားအရအရေးပါပုံ၊ ဥပဒေရေးရာကိစ္စတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်အထည်ဖော်ရာမှာ သတိပြုရမယ့် အချက်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးသွားခဲ့ကြပါတယ်။ Channel NewsAsia ရဲ့ မြန်မာနိုင်ငံအခြေစိုက်သတင်းဌာနမှာ သတင်းထောက်အနေနဲ့ ၁၇ နှစ် အတွေ့အကြုံရှိထားတဲ့ May Wong က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ သတင်းတွေကို ရယူတင်ဆက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ May Wong ဟာ မြန်မာနိုင်ငံရဲ့ သတင်းတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက တင်ဆက်ခဲ့သူဖြစ်ပါတယ်။ Channel NewsAsia ဟာ အာရှတလွှားက အဓိကမြို့ကြီးတွေဖြစ်တဲ့ တိုကျို၊ ပေကျင်း၊ ရှန်ဟိုင်း၊ နယူးဒေလီ၊ တိုင်ပေ၊ ဆိုးလ်၊ ကွာလာလမ်ပူ၊ ဂျကာတာ၊ ဘန်ကောက်၊ မနီလာစတဲ့ မြို့တွေမှာ သတင်းဌာနတွေဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံမှာ ၁၃ ခုမြောက်သတင်းဌာနကို ဖွင့်လှစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း