မြန်မာနိုင်ငံအတွင်း Brand တွေရဲ့ အောင်မြင်မှုတွေ ပါဝင်တဲ့ Sportlight on Myanmar အမည်ရှိ ဈေးကွက်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေပါဝင်တဲ့ အစီရင်ခံစာတစ်ခုကို ကမ္ဘာလုံးဆိုင်ရာ ကြော်ငြာလုပ်ငန်းစုကြီးဖြစ်တဲ့ WPP နဲ့ Millward Brown တို့က ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းက ထုတ်ပြန်ခဲ့ပါတယ်။ ဒီ Report မိတ်ဆက်အခမ်းအနားကိုတော့ ဇွန်လ ၃၀ ရက်မှာ ရန်ကုန်မြို့၊ Sule Shangri-La Hotel မှာ ပြုလုပ်ခဲ့ပါတယ်။
ပွဲမှာ The Store – WPP, EMEA & Asia ရဲ့ CEO David Roth က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး BrandZ စတင်ပေါ်ပေါက်လာပုံ၊ WPP ရဲ့ Client တွေ အပေါ်အလေးထားမှု စတာတွေနဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။ TNS Myanmar မှ General Manager Jason Copland ကတော့ Report နဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ချက်တွေကို ဆွေးနွေးသွားခဲ့ပါတယ်။
[caption id="attachment_25971" align="alignnone" width="720"]The Store – WPP, EMEA & Asia ရဲ့ CEO David Roth[/caption]
[caption id="attachment_25969" align="alignnone" width="720"]TNS Myanmar မှ General Manager Jason Copland [/caption]
[caption id="attachment_25962" align="alignnone" width="720"]
အဲဒီနောက်မှာတော့ မြန်မာနိုင်ငံအတွင်း Brand တွေကို မိတ်ဆက်ထိုးဖောက်ရာမှာ အောင်မြင်မှု အသီးသီးရရှိခဲ့ကြတဲ့ အတွေ့အကြုံတွေ၊ Brand တွေကို ဈေးကွက်ထဲ ကူညီထိုးဖောက်ပေးနေတဲ့ ပြည်တွင်း ပြည်ပအတွေ့အကြုံရှိ Advertising Industry ထဲက အေဂျင်စီတွေ အတူတတွ ပါဝင်ဆွေးနွေးတဲ့ Section အဖြစ် Panel Discussion တစ်ခုကိုလည်း ပြုလုပ်ခဲ့ပါတယ်။ MPT မှ Chief Marketing Officer Takashi Shigeno၊ Samsung Myanmar မှ Head of Marketing Richard See၊ DKSH Smaollan မှ Country Manager Parag Wasnik၊ TODAY Ogilvy Public Relations မှ Vice President Adeana Greenlee နဲ့ Y&R မှ Indo-China CEO Peter Skalberg တို့က ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။
WPP ဟာ ပြည်တွင်း၊ ပြည်ပ Brand တွေကို သူ့ရဲ့ BrandZTM Measurement Tool တွေသုံးပြီး Millward Brown နဲ့အတူ Brand Analyzing လုပ်နေခဲ့တာ ဆယ်စုနှစ် နှစ်ခုကျော်ရှိပြီဖြစ်သလို BrandZTM လည်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အယုံကြည်ရဆုံး Brand Equity Study တစ်ခုဖြစ်ပါတယ်။ ခိုင်မာတန်ဖိုးရှိတဲ့ ကုန်အမှတ်တံဆိပ်တွေ ဖြစ်လာဖို့ ဘာတွေက ထောက်ပံ့ပေးပြီး ဘာတွေကရေရှည်တည်မြဲအောင် လုပ်ပေးထားသလဲဆိုတာကို သက်ဆိုင်ရာ ပြည်တွင်း ပြည်ပဈေးကွက်အလိုက် အတွင်းကျကျ အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ Analysis လုပ်ပြီး BrandZTM Report တွေ ထုတ်ပြန်လေ့ရှိပါတယ်။
အခု Sportlight on Myanmar မှာတော့ မြန်မာနိုင်ငံအတွင်းရှိ စားသုံးသူ ၁,၆၆၀ ဦးကို နိုင်ငံတကာနဲ့ ဒေသတွင်းမှာရှိတဲ့ Brand ၄၂ ခုနဲ့ပတ်သက်လို့ တွေ့ဆုံမေးမြန်းချက်တွေကို အခြေခံပါတယ်။ အဓိကအနေနဲ့ အခြေခံစားသောက်ကုန်တွေထဲကမှ စားသုံးသူတွေနဲ့ နေ့စဉ်ထိတွေ့မှုအများဆုံးရှိတဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ ကော်ဖီနဲ့ အချိုရည်အမှတ်တံဆိပ်တွေ၊ ရေရှည်အသုံးပြုဖို့ ရည်ရွယ်ဝယ်ယူလေ့ရှိကြတဲ့ မိုဘိုင်းလ်ဝန်ဆောင်မှုနဲ့ Handset ဈေးကွက် စတာတွေကို အခြေခံသုတေသန လုပ်ထားတာလည်း ဖြစ်ပါတယ်။ Report အပြည့်အစုံကို http://wppbaz.com/admin/uploads/files/WPP-Myanmar _2016_ Download.pdf မှာ Download ရယူနိုင်ပါတယ်။
BrandZTM Myanmar မှ ကုန်အမှတ်တံဆိပ်အောင်မြင်မှုနဲ့ ပတ်သက်တဲ့သင်ခန်းစာ ၅ ချက်
1. ကိုယ့်ကုန်အမှတ်တံဆိပ်က ပီပြင်တဲ့ထူးခြားချက်တစ်ခုရှိပါစေ။
2. ဆန်းသစ်တီထွင်မှုရှိပါ။ ဒါကို Customer တွေလည်း သိပါစေ။
3. နှစ်လိုဖွယ်ကောင်းပါစေ။
4. ကိုယ့်ကုန်အမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ပြောဆို (ကြော်ငြာ)ထားသမျှက ရှင်းလင်းမှုရှိပါစေ။ ပြီးတော့ (ပြောထားသမျှ) တကယ်ဖြစ်အောင်လုပ်ပါ။
5. ထူးခြားချက်ရှိခြင်း၊ ထင်ရှားမှုရှိခြင်းနဲ့ ဆီလျော် ကိုက်ညီမှုရှိခြင်းဆိုတဲ့အချက်တွေက ပြည်တွင်း ပြည်တွင်းရော၊ နိုင်ငံတကာကုန်အမှတ်တံဆိပ်တွေ အတွက်ပါ အလွန်အရေးပါပါတယ်။
BrandZTM Myanmar မှ မြန်မာနိုင်ငံအတွင်း ကုန်အမှတ်တံဆိပ်များနဲ့ ပတ်သက်တဲ့ လေ့လာတွေ့ရှိချက် အချို့
၁။ တမူထူးခြားမှုအရှိဆုံး ကုန်အမှတ်တံဆိပ်တွေ ဆိုတဲ့နေရာမှာ Apple က မြန်မာနိုင်ငံမှာ နံပါတ်တစ်နေရာမှာရှိပြီး Coca Cola နဲ့ Samsung တို့ကတော့ ဒုတိယနဲ့ တတိယနေရာအသီးသီးမှာ ရှိကြပါတယ်။
၂။ တီထွင်ဆန်းသစ်မှုအရှိဆုံး ကုန်အမှတ်တံဆိပ်တွေကို ဆန်းစစ်ရာမှာ Telenor က နံပါတ်တစ်ဖြစ်ပြီး MPT နဲ့ Ooredoo တို့က ဒုတိယနဲ့ တတိယ လိုက်ပါတယ်။
၃။ နှစ်သက်ဖွယ်အကောင်းဆုံးသော ကုန်အမှတ်တံဆိပ်တွေအဖြစ် MPT က ပထမနေရာ၊ Samsung က ဒုတိယနေရာတို့ရှိပြီး သူတို့နောက်မှာ Telenor နဲ့ Huawei တို့က ကပ်လျက်လိုက်ပါတယ်။
၄။ အခိုင်မာဆုံးသော ကုန်အမှတ်တံဆိပ်အဖြစ် Samsung က ပထမရပြီး Apple နဲ့ MPT တို့ကတော့ ဒုတိယနဲ့ တတိယအသီးသီးဖြစ်ကြပါတယ်။
၅။ အင်အားအကြီးဆုံး ကုန်အမှတ်တံဆိပ်အဖြစ်တော့ Huawei က သတ်မှတ်ခံရပါတယ်။ Brand Power ကို တိုင်းတာတဲ့နေရာမှာ စားသုံးသူတွေက ကုန်အမှတ်တံဆိပ်တွေ ယှဉ်ပြီးရွေးဝယ်ရာမှာ ကုန်အမှတ်တံဆိပ်ရဲ့ စွမ်းဆောင်ရည်ကြောင့် အရောင်းတက်ခြင်း၊ ဒါမှမဟုတ် ဈေးကွက်ဝေစုပိုရခြင်းတို့နဲ့ ဆုံးဖြတ်တာဖြစ်ပါတယ်။
[caption id="attachment_25964" align="alignnone" width="242"][caption id="attachment_25964" align="alignnone" width="423"]Global Brand တွေရဲ့ မြန်မာနိုင်ငံတွင်း စွမ်းဆောင်ရည်နဲ့ ကမ္ဘာတစ်ဝန်းစွမ်းဆောင်ရည် နှိုင်းယှဉ်ချက်[/caption]Global Brand တွေရဲ့ မြန်မာနိုင်ငံတွင်း စွမ်းဆောင်ရည်နဲ့ ကမ္ဘာတစ်ဝန်းစွမ်းဆောင်ရည် နှိုင်းယှဉ်ချက်[/caption]