Bloomberg Media ရဲ့ နိုင်ငံတကာပွဲတွေတင်ဆက်ရာမီဒီယာပလက်ဖောင်းတစ်ခုဖြစ်တဲ့ Bloomberg LIVE ကကြီးမှူးပြီး Bloomberg Invest Myanmar ခေါင်းစဉ်နဲ့ ထိပ်သီးဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ မတ်လ ၉ ရက်က ရန်ကုန်မြို့၊ Sedona Hotel မှာ ကျင်းပခဲ့ပါတယ်။ ယခုပွဲဟာ Bloomberg ရဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးစတင်ပြုလုပ်တဲ့ပွဲဖြစ်ပြီး ပြည်တွင်း၊ ပြည်ပက မူဝါဒချမှတ်သူ အကြီးအကဲတွေ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်တွေ၊ ကော်ပိုရိတ်လုပ်ငန်းရှင်တွေက Bloomberg မှာ တာဝန်ရှိသူတွေနဲ့အတူ ခေါင်းစဉ်အသီးသီးနဲ့ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ Newsmaker Interview: Positioning Myanmar for Long Term Growth ခေါင်းစဉ်ကို British Ambassador to the Republic of the Union of Myanmar H.E.Andrew Patrick က လည်းကောင်း၊ A Final Frontier Opens Up-Is This Finally the Real Deal? ခေါင်းစဉ်ကို Bangkok Bank ရဲ့ President Chartsiri Sophonpanich ၊ KBZ Group ရဲ့ Executive Director ဒေါ်နန်းလောဝ်ခမ်း၊ Asahi Loi Hein ရဲ့ Chairman ဦးစိုင်းစံထွန်းနဲ့ Viettel ရဲ့ Vice-General Director ဖြစ်သူ Mr Le Dang Dzung တို့ကလည်းကောင်း၊ The New Investment Paradigm:Fueling the Economic Transf- ormation ခေါင်းစဉ်ကို Max Myanmar ရဲ့ Chairman ဦးဇော်ဇော်ကလည်းကောင်း၊ FDI & Cross Border Trade in Changing Times Can Myanmar Win ၊ ခေါင်းစဉ်ကို Daiwa Securities Group ရဲ့ Executive Managing Director နဲ့ APAC Regional Head ဖြစ်သူ Hironori Oka ၊ U.S.Embassy to the Republic of the Union of Myanmar ရဲ့ Deputy Chief of Mission ဖြစ်သူ Mrs.Kristen Bauer နဲ့ Jardine Matheson ရဲ့ Chairman (Myanmar & Cambodia) ဖြစ်သူ Mr Peter Beynon တို့ကလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပါတယ်။
Morning Networking Break အပြီးမှာတော့ Human Capacity Building - Surfing the Wave of Deregulation and FDI ခေါင်းစဉ်ကို Coca-Cola Myanmar ရဲ့ General Manager Mr.Rehan Khan ၊ Microsoft Myanmar ရဲ့ Country Manager Mr.Sy Wann နဲ့ Roland Berger ရဲ့ Managing Partner (Southeast Asia) Mr.Thomas Klotz တို့က ဆွေးနွေးခဲ့ပါတယ်။ ပြီးတဲ့နောက် Newsmaker Interview အဖြစ် The Future of China in Myanmar ကို Ambassador of the PR China to the Republic of the Union of Myanmar ဖြစ်သူ Ambassador H.E.Hong Liang က ဖြေကြားပေးခဲ့ပါတယ်။ ပြီးတဲ့နောက် Building a Transparent & Business Friendly Investor Culture ခေါင်းစဉ်ကို Delta Capital Myanmar ရဲ့ Managing Partner Mr.Nick Powell ၊ Myanmar Centre for Responsible Business ရဲ့ Director Mrs.Vicky Bowman ၊ APCO Worldwideရဲ့ Managing Director (Southeast Asia) Mr.Garry Walsh တို့က ဆွေးနွေးခဲ့ကြပါတယ်။ Time to Turn Up the Power - Developing Energy & Infrastructure ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Energize Myanmar ရဲ့ Chair-man Mr.Billy Harkin ၊ Baker McKenzie(Yangon) ရဲ့ Managing Partner Mrs.Jo Daniels ၊ GE ASEAN ရဲ့ President & CEO Mr.Wouter Van Wersch တို့က ဆွေးနွေးခဲ့ကြပါတယ်။
Networking Lunch အပြီးမှာတော့ Raising the Bar:Driving Change and Inclusive Growth ကို Myanmar Brewery ရဲ့ Vice-Chairman Mr.Hiroshi Fujikawa က ပြောကြားသွားပါတယ်။ ပြီးတဲ့နောက် Ayeryarwady Delta vs.Mekong Delta - Closing the Agriculture Output Gap ခေါင်းစဉ်အောက်မှာ Dagon Group ရဲ့ CEO ဦးခရစ္စတိုဖာသူရိန်အောင်၊ Myan Shwe Pyi Tractors ရဲ့ Chairman & CEO ဦးခင်မောင်ဝင်း၊ Myanma Awba Group ရဲ့ Chairman & Group CEO ဦးသတိုးဟိန်းနဲ့ IFC Myanmar ရဲ့ Country Manager Mr.Vikram Kumar တို့က ဆွေးနွေးခဲ့ကြပါတယ်။ Being a Responsible Brand; Engaging with the New Mobile Consumer ခေါင်းစဉ်အောက်မှာတော့ City Mart Holdings ရဲ့ Managing Director ဒေါ်ဝင်းဝင်းတင့်က ဆွေးနွေးသွားပါတယ်။ From No-Phone to Smart-Phone-The New Cashless Digital Economy ခေါင်းစဉ် အောက်မှာ Visa Myanmar ရဲ့ Country Manager Mr. Arturo Planell ၊ Telenor Myanmar ရဲ့ CEO Mr.Lars Erik Tellmann ၊ AGD Bank ရဲ့ Managing Director ဦးထူးထက်တေဇနဲ့ MPT/KSGM Joint Operations ရဲ့ COO Mr.Yoshiaki Benino တို့က ဆွေးနွေးခဲ့ပါတယ်။ နောက်ဆုံးအကြောင်းအရာဖြစ်တဲ့ To IPO or not to IPO:That is the Question...ကိုတော့ Stock Exchange of Thailand ရဲ့ President Mr.Kesara Manchusree ၊ Sandalina Partners ရဲ့ Co-founder နဲ့ Managing Director ဒေါ်သီရိသန့်မွန်၊ Japan Exchange Group ရဲ့ Head of Global Strategy Mr.Toru Onoda တို့က ဆွေးနွေးခဲ့ကြပါတယ်။
David Merritt
Senior Executive Managing Editor
Bloomberg (Asia Pacific)
ဒီပွဲကို စီစဉ်ကျင်းပရတဲ့ အဓိကရည်ရွယ်ချက် . . .
ဒီပွဲကိုစီစဉ်ကျင်းပဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့ ပရိသတ်တွေ လိုလိုလားလားသိချင်နေကြတဲ့ အရာတွေကို တင်ပြပေးဖို့ပါပဲ။ မြန်မာပြည်ရဲ့ ဘယ်ကဏ္ဍမှာ ဘယ်လိုတိုးတက်လာတယ်ဆိုတာကို သူတို့သိချင်ကြပါတယ်။ နောက်ပြီးတော့ ကဏ္ဍအလိုက် သူတို့ဘယ်လိုမျိုးရင်းနှီးမြှုပ်နှံနိုင်မလဲ၊ ဘယ်လိုမျိုးပါဝင်ဆောင်ရွက်နိုင်မလဲဆိုတာ သိချင်နေကြပါတယ်။ ဒီပွဲကျင်းပဖြစ်တဲ့ ပထမဆုံးရည်ရွယ်ချက်ကတော့ ပရိသတ်တွေသိချင်နေတဲ့ အချက်အလက်တွေ တင်ပြပေးမယ်။ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်နဲ့ စီးပွားရေးကဏ္ဍအကြောင်း ဆွေးနွေးကြမယ်။ ဒုတိယရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ Bloomberg အနေနဲ့ တခြားနိုင်ငံတွေမှာ ကျွန်တော်တို့ရဲ့ ဌာနခွဲတွေရှိသလို မြန်မာပြည်ရဲ့ မီဒီယာပိုင်းမှာ ဝင်ရောက်လုပ်ကိုင်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲကျင်းပဖြစ်တာဟာ ကျွန်တော်တို့ Bloomberg တည်ရှိမှုကို ဖော်ပြရာရောက်ပြီး မြန်မာ့မီဒီယာလောကမှာ စတင်ဝင်ရောက်နိုင်ဖို့ အခွင့်အရေးပဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာ လာရောက်လုပ်ကိုင်မယ့် Bloomberg ရဲ့ အနာဂတ်အစီအစဉ် . . .
ကျွန်တော်က မီဒီယာပိုင်းကဆိုတော့ Business ပိုင်းကို ဝင်ပြောဖို့ သိပ်တော့အဆင်မပြေဘူး။ ဒါပေမဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေကတော့ ကျွန်တော်တို့ရဲ့ News Publication ကို ဒီမှာလာရောက်လုပ်ကိုင်နိုင်ဖို့အတွက် ပြင်ဆင်နေကြပါပြီ။ အခုချိန်မှာ တိကျသေချာတဲ့ အစီအစဉ်မရှိသေးပေမယ့် ကျွန်တော်တို့ရဲ့ပထမဆုံးခြေလှမ်းအနေနဲ့ နောက်လာမယ့်နှစ်တွေမှာ မြန်မာ့မီဒီယာလောကမှာ စတင်အခြေချလုပ်ကိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Media Partnership တွေကလည်း ကမ္ဘာတစ်ဝန်းမှာရှိနေတော့ Televisions ၊ Websites ၊ Magazines တွေနဲ့ ထုတ်လွှင့်မှာဖြစ်ပါတယ်။ ဒီမြန်မာပြည်မှာလည်း ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ပိုင်ခွင့်ရှိမရှိ လေ့လာသွားပါမယ်။
မြန်မာပြည်ရဲ့ Media Industry အပေါ် ကိုယ်ပိုင်အမြင် . . .
ကျွန်တော့်အနေနဲ့ မြန်မာပြည်ကို ဒီနေ့မှရောက်တာဆိုတော့ မြန်မာ့မီဒီယာလောကအကြောင်း နှံ့နှံ့စပ်စပ်မသိပါဘူး။ ဒါပေမဲ့ ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲအရ မြန်မာ့မီဒီယာလောကဟာ အရှိန်အဟုန်မြင့်မြင့်နဲ့ တက်တက်ကြွကြွလုပ်ဆောင်နေတာကို တွေ့ရှိရပါတယ်။ အာရှဒေသတစ်ဝန်းမှာလည်း ကျွန်တော်တို့ရဲ့ Publishers တွေ ရှိပါတယ်။
ဥပမာ- Hong Kong ပေါ့။ ကျွန်တော် Publications တော်တော်များများကို လေ့လာကြည့်တော့ မြန်မာပြည်က Publications တွေက အနာဂတ်အလားအလာကောင်းပြီး အရှိန်အဟုန်မြင့်စွာ လုပ်ကိုင်နေကြတာတွေ့ ရှိရပါတယ်။ နောင်လာမယ့် လတွေ၊ ဒါမှမဟုတ် နှစ်တွေမှာ မြန်မာပြည်က Publications တွေနဲ့ ပူးပေါင်းလုပ်ကိုင်သွားဖို့ ရှိပါတယ်။
Peter Beynon
Chairman (Myanmar & Cambodia)
Jardine Matheson
ဒီနေ့ပွဲအပေါ်အမြင်နဲ့ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာ . . .
ဒီပွဲမှာ ဆွေးနွေးဖြစ်တဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံကို Promote လုပ်ပေးချင်တဲ့အတွက်ကြောင့်ပါ။ မြန်မာနိုင်ငံက ပြီးခဲ့တဲ့ အစိုးရတစ်လျှောက်လုံးမှာ လူသိသင့်သလောက်မသိခဲ့တဲ့ အရာတွေရှိတာကြောင့် အခု Conference ကနေ မြန်မာပြည်နဲ့ နိုင်ငံတကာက စီးပွားရေးဆိုင်ရာအဖွဲ့အစည်းတွေ ချိတ်ဆက်နိုင်စေဖို့ Speaker အဖြစ် ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် Bloomberg က ဒီနေ့ပွဲကို တစ်ကမ္ဘာလုံးကို ထုတ်လွှင့်မှာဖြစ်တာကြောင့် တစ်ကမ္ဘာလုံးကလူတွေက မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို သိရှိနိုင်မယ်။ နောက်ပြီး ကျွန်တော် ဒီပွဲမှာ အဓိကပေးချင်တဲ့ Message ကတော့ Liberalization ဖြစ်ပါတယ်။ ဥပမာ - ငွေရေးကြေးရေးကဏ္ဍတွေ၊ Industry ပိုင်းတွေ၊ စီးပွားရေးကဏ္ဍအတော်များများကို Liberalize လုပ်ဖို့ ဖြစ်ပါတယ်။ စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် Liberalization က အင်မတန်အရေးပါတယ်။ အဲဒီလို Liberalize လုပ်တော့မှ နိုင်ငံတကာက စီးပွားရေးလုပ်ငန်းရှင်တွေဝင်လာပြီး လွတ်လွတ်လပ်လပ်နဲ့ စီးပွားရေးလုပ်နိုင်မယ်။ ဒီလို နိုင်ငံတကာက ဝင်ရောက်ရင်းနှီးမြှုပ်ပြီးလုပ်ကိုင်တဲ့အခါ နိုင်ငံသားတွေလည်း အလုပ်အကိုင်အခွင့်အလမ်း ကောင်းတွေရမယ်။
Nguyen The Nghia
Deputy General Director
Viettel Group (Viettel Global Investment JSC)
မြန်မာပြည်မှာ လာရောက်ရင်းနှီးမြှုပ်နှံမယ့် Viettel Group ရဲ့လတ်တလောအခြေအနေကို ပြောပြပေးပါ . . .
Viettel Myanmar ကို Star High Public Company Limited နဲ့ပေါင်းပြီး Myanmar National Telecom Holding Public Ltd အနေနဲ့ မြန်မာနိုင်ငံမှာ စတုတ္ထမြောက်ဆက်သွယ်ရေးအော်ပရေတာအဖြစ် လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော်တို့ Mobile ဈေးကွက်ကို လေ့လာဖြစ်ခဲ့တယ်။ လေ့လာတွေ့ရှိချက်တွေအရ ပြည်သူလူထုရဲ့ ၅၀ ရာခိုင်နှုန်းလောက်က Mobile Phone မသုံးစွဲကြသေးတာကို သိရှိရပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ဈေးကွက်မှာနေရာကျန်နေပါသေးတယ်။ နောက်ပြီး Mobile ဝန်ဆောင်မှုပေးတဲ့အပိုင်းမှာလည်း ကျွန်တော်တို့ မျှော်လင့်ထားတဲ့အတိုင်းအတာမရောက်သေးတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ Network ပိုင်း၊ ဝန်ဆောင်မှုပိုင်းတွေမှာ ပိုမိုကောင်းမွန်အောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ပေးသွားမှာပါ။ မြန်မာပြည်မှာ Mobile Operators လေးခုရှိလာမှာဖြစ်ပြီး တခြား Operator တွေလို ကျွန်တော်တို့်ကလည်း ဈေးကွက်ထဲမှာ ၂၅ ရာခိုင်နှုန်းလောက် နေရာယူနိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
Viettel ရဲ့ ဝန်ဆောင်မှုကို မြန်မာပြည်သူတွေ ၂၀၁၈ ခုနှစ်အစောပိုင်းမှာ စတင်သုံးစွဲနိုင်ပါပြီ။ ၂၀၁၈ ခုနှစ် အစောပိုင်းမှာ တာဝါတိုင်ပေါင်း ငါးထောင်ကျော်လောက် တည်ဆောက်သွားပါမယ်။ တိုးတက်ကောင်းမွန်တဲ့ Mobile Network ဖြစ်ဖို့ ကျွန်တော်တို့အနေနဲ့ တာဝါတိုင်ပေါင်း ၁၅,၀၀၀ လောက် လိုအပ်ပါတယ်။ တာဝါတိုင်တွေကို နယ်မြေဒေသအသီးသီးမှာ တည်ဆောက်နိုင်ဖို့အတွက် အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ နောက်ပြီး Infrastructure ပိုင်း သိပ်မဖွံ့ဖြိုးသေးတော့ အလုပ်လုပ်ရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်တွေကို တခြားနိုင်ငံတွေမှာ ကြုံခဲ့ဖူးတော့ ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ ကျွန်တော်တို့သိပြီးသားဖြစ်ပါတယ်။
ကျေးလက်ဒေသနေ ပြည်သူတွေအတွက်ကော ဘယ်လိုဝန်ဆောင်မှုတွေ ပေးသွားမလဲ . . .
ကျွန်တော်တို့အနေနဲ့ ဘယ်အတိုင်းအတာအထိ ဝန်ဆောင်မှုပေးနိုင်မလဲဆိုတာကို စမ်းသပ်ပြီး၊ အစီအစဉ် ဆွဲထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအလုံးစုံကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေကော ဘယ်လောက်ဖန်တီးပေးသွားဖို့ ရှိပါသလဲ . . .
ကျွန်တော်တို့အနေနဲ့ အချိန်ပြည့်ဝန်ထမ်းအယောက် သုံးထောင်ကျော်လောက်ကို ပြည်တွင်းက လူတွေကို ခန့်အပ်သွားမှာဖြစ်ပါတယ်။ နောက်ပြီး တခြား Collaborators တွေ၊ Partners တွေနဲ့ လက်တွဲလုပ်ကိုင်သွားဖို့ ရှိပါတယ်။
အရှေ့တောင်အာရှတစ်ဝန်းနဲ့ Vietnam မှာ Mobile Coverage ဘယ်လောက်ထိရှိပါသလဲ . . .
အရှေ့တောင်အာရှတစ်ဝန်းမှာ ကျွန်တော်တို့က ဗီယက်နမ်အပါအဝင် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ တီမော နိုင်ငံတွေမှာ အခြေစိုက်လုပ်ကိုင်နေပါတယ်။ မြန်မာနိုင်ငံက ငါးနိုင်ငံမြောက်ဖြစ်ပါတယ်။ ဒီနိုင်ငံတွေမှာ တူညီတဲ့အချက်ကတော့ ဖွံ့ဖြိုးမှုအဆင့်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ လုပ်ကိုင်ဖို့အတွက် တခြားနိုင်ငံတွေကရလာတဲ့ ဗဟုသုတတွေကို အခြေခံပြီး ဆောင်ရွက်နိုင်ပါတယ်။