မိုးသောက်ချိန်မှာ ကြုံကြခြင်း
BlackRock ကို ပူးတွဲတည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ Larry Fink ဟာ ၁၉၈၆ ခုနှစ် အသက် ၃၀ ကျော်ကျော်မှာ ရင်းနှီးမြှုပ်နံှမှုဘဏ် First Boston ရဲ့စီမံအုပ်ချုပ်ရေး ကော်မတီဝင်အထိ တက်လှမ်းနိုင်ခဲ့တယ်။ ဒါပေမဲ့ မမျော်လင့်ဘဲ အတိုးနှုန်းတွေကျဆင်းကာ ဒေါ်လာ သန်းတစ်ရာ လောက် အရှုံးပေါ်ပေါက်ခဲ့လို့ Mr Fink ဘေးဖယ်ခံခဲ့ရပါတယ်။ ဒီတော့ သူ့အဖို့ အချိန်ရပြီး ဝေါစထရိ (နယူး ယောက်မြို့ရှိဗဟိုငွေကြေးဈေးကွက်) က ကုမ္ပဏီကြီးတွေ ငွေရှာပေးမယ့် Risk ကို ဘယ်လိုနားလည်ကြပုံကို စဉ်း စားဆင်ခြင်ကြည့်ပါတော့တယ်။ သူ BlackRock ကို တည်ထောင်တာ ဖောက်သည်တွေရဲ့ငွေကြေးကို စီမံအုပ်ချုပ်ဖို့ဖြစ်သလို Risk ကို သူတို့ ပိုမိုထိရောက်စွာနားလည်စေရေးလည်းပါတယ်။ မူလမှာ BlackRock ဟာ Black- stone ခေါ် ပုဂ္ဂလိကရှယ်ယာရေးရာကုမ္ပဏီရဲ့ အစိတ်အ ပိုင်းဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ရောင်းချကာ ၁၉၉၉ ခုနှစ်မှာ ရှယ်ယာတွေကို စတော့ဈေးမှာ စတင်ရောင်းချခဲ့တယ်။ ကနေ့ဆိုရင် BlackRock ဟာ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၅၁ ဘီလီယံနဲ့ အမေရိကန်နိုင်ငံမှာ ဈေးကွက် တန်ဖိုးအရ ၁၇ ခုမြောက် အကြီးမားဆုံးငွေကြေးကုမ္ပဏီ ဖြစ်ပါတယ်။ BlackRock ဟာ ဝေါစထရိက ငွေရေးကြေးရေး သမားတွေ ဆင့်ကာဆင့်ကာ တီထွင်နေတဲ့ရှုပ်ထွေးလှတဲ့ ငွေရေးကြေးရေးပိုင်ဆိုင်ပစ္စည်းတွေကို နားလည်တယ်လို့ မကြာခင်မှာ ကျော်ကြားသွားတယ်။ ကုမ္ပဏီတစ်ခုရဲ့ရှယ် ယာတွေကို ဝယ်ယူသူတွေဟာ စီးပွားရေးလုပ်ငန်းတစ်မျိုး ကိုသာ နားလည်ဖို့ လိုအပ်တယ်။ Mr Fink စထွင်ပေး တဲ့အပေါင်ခံနောက်ခံပြုငွေရေးကြေးရေးပိုင်ဆိုင်ပစ္စည်းကို ဝယ်ယူသူတွေကတော့ ထောင်ချီပါဝင်နေတဲ့ ငွေချေးထားမှု တွေ ဘယ်လိုဖြစ်ပေါ်ထိရောက်မလဲဆိုတာကို ကြည့်ရပေလိမ့်မယ်။ အစကနဦးမှာ အခန်းတစ်ခန်းတည်းသာရှိတဲ့ BlackRock ရုံးအတွင်း ရေခဲသေတ္တာနဲ့ကော်ဖီဖျော်စက် အကြား ကျပ်ကျပ်တည်းတည်း တပ်ဆင်ထားရတဲ့ Sun Microsystems Workstation နဲ့ လိုအပ်တဲ့ အခြေခံသုတေ သနလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ရပါတယ်။ အနှစ် ၂၀ ကြာလောက် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ Merrill Lynch ကုမ္ပဏီကြီးရဲ့တစ်စိတ်တစ် ပိုင်းကို BlackRock က ဝယ်ယူကာ ဒေါ်လာတစ်ထရီလီယံ ကျော်ကျော်ကို စီမံအုပ်ချုပ်နေတော့တယ်။ အမေရိကန်အစိုးရ ကိုယ်တိုင်တောင် အခြေအနေမဟန်တဲ့အက်ဆက်တွေကို ပိုင်ဆိုင်၊ ဒါမှမဟုတ် အာမခံထားမိကြောင်း သိရှိလာလို့ စိစစ်စိတ်ဖြာ၊ တန်ဖိုးဖြတ်၊ ရောင်းချပေးဖို့ BlackRock ကို အားကိုးခဲ့တယ်။ ဒီကုမ္ပဏီဟာ အလားတူအလုပ်တွေကို ဂရိနဲ့ဗြိတိန်တို့မှလည်း ရရှိခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ တခြားကုမ္ပဏီတွေ ကုန်ကျစရိတ်လျော့ချနေကြစဉ်မှာ Black- Rock ဟာ Barclays ကုမ္ပဏီရဲ့ အက်ဆက်စီမံအုပ်ချုပ်မှု လုပ်ငန်းကို ဝယ်ယူကာ စုစုပေါင်းအက်ဆက်ဒေါ်လာ သုံး ထရီလီယံကျော်ကို ထိန်းကိုင်ကြီးကြပ်နေတော့တယ်။ BlackRock ဟာ နောက်ထပ်ကြီးထွားမယ့် အသွင်ရှိနေတယ်။ ငွေရေးကြေးရေး အကျပ်အတည်းအလွန်ဘဏ်တွေ ပြန်လည်ကျစ်လျစ်ချုပ်တည်းလုပ်ကိုင်နေရလို့ သူတို့ပိုင်ဆိုင်လေ့ရှိခဲ့တဲ့ပစ္စည်းတွေ အရင်းအနှီးဈေးကွက် တွေဆီ စီးဆင်းနေကြပြီ။ ယင်းငွေရေးကြေးရေးပစ္စည်းတွေကို ပင်စင်ရန်ပုံငွေ၊ နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ၊ အာမခံကုမ္ပဏီနဲ့ အက်ဆက်မန်နေဂျာတို့က BlackRock မှ တစ်ဆင့်ဝယ်ယူဖို့ စဉ်းစားချင့်ချိန်ကြပါလိမ့်မယ်။ ယင်းကုမ္ပဏီရဲ့အသေး စားဖောက်သည် (ပုဂ္ဂလိက) ဆိုင်ရာလုပ်ငန်းမှာလည်း ဖွံ့ ဖြိုးစည်ပင်နေပါတယ်။ အခုအခါ အမေရိကန်နိုင်ငံမှာ ပုဂ္ဂလိက ငွေစာရင်းတွေမှာ ဒေါ်လာ တစ်ဆယ်ထရီလီယံခန့်ရှိနေပြီး အတိုးခံစားရမှု မရှိသလောက်ပါပဲ။ BlackRock ကို ရင်းနှီးမြှုပ်နှံသူတွေ စုပြုံလာနေခြင်းအကြောင်းရင်းတစ်ခုက Barclays ကုမ္ပဏီဆီက လုပ်ငန်းကို ဝယ်ယူလိုက်ပြီးတဲ့နောက် အနုနည်း (Passive) ရင်းနှီးမြှုပ်နှံမှု ပစ္စည်းများရေးရာမှာ မဟာအင်အားတစ်ခုဖြစ် လာလို့ပါ။ အဲဒီလို အနုနည်းရင်းနှီးမြှုပ်နှံမှုပစ္စည်းတစ်ခုက ETFS (Exchange Traded Funds) ရန်ပုံငွေတွေ ဖြစ်ကြ ပြီး ယခုအခါ စီမံအုပ်ချုပ်နေတဲ့အက်ဆက်တွေရဲ့ ၆၄ ရာခိုင်နှုန်း ရှိပါတယ်။ ဈေးအတက်အကျအလိုက် ရောင်းဝယ်နေ တဲ့ BlackRock ရဲ့ အက်ဆက်စီမံအုပ်ချုပ်မှုလုပ်ငန်းဟာ အကြီးဆုံးတွေထဲက တစ်ခုပါ။ ယင်းလုပ်ငန်းနဲ့ ETFS လုပ်ငန်းနှစ်မျိုးစလုံး ပိုမိုကြီးထွားတိုးတက်လာကြရင် ယဉ်ကျေး မှု (Cultures) ချင်းမတူလို့ BlackRock အဖို့ ပြဿနာတစ်ခု ဖြစ်ကောင်းဖြစ်လာလိမ့်မယ်လို့ ပြင်ပပုဂ္ဂိုလ်တွေက သံသယရှိ နေကြပါတယ်။ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီ ၂၀ အနက် အများအပြား မှာ BlackRock ဟာ အကြီးဆုံးအစုရှင်ပါ။ (ပုံရှု) ETFS လုပ်ငန်းရဲ့ သဘာဝအရတော့ ယင်းရဲ့ရင်းနှီးမြှုပ်နှံမှုကို တစ်စုံတစ်ခုသောအတိုင်းအတာအထိ ကြိုတင်သတ်မှတ်ထား ရပါသတဲ့။ (BalckRock ဟာ စီးပွားရေးအñွှန်းတွေကို ခြေရာကောက်နိုင်ဖို့ ဈေးကွက်ရှိ အကြီးဆုံးကုမ္ပဏီတွေရဲ့ ရှယ်ယာအတော်များများကို ပိုင်ဆိုင်ထားဖို့ လိုအပ်ပါတယ်။) ဘယ်သူတွေက BlackRock က လုပ်ငန်းစနစ်ရဲ့ ထိုးထွင်းတွေ့ရှိချက်တွေရရှိဖို့ ငွေကြေးပေးနေကြောင်း မှတ် တမ်းမရှိပါဘူး။ ဒါပေမဲ့ အလားတူပြိုင်ဘက်ကုမ္ပဏီတချို့ အပါအဝင် ဘဏ်၊ ပင်စင်ရန်ပုံငွေအဖွဲ့အစည်းနဲ့ အာမခံ လုပ်ငန်းရှင်အတော်အသင့်က အသုံးချနေကြတယ်။ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလမှာ Deutsche Bank ရဲ့ရင်းနှီး မြှုပ်နှံမှုဆိုင်ရာဌာနခွဲက ယူရို ၉၃၄ ဘီလီယံ (ဒေါ်လာ ၁.၃ ထရီလီယံ)ကို စီမံအုပ်ချုပ်တဲ့နေရာမှာ Aladdin ပလက် ဖောင်းကိုအသုံးပြုတော့မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Aladdin က မိခင်ကုမ္ပဏီအပါအဝင် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု အစုစုသုံးသောင်းလောက်ကို ခြေရာကောက်နေလျက်ရှိတယ်။ ကုမ္ပဏီက ပြင်ပအသုံးပြုသူတွေဆီက နှစ် စဉ်အခကြေးငွေအဖြစ် ဒေါ်လာသန်းလေးရာလောက် ရနိုင် ဖွယ်ရှိလို့ မိမိစနစ်နဲ့တကွ ဝန်ထမ်းနှစ်ထောင်နီးပါးရဲ့ စရိတ်ကိုအတော်ကြီးကာ မိနိုင်ပါသတဲ့။ကင်းသမား
BlackRock အထူးအရေးပါလာပုံတစ်မျိုးရှိနေပါသေးတယ်။ မကြာသေးခင်က အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေကြေးရေးရာသုတေသနရုံးရဲ့ အစီရင်ခံစာမှာ သတိပေးထားရာမှာ အက်ဆက်မန်နေဂျာတွေက တခြားအက်ဆက်မန်နေဂျာတွေကို အတိုင်ပင်ခံနဲ့ဈေးနှုန်းသတ်မှတ်မှုဝန်ဆောင်မှုတွေ ပေးအပ်ရင် အပြန်အလှန် အဆက်အသွယ်တွေ၊ မှီခိုမှုတွေ ပေါ်ပေါက်လာကာ ငွေရေးကြေးရေးဈေးကွက်တွေမှာ သူတို့ရဲ့အရေးပါမှုကြီးထွားလာတယ်လို့ ဆိုပါတယ်။ BlackRock ဟာ Aladdin ပလက်ဖောင်းကတစ်ဆင့် အဲဒီလိုဝန်ဆောင်မှုတွေကို အကြီးအကျယ် ဆောင်ရွက်နေတာပါ။ ဘဏ်တွေ၊ အာမခံကုမ္ပဏီတွေ၊ နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေတွေ အစရှိတဲ့ ရောင်းဝယ်သူ ၁၇ç၀၀၀ လောက်ဟာ သူတို့ရင်းနှီးမြှုပ်နှံမှုကို လမ်းñွှန်ပြစေဖို့ BlackRock ရဲ့ စိစစ်စိတ်ဖြာမှုမော်ဒယ်တွေကို တစ်စိတ်တစ်ပိုင်းအနေနဲ့ အားထားနေကြပါတယ်။ ယင်းရဲ့ Risk စီမံအုပ်ချုပ်မှု မော်ဒယ်တွေဟာ ချီးကျူးဖွယ်ကောင်းပေမဲ့ စိတ်မသက်မသာစရာလည်း ဖြစ်တယ်လို့ The Economist စာစောင်က ဆိုပါတယ်။ ကောင်းမွန်တဲ့ဈေးကွက်တွေရဲ့အခြေခံမူတစ်ရပ်မှာ ပိုင်ဆိုင်စရာပစ္စည်းတွေနဲ့ ပတ်သက်ရင် အမျိုးမျိုးသောပါဝင် သူ (Actor)တွေက ဆူဆူညံညံငြင်းခုံကာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စိစစ်သုံးသပ်ထားမှုတွေအရ ခြားနားတဲ့ကောက်ချက်တွေ ဆွဲကြတာဖြစ်ပါသတဲ့။ အက်ဆက်တစ်ခုခုရဲ့ တန်ဖိုးကို ဖော်ထုတ်တွေ့ရှိဖို့အတွက် ဈေးနှုန်းတစ်ခုတည်းဖြစ်အောင် ခြားနားတဲ့ထင်မြင်ယူဆချက်တွေ ပေါင်းစပ်ရောမွှေရတယ်။ နိုင်ငံရေး၊ သဘာဝလောက၊ ဒါမှမဟုတ် ဈေး ကွက်တွေမှာရှိတဲ့ ဂေဟစနစ်တစ်ခုမှာ တစ်ခုတည်းသော တွေးခေါ်မှုလိုင်းနဲ့ လွှမ်းမိုးထားတာဟာ မကောင်းမွန်၊ မသင့်မြတ်ဘူးလို့ ဆိုပါတယ်။ခင်အောင် (အင်္ဂလိပ်စာ)