American Idol အစီအစဉ်မှူး Ryan Seacrest ရဲ့လုပ်ငန်း Typo Products ကို BlackBerry က တရားစွဲ

Untitled-1 copy American Idol အဆိုပြိုင်ပွဲရဲ့ အစီအစဉ်မှူးဖြစ်တဲ့ Ryan Searcrest ကျောထောက်နောက်ခံပြုထားတဲ့ တက်သစ်စလုပ်ငန်း Typo Products LLC က ထုတ်လုပ်တဲ့ iPhone Keboard ဟာ Blackberry ရဲ့ keboard ကို အတုခိုးထားတယ်ဆိုပြီး Typo ကို Blackberry က တရားစွဲဆိုလိုက်ပါတယ်။ မကြာသေးခင်က ထုတ်လုပ်တဲ့ iPhone မော်ဒယ်တွေအတွက် Keyboard ကို Typo Products ကထုတ်လုပ်ရာမှာ လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာ Blackberry က သူ့ရဲ့ Smartphone တွေအတွက် တီထွင်ထုတ်လုပ်ခဲ့တဲ့ Keboard ဒီဇိုင်းနဲ့ နည်းပညာကို တရားမဝင်ကူးချခဲ့တယ်လို့ Blackberry က အခိုင်အမာစွပ်စွဲပြောကြားပါတယ်။ အဲဒီပြောကြားချက်နဲ့ပတ်သက်ပြီး Typo Products က ချက်ချင်းတုံ့ပြန် ပြောကြားတာမျိုးတော့ မလုပ်သေးပါဘူး။ အငြင်းပွားနေတဲ့ အဲဒီ Keyboard ကို Typo Products က ကုမ္ပဏီရဲ့ Website မှာ ၉၉ ဒေါ်လာနဲ့ အစောပိုင်းအမှာတွေကို လက်ခံခဲ့ပြီး ဇန်နဝါရီလမှာတင်ပို့ရောင်းချမယ်လို့ ကြေငြာထားပေမဲ့ ဈေးကွက်ထဲကို တော့ ခုထိမဖြန့်ချိသေးပါဘူး။ အဲဒီ Keyboard ဟာ iPhone 5 နဲ့ iPhone 5s တို့ရဲ့ Touch Screen နေရာမှာ အစားထိုးအသုံးပြုဖို့ ဒီဇိုင်းဆင် ထုတ်လုပ်ထားတာဖြစ်တယ်။ Blackberry ဖုန်းတွေရဲ့ Keyboard ဟာ လူတွေ မိုဘိုင်းဖုန်းသုံးစွဲတဲ့နည်လမ်းကို ပြောင်းလဲပုံဖော်ပေးခဲ့ ပါတယ်။ ဒါပေမဲ့ ၂၀၀၇ ခုနှစ်မှာ Apple Inc က ပထမဆုံးထုတ်လုပ်ခဲ့တဲ့ iPhone ရဲ့ကျော်ကြားမှုကြောင့် Blackberry ရဲ့ ရပ်တည်မှု ခြိမ်းခြောက်ခံခဲ့ရပါတယ်။ Blackberry ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်တဲ့အနေနဲ့ စမတ်ဖုန်းတွေကို Touch Screen Keyboard တွေ မိတ်ဆက်ထုတ်လုပ်ခဲ့ပေမဲ့ မကြာသေးခင် အနီးဆုံးသုံးလပတ်မှာ အမေရိကန်ဒေါ်လာ ၄.၄ ဘီလီယံ အရှုံးပေါ်ခဲ့ပြီးတဲ့နောက်မှာတော့  ဆက်လက်ရုန်းကန် နေရဆဲဖြစ်ပါတယ်။ Typo Products ကို ပုံတူကူးချတယ်လို့ စွပ်စွဲထားတဲ့ Keyboard ပါတဲ့ စမတ်ဖုန်းတွေကို Blackberry က ရောင်းချနေတုန်းပဲဖြစ်တယ်။ `ကျွန်တော်တို့ရဲ့ Keyboard ကို အခြားစမတ်ဖုန်းတွေမှာ အစားထိုးအသုံး ပြုတာကို ဂုဏ်ယူမိပေမဲ့ ကျွန်တော်တို့ရဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်နဲ့ နည်းပညာပိုင်းတီထွင်ဆန်းသစ်မှုတွေကို အသုံးပြုတဲ့အတွက် သင့်တင့်မျှတတဲ့ လျော်ကြေးမပေးဘဲ အသုံးပြုတာမျိုးကိုတော့ ကျွန်တော်တို့အနေနဲ့ သည်းခံမှာမဟုတ်ဘူး´လို့ Blackberry အထွေထွေကောင်စီက Steve Zipperstein က ပြောပါတယ်။

Ref : AP