၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့အချမ်းသာဆုံး လူမည်းဘီလီယံနာများ

Forbes မဂ္ဂဇင်းရဲ့စစ်တမ်းများအရ ကမ္ဘာ့အချမ်းသာဆုံး လူမည်းဘီလီယံနာများကို အောက်ပါအတိုင်း တွေ့ရပါတယ်။

ကိုယ့်အားကိုယ်ကိုးပြီး ချမ်းသာလာကြတဲ့ ဘီလီယံနာတွေက ငွေကြေး၊ အားကစား၊ မီဒီယာလူသုံးကုန်ပစ္စည်း စတဲ့ နယ်ပယ်အသီးသီးက လူတွေဖြစ်ကြောင်း သိရပါတယ်။ အဲဒီအထဲမှာ အမေရိကန်က သုံးဦးပဲရှိပါတယ်။

ဘီလ်ဂိတ်၊ ဝါရင့်ဘတ်ဖက်နဲ့ ဂျက်ဖ်ဘီးဇော့စ် တို့က ကမ္ဘာအချမ်းသာဆုံးတွေဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူတို့ပဲဘီလီယံနာတွေ မဟုတ်ကြပါဘူး။ ကမ္ဘာ့တစ်ဝန်းမှာ ချမ်းသာကြွယ်ဝမှုကိန်းဂဏန်းကို ကော်မာသုံးခုလောက်ထိ ချမ်းသာတဲ့သူအရေအတွက်က ၂၀၁၇ ခုနှစ်ရဲ့ Forbes ဘီလီယံနာစာရင်းမှာ ၂,၀၄၃ ယောက်လောက်ရှိပါတယ်။ အချမ်းသာဆုံး ၂၃ ယောက်လောက်ကတော့ တစ်ထရီလီယံလောက် ချမ်းသာပါတယ်။

Forbes မဂ္ဂဇင်းက စတော့ရှယ်ယာနဲ့ ငွေကြေးလဲလှယ်မှုတွေကို ခန့်မှန်းပြီးတော့ ကမ္ဘာ့အချမ်းသာဆုံးလူတွေရဲ့ ကြွယ်ဝချမ်းသာမှုကို ခန့်မှန်းတာဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်အထိ အချက်အလက်တွေကို အခြေခံပြီးတော့ ၂၀၁၇ ခုနှစ်ရဲ့စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ Forbes မဂ္ဂဇင်းရဲ့ ဘီလီယံနာစာရင်းအရ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူမည်းဘီလီယံနာ ဆယ်ယောက် ရှိပါတယ်။

black1

၁၀။ Mohammed Ibrahim,$ 1.18 billion

အသက် ၇၁ နှစ်အရွယ် ကိုယ်ထူးကိုယ်ချွန်ကြိုးစားသူ Mohammed Ibrahim က ဆူဒန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ယခုလက်ရှိမှာ အင်္ဂလန်နိုင်ငံမှာ နေထိုင်ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ၁၁ ယောက်မြောက် အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းအရ Ibrahim က ၂၀၀၅ ခုနှစ်မှာ သူ့ရဲ့ဆက်သွယ်ရေးကုမ္ပဏီ Celtel International ကို ရောင်းချခဲ့ပြီးနောက် ဘီလီယံနာဖြစ်လာခဲ့ပါတယ်။ သူက Mo Ibrahim ဖောင်ဒေးရှင်းကနေ အာဖရိကနိုင်ငံသားတွေရဲ့ ဘဝတိုးတက်ဖို့ အာရုံစိုက်လုပ်ဆောင်ရင်း သူ့ရဲ့အချိန်အများစုကို ကုန်ဆုံးပါတယ်။

ကြွယ်ဝချမ်းသာမှု - $1.18 billion                  

အသက်          - ၇၁ နှစ်

နိုင်ငံသား - ဆူဒန်

လုပ်ငန်း          - ဆက်သွယ်ရေးနည်းပညာ

ကြွယ်ဝလာပုံ - ကိုယ့်ထူးကိုယ်ချွန်


black2

၉။ Folorunsho Alakija, $1.49billion  

နိုင်ဂျီးရီးယားဆီကုမ္ပဏီတစ်ခုဖြစ်တဲ့ Famfa Oil ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်ပါတယ်။ သူ့ရဲ့ပထမဆုံးလုပ်ငန်းကတော့ နိုင်ဂျီးရီးယားနိုင်ငံရဲ့နာမည်ကြီး ဖက်ရှင်ကုမ္ပဏီရဲ့ တည်ထောင်သူအဖြစ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ယခုလက်ရှိမှာတော့ နိုင်ဂျီးရီးယားနိုင်ငံ Lagos မြို့မှာ နေထိုင်ပါတယ်။ အသက်ကတော့ ၆၆ နှစ်ဖြစ်ပြီး ကလေး လေးယောက်အမေ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ရဲ့သားဖြစ်သူ Folarin Alakija က အီရန်မော်ဒယ် Nazanin Jafarian Ghaissarifar နဲ့ မကြာသေးခင်က လက်ထပ်ထားတာဖြစ်ပြီး အင်္ဂလန်နိုင်ငံမှာ အင်မတန်ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ်။

ကြွယ်ဝချမ်းသာမှု - $1.49 billion 

အသက် - ၆၆နှစ်                  

နိုင်ငံသား - နိုင်ဂျီးရီးယား

လုပ်ငန်း          - စက်သုံးဆီကုမ္ပဏီ    

ကြွယ်ဝလာပုံ - ကိုယ်ထူးကိုယ်ချွန်


black3

၈။ Michael Jordan, $1.65 billion

အသက် ၅၄ နှစ်အရွယ် Michael Jordan က NBA ကစားသမားတစ်ဦးဖြစ်ပြီး ဘတ်စကတ်ဘောကစားခြင်းကနေ သန်းကိုးဆယ်လောက်ရရှိထားသူ ဖြစ်ပါတယ်။ NBA ကနေ အနားယူပြီးနောက်မှာတော့ ကမ္ဘာကျော်ဖိနပ်ကုမ္ပဏီ Nike အပြင် တခြားစီးပွားရေးဖက်စပ်လုပ်ငန်း တွေကတစ်ဆင့် ကြွယ်ဝချမ်းသာလာခြင်းဖြစ်ပါတယ်။

Jordan ဟာ Chalortte Hornets မှာလည်း ရှယ်ယာပိုင်ဆိုင်ထားသူဖြစ်ပြီး သူရဲ့ဘတ်စကတ်ဘောကစားသမားဘဝကထက် တစ်နှစ်ဝင်ငွေတွေက ပိုပြီးများလာပါတယ်။

ကြွယ်ဝချမ်းသာမှု - $1.65 billion                  

အသက်          - ၅၄ နှစ်

နိုင်ငံသား - အမေရိကန်နိုင်ငံ

လုပ်ငန်း          - ဘတ်စကတ်ဘောကစားသမား၊ လက်လီရောင်းချသူ    

ကြွယ်ဝလာပုံ - ကိုယ်ထူးကိုယ်ချွန်


black4

၇။ Patrice Motsepe, $2.6 billion               

တောင်အာဖရိကနိုင်ငံသား အသက် ၅၅ နှစ်အရွယ် Patrice Motsepe ဆိုသူက African Rainbow Minerals ဆိုတဲ့ သတ္တုတွင်းကုမ္ပဏီကို တည်ထောင်သူဖြစ်ပြီး အာဖရိကရဲ့ ပထမဆုံးလူမည်းဘီလီယံနာဖြစ်ခဲ့ပါတယ်။ ကလေးသုံးယောက်အဖေ Motsepe က ဘီးလ်ဂိတ်ရဲ့ ပေးဆပ်ခြင်း ကတိသက်သေအရ ကြွယ်ဝချမ်းသာမှုရဲ့ တစ်ဝက်တိတိကို ပေးလှူပါမယ့်အကြောင်း ကတိဆိုထားတဲ့ ပထမဆုံးလူမည်းတစ်ယောက်လည်း ဖြစ်ပါတယ်။ Motsepe က သူ့ရဲ့ဇနီးဖြစ်သူနဲ့ Motsepe Foundation ကို ၁၉၉၉ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။ မသန်စွမ်းတွေ၊  အလုပ်လက်မဲ့တွေနဲ့ ကလေးတွေရဲ့ ဘဝတိုးတက်ဖို့၊ အလုပ်တွေကို ဖန်တီးပေးဖို့နဲ့ ပညာရေးကို ထောက်ပံ့ပေးဖို့ကူညီတဲ့ Foundation တစ်ခုလည်းဖြစ်ပါတယ်။

ကြွယ်ဝချမ်းသာမှု - $2.6 billion

အသက်          - ၅၅ နှစ်

နိုင်ငံသား - တောင်အာဖရိက    

လုပ်ငန်း          - Mining       

ကြွယ်ဝလာပုံ - ကိုယ်ထူးကိုယ်ချွန်


black5

၆။ Isabel Dos Santos, $2.7 billion            

၁၉၇၉ ခုနှစ်က အန်ဂိုလာနိုင်ငံသမ္မတ CJose Eduardo Dos Santos ရဲ့သမီးဖြစ်သူ Isabel Dos Santos က ကမ္ဘာ့အငယ်ဆုံး လူမည်းဘီလီယံနာဖြစ်ပါတယ်။ သူမရဲ့ကြွယ်ဝချမ်းသာလာမှုတွေက ရင်းနှီးမြှပ်နှံခြင်း အများအပြားမှ ဖြစ်ပါတယ်။ သူမရဲ့ရင်းနှီးမြှပ်နံှမှုတွေက အမှီအခိုကင်းမဲ့ပေမယ့် အဲဒီအထဲက အများစုကတော့ သူမရဲ့အဖေနဲ့ ဆက်နွှယ်နေတဲ့ အငြင်းပွားဖွယ်ရာတွေ ဖြစ်ပါတယ်။

ကြွယ်ဝချမ်းသာမှု - $2.7 billion

အသက် - ၄၄နှစ်

နိုင်ငံသား - အန်ဂိုလာ            

လုပ်ငန်း          - ကွဲပြားခြားနား         

ကြွယ်ဝလာပုံ - အမွေရရှိခြင်းနဲ့ ရင်းနှီးမြှုပ်နှံခြင်း


black6

၅။ Oprah Winfrey, $2.8 billion

Oprah Winfrey ဟာ အမေရိကန် အာဖရိကန်ကပြားတစ်ဦးဖြစ်ပြီး ၆၃ နှစ်အရွယ်ဖြစ်ပါတယ်။ ယနေ့ခေတ် မီဒီယာလောကမှာ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့သူဖြစ်ဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။

သူမရဲ့ချမ်းသာကြွယ်ဝမှုတွေကို လှူဒါန်းမှုတွေ ပြုလုပ်နေသလို သူမမှာ အားကျစရာကောင်းတဲ့ လူနေမှုစတိုင်ကို ပိုင်ဆိုင်ထားပါတယ်။ ဒီနှစ်အစောပိုင်းတုန်းက Smith College ရဲ့ ဘွဲ့အခမ်းအနားမှာ အောင်မြင်မှုရဲ့ လျှို့ဝှက်ချက်ကို ဝေမျှပေးခဲ့ပါတယ်။

ကြွယ်ဝချမ်းသာမှု - $2.8 billion          

အသက် - ၆၃နှစ်        

နိုင်ငံသား - အမေရိကန် 

လုပ်ငန်း          - ဖျော်ဖြေရေးနဲ့ မီဒီယာ

ကြွယ်ဝလာပုံ - ကိုယ့်ထူးကိုယ်ချွန်


black7

၄။ Robert Smith, $4.4 billion         

အသက် ၅၄ နှစ်အရွယ် Robert Smith က ၂၀၀၀ ခုနှစ်မှာ ကိုယ်ပိုင်ရှယ်ယာဈေးကွက်လုပ်ဖို့ Goldman Sachs ကနေ ထွက်ခဲ့ပါတယ်။ သူ့ရဲ့ရှယ်ယာပါတနာတွေက သူ့ကို ရူးနေတယ်လို့ ထင်ပါတယ်။ အဲဒီအချိန်ကစပြီးတော့ သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကို Forbes ကနေ အသိအမှတ်ပြုခြင်းခံရပါတယ်။

၂၀၁၅ ခုနှစ်မှာတော့ Smith က Hope Dworaczyk နဲ့ အီတလီနိုင်ငံ၊ Amalfi ကမ်းခြေက ကြီးကျယ်ခမ်းနားတဲ့ ဗီလာမှာ လက်ထပ်ခဲ့ပါတယ်။

ကြွယ်ဝချမ်းသာမှု - $4.4 billion                   

အသက် - ၅၄ နှစ်       

နိုင်ငံသား - အမေရိကန်နိုင်ငံ     

လုပ်ငန်း          - အစုရှယ်ယာ          

ကြွယ်ဝလာပုံ - ကိုယ့်ထူးကိုယ်ချွန်


black8

၃။ Mike Adenuga, $5.4 billion                 

အသက် ၆၄ နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား Mike Adenuga ဆိုသူက သုံးစွဲသူ ၃၆ သန်းရှိတဲ့ Globacom ဆယ်သွယ်ရေးကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ Bloomberg ရဲ့ အဆိုအရ Lagos အခြေစိုက် Oil Company Conoil ရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။

နယူးယောက်က Pace University မှာ MBA တက်ရင်း ကျောင်းလခတွေအတွက် တက္ကစီမောင်းခဲ့ရပါတယ်။ Forbes အဆိုအရ ကလေးခုနှစ်ယောက်အဖေဖြစ်သူ ဒီနူဂါက နိုင်ဂျီရီးယာနိုင်ငံရဲ့ ဒုတိယမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

ကြွယ်ဝချမ်းသာမှု - $5.4 billion                   

အသက် - ၆၄နှစ်        

နိုင်ငံသား - နိုင်ဂျီးရီးယား         

လုပ်ငန်း          - ဆက်သွယ်ရေးနည်းပညာ

ကြွယ်ဝလာပုံ - ကိုယ့်ထူးကိုယ်ချွန်


black9

၂။ Mohammed AI-Amoudi, $10.8 billion    

Mohammed AI-Amoudi က ဆော်ဒီအာရေးဗျနိုင်ငံ၊ ဂျက်ဒက်ချ်မြို မှာ နေထိုင်သူဖြစ်ပါတယ်။ သူကအသက် ၁၉ နှစ်အရွယ်တုန်းက အီသီယိုးပီးယားမှာနေထိုင်ခဲ့ပြီးတော့ အဲဒီကနေမှ ဆော်ဒီအာရေးဗျကို ပြောင်းလာခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၁ နှစ်အရွယ် Mohammed AI-Amoudi က သူ့ရဲ့ကြွယ်ဝချမ်းသာမှုတွေကို အစိုးရနဲ့ချုပ်ဆိုတဲ့ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေကနေ စုဆောင်းလာတာဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင်တော့ ဆော်ဒီ၊ အီသီယိုးပီးယားနဲ့ ဆွီဒင်နိုင်ငံတွေမှာ သူ့ရဲ့ကိုယ်ပိုင်လုပ်ငန်းတွေဖြစ်တဲ့ စက်မှုလုပ်ငန်း၊ စက်သုံးဆီလုပ်ငန်းတွေနဲ့ သတ္တုတွင်းလုပ်ငန်းတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။

ကြွယ်ဝချမ်းသာမှု - $10.8 billion        

အသက် - ၇၁ နှစ်       

နိုင်ငံသား - အီသီယိုးပီးယား၊ ဆော်ဒီအာရေးဗျ

လုပ်ငန်း - Oil and Mining      

ကြွယ်ဝလာပုံ - ကိုယ့်ထူးကိုယ်ချွန်


black10

၁။ AlikoDangote, $13.8 billion

အာဖရိကရဲ့အချမ်းသာဆုံးဖြစ်တဲ့ အသက် ၆၀ အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား AlikoDangote ဆိုသူက Dangote Group ရဲ့ CEO အဖြစ် ၃၅ နှစ်တိုင်တိုင် တာဝန်ယူခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝလာမှုကတော့  Dangote Cement ရဲ့အဓိက ၉၀ ရာခိုင်နှုန်းလောက် ရင်းနှီးမြှုပ်နံှမှုကဖြစ်ပါတယ်။ Dangote Cement ဟာဆိုရင် အာဖရိကရဲ့ အကြီးဆုံးအင်္ဂတေထုတ်လုပ်တဲ့စက်ရုံဖြစ်ပြီး နိုင်ဂျီးရီးယားရဲ့ စတော့အိတ်ချိန်းကတစ်ဆင့် ကုန်သွယ်နေတာလည်းဖြစ်ပါတယ်။ Dangote Foundation ရဲ့ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ရင်း ပရဟိတအလုပ်တွေကို တက်တက်ကြွကြွ လုပ်နေသူလည်း ဖြစ်ပါတယ်။ Dangote Foundation ဟာဆိုရင် ပညာရေး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို အဓိကဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ကြွယ်ဝချမ်းသာမှု - $13.8 billion                           

အသက် - ၆၀ နှစ်                 

နိုင်ငံသား - နိုင်ဂျီးရီးယား

လုပ်ငန်း - ဘိလပ်မြေလုပ်ငန်း   

ကြွယ်ဝလာပုံ - ကိုယ့်ထူးကိုယ်ချွန်