နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသဖြင့် အဆင့်ဆင့် အပြောင်းအလဲများ ပြုလုပ်ခဲ့တဲ့ လက်ရှိအစိုးရသက်တမ်း ၅ နှစ်တာကာလ၏ ဒုတိယပိုင်း လပေါင်း ၃၀ တွင် ဦးစားပေး ပြုပြင်ပြောင်းလဲသင့်သည်များကို နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်နှင့် တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။ [caption id="attachment_6768" align="alignnone" width="242"] ပါမောက္ခဒေါက်တာအောင်ထွန်းသက်
နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေး[/caption] ရေတိုနဲ့ရေရှည်မူဝါဒတွေ စဉ်းစားဖို့လို သြဂုတ်လ ၉ ရက်နေ့တုန်းက သမ္မတကြီးက ကျန်တဲ့သက်တမ်း လပေါင်း ၃၀ မှာ အဓိကဦးစားပေးအနေနဲ့ ပြည်သူ လူထုရဲ့အခြေခံလိုအပ်ချက်တွေနဲ့ လူမှုစီးပွားလိုအပ်ချက်တွေ ဖြစ်တဲ့လျှပ်စစ်မီး၊ လုံလောက်တဲ့သောက်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် ဆည်မြောင်းရေရရှိဖို့၊ SME တွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုမိုဖန်တီးနိုင်ဖို့အတွက် စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စတာတွေကို အဓိကဦးစားပေးလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။ တစ်ခုရှိတာက အချိန်က သိပ်မကျန်တော့တဲ့အတွက် အဲဒီ မကျန်တော့တဲ့အချိန်အတွင်းမှာ အရေးကြီးတာက Quick Wins ဆိုတဲ့ကာလတိုအတွင်း လုပ်နိုင်တာတွေကို အကောင် အထည်ဖော်ရမှာ ဖြစ်ပါတယ်။ အဲဒါက ရေရှည်လုပ်မယ်ဆိုရင် ပြီးမှာမဟုတ်တော့ဘူး။ အဲဒီမှာ Tension ရှိနေတာက အခု လိုအချိန်တိုတိုအတွင်းမှာ လိုချင်တဲ့အဖြေတစ်ခုကို အမြန် ရဖို့လိုတယ်။ Quick Win တွေရဖို့ လိုပါတယ်။ အဲဒီလို ကာလတိုကိစ္စတွေလုပ်နေချိန်မှာပဲ တစ်ဖက်မှာလည်း ရေရှည် အတွက်အကျိုးရှိမယ့် Foundation တွေချဖို့ လိုပါတယ်။ အစိုးရရဲ့တာဝန်ကတော့ အဲဒီနှစ်ခုကို လုပ်ရမှာဖြစ်တယ်။ တစ်ဖက်ကလည်း ပြည်သူတွေအတွက် သိသာထင်ရှားတဲ့ ရလဒ်တွေရှိဖို့လိုသလို အခြားတစ်ဖက်မှာလည်း ကာလရှည် နှစ် ၂၀ ၊ သုံး ၃၀ အထိအတွက် ဘာတွေလုပ်ပေးရမယ် ဆိုတာကို စဉ်းစားဖို့လိုပါတယ်။ စီးပွားရေးမှာဆိုရင် ကာလတိုမှာလုပ်လို့ရတာတွေ ရှိတယ်။ ဥပမာ- FTSS (Free To Start Small) ဆိုတဲ့ လွတ်လွတ်လပ်လပ်နဲ့ ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်စီးပွားရေး လုပ်ခွင့်ရှိပြီး အဲဒီလုပ်ငန်းတွေမှတ်ပုံတင်တာ (Registration) ကို လွယ်လွယ်ကူကူနဲ့အဆင်ပြေပြေဖြစ်အောင် လုပ်ပေးမယ်။ တစ်ဖက်ကလည်း အခွန်ကိုလျှော့ကောက်မယ်၊ မကောက်တာ့ဘူးဆိုတာမျိုးလုပ်ပေးနိုင်ပါတယ်။ အဲဒါတွေက ကာလတိုမှာ ချက်ချင်းဖြစ်နိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ နောက်တစ်ခုက စီးပွားကူးသန်းကလုပ်နေတဲ့ လွတ်လွပ်လတ်လတ် ကူးသန်းရောင်းဝယ်နိုင်ဖို့ Trade Liberalization လုပ်တာ မျိုးဖြစ်တယ်။ Quick Win တွေထဲမှာ ထည့်သွင်းဖို့လိုတာကတော့ ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အဝန်း (AEC) အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားဖို့ပဲ ဖြစ်ပါ တယ်။ အဲဒါက အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုထဲမှာ ရှေ့တန်း တင်ထားတဲ့ကိစ္စဖြစ်ပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီး လူတွေက သိပ်ပြီးမီးမောင်းမထိုးပေမယ့် မြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတစ်ခုကတော့ ဗဟိုဘဏ်ပြုပြင်ပြောင်းလဲမှု ဖြစ်ပါတယ်။ နောက်တစ်ခုက နိုင်ငံခြားငွေလဲနှုန်း ပြုပြင်ပြောင်းလဲမှုဖြစ်ပြီး အရင်ကလိုမဟုတ်ဘဲ ဈေးကွက်အနေအထားကို ထင်ဟပ်စတဲ့ပုံစံမျိုးဖြစ်လာပါတယ်။ ဒါတွေက ထင်သာမြင်သာရှိ တဲ့ချက်ချင်းလုပ်လို့ရတဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ရေ ရှည်အတွက် အဓိကလုပ်ရမှာကတော့ Capacity Development ဆိုတဲ့ အရည်အသွေးတက်အောင် လုပ်ရမယ့်ကိစ္စပဲ ဖြစ်တယ်။ ရေရှည်အတွက်လုပ်ရမယ့်ဟာကတော့ ချက်ချင်း လက်ငင်းလုပ်လို့ရတာရှိသလို ချက်ချင်းလက်ငင်းလုပ်လို့ မရတဲ့ဟာတွေလည်းရှိမှာပဲ ဖြစ်တယ်။ ဦးစားပေးပြုပြင် ပြောင်းလဲဖို့ကိစ္စပြောရင် ဘယ်ဟာကို ဦးစားပေးရမလဲဆိုတာ ပြောဖိုံခက်ပေမဲ့ တိုင်းပြည်တိုးတက်ဖို့အတွက်ဆိုရင်တော့ စီးပွားရေးကို အဓိကဦးစားပေးရမယ်လို့ ထင်ပါတယ်။ ဒါ ပေမဲ့ အရင်တုန်းကသတိမထားမိခဲ့ဘဲ အခုအချိန်မှာ ပိုပြီး သတိထားမိလာတာက နိုင်ငံရေးဘောဂဗေဒ (Political Economy) ပဲ ဖြစ်တယ်။ နိုင်ငံရေးနဲ့စီးပွားရေးက ခွဲထုတ် လို့မရပါဘူး။ နိုင်ငံရေးပြေလည်မှ စီးပွားရေးတိုးတက်မယ်၊ စီးပွားရေးတိုးတက်မှ နိုင်ငံရေးပြေလည်မယ်ဆိုတဲ့ ချိတ်ဆက မှုဟာ အခုခေတ်ကျမှ ပိုပြီးထင်ရှားလာပါတယ်။ အရင်တုန်းက နိုင်ငံရေးကသတ်သတ်၊ စီးပွားရေးက သတ်သတ်လို့ ယူဆခဲ့တာ ဖြစ်တယ်။ စီးပွားရေးအဓိကပြုပြင်ပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီးပြောရရင်တော့ SMEs ကိစ္စပဲဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့လုပ်ငန်း ၉၉ ရာခိုင်နှုန်းကျော်ကျော်က SME တွေပဲဖြစ်တယ်။ SME တွေအတွက် လိုအပ်တာတွေက ပထမအချက်အနေနဲ့ ဘဏ္ဍာရေးအထောက်အပံ့၊ နောက်တစ်ချက်က Skill နဲ့ Knowledge ၊ တတိယအချက် ကတော့ Market Access ဆိုတဲ့ဈေးကွက်နဲ့ချိတ်ဆက်ဖို့ ဖြစ်တယ်။ သူတို့လုပ်ငန်းလုပ်နေတယ်လို့ပြောပြီး ဈေးကွက် နဲ့မချိတ်ဆက်နိုင်ရင် လုပ်ရကိုင်ရခက်ခဲမှာဖြစ်တယ်။ ဒီသုံးခု ကိုအခြေခံထားဆောင်ရွက်မယ်ဆိုရင်တော့ SME ကိစ္စအဆင် ပြေလာမှာပါ။ နောက်တစ်ချက်က Banking နဲ့ပတ်သက်တဲ့ စနစ်ဖြစ်တယ်။ အခုအချိန်မှာ ပုဂ္ဂလိကဘဏ်တွေ အခု ၂၀ လောက်ရှိပြီး ဒီထက်ပိုပြီးကျယ်ပြန့်ဖို့ လိုပါတယ်။ မြန်မာ နိုင်ငံမှာဘဏ်နဲ့ထိတွေ့တဲ့သူတွေက သန်း ၆၀ မှာ နှစ်သန်း၊ သုံးသန်းလောက်ပဲရှိသေးတယ်။ ဒါကြောင့် Banking Access ကိုမြန်မြန်မြှင့်တင်ဖို့ လိုပါတယ်။ နောက်တစ်ခုက အထူး စီးပွားရေးဇုန်တွေက မြန်မာနိုင်ငံရဲ့စီးပွားရေးအတွက် တော် တော်အရေးကြီးပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ သိပ် အသုံးမပြုကြတဲ့စကားတစ်ခုဖြစ်တယ်။ အဲဒါကတော့ Peace Dividend လို့ခေါ်တဲ့ ငြိမ်းချမ်းရေးကရတဲ့ အကျိုးအမြတ်တွေကို များများဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဥပမာ- ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် စတဲ့ဒေသတွေမှာ ငြိမ်းချမ်းရေးရသွားပြီဆိုရင် အဲဒီကနေအကျိုးအမြတ်တွေရသလား ဆိုတာစဉ်းစားရမှာဖြစ်ပြီး ရအောင်လည်း လုပ်ရမှာဖြစ်ပါတယ်။ အချုပ်ပြောရရင် SME တွေ တိုးတက်ဖို့၊ ဘဏ်စနစ်တွေကောင်းမွန်တိုးတက်ဖို့ အထူးစီးပွားရေးဇုန်တွေဖွံ့ဖြိုးလာဖို့နဲ့ Peace Dividend ကိုဖော်ထုတ်အသုံးချဖို့က ဦးစားပေးဆောင်ရွက်ရမယ့်ကိစ္စတွေလို့သုံးသပ်မိပါတယ်။