စီးပွားရေးလုပ်ငန်းဖြစ်စဉ်များကို အားလုံးပြန်လည်အစီအစဉ်ချခြင်း

1 Business Process Re-engineering (BPR) မှာ  လုပ်ငန်းဖြစ်စဉ်များကို   အစ-အဆုံး ပြန်၍ စဉ်းစားတည်ထောင်ခြင်း ဖြစ်သည်/

Business Process Re-engineering Cycle

BPR စီမံခန့်ခွဲမှုအမြင်အတွေးသည် ၁၉၉၀ ပြည့်နှစ်များ အတွင်းက ပေါ်ပြူလာဖြစ်ခဲ့သော၊ အပြောများခဲ့သော အမြင် အတွေးဖြစ်သည်။ ယခုအခါတွင် အပြောနည်းလာသော် လည်း အခြေခံသဘောမှာ လုပ်ငန်းကြီးများ နှစ်ကြာလာလျင် ပြောင်းလဲရန်လိုအပ်မှုရှိမြဲဖြစ်ပြီး အလုံးစုံ ပြန်စိစစ်ပြောင်းလဲမှ အကျိုးရှိနိုင်သောအဆိုဖြစ်သည်။   BPR ကို ပေါ်ပြူလာဖြစ်စေခဲ့သော စာအုပ်မှာ Michael Hammer နှင့် James Hampy  တို့ ၁၉၉၃ ခုနှစ်က ထုတ်ဝေခဲ့သော Reengineering Corporation   စာ အုပ်ဖြစ်သည်။Hammer   ကBPR  မှာIndustrial Revoluation   ၏ ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဆိုသည်။ စားသုံးသူများ၏လိုလားမှုနှင့် ဆန္ဒများအစဉ်ပြောင်းလဲနေ သော 'သတင်းခေတ်' ကြီးတွင် ကော်ပိုရေး ရှင်းကြီးများက ပုံသေ နေ၍ မဖြစ်နိုင်ဟု အခိုင်အမာဆိုသည်။   ကော်ပိုရေး ရှင်း ကြီးများသည် သီးခြား အ ထက်အောက်ပြောင်းတိုင် (မီးခိုးခေါင်းတိုင်) ကဲ့သို့ အ ဆင့်ဆင့် ဆက်သွယ်မှုသာရှိ ပြီးဘေးနှင့် ပေါင်းစပ်လေ့မရှိ။  BPR ကမူအပေါ်မှ ခြုံငုံကြည့် ၍ အခြေအနေ လိုအပ်ချက်ကို သုံးသပ်ပြီးပြုပြင်သည်။ အရည် အသွေးကောင်းမွန်ရန်၊ ကုန်ကျစရိတ် လျော့ရန်၊ ဆောင်ရွက်မှုပိုကောင်းရန်တို့ကို လိုအပ်သလို ပြန်၍လုပ်သည်။ Reengineering  မှာReorganization   (ပြန်လည် ဖွဲ့စည်းခြင်း) မဟုတ်။ အနည်းငယ်ပြုပြင်ခြင်းမဟုတ်။ အစမှပြန်၍ လိုရာရောက်အောင် လုပ်ခြင်းဖြစ်သည်။ ထိုသို့ မလုပ်ပါက အကျပ်အတည်းကို ရင်ဆိုင်ရမည်မှာ သေချာနေသည်။   အကျဉ်းချုပ်သဘောကို ပြောမည်ဆိုလျင် BPR မှာ လုပ်ငန်းဖြစ်စဉ်များကို အစအဆုံး ပြန်၍စဉ်းစားတည် ဆောက်ခြင်း ဖြစ်သည်။

ဒေါ်ရီရီမြင့်