ခေတ်ရေစီးကြောင်းရဲ့ပြောင်းလဲလာတဲ့သဘောအရ လူတွေရဲ့လူနေမှုဘဝပုံစံတွေကလည်း လိုက်ပြောင်းလဲလာတာကို တွေ့ရပါတယ်။ မိမိတို့အတွက် လိုက်လျော ညီထွေရှိမယ့် လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးလာကြပါတယ်။ ၂၀ ရာစုစက်မှု၊ နည်းပညာတိုးတက်မှုတွေကလည်း အံ့မခန်းလိလိပါပဲ။ လူတွေအနေနဲ့ ခေတ်ရဲ့ သားကောင် ဖြစ်မှန်းမသိဖြစ်လာကြတာကိုတော့ သတိထားမိပုံတော့မထင်ပါဘူး။ အချိန်နဲ့တစ်ပြေးညီ ပြေးတမ်းလိုက်တမ်း ကစားနေကြရပါတယ်။ ဒါကြောင့် တန်ဖိုးရှိလှတဲ့အချိန်တွေကို Save လုပ်နိုင်ဖို့၊ မိမိတို့ရဲ့တစ်နေ့တာ ချက်ပြုတ်စားသောက်ဖို့၊ ဈေးဝယ်တဲ့ နေရာမှာလည်း အချိန် Save ဖြစ်မယ့်နေရာကို ရွေးချယ် လာကြပါတယ်။ ဒီနေရာမှာ အချိန်ကို အကောင်းဆုံး Save လုပ်နိုင်ပြီး ပိုက်ဆံကိုပါ Save လုပ်နိုင်ပေးတဲ့ Chain Store အကြောင်း ဖော်ပြပေးချင်ပါတယ်။
Chain Store သဘောတရား Chain ဆိုတာကတော့ တစ်ဆက်တည်းဖြစ်နေတဲ့ ကြိုးတစ်ချောင်းကိုဆိုလိုတာ ဖြစ်ပါတယ်။ Chain Store ဆိုတာကတော့ ဆိုင်ခွဲပေါင်းမြောက်မြားစွာဟာ နာမည်တူ Brand တစ်ခုတည်းရဲ့အောက်မှာရှိပြီး ဗဟိုစီမံခန့်ခွဲမှုစနစ်နဲ့ လုပ်ကိုင်တဲ့လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ လက်လီအရောင်းဆိုင်တွေဖြစ်တဲ့ Store ၊ Department Store ၊ ဆေးဆိုင်တွေသာမက အဝတ်အထည်ဆိုင်နဲ့ မုန့်ဆိုင်တွေ စတဲ့ ဘယ်ဆိုင်အမျိုးအစားမဆို နာမည်တူဆိုင်ခွဲပေါင်း မြောက်မြားစွာရှိမယ်ဆိုရင် Chain Store တွေလို့သတ်မှတ်လို့ရပါတယ်။ များသောအားဖြင့် လုပ်ငန်းလုပ်ပုံလုပ်နည်းတွေကို တူညီတဲ့စံနှုန်းသတ်မှတ်ထားပြီးတော့ လက်ကားရောင်းတဲ့သူတွေ၊ ကုန်ထုတ်လုပ်တဲ့သူတွေဆီက အလုံးအရင်းအဖြစ် ဝယ်ယူခြင်းအားဖြင့် ကုန်ကျစရိတ်သက်သာအောင် ပြုလုပ်ပြီး စားသုံးသူတွေကို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူ စားသုံးနိုင်အောင် ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဓိကကတော့ တူညီတဲ့ရောင်းကုန်တွေကိုသာ ရောင်းချပေးတာဖြစ်ပါတယ်။ Chain Store လို့ မသတ်မှတ်ခင် စတိုးဆိုင်ခွဲတွေကို သက်ဆိုင်ရာအစိုးရက သတ်မှတ်စစ်ဆေးတာတွေရှိပါတယ်။ Chain Store လုပ်ငန်းတစ်စုရဲ့ အောက်မှာဆိုရင် ဆိုင်ခွဲပေါင်း ဆယ်ဆိုင်ထက်မနည်းရှိပြီး ရုံးချုပ်တစ်ခုပါရှိပါတယ်။ ဒါမှမဟုတ် နာမည်တူ Brand တစ်ခုရဲ့လုပ်ငန်းလုပ်ပိုင်ခွင့်ယူပြီး လူသိရှင်ကြားရောင်း ဝယ်ဖောက် ကားလို့လည်း ရပါတယ်။ ဒါကိုတော့ တချို့စားသောက်ဆိုင် လုပ်ငန်းစုကြီးတွေမှာ တွေ့ရှိနိုင်ပါတယ်။ ဥပမာ - လုပ်ငန်းလုပ်ပိုင်ခွင့် (Franchise) ပေးလိုက်တဲ့သဘော ကို ဆိုလိုတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Chain လုပ်ငန်းအမျိုးအစားဟာ ကမ္ဘာ့နေရာအနှံ့အပြားမှာ တွင်ကျယ်စွာ ဝင်ရောက်နေရာယူလာတာကို တွေ့ရပါတယ်။ Chain Store တွေရဲ့ သမိုင်း ၁၇၉၂ ခုနှစ်မှာ ဗြိတိန်နိုင်ငံသား Henry Walton Smith နဲ့ သူ့ဇနီးက ပထမဦးဆုံး Chain Store ကို တည်ထောင်ခဲ့ပါတယ်။ စာအုပ်၊ စာရေးကိရိယာ၊ မဂ္ဂဇင်း၊ သတင်းစာနဲ့ ဖျော်ဖြေရေးပစ္စည်းတွေကို စတင်ရောင်းချခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ ၁၈၅၉ ခုနှစ်မှာ The Great Atlantic & Pacific Tea Company (A&P) တို့က Chain Store လုပ်ငန်းကို စတင်အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၂၀ ပြည့်လွန်ကာလတွေမှာ သီးခြားမှီခိုခြင်းကင်းတဲ့တစ်ဦးတည်းပိုင် လက်လီအရောင်းဆိုင်တွေက Chain Store လုပ်ငန်းသဘောတရားကို သဘောမတူညီခဲ့ကြပါဘူး။ ဒီ သဘောမတူညီတာဟာလည်း ၂၀ ရာစုနောက်ပိုင်းမှာ မရှိတော့ ဘဲ Chain Store လုပ်ငန်းတွေဟာ လက်လီအရောင်းကဏ္ဍတွေမှာ လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ Convenience Store များ မြန်မာနိုင်ငံမှာတော့ အစိုးရကဖွင့်လှစ်ပေးတဲ့ ဝန်ထမ်းသက်သာချောင်ချိရေးဆိုင်နဲ့သမဝါယမဆိုင်တွေဟာ Chain Store လုပ်ငန်းအမျိုးအစားတွေပါပဲ။ အခုနောက်ပိုင်း မှာ Chain Store လုပ်ငန်းကို မြန်မာနိုင်ငံမှာ တွင်ကျယ်စွာလုပ်ကိုင် လာတာကိုတွေ့ရပြီးတော့ ပြောင်းလဲလာတဲ့ လူနေမှုအဆင့်အတန်းအလိုက် လိုအပ်ချက်အမျိုးမျိုးရှိ လာတဲ့အခါမှာ လိုအပ်ချက်တိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးလာတဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်အသီးသီးက ဝန်ဆောင်မှုအမျိုးမျိုးနဲ့ ဈေးကွက် နယ်ပယ်တွေမှာ ဝင်ရောက်လာတာကို တွေ့လာရပါ တယ်။ စားသုံးသူတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ ခေတ်မီတဲ့ Store ဆိုင်တွေလိုအပ်လာတဲ့အတွက် ဒီလုပ်ငန်း ကို တွင်ကျယ်စွာ လုပ်ကိုင်လာတာဖြစ်ပါတယ်။ ဒီလိုဖွင့်လှစ်ခြင်းအားဖြင့် အကျိုးကျေးဇူးကတော့ အချိန်ကုန်သက်သာခြင်း၊ Safety Food ဖြစ်ခြင်း၊ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိုင်ခြင်း၊ ၂၄ နာရီဖွင့်ထားပေးတဲ့ အတွက် အချိန်မရွေးဝယ်ယူသုံးဆောင်နိုင်ခြင်း စတဲ့အကျိုး ကျေးဇူးတွေကို ခံစားရနိုင်ပါတယ်။ ''၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိအနေနဲ့ ဆိုင်ခွဲပေါင်းလေးဆိုင် ဖွင့်ထားနိုင်ပါပြီ။ ရည်ရွယ်ချက်အနေနဲ့ အများပြည်သူလွယ် လင့်တကူ ဝယ်ယူရရှိနိုင်ဖို့နဲ့ ပတ်ဝန်းကျင်လူနေမှုအဆင့် အတန်းမြင့်မားလာအောင် ရည်ရွယ်ထားတာဖြစ်ပါတယ်''လို့ Mi Thar Su Mart ရဲ့ Operation Manager ကိုသူရရှိန်က ပြောပြခဲ့ပါတယ်။ ဒါအပြင် လုပ်ငန်းတည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်လို့ City Express ရဲ့ Executive Director ဦးဇော်မင်းလတ်က ''၂၀၁၀ ပြည့်နှစ်မှာ ကျွန်တော်တို့ လုပ်ငန်းစုကို တည်ထောင်တယ်။ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့မြန်မာပြည်အနေနဲ့ ခေတ်မီဖွံ့ဖြိုးပြီး သပ်ရပ်တဲ့ Model Store လေးတွေ လိုအပ်နေတဲ့အတွက် အခုလို ဖွင့်လှစ်ဖြစ်သွားတာပါ'' လို့ ဆိုပါတယ်။ [caption id="attachment_7609" align="alignnone" width="176"] မြန်မာနိုင်ငံရှိ Convenience Store လုပ်ငန်းတချို့[/caption] တင်သွင်းတဲ့နိုင်ငံများ ပစ္စည်းတင်သွင်းတဲ့နေရာမှာ စားသောက်ကုန်ကို နိုင်ငံခြားက တင်သွင်းတာအများဆုံးဖြစ်ပြီး ပြည်တွင်းက စားသောက်ကုန်တွေကို ဝယ်ယူရောင်းချတာလည်းရှိပါတယ်။ တင်သွင်းတဲ့နိုင်ငံမှာဆိုရင် ထိုင်းနိုင်ငံကအများဆုံးဖြစ်ပြီး အင်ဒိုနီးရှား၊ စင်ကာပူ၊ တရုတ်၊ ဗီယက်နမ်၊ ဂျပန် စတဲ့နိုင်ငံ တွေဆီက တင်သွင်းတာတွေရှိပါတယ်။ ''ကျွန်တော်တို့ မှာယူတင်သွင်းတဲ့နိုင်ငံက နိုင်ငံပေါင်းစုံပါပဲ။ အဓိက မှာယူတင်သွင်းတဲ့နိုင်ငံမျိုးတော့ မရှိပါဘူး။ စားသောက်ကုန်နဲ့ပတ်သက်လို့ အများဆုံးတင် သွင်း ဖြစ်တာက ထိုင်းနိုင်ငံကပါ။ ဒါပေမဲ့ နိုင်ငံခြားကထုတ်တဲ့ ကုန်ပစ္စည်းဆိုရင်တော့ မြန်မာပြည်ကပေးတဲ့ FDA Certificate (Food and Drug Administration) ရှိတဲ့ စားသောက်ကုန်ပစ္စည်းမှသာ တင်သွင်းရောင်းချတာ ဖြစ်ပါတယ်'' လို့ City Express ရဲ့ Executive Director ဦးဇော်မင်းလတ်က ပြောပြခဲ့ပါတယ်။ ရောင်းချတဲ့ပစ္စည်းများ ရရှိနိုင်တဲ့ ပစ္စည်းအမျိုးအစားတွေကတော့ Fast Food ၊ Grocery Food တွေကို အများဆုံး ရောင်းချတာဖြစ်ပြီး တချို့ဆိုင်တွေမှာဆိုရင်တော့ လျှပ်စစ်ပစ္စည်းအမျိုးမျိုး အပြင် အိမ်သုံးပစ္စည်းဖြစ်တဲ့ Furniture တွေကိုပါ ရောင်းချတာကို တွေ့ရပါတယ်။ အဓိကအားဖြင့် ဒီ Convenience Store ဆိုင်တွေက စားသုံးသူတွေအတွက် Fast Food တွေကို အဓိကထား ရောင်းချပေးတာဖြစ်ပါတယ်။ နောက်တစ်ခု အနေနဲ့ နေ့လယ်စာ Lunch Box တွေကိုပါ ရောင်းချလာတာကိုတွေ့ရပါတယ်။ ဝယ်ယူစားသုံး သူ (Consumer) တွေ အတွက် ၂၄ နာရီ အချိန်မရွေး ဝယ်ယူစားသုံးနိုင်အောင် စီစဉ်ထားပေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ Food တွေကိုရရှိနိုင်ဖို့ စီစဉ်ထားနိုင်တာ ကတော့ ဒီ Chain Store လုပ်ငန်း ရဲ့အားသာချက်တစ်ခုလို့ ဆိုလို့ရပါတယ်။ ''အဓိကရောင်းချ ပေးနေတာတွေကတော့ အသင့်စားသုံးလို့ရတဲ့ အစားအသောက်တွေနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေ ဖြစ်ပါတယ်။ အစားအသောက်တွေမှာဆိုရင် Grocery Food၊ Beverage၊ Traditional Food ၊ Dry Food စတာတွေကို ရောင်းချပေးနေ ပါတယ်။ ဒါအပြင် MoMo Bakery အမည်နဲ့ Own Production မုန့်တွေကိုပါရောင်းချပေးပြီး မနက်စာ၊ နေ့လယ်စာတွေကိုလည်း ရောင်းချပေးပါတယ်။ နောက်ထပ် အနေနဲ့ abc ကွမ်းယာတို့ကိုလည်း ရောင်းချပေးနေပါပြီ'' လို့ abc Convenience Store ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ ဝန်ဆောင်မှုပေးပုံ အခုနောက်ပိုင်းမှာ လက်ရှိဈေးကွက်စီးပွားရေး အခြေအနေအရ Chain Store လုပ်ငန်းတွေဟာဆိုရင် မြန်မာနိုင်ငံမှာ တော်တော်များများ လုပ်ကိုင်လာတာကို တွေ့ရပါ တယ်။ ဒီအတွက် သူတို့အနေနဲ့ ဒီအပြိုင်အဆိုင်ကြားထဲမှာ ကိုယ့်ရဲ့ Market တစ်နေရာစာရဖို့အတွက် ဝန်ဆောင်မှုပိုင်း၊ ကုန်ပစ္စည်းပိုင်းနဲ့ ဈေးနှုန်းပိုင်းတွေမှာ နည်းဗျူ ဟာအမျိုးမျိုးကို အသုံးပြုပြီးယှဉ်ပြိုင်ရမှာတော့ အမှန်ပါပဲ။ နည်းလမ်းအမျိုးမျိုးထဲမှာမှ မိမိဆိုင်ကပစ္စည်း Quality ကောင်းအောင် ထိန်းသိမ်းတာ၊ ပစ္စည်းအမျိုးအစား စုံလင်အောင် တင်ထားပေးတာ၊ ဈေးဝယ်သူတွေအတွက် အပတ်စဉ်၊ လစဉ် Promotion တွေကိုပြုလုပ်ပေးတဲ့အပြင် Brand Building ကိုဦးစားပေးပြီး Customer တွေ ရဲ့ Trust Building ကို တည်ဆောက်တာ စတဲ့ နည်းဗျူဟာအမျိုးမျိုးကို အသုံးပြု ပြီးဈေးကွက်ရှာဖွေကြပါတယ်။ နောက်တစ်ခုအနေနဲ့ Marketing သဘောအရ Customer တွေရဲ့လိုချင်တာ၊ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် Market Place ဖြစ်တဲ့နေရာကို ရွေးချယ်တတ်ဖို့တော့ လိုပါလိမ့်မယ်။ ''ဆိုင်တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဈေးကွက်ပိုင်းအတွက် ပထမဦးဆုံး Survey လုပ်ရပါတယ်။ အခု ဒီဆိုင်ဆိုလို့ရှိရင် ဆိုင်မဖွင့်ခင် နှစ်ပတ်၊ သုံးပတ်လောက် ကြိုပြီး နေ့ရော၊ ညရော လာကြည့်တယ်။ အခြေအနေ ဘယ်လိုရှိမလဲ။ သူတို့ ဘာတွေကြိုက်တတ်မလဲ။ ဘာတွေ လိုအပ်သလဲ။ ဒီအချက်တွေကို စပြီး Survey လုပ်ပါတယ်။ ဒီဆိုင်နားမှာဆိုလို့ရှိရင် ရွှေဆိုင်တွေ၊ ဆန်ဆိုင်တွေရှိတယ်။ ဒါဆိုလို့ရှိရင် သူတို့ Standard က ဘယ်လိုသွားမလဲ။ ဘယ်လို Target ထားရမလဲ။ အဲဒါလေးတွေကို လေ့လာရပါတယ်။ ဆိုင်ဖွင့်ပြီးသွားတဲ့နောက်ပိုင်းဆိုရင်တော့ ပစ္စည်း ရဲ့ Quality ပိုင်းကို ထိန်းသိမ်းတာ၊ Customer တွေနဲ့ Trust Building လုပ်တာ၊ စိတ်ကျေနပ်မှုရစေမယ့်ဝန်ဆောင်မှုပေးတာစတဲ့ ပြင်ဆင်မှုတွေနဲ့အတူ Market တစ်ခုကိုရှာဖွေခဲ့ရပါတယ်'' လို့ Mi Thar Su Mart ရဲ့ Operation Manager ကိုသူရရှိန်က ပြောပြခဲ့ပါတယ်။ ဒါအပြင် Customer တွေအနေနဲ့ မိမိဆိုင်မှာ ယုံကြည်စိတ်ချစွာ ဝယ်ယူသုံးစွဲနိုင်ဖို့အတွက် ပစ္စည်း Quality ကိုထိန်းသိမ်းဖို့တော့ လိုအပ်ပါတယ်။ Expiry Date ဖြစ်သွားတဲ့ပစ္စည်းတွေဆိုရင်တော့ ကိုယ့်ဆိုင်ရဲ့ Brand တန်ဖိုး ကျဆင်းသွားနိုင်ပါတယ်။ ကိုယ်တိုင်ထုတ်လုပ်တဲ့စားသောက်ကုန်မဟုတ်တဲ့အတွက် အစိုးရအသိအမှတ်ပြုတဲ့စားသောက်ကုန်တွေကို ဝယ်ယူရောင်းချဖို့တော့ လိုပါတယ်။ ဒါက Customer Trust Building တည်ဆောက်ဖို့အတွက် အရေးပါတဲ့အချက်တစ်ချက်လို့ ဆိုလိုပါတယ်။ ''Customer တွေရဲ့ ယုံကြည်မှုရရှိအောင် ကိုယ့်ပစ္စည်းရဲ့ Quality ပိုင်းကို ထိန်းသိမ်းတာနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဒါက Trust Building နဲ့ပဲဆိုင်ပါတယ်။ Expiry ဖြစ်သွားတဲ့ပစ္စည်းဆိုရင်တော့ လုံးဝမရောင်းပါဘူး။ FDA Certificate (Food and Drug Administration) ရထားတဲ့ကုန်ပစ္စည်းကိုရောင်းရင် Customer ရဲ့ ယုံကြည်မှုကိုရရှိစေပြီးတော Quality ပိုင်းနဲ့ပတ်သက်လို့လည်း ကိုယ့် Standard နဲ့ နိုင်ငံတကာ Standard အတိုင်းဖြစ်အောင် လုပ်ထားပါတယ်''လို့ City Express Convenience Store ရဲ့ Executive Director ဦးဇော်မင်းလတ်က ပြောပြခဲ့ပါတယ်။ ဝန်ဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ကတော့ Chain Store လုပ်ငန်းရဲ့ အခရာကျတဲ့အပိုင်းလို့ ပြောလို့ရပါတယ်။ လာဝယ်ယူတဲ့ Customer အများစုကတော့ မိမိအချိန်ကို Save လုပ်ချင်တာရယ်၊ လိုချင်တဲ့ပစ္စည်းတွေကို တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံရသွားဖို့ပဲဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ခရီးအဝေးကြီးသွားစရာမလိုဘဲ အနီးပတ် ဝန်းကျင်မှာပဲ ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူရရှိဖို့ပဲ ဖြစ်ပါတယ်။ စိတ်ကျေနပ်မှုမရှိတဲ့ Customer တွေအတွက် အမြန်ဆုံးဝန် ဆောင်မှုပေးနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အများစုကတော့ Customer တွေရဲ့စိတ်ကျေနပ်မှုကိုပဲ အလေးထား ဆောင်ရွက်ကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ အများဆုံး Customer တွေနဲ့ တိုက်ရိုက်ဆက်ဆံရမှာကတော့ အရောင်းဝန်ထမ်းတွေပဲဖြစ်ပါတယ်။ ဒီအတွက် အရောင်းဝန်ထမ်းတွေအနေနဲ့ဆက်ဆံရေးပြေပြစ်ဖို့၊ အကောင်းဆုံးဝန် ဆောင်မှုပေးနိုင် ဖို့အတွက် Sale Service ပိုင်းနဲ့ ပတ်သက်ပြီး Training ပေးတာမျိုးတွေ လုပ်ပေးကြပါတယ်။ ဒါကလည်း Customer တွေ စိတ်ကျေနပ်မှုရရှိဖို့ပါပဲ။ ''ဝန်ဆောင်မှုပိုင်းမှာလည်း အကောင်းဆုံးဖြစ်အောင် ဝန်ထမ်းတွေကို သင်ကြားပေးတာတွေ၊ Training ပေးတာ တွေလုပ်ပါတယ်။ Product Knowledge ပိုင်း၊ Service ပိုင်းတွေမှာပါ ဈေးဝယ်သူတွေစိတ်တိုင်းကျဖြစ်အောင် အမြဲ ကြိုးစားနေပါတယ်။ After Sale Service ပိုင်းအနေနဲ့ကတော့ ဝယ်ယူသွားတဲ့ Customer တွေ အနေနဲ့ အဆင်မပြေတာလေးတွေရှိလို့ Feedback ပြန်ပေးလာခဲ့ရင် ချက်ချင်းပဲ စိတ်ကျေနပ်အောင် ပြန်ပြီးဆောင်ရွက်ပေးပါတယ်'' လို့ abc Convenience Store ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ ဝန်ဆောင်မှုပိုင်းနဲ့ပတ်သက်လို့ Mi Thar Su Mart ရဲ့ Operation Manager ကိုသူရရှိန်က ''Sale Service ပိုင်းနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို သေချာ Training ပေး ပါတယ်။ ကျွန်တော်တို့က Production ပိုင်း မဟုတ်တဲ့အတွက် Service ပိုင်းကို အကောင်းဆုံးပြင်ဆင်ထားပါတယ်။ တခြားနိုင်ငံက Mini Mart တွေမှာဆိုရင် ဝန်ဆောင်မှုပေးတာတွေ သိပ်မရှိဘူး။ ဆိုင်ထဲကို လာကြည့်တယ်။ ပြန်သွားတယ်။ ကျွန်တော်တို့က အဲဒီလိုမဟုတ်ဘူး။ Customer က သူတို့ လိုချင်တာတစ်ခု တည်းဖြစ်ပေမဲ့ ကျွန်တော်တို့ဆီမှာက ပစ္စည်းအမျိုးမျိုးရှိတဲ့အတွက် ဘယ်တံဆိပ်ကဘယ်လိုရှိတယ် စသဖြင့် ရှင်းပြနိုင်အောင် ဝန်ထမ်းတွေကို Product Knowledge Training တွေပေးပါတယ်။ အဲဒီတော့ Customer တွေအနေနဲ့ Choice တွေများလာတဲ့အခါမှာ ကျွန်တော်တို့ဘက်က အကြံပေးလိုက်လို့ရှိရင် အကောင်းဆုံး Choice လုပ်နိုင်မယ်။ ဒါကြောင့် Sale ဝန်ထမ်းတွေရော၊ Supervisor တွေပါ နှစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ Training ပေးပါတယ်'' လို့ ဆိုပါတယ်။ Chain Store တွေရဲ့ အလားအလာ မြန်မာပြည်ရဲ့ လူနေမှုပုံစံတွေ ပြောင်းလဲလာတာနဲ့အမျှ လူတွေအနေနဲ့ အချိန်ကို အကောင်းဆုံး Management လုပ်လာရပါတယ်။ မိမိအနေနဲ့ အလုပ်ကိုဘယ်အချိန် သွားမလဲ၊ ရုံးဆင်းရင် သင်တန်းကို ဘယ်အချိန်ရောက်အောင် သွားမလဲ၊ အစည်းအဝေးကို ဘယ်အချိန်မီအောင်သွားမလဲ၊ အိမ်ရောက်ရင် မိသားစုတွေကို အချိန်ပေးနိုင်ဖို့ ကြိုးစားရဦးမယ် စသဖြင့် အချိန်တွေကို အကောင်းဆုံး Save ဖြစ်ဖို့ ဦးစားပေးလုပ်ဆောင်ရလာတာကို တွေ့ရပါတယ်။ ဒါအပြင် အသိပညာဖွံ့ဖြိုးတိုး တက်လာတာနဲ့အမျှ လူတွေအနေနဲ့ နေထိုင်သွားလာစားသောက်တာတွေကအစ ကျန်းမာရေးရှုထောင့်ကနေ ကြည့်လာကြပါတယ်။ မိမိတို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက်တွေကို ရွေးချယ်လာပါတယ်။ ဒါကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အချိန်ကုန်သက်သာပြီး လူတွေရဲ့ ကျန်းမာရေး အတွက် သင့်လျော်မယ့် Store ဆိုင်၊ အထူးသဖြင့် Chain Store လုပ်ငန်းတွေဟာ နေရာအနံှ့ရောက်ရှိလာမှာကတော့ အသေအချာပါပဲ။ကိုပြည့်