၂၀၁၃ ခုနှစ် ဘရာဇီးအလုပ်လက်မဲ့နှုန်း စံချိန်တင်ကျဆင်း

  brazilian 1 ၂၀၁၃ ခုနှစ်မှာ ဘရာဇီးနိုင်ငံရဲ့ အလုပ်လက်မဲ့နှုန်း စံချိန်တင်ကျဆင်းခဲ့ တယ်လို့ ဘရာဇီးအစိုးရက ပြောကြား ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ စံချိန်တင်အလုပ်လက်မဲ့နှုန်း ၄.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၂၀၁၃ ခုနှစ် တစ်နှစ်လုံးမှာ ဘရာဇီးရဲ့ ပျမ်းမျ အလုပ်လက်မဲ့နှုန်း ၅.၄ ရာခိုင်နှုန်း ရှိခဲ့ပြီး သမိုင်းတစ်လျောက် အလုပ် လက်မဲ့နှုန်းအနိမ့်ဆုံးကျဆင်းမှုဖြစ် တယ်လို့  ဘရာဇီးနိုင်ငံရဲ့ IBGE အချက်အလက် စာရင်းဇယားဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီပမာဏဟာ ၂၀၁၂ ခုနှစ်တုန်းက အလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းထက် အနည်းငယ် ကျဆင်းခဲ့တာဖြစ်တယ်။ မနှစ်က အလုပ်အကိုင်ပေါင်း ၁.၂ သန်းဖန်တီး ပေးနိုင်ခဲ့တယ်လို့ ဘရာဇီးအလုပ်သမား ဝန်ကြီးဌာနက ဆိုပါတယ်။