မိမိကိုယ်မိမိ ယုံကြည်မှုတော့ ရှိချင်ပါရဲ့။ ဒါပေမဲ့ အဲဒီလိုယုံကြည်မှုရှိလာအောင် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေပါသလား။ မိမိကိုယ်မိမိ အမှန်တကယ် ယုံကြည်မှုရလာအောင် နေ့ချင်းညချင်း လုပ်လို့မရပါဘူး။ လိုအပ်တာတွေကို တစ်ခုချင်း ဇောက်ချလုပ်ဖို့လိုတယ်။ ဒါမှလည်း မိမိဟာ အခြားသူတွေရဲ့လေးစားမှုနဲ့ ခင်မင်မှုမေတ္တာတရားနဲ့ဆိုတာ သဘောပေါက် ခံယူလာမှာဖြစ်ပါတယ်။
၁။ မိမိရဲ့ချို့တဲ့ချက်တွေ၊ လိုအပ်တာတွကို သိအောင်လုပ်ပါ။ စိတ်ထဲမှာကျိတ်ပြီး ခံစားနေတာမျိုးရှိသလား။ ဘာကြောင့် မိမိဘာသာမိမိ စိက်လက်မသက်မသာဖြစ်နေရတာလဲ။ ရှက် မိနေရတာလဲ။ မျက်နှာမှာ ဝက်ခြံပေါက်နေတာကအစ တနုံ့ နုံ့နောင်တရပြီး စိတ်မချမ်းမသာဖြစ်နေတာမျိုးအထိ အ ကြောင်းအမျိုးမျိုးဖြစ်နိုင်တယ်။ ကျောင်းနေဖက်တွေကြောင့်၊ ဒါမှမဟုတ် စိတ်ထဲမှာစွဲနစ်နေတဲ့ မကောင်းတဲ့ အတွေ့အကြုံ အရ ခံစားချက်တစ်ခုခုကြောင့်လည်း ဖြစ်နိုင်တယ်။ ငါဟာ အလကားပဲ၊ ရှက်စရာကောင်းတယ်။ သူများတွေနဲ့ယှဉ်ရင် ငါကညံ့နေတယ် စသဖြင့် ဘယ်လိုပဲခံစားနေရပါစေ အဲဒါ တွေကို ပီပီပြင်ပြင် သဲသဲကွဲကွဲ သိဖို့လိုတယ်။ အဲဒီလိုသိသွား ရင် အဲဒါကိုချရေးလိုက်ပါ။ ဒီစာရွက်လေးတွေကို ဆုတ်ဖြဲ ပစ်လိုက်နိုင်တယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး အကောင်း မြင်လာဖို့ စလိုက်တာဖြစ်တယ်။










