Warren Buffett ရဲ့ အလုပ်ပြီးချိန်မှာ လုပ်လေ့ရှိတဲ့အရာ ၅ ခု

octtip

၁။ စာမျက်နှာ ၅၀၀ ဖတ်ပါ။

Warren Buffet ကို ထူးချွန်ထက်မြက်အောင် ဘယ်လိုလုပ်ရမလဲလို့မေးရင် သူက စာရွက်အထပ်လိုက် ကိုင်ပြပြီး ''နေ့တိုင်း ဒီလိုမျိုး စာမျက်နှာ ငါးရာဖတ်ပါ။ ဒါဆိုရင် အသိပညာတွေ အထပ်ထပ်ကြွယ်ဝလာလိမ့်မယ်'' လို့ ဖြေမှာပါ။ Buffett ဟာ နိုးနေတဲ့အချိန်ရဲ့ ၈၀ ရာခိုင်နှုန်းကို အလုပ်မှာစာဖတ်ခြင်း (ဘဏ္ဍာရေးမှတ်တမ်းတွေ၊ ဂျာနယ်တွေ၊ မှတ်တမ်းတွေဖတ်ခြင်း)နဲ့ အိမ်မှာစာဖတ်ခြင်း (သတင်းစာတွေ၊ စာအုပ်တွေဖတ်ခြင်း) အတွက် အသုံးပြုတယ်လို့ ဆိုပါတယ်။ ''ကျွန်တော် စာပိုဖတ်တယ်။ ပိုတွေးတယ်။ ပြီးတော့ စိတ်လိုက်မာန်ပါနဲ့ ဆုံးဖြတ်ချက်ချတာကို နည်းနိုင်သမျှ နည်းအောင်လုပ်တယ်''လို့ စာဖတ်တာနဲ့ ပတ်သက်တဲ့ သူ့အမြင်ကိုပြောပါတယ်။

၂။ လေ့ကျင့်ခန်းအနည်းငယ်လုပ်ပါ။

၂၀၀၇ ခုနှစ်၊ သူ့အသက် ၇၇ နှစ်အရွယ်မှာ ''အစားကို ဂရုတစိုက်စားမလား၊ ဒါမှမဟုတ် လေ့ကျင့်ခန်း လုပ်မလား'' ဆိုပြီး သူ့ဆရာဝန်က သူ့ကို ရွေးချယ်စေပါတယ်။ Buffett က လေ့ကျင့်ခန်းကို ရွေးချယ်ခဲ့ပါတယ်။

၃။ ရက်ရောပါ၊ မသုံးဖြုန်းပါနဲ့။

Buffett ဟာ ကမ္ဘာ့အရက်ရောဆုံး ပရဟိတ အလှူရှင်တစ်ဦးဖြစ်ပြီး သူ့ဘဝသက်တမ်းတစ်လျှောက် ပိုင်ဆိုင်မှုရဲ့ ၉၉ ရာခိုင်နှုန်းကို ပေးလှူမယ်လို့ ကတိပြုထားပြီး သားပါ။ တစ်ဖက်မှာလည်း သူဟာ ခြိုးခြံစိစစ်တဲ့နေရာမှာ အတော်နာမည်ကြီးပါတယ်။ သူဟာ ၁၉၅၈ ခုနှစ်က ဒေါ်လာ ၃၁,၅၀၀ နဲ့ ဝယ်ယူထားတဲ့ အိမ်မှာပဲ အခုထိနေထိုင်ဆဲပါ။ သူဟာ သူ့ဆီလာလည်တဲ့ ရင်းနှီးမြှုပ်နှံသူတွေကို Mc Donald မှာ နေ့လယ်စာ လိုက်ကျွေးရတာကိုလည်း နှစ်သက်ပါတယ်။

၄။ စိတ်ရှည်ရှည်ထားပြီးဆော့ရတဲ့ ဂိမ်းတစ်ခုဆော့ပါ။

Buffett ဟာငွေရေးကြေးရေး စီမံခန့်ခွဲမှုတွေပါတဲ့၊ စဉ်းစားရတဲ့ Mind Games တွေ ပုံမှန်ဆော့ပါတယ်။ ဒါက ရင်းနှီးမြှုပ်နှံမှုတွေကို ပိုအကွက်မြင်အောင် ကူညီပေးပါတယ်။ သူဟာ မိုနိုပိုလီလို အချိန်ကြာကြာဆော့ရတဲ့ ကစားနည်းမျိုးဖြစ်တဲ့ Bridge ဆိုတဲ့ဂိမ်းကိုလည်း နှစ်သက်ပါတယ်။ ''ဒီဂိမ်းဆော့ရင် ဆယ်မိနစ်တိုင်းမှာ ပြောင်းလဲနေတဲ့ အခြေအနေသစ်ကိုတွေ့ရပြီး တစ်ချိန်လုံးတွက်ချက်နေရတယ်။'' လို့ သူကဆိုပါတယ်။

၅။ ပျော်ရွှင်မှုပေးတဲ့ ဝါသနာတစ်ခုရှိပါ။

Warren ဟာ Ukulele (ဂီတာအသေး) ကို ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ပြီး သီချင်းလည်း ရေးတတ်ပါတယ်။ Coca Cola သီချင်းကို Bon Jovi နဲ့တွဲဖက်ပြီး သီဆိုထားတဲ့ You Tube Video ကို တွေ့နိုင်ပါတယ်။