ဘရာဇီးနိုင်ငံရဲ့ ယာဉ်အန္တရယ်ဘေးကင်းလုံခြုံရေး ဥပဒေအကောင်အထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာဖွယ်ရှိ

Brazil Unsafe Cars မော်တော်ကားထုတ်လုပ်သူတွေအနေနဲ့ မော်တော်ကားအသစ်အားလုံးမှာ ရှေ့ပိုင်းလေအိပ်တပ်ဆင်ဖို့နဲ့ လုံခြုံရေးဘရိတ်စနစ် (ABS System) တပ်ဆင်ဖို့ ပြဋ္ဌာန်းထား တဲ့ ဥပဒေကို အကောင်ထည်ဖော်တာကို အချိန်ဆွဲတဲ့အနေနဲ့ ဘရာဇီးဘဏ္ဍာရေးဝန်ကြီး Guido Mantega ကစီမံကိန်းတွေကို နောက်ဆုတ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီဥပဒေအသစ်ဟာ စီစဉ်ထားတဲ့အတိုင်း နောက်နှစ်မှာ စတင်အကျိုးသက်ရောက်မှုရှိမယ်လို့ Guido Mantega က ပြောခဲ့တာကို G1 internet portal က ကိုးကားဖော်ပြခဲ့တာဖြစ်တယ်။ ယာဉ်အန္တရာယ်လုံခြုံရေးအတွက် တပ်ဆင်မယ့်စနစ်တွေကြောင့် ကားဈေးတွေတက်လာမှာကို စိုးရိမ်တဲ့အတွက် အဲဒီဥပဒေကို အကောင်အထည်ဖော်ဖို့ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်လောက်အချိန်ယူဖို့ အစိုးရအနေနဲ့ လေ့လာနေတယ်လို့ Guido Mantega ကဆိုပါတယ်။ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး ဘေးကင်းလုံခြုံရေးဆိုင်ရာ ရှေ့နေတွေက ဘရာဇီးကားတွေဟာ အမေရိကန်နဲ့ ဥရောပမှာ ထုတ်လုပ်တဲ့ ကားတွေထက် ဆယ်စုနှစ်မက နောက်ကျကျန်နေခဲ့ပြီလို့ ဝေဖန်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်အစောပိုင်းတုန်းက AP ရဲ့ စုံစမ်းလေ့လာတွေ့ရှိချက်အရ ခရီးသည်တင်ကားတွေ ထိခိုက်ပျက်စီးမှုကြောင့် သေဆုံးကြတဲ့ ဘရာဇီးသားတွေဟာ အမေရိကန်နိုင်ငံသားတွေထက် လေးဆပိုများတာကို တွေ့ရပါတယ်။