Warning: Use of undefined constant WP_HOME - assumed 'WP_HOME' (this will throw an Error in a future version of PHP) in /var/www/com.ceo-myanmar/wp-content/themes/news/inc/hooks.php on line 83
advertisement-image
Books

bk

So Good They Can’t Ignore You’
by Cal Newport

ဖြစ်ချင်တဲ့စိတ်ပြင်းပြနေရုံနဲ့ မလုံလောက်ပါ။ အိပ်မက်တွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ကျွမ်းကျင်မှု တစ်ခုခုကို လိုတယ်ဆိုတာ တင်ပြထားပါတယ်။

The World is Flat

The World is Flat New York Times ရဲ့ ပင်တိုင်ဆောင်းပါးရှင် Thomas Friedman ရဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အင်တာနက်နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်ပစ္စည်းထောက်ပံ့ပို့ဆောင်မှု ကွန်ရက်တွေကြောင့် ကမ္ဘာကြီးက ကျဉ်းလာသယောင်ရှိပြီး ကမ္ဘာလုံးဆိုင်ရာ လွမ်းခြုံဖြစ်စဉ်ကလည်း အရင်ကထက် ပိုများလာပါတယ်။
Posted On February 23, 2017, By Editorial

Lords of Finance

Lords of Finance အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်နဲ့ ဂျာမနီလေးနိုင်ငံမှာရှိတဲ့ ဗဟိုဘဏ်တွေက အကြီးအကဲတွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ပျက်စရာအခြေအနေတွေ ကြုံရတယ်ဆိုတဲ့အကြောင်းကို ရေးသားထားတာဖြစ်ပါတယ်။ စာရေးဆရာကတော့ Liaquat Ahamed ဖြစ်ပါတယ်။ ဒီစာအုပ်က Pulitzer ဆုအပြင် 2019 Financial Times နဲ့ Goldman Sachs Business Book of the Year ဆုကို ရရှိပါတယ်။
Posted On February 23, 2017, By Editorial

The Tipping Point

The Tipping Point Malcolm Gladwell ရဲ့ အရောင်းရဆုံးစာရင်းဝင် စာအုပ်ဖြစ်ပါတယ်။ တချို့အကြံဉာဏ်တွေက ထိရောက်ကောင်းမွန်ပေမယ့် လူအနည်းစုမှာပဲ ဘာကြောင့် အကျိုးရှိနေတာလဲဆိုတာကို ရှင်းလင်းဖော်ပြထားပါတယ်။ စွန့်ဦးတီထွင်သူဖြစ်သလို The Four-Hour Work Week စာအုပ်ရဲ့ စာရေးသူလည်းဖြစ်တဲ့ Tim Ferriss က ဒီစာအုပ်ဟာ သူ့ရဲ့အကြိုက်ဆုံးစာအုပ်လို့ ညွှန်းပါတယ်။
Posted On February 17, 2017, By Editorial

Business Adventures

Business Adventures စာရေးဆရာ John  Brooks ရဲ့ နယူးရော့ခ်မြို့သားတွေအကြောင်း စုစည်းရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ တွေ့ရခဲတဲ့ အမေရိကန်အဖွဲ့အစည်းရဲ့ အထက်တန်းလွှာတွေအကြောင်း ဖော်ပြထားပါတယ်။ ၁၉၉၁ ခုနှစ်မှာ Warren Buffett က ဒီစာအုပ်အကြောင်း Bill Gates ကို ညွှန်းခဲ့ပြီး Bill Gates ရဲ့ အကြိုက်ဆုံး စီးပွားရေးစာအုပ်တစ်အုပ် ဖြစ်လာခဲ့ပါတယ်။
Posted On February 17, 2017, By Editorial

When Markets Collide

When Markets Collide ဒီစာအုပ်မှာတော့ PIMCO ရဲ့ CEO Mohamed El-Erian က ၂၀၀၈ ခုနှစ် ငွေကြေးအကျပ်အတည်းကို ဖြစ်စေတဲ့ အချက်တွေကို ကျွမ်းကျွမ်းကျင်ကျင် ထောက်ပြထားပါတယ်။ Goldman Sachs ရဲ့ CEO Lloyd Blankfein  က ဒီစာအုပ်ဟာ လက်တွေ့အသုံးဝင်ပြီး စိတ်ဝင်စားဖို့သိပ်ကောင်းတဲ့ စာအုပ် လို့ ဆိုပါတယ်။ ဒီစာအုပ်က 2008 Financial Times နဲ့ Goldman Sachs Business Book of the Year ဆုကို ရရှိထားပါတယ်။
Posted On February 16, 2017, By Editorial

Rise of the Robots

Rise of the Robots နည်းပညာသမား စွန့်ဦးတီထွင်သူ Martin Ford က စက်ရုပ်တွေရဲ့ ပြောင်း လဲလာမှုကို ခက်ခက်ခဲခဲလေ့လာထားပြီး အနာဂတ်မှာ လူတွေရဲ့ အလုပ် အကိုင်တွေအပေါ်မှာ ဘယ်လိုသက်ရောက်လာနိုင်တယ်ဆိုတာကို ဖော်ပြ ထားပါတယ်။ ဒီစာအုပ်က 2015 Financial Times နဲ့ McKinsey & Company Business Book of the Year ဆုကို ရရှိထားတာ ဖြစ်ပါတယ်။
Posted On February 8, 2017, By Editorial

Lean In

Lean In Facebook ရဲ့ COO Sheryl Sandberg ရေးသားထားတဲ့ ဒီစာအုပ်က အလုပ်သမားထုထဲမှာ အမျိုးသမီးတွေ အခုထိတွေ့ကြုံနေရတဲ့ ခွဲခြားဆက်ဆံခံရမှုကို အမြင်ကျယ်နိုင်ဖို့ ရေးသားထားတာ ဖြစ်ပါတယ်။ စာရေးဆရာ El-Erian က အမျိုးသားတွေ ဒီစာအုပ်ဖတ်ရင် အကျိုးရှိနိုင်ကြောင်း Fortune Magazine မှာပါတဲ့ သူ့ဆောင်းပါးထဲမှာ ပြောခဲ့ပါတယ်။
Posted On February 8, 2017, By Editorial

Poor Economics

ကမ္ဘာ့တိုက်ကြီး ငါးတိုက်က အဆင်းရဲဆုံးလူတွေကို လေ့လာပြီးတဲ့နောက် ဆင်းရဲတဲ့နိုင်ငံတွေ မြန်မြန်ဆန်ဆန်တိုးတက်လာအောင် ဖွံ့ဖြိုးပြီးနိုင်ငံတွေကနေ ထောက်ပံ့ကူညီနိုင်တယ်ဆိုတာကို ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။ စာရေးဆရာကတော့ MIT ရဲ့ စီးပွားရေးပညာရှင် Abhijit Banerjee နဲ့ Esther Duflo တို့ ဖြစ်ပါတယ်။ ဒီစာအုပ်က 2011 Financial Times နဲ့ Goldman Sachs Business Book of the Year ဆုကို ရရှိထားတာ ဖြစ်ပါတယ်။
Posted On February 7, 2017, By Editorial

The Innovator’s Dilemma

The Innovator's Dilemma Jeff Bezos ကစလို့ Steve Jobs အပါအ၀င် နည်းပညာသမားတွေရဲ့ စိတ်ကြိုက်စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ စာရေးဆရာကတော့ Clayton Christe-nsen ဖြစ်ပြီး သူက ကုမ္ပဏီတွေရဲ့ တိုးတက်အောင်မြင်မှုက ဆန်းသစ်တီထွင်မှုကြောင့် ရလာတဲ့အခက်အခဲတွေကို လက်ခံနိုင်လို့ဖြစ်တယ်ဆိုပြီး အဆိုပြုထားပါတယ်။ Bloomberg ရဲ့ Founder နဲ့ CEO ဖြစ်သူ Michael Bloomberg က ဒီစာအုပ်ကို အင်မတန်ကောင်းတဲ့စာအုပ်လို့ ညွှန်းပါတယ်။
Posted On February 2, 2017, By Editorial

The Everything Store

The Everything Store သတင်းထောက် Brad Stone ရေးသားထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Amazon ရဲ့ CEO Jeff Bezos က အွန်လိုင်းစာအုပ်အရောင်းဆိုင်ကနေ ကမ္ဘာ့လက်လီအရောင်းလောကဖြစ်အောင် ဘယ်လိုပြောင်းလဲခဲ့သလဲ ဆိုတာကို ပြည့်ပြည့်စုံစုံနဲ့ ရေးသားဖော်ပြထားပါတယ်။ ဒီစာအုပ်က 2013 Financial Times နဲ့ Goldman Sachs Business Book of the Year ဆုတွေကို ရရှိထားပါတယ်။
Posted On February 2, 2017, By Editorial