ခိုင်မာအားကောင်းသော အမှတ်တံဆိပ် တည်ဆောက်ခြင်း (Building Strong Brand)

building1

မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုပုံစံသည် ပြောင်းလဲလာနေပြီဖြစ်ပါသည်။ ယခင်ကကဲ့သို့ မိမိကုန်ပစ္စည်းရောင်းချနေရရုံ၊ မိမိလုပ်ငန်းအောင်မြင်နေရုံနှင့် ကျေနပ်နေရမည့်အနေအထားမျိုး မဟုတ်တော့ပေ။ မျက်မှောက်အခြေအနေတွင် အထူးသဖြင့် အမှတ်တံဆိပ်များ၏အရေးပါမှုမှာ ပိုပြီး ထင်ရှားလာပါသည်။ ယခုကဲ့သို့ AEC ဝင်လာသည့်အချိန်၌ မြန်မာအမှတ်တံဆိပ်များတွင် ဒေသတွင်း အမှတ်တံဆိပ်များနှင့် ယှဉ်ပြိုင်နိုင်သည့် အမှတ်တံဆိပ်များ ရှိလာမှသာ နောင်ဆယ်နှစ်၊ ၁၅ နှစ်တွင် ဂုဏ်ယူစွာရပ်တည်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာအမှတ်တံဆိပ်များအနေနှင့် ခိုင်မာအားကောင်းသည့် အမှတ်တံဆိပ်တည်ဆောက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို TODAY Ogilvy & Mather Myanmar ၏ Managing Director Andy Annett ၊ Mango Marketing Services ၏ Managing Director ဒေါ်လင်းလင်းတင်ထွန်း၊ Oway Inc ၏ Founder & CEO ဦးနေအောင်တို့မှ Building Strong Brand in Competitive Market ဟောပြောပွဲတွင် ဆွေးနွေးဟောပြောခဲ့သည့်အချက်များမှ ကောက်နုတ်ပြီး ယခုလ၏အထူးဆောင်းပါးအဖြစ် တင်ဆက်လိုက်ပါသည်။

building2

Andy Annett

Managing Director

TODAY Ogilvy & Mather Myanmar

ဒီနေ့ ကျွန်တော်ဆွေးနွေးသွားမယ့်အကြောင်းအရာက ဒေသတွင်းက ခိုင်မာအားကောင်းတဲ့ အမှတ်တံဆိပ်တွေကို ဥပမာပေးပြီး ခိုင်မာအားကောင်းတဲ့ အမှတ်တံဆိပ်အဖြစ် တည်ဆောက်ရာမှာ သိထားသင့်တဲ့အချက်ငါးချက်ကို ဆွေးနွေးသွားပါမယ်။ ဒီဥပမာတွေကနေ လက်ရှိဖြစ်ပေါ်နေတဲ့ Trend ကိုလည်း သိနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ပေးတဲ့ဥပမာတွေမှာ Industry အမျိုးမျိုးပါဝင်တဲ့အတွက် Sector တော်တော်များများကို ခြုံငုံမိလိမ့်မယ်လို့ ယုံကြည်ပါတယ်။

အမှတ်တံဆိပ်တည်ဆောက်ရာမှာ အဓိကစဉ်းစားရမှာက ကိုယ့်အမှတ်တံဆိပ် အကျိုးရှိအောင် ဘယ်လို Communicate လုပ်မလဲဆိုတာဖြစ်ပါတယ်။ အဲဒီနေရာမှာ အရေးပါဆုံးအချက်ကို စကားလုံးတစ်လုံးတည်းနဲ့ ပြောမယ်ဆိုရင် စိတ်ခံစားမှု(Emotion) ဖြစ်ပါတယ်။ ဥပမာပြောရရင် Revlon နှုတ်ခမ်းဆိုးဆေးဟာ နှုတ်ခမ်းနီတစ်တောင့်ဆိုတာထက်ပိုတဲ့ စိတ်ခံစားမှုကို ပေးပါတယ်။

ကျွန်တော်ဆွေးနွေးသွားမယ့် ပထမဆုံးအချက်ကတော့ ကိုယ့်အမှတ်တံဆိပ်မှာ တခြားအမှတ်တံဆိပ်တွေကနေ ကွဲထွက်နေစေမယ့် ခိုင်မာတဲ့၊ အကြောင်းအရာတစ်ခုတည်းကို အထူးပြုထားတဲ့ အရည်အသွေးတစ်ခု ရှိရပါမယ်။ အဲဒီအတွက် အိန္ဒိယနိုင်ငံကထုတ်တဲ့ Swadapnepan Ka Red Label Tea ဆိုတဲ့လက်ဖက်ရည်ရဲ့ ကြော်ငြာကို ဥပမာပေးချင်ပါတယ်။ (m.youtube.com/ Red Label Tea - The Taste of Togetherness) ဒီကြော်ငြာက အစားအသောက်ကို အတူတကွဝေမျှ စားသုံးခြင်းက လူတွေကို တစ်ဦးနဲ့တစ်ဦး နီးကပ်စေတယ်ဆိုတဲ့ အကြောင်းအရာကို အထူးပြုထားပါတယ်။ အိန္ဒိယနိုင်ငံက မိသားစုနှစ်စုဟာ Red Label Tea ကို အတူတူသောက်ပြီး ရင်းနှီးဖော်ရွေမှု၊ နွေးထွေးမှု တိုးလာတာကို ပြပါတယ်။ Hospitality that melts hostility ဆိုတဲ့စာသားနဲ့ ဖမ်းစားထားတယ်။ စိတ်ခံစားမှုဖြစ်တဲ့ ရင်းနှီးဖော်ရွေမှု (Hospitality) နဲ့ ကြော်ငြာကိုသရုပ်ဖော်ထားပြီး အမှတ်တံဆိပ်ကို တည်ဆောက်ထားပါတယ်။ ဒီတော့ ဒီလက်ဖက်ရည်ကို သောက်တဲ့အခါ လက်ဖက်ရည်တစ်ခွက်သောက်ရတာထက်ပိုတဲ့ စိတ်ခံစားမှုကို ရရှိစေပါတယ်။ ဒီလက်ဖက်ရည်ထုတ်လုပ်တဲ့ သက်တမ်းက နှစ်ပေါင်း ၁၄၀ ကျော်ရှိပြီး အိန္ဒိယနိုင်ငံမှာ နံပါတ်တစ်နေရာမှာရှိတဲ့ လက်ဖက်ရည်အမှတ်တံဆိပ် ဖြစ်ပါတယ်။ ဒီဥပမာက ကျွန်တော်တို့ရဲ့အမှတ်တံဆိပ်တွေကို တစ်မူထူးခြားအောင် (Unique ဖြစ်အောင်) လုပ်ဖို့လိုတယ်ဆိုတာကို သတိပေးပါတယ်။

ဒုတိယအချက်ကတော့ Rational Benefit (အကြောင်းရင်းတစ်ခုကို အခြေခံပြီးရလာတဲ့အကျိုးကျေးဇူး) ထက် Emotional Benefit (ခံစားမှုကောင်းတွေရလာတဲ့အကျိုးကျေးဇူး) ကို ပိုအလေးထားရပါမယ်။ ဒီအချက်အတွက် ဥပမာပေးချင်တဲ့ကြော်ငြာကတော့ Thai Life ဆိုတဲ့ အသက်အာမခံကုမ္ပဏီရဲ့ကြော်ငြာ ဖြစ်ပါတယ်။ (m.youtube.com/ a heartwarming ads from Thai Life Insurance) အာမခံလုပ်ငန်းဆိုတာက မတော်တဆမှုတွေနဲ့ သက်ဆိုင်ပြီး ဒါတွေအပေါ်မှာ အခြေခံပြီး အကျိုးကျေးဇူးရတဲ့လုပ်ငန်းဖြစ်တဲ့အတွက် အမှတ်တံဆိပ် တည်ဆောက်ရာမှာ စိန်ခေါ်မှုကြီးမားပါတယ်။ ဒါကြောင့် ဒီကြော်ငြာက နှစ်သက်ကျေနပ်စရာ ကောင်းတဲ့ဘဝတစ်ခုကို ပုံဖော်ပြရင်း ခံစားမှုကောင်းတွေကိုဖော်ထုတ်ပြီး အမှတ်တံဆိပ်ကို တည်ဆောက်ပါတယ်။ ကြော်ငြာက ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ၊ တိရစ္ဆာန်လေးတွေကို နေ့စဉ်ကူညီပေးတဲ့ လူငယ်လေးတစ်ယောက်ရဲ့ဘဝကို ပုံဖော်ရိုက်ကူးပြထားပါတယ်။ ကြော်ငြာမှာ ဖော်ပြသွားတဲ့စာသားက သူဒီလိုကူညီတဲ့အတွက် သူဘာမှမရပါဘူး။ ပိုလည်း မချမ်းသာလာပါဘူး။ တီဗီထဲလည်းမပါရသလို ဘယ်သူမှလည်း သူ့အကြောင်း မသိကြပါဘူး။ သူရတာက စိတ်ခံစားမှုပဲ။ သူဟာ သူကူညီလိုက်တဲ့ လူတွေရဲ့ ပျော်ရွှင်မှုကို မျက်မြင်ကိုယ်တွေ့ တွေ့ရတယ်။ သူတို့ဆီက ချစ်ခြင်းမေတ္တာကို ရတယ်။ ငွေနဲ့ဝယ်လို့ မရတဲ့အရာတွေကိုရတယ်။ သင့်ဘဝမှာကော ဘာကိုဆန္ဒအရှိဆုံးလဲဆိုပြီး ဖော်ပြထားပါတယ်။ ဒီကြော်ငြာက Thai Life Insurance ရဲ့ Slogan ဖြစ်တဲ့ Believe in Good ကိုလည်း ပိုပြီးပေါ်လွင်စေတယ်။ ဒီကြော်ငြာက ခံစားမှုကောင်းတွေ ဖြစ်ပေါ်လာစေပြီး Thai Life Insurance ကို စိတ်ခံစားမှုကောင်းကို အလေးပေးတဲ့ အမှတ်တံဆိပ်အဖြစ် သရုပ်ဖော်ပေးလိုက်ပါတယ်။ (ဒီကြော်ငြာက Best Advertisement Ever- Winner of Best Ad 2014 အဖြစ်လည်း သတ်မှတ်ခံရပါတယ်။)

တတိယအချက်ကတော့ ဖောက်သည်တွေနဲ့ ဆက်သွယ်တဲ့အခါ အတွေ့အကြုံကိုအသုံးပြုဖို့ ဖြစ်ပါတယ်။ ဖောက်သည်တွေနဲ့ တကယ်ထိတွေ့ဆက်သွယ်ပြီး ရလာတဲ့အတွေ့အကြုံနဲ့ အမှတ်တံဆိပ် တည်ဆောက်တာဖြစ်ပါတယ်။ ဒီအချက်အတွက် Lifebuoy ဆပ်ပြာကြော်ငြာကို ဥပမာပေးချင်ပါတယ်။ Lifebuoy က တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ပတ်သက်ပြီး ရောဂါရနိုင်ခြေရှိတဲ့ လူငါးသန်းကို Lifebuoy ဆပ်ပြာသုံးပြီး ကာကွယ်မှုပေးတဲ့ Campaign ကို ဗီဒီယိုရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒီအတွေ့အကြုံအတွက် လိုအပ်တဲ့ Investment လုပ်ရပါတယ်။ လူတွေနဲ့ တကယ်ထိတွေ့ပြီး မှန်ကန်တဲ့အချက်အလက်တွေကို ဖော်ပြပြီး ရိုက်ထားပါတယ်။

စတုတ္ထအချက်ကတော့ ဒစ်ဂျစ်တယ်ဟာ ဦးဆောင်မှုပေးနေတဲ့ Channel တစ်ခုဖြစ်တာကြောင့် အပြည့်အဝအသုံးပြုဖို့ပါ။ ဒီအချက်အတွက် ဥပမာပေးထားတာက Unilever က You Tube ပေါ်မှာ ဖွင့်ထားတဲ့ All Things Hair. ဆိုတဲ့ စာမျက်နှာ ဖြစ်ပါတယ်။ (m.youtube.com/ AllThingsHair) အဲဒီမှာ Hair Tips တွေ၊ ခေါင်းလျှော်ရည်အကြောင်းတွေတင်ပေးပြီး လက်တွေ့အသုံးဝင်တဲ့ ဆံပင်ပြင်တဲ့နည်းလမ်းတွေကိုလည်း Tutorial ပုံစံတင်ပေးပါတယ်။ ပြီးတော့ သူ့ကုန်ပစ္စည်းကိုလည်း ကြော်ငြာပါတယ်။ ဒီအချက်အတွက် အရေးကြီးတာကတော့ Content ဖြစ်ပြီး ကိုယ့်ရဲ့ Target Audience နဲ့ စစ်မှန်ပြီးကောင်းမွန်တဲ့ Relationship တစ်ခုတည်ဆောက်ပြီး အမှတ်တံဆိပ်ကို တည်ဆောက်တာဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ထင်ရှားပြီး ပုံမှန်မြင်တွေ့နေကျအရာတွေကနေ ခွဲထွက်ဖို့ ဖြစ်ပါတယ်။ ဒီအချက်အတွက် British Airways India - a ticket to visit mom ကြော်ငြာနဲ့ ဥပမာပေးချင်ပါတယ်။ အမေက အိန္ဒိယမှာနေပြီး သားက နယူးယောက်မှာ အလုပ်လုပ်ပါတယ်။ အမေဖြစ်သူရဲ့ တစ်ဦးတည်းဖြတ်သန်းရတဲ့ နေ့စဉ်ဘဝနဲ့ အိန္ဒိယရဲ့လူနေမှုပုံစံကို လွမ်းစရာဖြစ်အောင် ရိုက်ပြထားပါတယ်။ ပြီးတဲ့အခါ လေကြောင်းလိုင်းဟာ သာမန်ပျံသန်းမှုတစ်ခုသာမဟုတ်ဘဲ အချိန်အကြာကြီးဝေးကွာနေတဲ့ အမေဆီကို ပြန်လာလည်တဲ့ သားတစ်ယောက်ရဲ့ခရီးစဉ်တစ်ခုအဖြစ် ပုံဖော်ထားပါတယ်။

building3

ဒေါ်လင်းလင်းတင်ထွန်း

Managing Director

Mango Marketing Services Co Ltd

ကျွန်မကတော့ Effective Branding in Myanmar ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ အခုချိန်မှာ International Brand တွေ၊ Regional Brand တွေက မြန်မာနိုင်ငံထဲကို အင်အားကြီးကြီးနဲ့ ဝင်လာနေပါပြီ။   ဒီတော့ Brand တစ်ခုကို ဈေးကွက်ထဲမှာ နေရာရအောင် ထိထိရောက်ရောက်လုပ်မယ်ဆိုရင် ဘယ်လိုအချက်တွေက အရေးပါသလဲ၊ Brand ပိုင်ရှင်တွေအနေနဲ့ ဘာလုပ်ရမလဲ ဆိုတာတွေ စဉ်းစားဖို့လိုပါတယ်။

ပြိုင်ဆိုင်မှုတွေပြင်းထန်လာ . . .

ကျွန်မတို့ မြန်မာကုမ္ပဏီတွေမှာ Functional Competencies တွေရှိခဲ့ပါတယ်။ ဥပမာ - သူကတော့ Distribution သိပ်အားကောင်းတယ်။ သူကတော့ ဒီတံဆိပ်ကို Sole Agent ရထားတယ်။ သူ့ကိုတော့ Logistics မှာ ယှဉ်နိုင်တဲ့သူမရှိဘူး ဆိုတာမျိုးတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခုချိန်မှာတော့ Market က Fair Playground ဖြစ်သွားပါပြီ။ ဒါကို ကျွန်မတို့ Local တွေအတွက် Fair ဖြစ်ရဲ့လားလို့ တချို့တွေကလည်း စဉ်းစားပါတယ်။ နိုင်ငံတကာက Investment အလုံးအရင်းနဲ့ဝင်လာတယ်။ ကျွန်မတို့ မြန်မာတွေက အခုမှစပြီး တည်ဆောက်နေတဲ့အချိန်ပဲ ရှိသေးတယ်။ ဒီတော့ Ground ညီလာတဲ့အခါ ကျွန်မတို့က ပိုပြေးရမယ့်သဘောမျိုးဖြစ်လာတယ်။ ဒီတော့ Brand ပိုင်ရှင်တွေအနေနဲ့ ပြိုင်ဆိုင်နိုင်ဖို့ ပြင်ဆင်ရပါတော့မယ်။ Brand လို့ဆိုတဲ့နေရာမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်တင် မကဘဲ ကိုယ့်ကုမ္ပဏီကလည်း ကိုယ့်ရဲ့ Brand ဖြစ်ပါတယ်။

ကိုယ့်ထုတ်ကုန်ပစ္စည်းရဲ့ကွဲပြားခြားနားမှု . . .

ကျွန်မအခုဆွေးနွေးသွားမယ့်အချက်တွေက ကျွန်မကိုယ်တိုင်လက်တွေ့အသုံးချနေရတဲ့အချက်တွေ ဖြစ်ပါတယ်။ ပထမဆုံးစဉ်းစားရမှာက ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်းက တခြားကုန်ပစ္စည်းတွေနဲ့ ကွဲပြားခြားနားတာ ဘာရှိသလဲ။ စားသုံးသူတွေက ဘာကြောင့် ကိုယ့် Brand ၊ ကိုယ့်ကုန်ပစ္စည်းကို သုံးတာလဲ။ ကျွန်မတို့ နေ့စဉ်ဘဝမှာ နေ့တိုင်းတွေ့မြင်ပြီး စားသုံးနေတဲ့ ဥပမာ- လက်ဖက်ရည်တစ်ခွက်၊ သောက်ရေ၊ ငရုတ်သီးမှုန့်တို့ ရှိမယ်။ ဒါတွေကို ရိုးရိုးလက်ဖက်ရည်တစ်ခွက်ကနေ Branded Teamix ဖြစ်ဖို့၊ သာမန်သောက်ရေတစ်ခွက်ကနေ Branded ရေသန့်ဘူးဖြစ်ဖို့၊ သာမန်ငရုတ်သီးမှုန့်ကနေ Packaging ကောင်းကောင်း၊ Quality ကောင်းကောင်းနဲ့ Branded ငရုတ်သီးမှုန့်ဖြစ်လာဖို့လိုပါတယ်။ Branding လုပ်တယ်ဆိုတာက ပစ္စည်းတစ်ခုကိုရောင်းတာထက် အဓိပ္ပာယ်အများကြီးပိုပါတယ်။

Brand ZTM က တင်ပြထားတဲ့ အမှတ်တံဆိပ်တည်ဆောက်ရာမှာ လိုက်နာရမယ့် အချက် ၅ ချက် . . .

၂၀၁၆ခုနှစ် ဇူလိုင်လထဲမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာလုပ်ငန်းစုကြီးဖြစ်တဲ့ WPP က Brand ZTM Myanmar: Spotlight on Myanmar ဆိုတဲ့ မြန်မာနိုင်ငံက Brand တွေအကြောင်း Report လုပ်ထားတဲ့စာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီထဲမှာ အဓိကအားဖြင့် အချက်ငါးချက် ပြောထားပါတယ်။ ပထမဆုံးအချက်က Give your brand a clear point of difference ဖြစ်ပါတယ်။ သူများ Brand နဲ့ ကိုယ့် Brand နဲ့အတူတူ Offer လုပ်ချိန်မှာ ဘာကွာသလဲဆိုတာ စဉ်းစားရမှာဖြစ်ပါတယ်။ ဒုတိယအချက်က Innovate! Lead the category and let consumers know it ဖြစ်ပါတယ်။ ကျွန်မတို့သာမန် Brand လို့ ထင်နေတဲ့ တချို့ Brand တွေကို လူတွေက Innovative Brand လို့ထင်ကြတာရှိပါတယ်။ Innovation ဆိုတာ ကျွန်မတို့ မြန်မာလူမျိုးတွေအမြင်မှာ Platform အသစ်တစ်ခုကိုသုံးတာ၊ သူများမလုပ်သေးတဲ့အရာကို လုပ်တာလို့ မြင်ကြပါတယ်။ ဒီနေရာမှာ High-tech ကိုပဲ Innovate လုပ်တယ်လို့မခေါ်ပါဘူး။ အသစ်တစ်ခုခု၊ စိတ်ဝင်စားစရာတစ်ခုခုလုပ်တာဆိုရင် Innovate လုပ်တာပဲ ဖြစ်ပါတယ်။ နောက်ပြီး Lead the category ဆိုတဲ့အတိုင်း ကိုယ်က ကော်ဖီထုတ်တယ်ဆိုရင် ကော်ဖီအမှတ်တံဆိပ်တွေထဲမှာ နာမည်ရှိနေရမယ်။ Cosmetics ထုတ်တယ်ဆိုရင်လည်း Cosmetics ထဲမှာ နာမည်ရတဲ့ Brand ဖြစ်နေရမယ်။ ဈေးကွက်ရှယ်ယာများများရထားပြီး ကိုယ့် Category ထဲမှာ Lead လုပ်နိုင်ရပါမယ်။ အဲဒီလို လုပ်တဲ့အကြောင်းကို Consumer တွေ သိအောင်လည်း ပြရပါမယ်။ Repot ရဲ့ Innovative ဖြစ်တဲ့ ကုမ္ပဏီတွေ ထဲမှာ MPT ၊ Ooredoo ၊ Telenor ၊ Samsung စတဲ့ Brand တွေပါဝင်ပါတယ်။

တတိယအချက်က Be loveable ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အချစ်ခံရအောင်နေပါပေါ့။ Report ထဲကအတိုင်းဆိုရင် အချစ်ခံရဆုံး Brand က MPT ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ကျွန်မတို့က ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ အနီးစပ်ဆုံးသက်ဆိုင်တဲ့ Brand ကို ချစ်ကြတဲ့အတွက်၊ ဒါကမြန်မာလုပ်ငန်းရှင်တွေအတွက်၊ မြန်မာ Brand တွေအတွက် ကောင်းတဲ့အချက်၊ အားကိုးရမယ့်အချက် ဖြစ်ပါတယ်။

စတုတ္ထအချက်ကတော့ Make your brand proposition clear, and support it ဖြစ်ပါတယ်။ Proposition ဆိုတာ ကိုယ်ရထားပြီးသား၊ ဆုပ်ကိုင်ထားပြီးသား လူတွေလက်ခံထားတဲ့ အရည်အသွေးတစ်ခုလို့ ဆိုရပါမယ်။ အရည်အသွေးပိုင်းဖြစ်ရင်ဖြစ်မယ်။ စိတ်ချယုံကြည်ရတဲ့ ဝန်ဆောင်မှုဖြစ်ရင်ဖြစ်မယ်။ ဥပမာ- ကိုယ့် Brand က လူတွေကို အမြဲတမ်းကူညီတဲ့ Brand လား။ အဲဒါဆိုရင် အဲဒီ Proposition ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားပြီးတော့ ပိုကောင်းအောင်လုပ်ပါလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ပဉ္စမမြောက်အချက်ကတော့ Be Salient and Relevant ဖြစ်ပါတယ်။ ဒီအချက်က တဖြည်းဖြည်းနဲ့ ပိုအရေးကြီးလာပြီး ကျွန်မတို့အတွက် အားသာချက်အနေနဲ့ စဉ်းစားလို့ရတဲ့အချက်လည်း ဖြစ်ပါတယ်။ Relevancy (ကျိုးကြောင်းဆီလျော်မှု) ကို စဉ်းစားတဲ့အခါမှာ မြန်မာပြည်တစ်နေရာနဲ့ တစ်နေရာတောင် တော်တော်ကွာခြားပါတယ်။ ကျွန်မတို့ကြော်ငြာတွေ လုပ်တယ်၊ Communication တွေလုပ်ကြတယ်။ ကိုယ်ပြတဲ့ Image က သူတို့ရဲ့လူနေမှုဘဝနဲ့ မဆီလျော်ဘဲ သိပ်အလှမ်းဝေးတယ်လို့ Consumer က ထင်သွားရင် ကြော်ငြာကိုတော့ကြိုက်ပေမယ့် သူတို့အတွက် မဟုတ်ဘူးဆိုပြီး အထင်ရောက်သွားပါတယ်။ ကြော်ငြာအတွက် Celebrity သုံးမယ်ဆိုရင်လည်း Consumer နဲ့ Connect ဖြစ်တဲ့သူကို သုံးရပါမယ်။

Local အနေနဲ့ ခိုင်မာတဲ့အမှတ်တံဆိပ် တည်ဆောက်နိုင်ဖို့ . . .

၁။ ကိုယ့်ပရိသတ်ဘယ်သူဆိုတာ သိဖို့လို

ဒါဆို Local အနေနဲ့ ခိုင်မာတဲ့အမှတ်တံဆိပ် ဘယ်လိုတည်ဆောက်ရမလဲဆိုတာကို ဆက်ပြီးဆွေးနွေးသွားပါမယ်။ ဒီနေရာမှာ သုံးပိုင်းခွဲပြီး တင်ပြချင်ပါတယ်။ ပထမပိုင်းမှာ ကိုယ့်ပရိသတ်က ဘယ်သူလဲဆိုတာ သိရပါမယ်။ (ဒီနေရာမှာ စားသုံးသူလို့ပြောလိုက်ရင် ကိုယ့်ကုန်ပစ္စည်းကို သုံးတဲ့သူကိုပဲဆိုလိုတာမျိုး သိပ်ကို Limit ဖြစ်မှာစိုးတဲ့အတွက် ပရိသတ်လို့ သုံးတာဖြစ်ပါတယ်။) အဲဒီမှာ ပထမအချက်အနေနဲ့ သူတို့အကြောင်း ဘယ်လောက်သိသလဲဆိုတာ အရေးကြီးပါတယ်။ ပြီးရင် သူတို့အတွက် အရေးကြီးတဲ့အကြောင်းအရာတွေက ဘာတွေလဲ။ ငွေရေးကြေးရေးကို အလျင်မီအောင်သုံးနေရတာလား၊ ဒီအတောအတွင်းမှာ ဘာတွေဖြစ်နေလဲ၊ သူတို့ဘဝမှာ မိသားစုကျန်းမာရေးက အရေးကြီးတာလား၊ ကလေးတွေရဲ့ပညာရေးလား၊ ဒါမှမဟုတ်ရင် Communication လား စသဖြင့် ဘာကအရေးကြီးနေတာလဲဆိုတာ သိရမယ်။ အဲဒီမှာ သူတို့စိုးရိမ်တဲ့အရာတွေလည်းရှိမယ်၊ သူတို့လိုချင်နေတဲ့အရာတွေလည်းရှိမယ်။ ဥပမာ- လက်ဖက်ရည်တစ်ခွက်သောက်ဖို့ဆိုရင် ဘာကအရေးကြီးတာလဲ၊ သွားနေကျလက်ဖက်ရည်ဆိုင်က လက်ဖက်ရည်က တအားကောင်းလို့ သောက်ချင်တယ်၊ ဒါပေမဲ့ အဲဒီကိုရောက်ဖို့ တစ်နာရီလောက် ကားစီးရမယ်။ နောက်ပြီး နေ့လယ်ဘက်မှာ အလုပ်ကနေသွားဖို့လည်း မဖြစ်နိုင်ဘူး။ ဒီတော့အချိန်နည်းနည်းနဲ့ သောက်လို့ရအောင် ဘာလုပ်ပေးလို့ရမလဲ။ နောက်ပြီး ကျန်းမာရေးကို ဂရုစိုက်လာကြတဲ့အခါ လက်ဖက်ရည်ကို ချိုချိုကြီး မသောက်ချင်တော့ဘူး။ ဒါဆိုဘာလုပ်ပေးလို့ရမလဲ။

ဒုတိယအချက်ကတော့ ဖောက်သည်တွေ ဘာတွေမြင်တွေ့နေသလဲ၊ သူတို့ဘာတွေစဉ်းစားနေသလဲ၊ ဘာတွေခံစားရသလဲစတဲ့ သူတို့ရဲ့ စိတ်ခံစားချက် (Emotion) ကို နည်းနည်းကြိုပြီး စဉ်းစားရပါမယ်။ လက်ရှိခံစားချက်ကနေ နောက်ထပ်ဘာတွေခံစားရနိုင်သလဲဆိုတာ ကြိုပြီး စဉ်းစားရမယ်။

တတိယအချက်ကတော့ Communication Touch Point ဖြစ်ရင်ဖြစ်မယ်၊ Interaction Touch Point ဖြစ်ရင်ဖြစ်မယ်။ ကိုယ့်ပရိသတ်တွေကို Message တစ်ခုခုပေးမယ်ဆိုရင် ဘယ်လိုနည်းနဲ့ရောက်နိုင်သလဲ။ သူတို့တစ်ဦးတစ်ယောက်ချင်းစီက သူ့အနီးအနားပတ်ဝန်းကျင်က တခြားသူတွေနဲ့ ဘယ်လို Interact လုပ်နေသလဲ။ ဖုန်းပြောတာလား၊ Sms ပို့တာလား၊ Viber ကနေပဲ အမြဲပြောတာလား၊ လင်မယားအချင်းချင်း Happy Birthday ကို Facebook ပေါ်မှာ Wish လုပ်တာလား စသဖြင့် ဒါတွေက ကျွန်မတို့ သေချာပေါက်သိရမယ့်အကြောင်းအရာတွေထဲမှာ ပါပါတယ်။ ပြီးရင် ကိုယ့်ကုန်ပစ္စည်းအကြောင်းကို သူတို့သိဖို့ တီဗီကနေပြောချင်တဲ့ အကြောင်းအရာကို ထိထိမိမိပြောမှာလား၊ သွားတဲ့လမ်း/ပေါ်မှာ Billboard ထောင်မလား၊ ကားထဲမှာအကြာကြီး ထိုင်ရလို့ ရေဒီယိုကနေ လွှင့်မလား၊ Direct Mail သုံးမလား၊ Facebook ကနေ တင်မှာလားဆိုတာ စဉ်းစားရမယ်။ ဘယ်နေရာမှာ ကိုယ့်ပရိသတ်ရှိလဲဆိုတာ သိရမယ်။ အမျိုးသား၊ အမျိုးသမီး၊ အသက်အရွယ်အားဖြင့် ကွာခြားမှုတွေ ရှိပါတယ်။

စတုတ္ထတစ်ချက်ကတော့ သူတို့ဘဝမှာ ဘာတွေလိုအပ်တာလဲ၊ ဒီအတွက် ဘယ်လိုကူညီပေးနိုင်မလဲဆိုတာ စဉ်းစားရမယ်။ ဥပမာ - သူ လက်ဖက်ရည်တစ်ခွက်သောက်ချင်ရင် လက်ဖက်ရည် ကောင်းကောင်းလေးတစ်ခွက်ဖြစ်အောင် ဘယ်လိုလုပ်ပေးနိုင်မလဲ။ ဒါတွေအားလုံးပေါင်းပြီး ရလာတဲ့အချက်အလက်တွေကို Insights လို့ခေါ်ပါတယ်။ သူတို့ဟာ ဘာအကြောင်းကြောင့် ဒါကို လုပ်တာလဲဆိုတဲ့ Insights ကိုရှာဖို့ အရေးကြီးပါတယ်။

ဒီနေရာမှာတစ်ချက်ရှိတာက ကျွန်မတို့က လောဘကြီးပြီး အကုန်လိုချင်ကြတယ်။ အများအားဖြင့် Client တွေကို Target Consumer ပြောပါဆိုရင် အသက် ၂၀ ကနေ ၆၀ အတွင်းဆိုပြီး ပြောကြတဲ့အခါ Advertising Agency အနေနဲ့ ခေါင်းစားရပြီ။ အသက် ၂၀ ကနေ ၆၀ အတွင်း အကုန်ထိအောင် စာတစ်ကြောင်းနဲ့ ဘယ်လိုပြောရမလဲပေါ့။ တချို့အရာတွေက အသက်အရွယ်၊ ကျား၊ မ ခွဲခြားပြီး ပြောလို့မရတဲ့ တံဆိပ်တွေရှိပါတယ်။ တယ်လီဖုန်းသုံးတာဆိုရင် လူတိုင်းသုံးတယ်။ ပေါင်မုန့်ဆိုရင် လူတိုင်း၊ အရွယ်တိုင်းစားတာပဲ။ ဒီလိုမျိုး Demographically မခွဲနိုင်ဘူးဆိုရင် Psychographic အရ သူတို့ရဲ့စိတ်နေစိတ်ထားကဘယ်လိုလဲ၊ အသက်အရွယ်ကတော့ ကွာခြားပေမယ့် အမြင်ကျယ်တဲ့၊ အရှေ့ကို ရောက်ချင်တဲ့ သူမျိုးလား၊ ဒီလိုဆိုရင် သူတို့က ကြိုးစားချင်စိတ်ရှိတဲ့သူမျိုးဖြစ်တဲ့အတွက်ကြောင့် ပိုပြီးကြိုးစားချင်စိတ်ဖြစ်လာအောင် လုပ်မှာလားဆိုတာမျိုးတွေ စဉ်းစားဖို့လိုတယ်။ နောက်တစ်ခုက Behaviour နဲ့ Segment လုပ်လို့ရပါတယ်။ Behaviour အရ ဘယ်လို Shopper တွေကို ကျွန်မတို့က Target လုပ်မလဲ၊ သူတို့က ဘယ်အချိန်ကနေ ဘယ်အချိန်အတွင်း ဈေးဝယ်တတ်သလဲ၊ ဘယ်လိုနေရာမျိုးမှာပ ဲဈေးဝယ်ကြသလဲ စတဲ့ Behaviour တွေကို ကြည့်ရပါတယ်။ ဥပမာ - တစ်ပတ်ကိုမှတစ်ခါ ခေါင်းလျှော်တဲ့သူကို ခေါင်းလျှော်ရည်ရောင်းဖို့ ကြိုးစားမှာလား။ Target လို့ပြောလိုက်တာနဲ့ Demo-graphic လို့ခေါ်တဲ့ အသက်အရွယ်၊ ကျား၊ မ၊ နေရပ်ဆိုတာတွေကို သွားပြီးစဉ်းစားရပါတယ်။ တကယ်တော့ ကိုယ့် Consumer တွေရဲ့ Psychographic နဲ့ Behaviour ကိုပါ ထည့်စဉ်းစားဖို့လိုပါတယ်။ ခွဲခြမ်းစိတ်ဖြာပြီး စဉ်းစားဖို့ လိုပါတယ်။

ဒီတော့ခြုံပြီးပြောရမယ်ဆိုရင် ဘယ်သူတွေက ကိုယ့်ရဲ့ Customer ဖြစ်မလဲ၊ သူတို့ရဲ့ Insights က ဘာလဲဆိုတာတွေကို သေသေချာချာသိဖို့ဖြစ်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ်သိဖို့လို

ဒုတိယပိုင်းမှာတော့ ကိုယ့်ကိုယ်ကိုယ်သိဖို့ ဖြစ်ပါတယ်။ ကိုယ်လုပ်တာတွေကတော့ အများကြီးပဲ။ ဒါပေမဲ့         ကိုယ့်ရဲ့ သူများတွေထက် အားသာချက်ကဘာလဲဆိုတာကို အရင်ဆုံးပြန်ပြီး ဆန်းစစ်ဖို့လိုပါတယ်။ ကိုယ့် Brand က ကိုယ့် Consumer တွေဆီကို တကယ်ပေးနိုင်တဲ့ ကိုယ့်ရဲ့အကောင်းဆုံးအရာတွေကို တခြားသူတွေနဲ့ ကွဲပြားခြားနားတဲ့အချက်အဖြစ် စဉ်းစားကြည့်စေချင်ပါတယ်။ ဘယ်အရာမှာ ကိုယ်က ပိုပြီးတော့ ကောင်းအောင်လုပ်နိုင်မလဲ၊ Service နေရာမှာလား၊ After Sales Service မှာ ပိုကောင်းတာလား၊ ဒါမှမဟုတ် ဈေးသက်သက်သာသာနဲ့ လုပ်ပေးနိုင်တာလား၊ ဒါမှမဟုတ် မြန်မြန်ဆန်ဆန်လုပ်ပေးနိုင်တာလား၊ ဒါမှမဟုတ် Technology ကို ပေးနိုင်တာလား၊ Idea ကိုပေးနိုင်တာလား၊ ကိုယ့်ရဲ့မှန်မှန်ကန်ကန်နဲ့ ကောင်းကောင်းမွန်မွန် ပေးနိုင်တဲ့အချက်တွေက ဘာတွေလဲ၊ ပိုကောင်းအောင် လုပ်နိုင်တာ ဘာတွေလဲ၊ အဲဒီလို ကိုယ့် Brand အကြောင်း၊ ကိုယ့်ဝန်ဆောင်မှုအကြောင်း စဉ်းစားတဲ့နေရာမှာ ကိုယ့် Consumer တွေရဲ့ဘဝမှာ ဘာပိုကောင်းအောင်၊ ပိုအဆင်ပြေအောင် ဘာလုပ်ပေးနိုင်မလဲဆိုတဲ့အချက်က အရေးကြီးပါတယ်။ ဒါကို Value လို့ ပြောလာကြပါတယ်။ ကိုယ့် Consumer တွေရဲ့ဘဝမှာ ဘယ် Value ကို ထည့်ပေါင်းပေးမလဲဆိုတာ စဉ်းစားရမယ်။ ဥပမာ- ကြေးချွတ်အား သိပ်ကောင်းတဲ့ဆပ်ပြာမှုန့်ဆိုရင် အဝတ်တွေကို ဖြူဖြူစင်စင် ရရှိစေတဲ့အတွက် သက်တမ်းကြာကြာ ဝတ်နိုင်တာလား၊ ဒါမှမဟုတ် မြန်မြန်ဆန်ဆန်လျှော်လို့ရအောင် လုပ်ပေးတဲ့အတွက် အိမ်ရှင်မတွေကို အချိန်ပိုရအောင်လုပ်ပေးတာလား။ ဒါတွေက ကိုယ်ကပေးနိုင်တဲ့ Value တွေ ဖြစ်ပါတယ်။ ဒီတော့ Value ဆိုတာဟာ လုပ်တဲ့ Action ချင်းအတူတူမှာ မတူတဲ့ Value ကို ပေးနေပါတယ်။ ပြီးတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း Value ဆိုတာက ကိုယ့် Consumer တွေရဲ့ စိတ်ခံစားချက်နဲ့လည်း အများကြီး သက်ဆိုင်နေတာကို တွေ့ရပါတယ်။

နောက်ပြီး Consumer တွေရဲ့ လိုအပ်ချက်အပြင် ဘာထပ်စဉ်းစားစေချင်သလဲဆိုတော့ လက်ရှိအခြေအနေမှာ လိုအပ်နေတဲ့အရာကို ပေးလိုက်ရုံတင်မဟုတ်ဘဲ နောင်လာမယ့်အခြေအနေမှာ သူတို့ဘာထပ်လိုမလဲလို့ စဉ်းစားပေးနိုင်ဖို့လိုပါတယ်။ အခုချိန်မှာ အဆင်ပြေနေပေမယ့် နောက်တစ်နှစ်ကြာတဲ့အခါ ဘာဖြစ်သွားမလဲ၊ ဥပမာ- ဒီအချိန်မှာ ယာဉ်ကြောပိတ်ဆို့မှုက တအားဆိုးနေတယ်။ ဒါကြောင့် ကျွန်မတို့က Communication နဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်မယ်။ ဒါပေမဲ့ ယာဉ်ကြောပိတ်ဆို့မှုက ခဏပဲဆိုရင် နောက်ခြောက်လလောက် ကြာတဲ့အခါ ကျွန်မတို့ပေးတဲ့ Communication နဲ့သက်ဆိုင်တဲ့ Product က အသုံးမဝင်တော့ဘူး။ ဒီတော့ Consumer တွေလိုတဲ့ Basic Needs ကိုလည်း ကြည့်ရမယ်။ နည်းနည်းပိုပြီး ရှေ့ကိုလည်းကြည့်ရပါမယ်။

နောက်တစ်ချက်က အခုဆိုရင် အမျိုးအစားတူ Product တွေ၊ Brand တွေ အများကြီးရှိပါတယ်။ အစားထိုးသုံးနိုင်တဲ့ Brand တွေ အများကြီးဖြစ်နေတယ်။ ဥပမာ- ရေသောက်မယ့်အစား Pocari သောက်မယ်၊ 100 Plus သောက်မလားဆိုတာမျိုးရှိမယ်။ လက်ဖက်ရည်သောက်မယ်ဆိုရင်လည်း ဘယ်တံဆိပ်သောက်မှာလဲ။ Soft Drink ဆိုရင်လည်း ရွေးချယ်စရာ အများကြီးရှိတယ်။ အဲဒီလိုအခြေအနေထဲကမှ ဘာလို့ ငါ့ကုန်ပစ္စည်းကိုရွေးသင့်လဲ၊ ငါ့ Brand ကို ရွေးသင့်လဲဆိုတာ စဉ်းစားရမယ်။ ကိုယ့်ပစ္စည်းက ဈေးသက်သာတာလား၊ အရသာကောင်းတာလား၊ စည်းမျဉ်းစည်းကမ်းတွေ လိုက်နာပြီး CSR တွေလုပ်တဲ့ ကုန်ပစ္စည်းမျိုးလား။ ဒါလည်း ကိုယ့်ရဲ့ Target Consumer နဲ့ ပြန်ဆိုင်ပါတယ်။ သူတို့လိုအပ်ချက်အပေါ် မူတည်ပြီးတော့ အပြောင်းအလဲတွေ လုပ်ရမယ်။

နောက်တစ်ချက်က ကိုယ့် Consumer နဲ့ အမြဲတမ်းလိုက်လျောညီထွေ (Relevant) ဖြစ်ရပါမယ်။ ကိုယ့်ကုန်ပစ္စည်းက ဟောင်းသွားတာမျိုး မဖြစ်ရပါဘူး။ ကျွန်မတို့အနေနဲ့ စဉ်းစားမယ်ဆိုရင်လည်း လွန်ခဲ့တဲ့ လေးနှစ်လောက်ကတတ်ခဲ့တဲ့ Marketing ပညာက တီဗီကြော်ငြာဆို ဘယ်လိုကောင်းတယ်၊ Billboard ဆို ဘယ်လိုကောင်းတယ်ဆိုတာဖြစ်တယ်။ အဲဒီတုန်းက ကျွန်မတို့တက်ခဲ့တဲ့ပညာက ကျွန်မတို့ Consumer တွေအတွက် Relevant ဖြစ်ခဲ့ပါတယ်။ ဒီဘက်ခေတ်ကို ရောက်လာတဲ့အခါမှာတော့ Digital ၊ Mobile ဘက်ကို ရောက်လာတယ်။ အဲဒီဘက်ကို ကျွန်မတို့ လိုက်လုပ်ရတယ်။ ဒီတော့ ကိုယ့် Product ၊ ကိုယ့် Service ကို ပြန်ကြည့်ပြီးတော့ နောက်ထပ် တစ်နှစ်၊ နှစ်နှစ်မှာ ကိုယ်ဟာ လက်ရှိအနေအထား၊ လက်ရှိ Positioning အတိုင်း ရပ်နေနိုင်မလားဆိုတာ ပြန်ကြည့်ဖို့ လိုပါတယ်။

၃။ ကိုယ့်ပြိုင်ဘက်တွေ ဘာလုပ်နေလဲသိဖို့လို

ကိုယ့် Consumer တွေကိုသိပြီ၊ ကိုယ့်အကြောင်း ကိုယ်သိပြီးပြီဆိုရင် နောက်ဆုံးတစ်ချက်က သူများတွေ (ကိုယ့်ပြိုင်ဘက်တွေ) ဘာတွေလုပ်နေသလဲ၊ ဘယ်နေရာမှာ ရှိနေသလဲဆိုတာ ကြည့်ဖို့ ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်လုပ်ငန်းရဲ့ နောက်ထပ် Trend အသစ်က ဘာလဲ၊ အဲဒါနဲ့ပတ်သက်ပြီး ကိုယ်နဲ့လုပ်ငန်းတူပြိုင်ဘက်တွေက ဘာတွေလုပ်နေသလဲဆိုတာကြည့်ဖို့ လိုပါတယ်။ နောက်ပြီး ကျွန်မတို့ ဒီဘက်ခေတ်ကို ရောက်လာတဲ့အခါ Technology အသစ်ကို ဘယ်လို အသုံးပြုလို့ရမလဲဆိုတာ တစ်ချိန်လုံးရှာရပါမယ်။ ကိုယ်တိုင်မရှာနိုင်ရင်တောင် Technology နဲ့ နီးစပ်ပြီး ကျွမ်းကျင်တဲ့ Younger Generation ကို အနားမှာထားဖို့ လိုပါတယ်။ သူတို့တွေက အများကြီးကူညီနိုင်ပါတယ်။

ပြီးရင် အပြောင်းအလဲမြန်နေတဲ့ဒီခေတ်ကြီး (Landscape) ထဲမှာ ကိုယ်နဲ့အတူ ကိုယ့် Consumer တွေပါ ဘယ်လိုတိုးတက်အောင် လုပ်သွားမလဲဆိုတာ စဉ်းစားဖို့လိုတယ်။ ဘာအသစ်လုပ်ပေးရမလဲဆိုတာ အဓိကစဉ်းစားပေးနေဖို့ လိုတယ်။

Brand ရဲ့ အနာဂတ် . . .

နောက်ဆုံးအနေနဲ့ စဉ်းစားစေချင်က ကိုယ့် Brand ရဲ့ အနာဂတ်အတွက်ဖြစ်ပါတယ်။ Brand ကို အမြဲတမ်း Invest လုပ်ရတယ်။ လှုပ်ရှားနေရတယ်။ အားထည့်ရပါတယ်။ ပြီးရင် ကိုယ့် Brand ကို တခြားစိတ်ချရတဲ့သူတွေကို လုပ်ခိုင်းမလားဆိုတာလည်း စဉ်းစားထားရမယ်။ ကိုယ်မလုပ်နိုင်တော့လို့ Brand တစ်ခု သေသွားတယ်ဆိုတာ သိပ်နှမြောဖို့ကောင်းပါတယ်။ ဒါကြောင့် ကိုယ်မလုပ်နိုင်တော့ဘူးဆိုရင် Second Generation ဖြစ်ရင်ဖြစ်မယ်၊ တခြားဆက်ခံမယ့်သူ ဖြစ်ရင်ဖြစ်မယ်။ သူ့ကို လွှဲပေးဖို့စဉ်းစားရမယ်။ အနာဂတ်အတွက်ဆိုရင် အဲဒီအထိ စဉ်းစားထားဖို့လိုပါတယ်။

building4

ဦးနေအောင်

Founder & CEO

Oway Inc

US Advertising Trend အရွေ့ . . .

ကျွန်တော်က လွန်ခဲ့တဲ့ ဆယ်နှစ်လောက်မှာ ကျောင်း တက်နေရင်းနဲ့ BlueLithium ဆိုတဲ့ Startup တစ်ခုမှာ အလုပ်စဝင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီက Online Advertising Network ကို အဓိကလုပ်ပါတယ်။ ဒါကြောင့် ကျွန်တော်အရင်ဆုံး US Advertising Network အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။ US GDP က ၅၀ ထရီလီယံလောက်ထိ ရှိပါတယ်။ ပုံမှန်အားဖြင့် အမေရိကန်ကုမ္ပဏီတွေက Sales and Marketing အတွက် ၂ ရာခိုင်နှုန်းလောက် သုံးလုပ်ပါတယ်။ အမေရိကန်ဒေါ်လာ ၅၀ ထရီလီယံရဲ့ ၂ ရာခိုင်နှုန်းဖြစ်တဲ့အခါကျတော့ တော်တော်တော့များပါတယ်။ သုံးရာဘီလီယံ နီးပါးလောက် ရှိပါတယ်။ အဲဒီအချိန် ၂၀၀၅ ၊ ၂၀၀၆ ခုနှစ်လောက်မှာတော့ တော်တော်များများက TV Ad ၊ Newspaper Ad တွေ သုံးတာများပါတယ်။ ၁၉၉၀ ပြည့်နှစ် အစောပိုင်းလောက်မှာ အင်တာနက်စပေါ်လာတော့ Website တွေလည်း ပေါ်လာကြတယ်။ အဲဒီမှာ Advertising Revenue သုံးရာဘီလီယံက Print Media ၊ TV Media တွေကနေ Digital Media ကို စပြီးတော့ ရွေ့လာတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကုမ္ပဏီတွေက ရွေ့နေတဲ့ Trend နောက်လိုက်ပြီး ဘယ်လိုစလုပ်ရမလဲ ဆိုတာကို လေ့လာနေတုန်းဖြစ်ပါတယ်။

Behavioural Target Marketing ပေါ်ပေါက်လာ . . .

အဲဒီအချိန်မှာ ကျွန်တော်လုပ်တဲ့ ကုမ္ပဏီကလူတွေ Website တွေကိုလာပြီး Visit လုပ်တဲ့အခါမှာ ဘယ်လို Ad တွေကို ဘယ်လိုပုံစံမျိုးနဲ့ ပြလို့ရှိရင် Engagement ပိုကောင်းမယ်ဆိုတာကို စထွင်နေတာဖြစ်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့က လူအယောက် ၂၀လောက် နဲ့ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ အဲဒီမှာ အရင်ဆုံး Behavioural Target Marketing ပေါ်လာတယ်။ အခုတော့ Behavioural Target Marketing Campaign က တော်တော့်ကို Mainstream ဖြစ်လာပါပြီ။ ဒါက ဘာလဲဆိုတော့ လူတစ်ယောက်က ဘယ် Website တွေကို Visit လုပ်တယ်ဆိုတာတွေကို Track လုပ်ပြီး အဲဒီလူ ဘာတွေကို စိတ်ဝင်စားတယ်ဆိုတဲ့ Behaviour ကို သိလာတဲ့အချိန်မှာ Ad တွေကို ဘယ်လိုစပြီးတော့ ပြမလဲဆိုတာကို Algorithm (ကွန်ပျူတာနဲ့ အဆင့်ဆင့် တွက်ချက်မှုစနစ်) တစ်ခုဖွင့်ပြီး လုပ်ပါတယ်။ Algorithm မရှိရင် လူအများကြီးကို Track လုပ်ဖို့က မလွယ်ပါဘူး။ Algorithm က Ad တစ်သန်းကို တစ်စက္ကန့်အတွင်းမှာ လူဘယ်လောက် ဝင်ကြည့်တယ်ဆိုတာကို ပြပေးပါတယ်။ နည်းပညာက သိပ်ကိုအရေးကြီးပါတယ်။ အဲဒီမှာ လူအယောက် တစ်သန်းကို Ad တစ်ခုကိုပြရင် အဲဒီထဲမှာ ၁ ရာခိုင်နှုန်းက အဲဒီ Ad ကို နှိပ်တယ်ဆိုရင် အဲဒီ Ad က လူစိတ်ဝင်စားမှု ၁ ရာခိုင်နှုန်းရှိတယ်လို့ သတ်မှတ်ပါတယ်။ ပြီးတော့ အဲဒီကနေ သူတကယ်ကော ဝင်ကြည့်လားဆိုတာကိုလည်း ကြည့်ပါတယ်။ အဲဒီတုန်းက ကျွန်တော်တို့က တချို့ဟာတွေကို Completely Algorithm နဲ့ လုပ်ပြီး တချို့ဟာတွေကျတော့လည်း Manual နဲ့ လုပ်ရတာတွေ ရှိပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ အဲဒီကုမ္ပဏီကို သုံးနှစ်ခွဲအကြာမှာ Yahoo က ဝယ်သွားခဲ့ပါတယ်။ ဆိုလိုတာက Algorithm တစ်ခုကို ထွင်လိုက်တာကနေ Ad Surfing လုပ်တဲ့ Technology တစ်ခုကို ကျွန်တော်တို့ Develop လုပ်နိုင်ပြီးတော့ Trend တစ်ခုမှာ စပြီးဝင်သွားတယ်ဆိုတာကို ပြောချင်တာဖြစ်ပါတယ်။

[caption id="attachment_26887" align="alignnone" width="720"]building5အမေရိကန်နိုင်ငံရဲ့ Advertising Trend အရွေ့[/caption]

မြန်မာနိုင်ငံရဲ့ လက်ရှိ Adveritising Trend . . .

Emerging Market ကို ပြန်ကြည့်တဲ့အခါမှာကျတော့ Trend က ဘယ်နေရာရောက်နေတယ်ဆိုတာက သူ့ရဲ့ Country ၊ Region နဲ့ Infrastructure တွေအပေါ်မှာ မူတည်တယ်ဆိုတာ တွေ့ရပါတယ်။ အဓိကကတော့ Eye Balls တွေ ဘယ်နေရာမှာရှိသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ TV မှာ Eye Balls တွေ ရှိတယ်ဆိုလည်း TV ပေါ့။ Mobile မှာ ရှိတယ်ဆိုလည်း Mobile ပေါ့။ Website ဆိုလည်း Website ပေါ်မှာပေါ့။ ဒီဟာက Formula  ရယ်လို့တော့ သတ်မှတ်လို့မရပါဘူး။ ၂၀၀၀ ပြည့်နှစ်အလယ်ပိုင်းမှာလောက်တုန်းက Web Traffic က တအားမြင့်နေခဲ့ပါတယ်။ အခုကျတော့ Mobile Traffic က မြင့်နေပါတယ်။ ဒီ Landscape ပေါ်မှာ မူတည်ပြီးတော့ Brand Development လုပ်ရပါမယ်။ Brand Development အတွက် Investment ပိုင်း

နောက်တစ်ခုက 10 Biggest Brand တွေကိုကြည့်ရင် နံပါတ်တစ်က Apple ၊ နံပါတ်နှစ်က Google ၊ နံပါတ်ငါးက Facebook ဖြစ်ပါတယ်။ ကျွန်တော်ပြောချင်တာက Brand Development နဲ့ Budget Spending က တိုက်ရိုက်အချိုးမကျဘူးလို့ ကျွန်တော်ထင်ပါတယ်။ တိုက်ရိုက်ကျတဲ့ဟာလည်းကျပါတယ်။ ငွေကြေးအများကြီး မသုံးဘဲနဲ့လည်း Brand Development လုပ်လို့ရတယ်။ တချို့ Brand တွေတော့ Brand Development လုပ်ဖို့ Budget သုံးကိုသုံးရပါတယ်။ Product Circle နဲ့ Maturity ပေါ်မှာ နည်းနည်းမူတည်ပါတယ်။

ဥပမာ- Google က သူ့ရဲ့ Marketing Budget ကို ကြည့်ရင် တအားနည်းပါတယ်။ Google ရဲ့ Spend က ဘယ်မှာများလဲဆိုရင် Investment ပိုင်းမှာ ဖြစ်ပါတယ်။ သူဟာ Infrastructure ကို Invest လုပ်တယ်။ သူ့ရဲ့ Brand က သူ့ရဲ့ Core Product ပဲ ဖြစ်ပါတယ်။ တစ်စက္ကန့်မှာ တစ်ခုခုရှာလို့ အနည်းဆုံးအချိန်အတိုင်းအတာ အတွင်းမှာ ထွက်လာတဲ့ Data က သူ့ရဲ့ Core Product ၊ Core Strategy ဖြစ်ပါတယ်။ Google ကို ကျွန်တော့်အနေနဲ့ ကြည့်မယ်ဆိုရင် ပထမဆုံးကတော့ စာကြည့်တိုက်ကြီးဖြစ်ပါတယ်။ တစ်ခုခုရှာလို့ရှိရင် ချက်ချင်း ထွက်လာတယ်။ အဲဒါကို Solve လုပ်ဖို့အတွက် သူတို့က Investment တွေ အများကြီးလုပ်ရပါတယ်။ Data Center တွေ Develop လုပ်ရတယ်။ Technology ကို Develop လုပ်ရတယ်။ ဆိုလိုတဲ့သဘောက Region တိုင်းမှာ သူ့မှာ Data Center ရှိတယ်။ Investment လည်း အများကြီး ပြန်လုပ်ရတယ်။ အဲဒီလို အများကြီးပြန်လုပ်တာက သူ့ရဲ့ Core Strategy ပဲဖြစ်ပါတယ်။ Marketing က သူ့ဟာသူသွားနေတယ်။ Google မှာ Behavioural Marketing က မရှိတာ တော်တော်ကြာပြီ။ ကျွန်တော်ရောက်တော့ အဲဒီမှာ Marketing Feeling မရှိဘူးဗျ။ Team က သေးသေးလေးပါပဲ။ ဒါပေမဲ့ သူတို့က Strategy တွေ အများကြီးသုံးထားပါတယ်။ အဲဒါက Coca-Cola ၊ McDonald ၊ Apple စတာတွေနဲ့မတူပါဘူး။ ဒါကြောင့် Brand Development မှာ Secret Formula ရယ်လို့ မရှိပါဘူး။

ဥပမာ- Facebook ဆိုရင်လည်း သူတို့ Marketing သိပ်မလုပ်ဘူး။ ဒါပေမဲ့ သူ့ရဲ့ Product က Eco System ဖြစ်နေတယ်။ Eco System မှာကျတော့ သူ့ရဲ့ Participant တွေက များလာပြီး Social Growth ဖြစ်တဲ့အတွက်ကြောင့် Referer အနေနဲ့က သူ့ဟာနဲ့သူ ပြန်ပြီးတော့ Referer ဖြစ်သွားတယ်။ Facebook ရဲ့ ပထမဦးဆုံး လေးနှစ်ကိုကြည့်ရင် သူတို့မှာ Goal က တစ်ခုတည်းရှိတာကို တွေ့ရပါတယ်။ သူတို့က ပိုက်ဆံရဖို့ မဟုတ်ဘူး။ ဘာလဲဆိုတော့ ပထမဆုံး User တစ်ယောက်က Sign up လုပ်လို့ရှိရင် တစ်ပတ်အတွင်းမှာ အဲဒီလူက နောက်ခုနစ်ယောက်ကို Invite ပြန်လုပ်ရမယ်။ အဲဒီတစ်ခုကိုပဲ သူ Focus လုပ်တယ်။ တခြားဘာကိုမှ သူ Focus မလုပ်ဘူး။ ဒါပေမဲ့ အဲဒါကို Focus လုပ်လိုက်တဲ့အခါမှာ Product က သူ့ဟာသူ ကြီးလာတယ်။ အခုဆိုရင် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ Active User ပေါင်း ၁.၇ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။ (As of the second quarter of 2016)

Case Study of Oway . . .

ကျွန်တော်မြန်မာပြည်ကို ပြန်ရောက်တာ လေးနှစ်လောက်ရှိပါပြီ။ ကျွန်တော်ပြန်လာတုန်းက လုပ်ဖို့ရည်ရွယ်တာက Travel Website တစ်ခုထောင်ချင်တယ်။ ဒုတိယတစ်ခုက Payment နဲ့ပတ်သက်တာ လုပ်ချင်တယ်။ တတိယတစ်ခုက Ecommerce ပိုင်းကို သွားချင်တယ်။ ဒါတွေကို အစီအစဉ်အတိုင်း လုပ်သွားချင်တယ်။ ဘာလို့ အဲဒီလိုသွားချင်လဲဆိုတော့ ပထမဆုံး တယ်လီကွန်းကဏ္ဍမှာ အခြေခံအဆောက်အအုံတွေ အားကောင်းလာရင်၊ Ecommerce တွေ အားကောင်းလာရင် ခရီးသွားလာရေးကဏ္ဍက လိုက်ပြီးအားကောင်းလာမယ်။ အိန္ဒိယဆိုရင် ၂၀၀၈ ခုနှစ်မှာ Ecommerce ၈၅ ရာခိုင်နှုန်းက Travel Volume က စတာဖြစ်ပါတယ်။ ဟိုတယ်ပဲဖြစ်ဖြစ်၊ လေယာဉ်ပဲဖြစ်ဖြစ်၊ ကားပဲဖြစ်ဖြစ် Book လုပ်ချင်တာ၊ ငှားချင်တာက နဂိုကတည်းက ရှိပြီးသားဖြစ်တာကြောင့်ပါ။

ကျွန်တော်မြန်မာပြည်ရောက်ခါစက လျှပ်စစ်မီးကလည်း သိပ်မကောင်းသေးဘူး။ ကျွန်တော် အစပိုင်းမှာ မြောက်ကိုရီးယားလိုမျိုး မြန်မာပြည်မှာ Server တွေ Set လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ မြန်မာပြည်မှာ Server Set  လုပ်ရင် Oversea ကတော့ သုံးလို့မရဘူး။ ပြည်တွင်းမှာတော့ သုံးလို့ရမယ်ဆိုပြီး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် MPT မှာ Server Set Up လုပ်တော့ သုံးရက်တစ်ခါလောက်ကျနေတာနဲ့ ကြုံရပါတယ်။ အဲဒီတော့ မြန်မာပြည်ဈေးကွက်က အဆင်သင့်မဖြစ်သေးတဲ့အတွက် ပြန်ပြီးတော့ Refocus ၊ Reorient လုပ်ရပါတယ်။ ဒါကြောင့် အရင်ဆုံး Oversea ကို Market လုပ်ပါတယ်။ မြန်မာပြည်ကိုလာတဲ့ နိုင်ငံခြားသားတွေ   ဘာတွေလိုအပ်နေလဲ။ ဟိုတယ်တွေ၊ ကားတွေ၊ ခရီးသွားလာရေးတွေအတွက် ဘယ်လို Book လုပ်မလဲဆိုတာနဲ့ ပတ်သက်ပြီး Reorient လုပ်လိုက်တာဖြစ်ပါတယ်။ ဒါကြောင့် အခုဆိုရင်တော့ မြန်မာပြည်ကိုလာတဲ့ နိုင်ငံခြားသားငါးယောက်မှာ တစ်ယောက်က ကျွန်တော်တို့ရဲ့ Service ကို အသုံးပြုနေပြီ ဖြစ်ပါတယ်။ ဒီထဲမှာ အမေရိကန်လူမျိုး ၇ ရာခိုင်နှုန်း ပြင်သစ်လူမျိုး ၂၅ ရာခိုင်နှုန်းနဲ့ ဂျာမနီလူမျိုး ၃၀ ရာခိုင်နှုန်း ပါပါတယ်။ မြန်မာပြည်ကို ပြန် Focus လုပ်တဲ့အခါကျတော့ အခုမှ ကျွန်တော်တို့က Consumer ကို ပြန်ကြည့်မိတာဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ Consumer တွေက ဟိုတယ်၊ ပြည်တွင်းလေကြောင်းလိုင်း၊ ကားငှားတာတွေကို ဘယ်လိုလုပ်သလဲဆိုတာကို ကြည့်တဲ့အခါမှာ ဘာကိုပြန်တွေ့ရလဲဆိုတော့ ဒီ Service ကိုတော့ လိုချင်တာတွေ ရှိတယ်။ ဒါပေမဲ့ Payment ပိုင်းမှာတော့ အခက်အခဲတွေရှိနေပါတယ်။ Payment ကုမ္ပဏီတွေကလည်း ဆယ်ခုလောက်ရှိတယ်ဆိုပေမဲ့ မြန်မာပြည်မှာ ဘယ်သူကမှ Cash On မဖြစ်လာသေးပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ဘာပြန်ဖြစ်လာလဲဆိုတော့ အခုဆိုရင် Virtual Card တွေ စပေးလာပြီ။ Credit Card တွေ သုံးတာကို မြန်မြန်ဆန်ဆန်ရအောင်လည်း ပြန်လုပ်ထားတယ်။ ဒီလိုနည်းတွေနဲ့ ကျွန်တော်တို့ စခဲ့ပါတယ်။

Brand တစ်ခုကို Develop လုပ်တဲ့အခါမှာ Awareness က အရေးကြီးပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ Core Product (KPI) ကလည်း အရေးကြီးတယ်လို့ ပြောချင်ပါတယ်။

Oway Ride . . .

နောက်တစ်ခုအနေနဲ့ ကျွန်တော် Oway Ride အကြောင်းပြောရင်း Trend တစ်ခုကို ပြောပြချင်ပါတယ်။ Trend က ဘာလဲဆိုရင် Globally မှာ Ground Transport Industry က နှစ်တစ်ရာမှာ တစ်ခါလောက် ပြောင်းနေပါတယ်။ Car Industry ဖြစ်တာက နှစ်တစ်ရာလောက်ပဲ ရှိနေပါသေးတယ်။ စတာက Ford က စခဲ့တာဖြစ်ပါတယ်။ သူက Mass Market ကို Develop လုပ်သွားတာ ဖြစ်ပါတယ်။ သူက ကားများများကို တစ်ပုံစံတည်း ထုတ်သွားတယ်။ သူစလိုက်တဲ့အချိန်မှာ ကားက အမည်းရောင်တစ်မျိုးပဲ ရှိပါတယ်။ အခုကျတော့ Trend က ဘယ်လိုပြောင်းနေလဲဆိုရင်  Digital Economy က တော်တော်များများနဲ့ Familiar ဖြစ်လာပါတယ်။ နိုင်ငံခြားမှာဆို Sharing Economy ဆိုတာ ရှိနေပါပြီ။ Sharing Economy ဆိုတာက လူတွေက ပစ္စည်းတွေကို မဝယ်ဘဲနဲ့ ငှားတဲ့စနစ်ကို အသုံးပြုလာတာဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် လွယ်လွယ်ကူကူနဲ့ ရနိုင်လာတာကြောင့် ဖြစ်ပါတယ်။ ဥပမာ- ကျွန်တော်တို့လို ကားအငှားဝန်ဆောင်မှု လုပ်ငန်းတွေကြောင့် လူတစ်ယောက်က ကားတစ်စီးပိုင်တယ်၊ ဒါပေမဲ့ သူ့ရဲ့တစ်နေ့တာ ကားစီးရတဲ့အချိန်က တစ်ရက်ကိုနှစ်နာရီ၊ သုံးနာရီထက်မပိုဘူး ဆိုတဲ့အခါမှာ အခုနောက်ပိုင်းလူငယ်တွေက ကိုယ်တကယ်ကော ကားလိုရဲ့လားဆိုတာကို ပြန်စဉ်းစားလာကြတယ်။ ပြီးတော့ Invest လုပ်မလားဆိုပြီး ပြန်စဉ်းစားလာနေကြပါတယ်။ အမေရိကန်ရဲ့ Economy ကိုကြည့်ရင် အိမ်ခြံမြေတန်ဖိုးက တစ်ဆယ်ထရီလီယံရှိတယ်၊ ကားက တစ်ထရီလီယံရှိတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒါကြောင့် Bank ကို ကြည့်လို့ရှိရင် သူ့ရဲ့ Biggest Product က သုံးမျိုးပဲရှိတယ်ဆိုတာကို တွေ့ရပါတယ်။ တစ်ခုက Real Estate Loan ၊ ဒုတိယက Auto Loan နဲ့ တတိယက Credit Card Loan တို့ ဖြစ်ပါတယ်။ ဒါတွေက အဓိက Market တွေပဲ ဖြစ်ပါတယ်။ ဘာလို့လဲဆိုရင် လူတွေက သူတို့ရဲ့ ဝင်ငွေကို အိမ်၊ ကားနဲ့ F&B အတွက် လိုအပ်တာတွေကို ဝယ်တာကြောင့် ဖြစ်ပါတယ်။ အဲဒီမှာ ကားက ဝယ်ဖို့လိုလား၊ မလိုလားဆိုတာကို မသေချာတော့သလို ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့လေးနှစ်လောက်ကစပြီး Uber က ကိုယ်လိုချင်တဲ့ကားကို ၃ မိနစ်အတွင်းမှာ ကိုယ့်ဆီရောက်လာနိုင်အောင် ဝန်ဆောင်မှုပေးလာပါတယ်။ ဒီတော့ Consumer တွေက ကားမဝယ်တော့ဘဲ ဒီလိုဝန်ဆောင်မှုကို အသုံးပြုလာကြတယ်။ နောက်တစ်ဖက်မှာ ကားငှားချင်တဲ့ လူတွေရှိလာတယ်။ လူတိုင်းက Installment နဲ့ရရင် ကားဝယ်ချင်တယ်၊ ဒါပေမဲ့ ကားဝယ်ဖို့ ငွေကို ကိုယ့်လစာနဲ့ အကုန်ပြန်မဆပ်နိုင်ဘူး။ ကားကိုသုံးပြီး အပိုဝင်ငွေရှာချင်တယ်။ နှစ်နာရီလောက် ဒီကားကို အသုံးပြုပြီးတော့ ငွေရှာမယ်ဆိုရင် ဒီကားရဲ့ Down Payment အတွက် တော်တော်အဆင်ပြေသွားနိုင်တယ်။ မိသားစုအတွက်လည်း အဆင်ပြေမယ်။ ဒါက မြန်မာပြည်မှာ ရှိနေသလို တခြားနိုင်ငံတွေမှာလည်း ရှိနေတာဖြစ်ပါတယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါမှာ ဈေးကွက်တစ်ခု ဖြစ်လာပါတယ်။ ကားတွေပဲ ဖြစ်ဖြစ်၊ Taxi တွေပဲဖြစ်ဖြစ် လိုချင်တဲ့အချိန်မှာ ခေါ်လို့ရတယ်ဆိုရင် ဒါကဈေးကွက်တစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Oway Ride ကို Develop လုပ်လာတာ ဖြစ်ပါတယ်။ အခုဆို ရန်ကုန်မှာ Taxi ပေါင်းလေးရာကျော်က Oway မှာ Subscribe လုပ်ထားပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုချင်တဲ့ Consumer တွေအနေနဲ့ Oway Ride Mobile App ကို Download လုပ်ထားပြီး ကိုယ်လိုချင်တဲ့ အချိန်မှာ ကိုယ့်အနားမှာရှိနေတဲ့ ကားကိုခေါ်လိုက်လို့ ရပါတယ်။ မီတာစနစ်နဲ့ စီးနိုင်ပြီး Cash နဲ့ ငွေရှင်းနိုင်ပါတယ်။ လောလောဆယ် အဲဒီလိုမျိုးစနစ်နဲ့လုပ်ထားပေမဲ့ ကျွန်တော်တို့က အခုမှစခါစဖြစ်တာကြောင့် အောင်မြင်တယ်လို့လည်း ပြောလို့မရသေးသလို မအောင်မြင်ဘူးလို့လည်း ပြောလို့မရပါဘူး။ အခုလောလောဆယ်မှာ ကျွန်တော် ကြည့်နေတာ တစ်ခုပဲရှိပါသေးတယ်။ ကျွန်တော်လိုချင်တဲ့ Goal က ကားတစ်စီးကို ခေါ်တဲ့အခါမှာ Wait Time ကို လျော့ဖို့ပါ။ Taxi တစ်စီးကို ဘယ်လောက်အများဆုံး စောင့်နိုင်မလဲဆိုတာပါ။ ကျွန်တော်ဘာကို တွက်လိုက်လဲဆိုတော့ ဥပမာ- ကားကို ခုနစ်မိနစ် စောင့်ရတယ်ဆိုပါစို့။ အဲဒီမှာ Wait Time တစ်မိနစ်လျော့တိုင်း၊ လျော့တိုင်းမှာ ကားတွေကများလာတယ်။ ကားစုစုပေါင်း တစ်ထောင်ရှိမယ်ဆိုရင် Wait Time က ၃ မိနစ်လောက်ပဲဖြစ်လာမယ်။ အဲဒီအခါမှာ ဒီ Service ကို ပိုပြီးတော့ သုံးလာလို့ရမယ်။ အဲဒီအခါမှာ Taxi ဆိုလည်း Taxi ရလာမယ်၊ ကိုယ်ပိုင်ကားဆိုလည်း ကိုယ်ပိုင်ကားရလာမယ်၊ ဆိုင်ကယ်ဆိုလည်း ရလာနိုင်မယ်။ ဒါကြောင့် လိုအပ်တဲ့အချိန်မှာ ကားတစ်စီးရောက်လာနိုင်တဲ့အတွက် Consumer အတွက် အဆင်ပြေသလို ကျွန်တော်တို့က အဲဒီကား ဘယ်ကိုသွားတယ်၊ ဘယ်ကိုရောက်တယ်ဆိုတာတွေကို GPS နဲ့ Track လုပ်တဲ့အတွက် လုံခြုံရေးအတွက်လည်း စိတ်ချရတယ်။ ကိုယ့်ပစ္စည်းတစ်ခုခု ကားပေါ်ကျန်ခဲ့ရင်တောင် ပြန်ရနိုင်တယ်။ သိပ်တော့မလွယ်လှပါဘူး။ Logistic Structure တစ်ခုကို လုပ်တဲ့အခါမှာ လူများများ ပါဝင်လာတာနဲ့ Training လုပ်ရတာ ပိုပိုပြီးအခက်အခဲ တွေ့လာရပါတယ်။ ကျွန်တော့်အနေနဲ့ ဘာကိုပိုပြီးတော့ စိတ်ထက်သန်ဖြစ်လဲဆိုရင် ရန်ကုန်ကနေ အပြင်ထွက်ပြီး မန္တလေးဖြစ်ဖြစ်၊ နေပြည်တော်ဖြစ်ဖြစ် သွားတဲ့အခါမှာ Taxi ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားပဲဖြစ်ဖြစ် Delivery ရှိတာကိုက တကယ့်ကို အကျိုးရှိနေတာဖြစ်ပါတယ်။ မန္တလေးကို သွားလို့ရှိရင် ကားတစ်စီးလိုချင်တယ်ဆိုရင် အပြင်မှာရပ်စောင့်နေရတာတင် ၁၆ မိနစ်၊ ၁၇ မိနစ်လောက်ထိ ရှိပါတယ်။ ဒါတောင်မှ ရချင်မှရမှာဖြစ်ပါတယ်။ ဒီလိုကားငှားတဲ့ ဝန်ဆောင်မှုပေါ်လာတဲ့အခါ ကားငှားစီးတဲ့လူတွေရော၊ ကားငှားတဲ့လူတွေပါ အကျိုးရှိစေပါတယ်။ ကားငှားတဲ့ လူတွေအတွက်ဆိုရင် ဒီလို Software မျိုးတွေ မရှိခင်တုန်းက ကားငှားတဲ့လူက အလုပ်တစ်ရက်က ၁၂ ခု လောက်ပဲရတယ်။ ဒီ App တွေ ကို သုံးတဲ့အခါမှာတော့ ၄၂ ခုလောက်ရလာတယ်။ သုံးဆလောက်ပိုပြီးတော့ Efficient ဖြစ်လာတယ်။ ဒါဟာ နှစ်ဖက်စလုံးအတွက် Efficient ဖြစ်လာတာပါ။ ကိုယ်က နေရာတစ်ခုကိုရောက်နေတဲ့အချိန်မှာ အဲဒီနားမှာရှိနေတဲ့ ကားငှားချင်တဲ့ လူတစ်ယောက်က သိပြီးတော့ ကားငှားနိုင်လာတဲ့အတွက် ပိုပြီးတော့အကျိုးရှိပြီး ဝင်ငွေလည်း တိုးလာတယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ မော်တော်ဆိုင်ကယ်တွေပါ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် စဉ်းစားနေပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ Brand ၊ ကျွန်တော့်ရဲ့ Goal က Limit တွေကို လျော့ချသွားနိုင်ဖို့ပဲဖြစ်ပါတယ်။ အဲဒါကို ဘယ်လိုလုပ်လို့ရမလဲဆိုတော့ အဲဒီအတွက် ပထမဆုံး Awareness  ရှိရမယ်။ နောက်ပြီး Wait Time တွေ ကျသွားအောင် လုပ်ရမယ်။ Pricing ကိုလည်း ပိုအဆင်ပြေအောင် လုပ်သွားရမယ်။

အယ်ဒီတာအဖွဲ့