Boston Matrix

စီးပွားရေးလုပ်ငန်းတစ်ခု၏ ဖွံ့ ဖြိုးတိုးတက်မှုအခြေအနေနှင့် ဈေးကွက်ဝေစုပိုင်ဆိုင်ထားမှု အခြေအနေနှစ်ရပ်ကို အကွက်ချ ဖော်ပြစိစစ်သုံးသပ်နိုင်သော ပုံစံဖြစ်သည်။ article landscape wartermark final Boston Consulting Group မှ Bruce Henderson  က ၁၉၆၀ပြည့်နှစ်နောက်ပိုင်း တီထွင်ခဲ့သော အလွန် ကျော်ကြားအားကောင်းသည့် စီးပွားရေးဗျူဟာချနည်း ဖြစ်သည်။ပုံစံအကွက်ချတည်ဆောက်ရန်မှာ ဈေး ကွက်ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ဒေါင်လိုက်နှင့် ဈေးကွက်ဝေစုပိုင်ဆိုင်ထားသည့် အင်အားကို အ လျားလိုက် အတိုင်းအတာဖြင့်ဖော်ပြသည့် စတုရန်း ကွက်ပုံစံ ရရှိမည်။ လုပ်ငန်းစုအမျိုးမျိုးရှိသော ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ရှေ့ကိုမည်သို့ခြေလှမ်း ဆက်လှမ်းရမည်ကို ဆုံး ဖြတ်နိုင်ရန် Boston Matrix  အကွက်များတွင် လုပ်ငန်း အမျိုးအစားတစ်ခုချင်းစီ မည်သည့်နေရာ၌ရှိမည်ကို အကဲ ဖြတ်ထည့်သွင်းရမည်။ ဤသို့ဖြင့် လုပ်ငန်းများ၏ အခြေအ နေရုပ်ပုံကိုမြင်ပြီး အနာဂတ်ခြေလှမ်းကို ချမှတ်နိုင်မည်။ စီးပွားရေးလုပ်ငန်းတစ်မျိုးသည် အကွက်လေးကွက် အနက် အကွက်တစ်ခုတွင်ဝင်သည်။ ဈေးကွက်ဖွံ့ဖြိုးမှု၊ ဈေး ကွက်ဝေစုပိုင်ဆိုင်မှု၏အင်အားနှင့် အနိမ့်အမြင့် အခြေအနေ တို့အရ နေရာချထားရမည်။ ရရှိသည့်နေရာအလိုက် အခြေအ နေအလားအလာအရ အခေါ်အဝေါ်ကိုပါ သတ်မှတ်ထားသည်။   နို့စားနွားမ (Cash Cows) ဈေးကွက်ဝေစုများများပိုင်ဆိုင်လုပ်ကိုင်နေပြီး လုပ်ငန်းအနေ ဖြင့်လည်း တိုးတက်ကြီးထွားစရာ အခြေအနေသိပ်မရှိတော့ သောလုပ်ငန်းများကို နို့စားနွားမများဟုñွှန်းသည်။ ငွေအ ရကောင်းသောလုပ်ငန်းများဖြစ်၍ ငွေရရန်သာ အဓိကအား ထားရမည်။ ယင်းငွေများဖြင့် Stars   ကြယ်တာရာ စီးပွားရေးကို ပံ့ပိုးပေးနိုင်ပြီး မသေချာမရေရာသေးသော (Question Marks) မေးခွန်းလုပ်ငန်းများကို ဖြည့်ဆည်းနိုင်ကာ လုပ်ငန်းသစ်များကိုပါ စဉ်းစားနိုင်သည်။   ကြယ်တာရာများ (Stars) ဖွံ့ဖြိုးမှုအရှိန်ကောင်းကောင်းဖြင့် ဖွံ့ဖြိုးမှုလုပ်ငန်းတွင် နေရာ ကောင်းကောင်းရထားပြီး ဝင်ငွေလည်းကောင်းသော လုပ်ငန်း များကို ကြယ်တာရာများ (Stars) ဟုညွှန်းခေါ်သည်။ ငွေသုံးစွဲရမှုကလည်း များသည်။ တိုးတက်ချဲ့ထွင်မှုအတွက် ရင်းနှီးမြှုပ်နှံမှုငွေလိုအပ်မှုများခြင်းပင်ဖြစ်သည်။ ထိုသို့ ရင်း နှီးမြှုပ်နှံထားပါက ဈေးကွက်ငြိမ်သွားသည့်အခါတွင် ငွေသားဝင်ငွေကောင်းသော နို့စားနွားများ ဖြစ်သွားဖို့ရှိသည်။ ထို သို့မဟုတ်လျင် ဈေးကွက်ပိုင်ဆိုင်မှုနည်းပြီး'ခွေး'   (Dogs)    များဖြစ်သွားဖို့ အလားအလာရှိသည်။   ခွေးများ (Dogs) ခွေးများမှာ ဈေးကွက်ဖွံ့ဖြိုးမှုတွင် ဖြစ်စေ၊ ဈေးကွက်ဝေစုပိုင် ဆိုင်မှုတွင်ဖြစ်စေ ခွန်အားနည်းသော၊ မရှိသောလုပ်ငန်းများ ဖြစ်သည်။ အခြေအနေအားဖြင့် တိုးတက်ကောင်းမွန်လာစ ရာမရှိသော လုပ်ငန်းများကို ရောင်းချငွေဖော်ရန် စဉ်းစားနိုင် သည်။ သို့မှသာ 'ကြယ်လုပ်ငန်း' များအတွက် လိုငွေများရ နိုင်ပြီး လိုအပ်ပါက လုပ်ငန်းအမျိုးအစား အသစ်လုပ်ရန် စဉ်း စားနိုင်သည်။ ထပ်မံရင်းနှီးရန်မလိုဘဲ ဝင်ငွေကိုသာ လိုသလိုသုံးဖို့ စဉ်းစားနိုင်သည်။   မေးခွန်းများ (Questions) မေးခွန်းများအဖြစ် အမည်ပေးသော စီးပွားရေးလုပ်ငန်းအုပ်စုမှာ ပြဿနာများပြီး အဖြေရရန် ခက်ခဲသည်။ တိုးတက်နေ သော ဈေးကွက်ကောင်းများတွင် လုပ်ကိုင်နေကြသော် လည်း ဈေးကွက်ရှယ်ယာမှာ သေးငယ်သည်။ ထို့ကြောင့် ထပ်မံရင်းနှီးမြှုပ်နှံရန် လိုအပ်နေပြီး ဝင်ငွေရရှိမှု နည်းနေ သည်။ မည်သည့်လုပ်ငန်းကိုရွေးချယ်၍ တိုးချဲ့မြှုပ်နှံပြီး ကြယ်ပွင့်များဖြစ်လာရန် လုပ်ရမည်ကို ဆုံးဖြတ်ရန် မလွယ် လှပေ။ စီးပွားရေးလုပ်ငန်းများ၏ မဟာဗျူဟာ အဆုံးအ ဖြတ်က ိုBoston Matrix    ပုံအရ ယထာဘူတကျကျ ပြု လုပ်ခြင်းကို ဗဟိုက ချုပ်ကိုင်စီမံမှုနည်းအဖြစ် ကျော်ကြားခဲ့ သော်လည်း စီးပွားရေးလောကကျဆင်းသည့် ၁၉၇၀ ပြည့်လွန်နှစ်ပိုင်းများတွင် ထိုနည်းလမ်း၏ အားနည်းမှု၊ မပြည့်စုံမှုကို သိလာရသည်။ စီးပွားရေးလုပ်ငန်းများအတွက် ဖွံ့ဖြိုးတိုးတက်သောဈေးကွက်အခြေအနေနှင့် ဈေးကွက်ပိုင် ဆိုင်မှုဝေစုတို့သည်သာ အရေးပါသည်မဟုတ်၊ အခြားအခြေ အနေအများအပြား ထည့်စဉ်းစားရမည်များ ရှိနေသေးသည်။ လက်တွေ့လုပ်ငန်းအတွေ့အကြုံများအရ ဝေဖန်မှုများပါရှိ လာသည်။ မည်သို့ပင်ဖြစ်စေ Boston Matrix    မှာစီးပွားရေး လုပ်ငန်းများကို ရှုမြင်သုံးသပ်ပုံကောင်းတစ်ခု ဖြစ်သည့် အပြင် မဟာဗျူဟာအဆုံးအဖြတ်အတွက် လမ်းစပင်ဖြစ်ပေသည်။ ယခုအခါ မြန်မာပြည်တွင် လုပ်ငန်းအမျိုးမျိုး၌  ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသော Group of Companies    များအတွက် မိမိလုပ်ငန်းယူနစ်များကို စတားအဖြစ် သတ်မှတ်နိုင်၍ တိုးချဲ့ရမည်လား၊ နို့ညှစ်နွားမအခြေအနေတွင် ရှိနေသော လုပ်ငန်းများကို ရင်းနှီးငွေရနိုင်သော လုပ်ငန်းများ အဖြစ်မွေးထားသင့်ပြီး ဖွံ့ဖြိုးဖို့အလားအလာမကောင်း၊ ဈေးကွက်ဝေစုလည်း သေးငယ်နေသော လုပ်ငန်းများကို ငွေ ဖော်ရောင်းချဖို့ စဉ်းစားမည်လား၊ ဖွံ့ဖြိုးမှုအလားအလာ ကောင်းသော်လည်း ဈေးကွက်အားမကောင်းသေးသော လုပ် ငန်းများကို ကြယ်တာရာဖြစ်မည့်လမ်းသို့ ပို့မလားဆိုသည် ကို ဝေဖန်စဉ်းစားရန်ပင်ဖြစ်သည်။

ဒေါ်ရီရီမြင့်