Demonstration Effect သရုပ်ပြသက်ရောက်မှု . . .
စားသုံးသူဝယ်လိုအား နှိုးဆွခြင်း၊ ကုန်စည်အမျိုးအစား ပိုမိုများပြားစွာ ခင်းကျင်းပြသခြင်းနှင့် အလားတူနည်းများကို ဆိုလိုသည်။ ယင်းသို့သော လုပ်ဆောင်ချက်များသည် စားသုံးသူဝယ်ယူမှုများအား စားသုံးသူတို့၏ ဝင်ငွေတည်ငြိမ်နေလင့်ကစား တိုးပွားစေသည်။ (စားသုံးရန်အလားအလာ Propensity to Consume တွင် ကြည့်ပါ။) ထိုသို့ တိုးပွားမှုများ တစ်ဦးချင်းအဆင့်၊ မိသားစုအဆင့်နှင့် နိုင်ငံတကာအဆင့်တွင် ဖြစ်စေသည်။ ဥပမာ- ကိုကာကိုလာကုမ္ပဏီသည် နိုင်ငံတကာ ကျယ်ပြန့်စွာ ဖြန့်ဖြူးခြင်းနှင့် ကြော်ငြာခြင်းဖြင့် ယင်း၏ကုန်စည်များအား တစ်ဦးကျဝင်ငွေသည် သာမန်ရပ်တည်နိုင်ဆင့်ထက်နည်း၍ ငွေကြေးကို မဖြစ်မနေလိုအပ်သည်များအတွက် ချင့်ချိန်သုံးစွဲရသည့် နိုင်ငံများစွာတွင်ပင် ရောင်းချနေသည်။
Demurrage အပိုကြေး . . .
သယ်ပို့ကိရိယာများ (ဆိပ်ခံဘောတံတား၊ အထုပ်အပိုးသယ်ယာဉ်များ၊ ထရပ်ကားများ၊ သင်္ဘောဖြင့် ပို့ဆောင်ရာသုံး အထူးကွန်တိန်နာများ) ကို တင်ချပြုလုပ်ရန် သတ်မှတ်ခွင့်ပြုချိန်ထက်ပို၍ ကိုင်ဆောင်ထားခြင်းအတွက် အပိုပေးဆောင် ကုန်ကျငွေဖြစ်သည်။
Denationalization ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း . . .
အများပိုင်ပစ္စည်းကို ပုဂ္ဂလိကသို့ လွှဲအပ်ပေးခြင်းကို ဆိုသည်။ ဥပမာ- ဒုတိယကမ္ဘာစစ်အပြီး ဗြိတိန်အစိုးရက လေဘာပါတီအုပ်ချုပ်စဉ် (၁၉၄၅-၅၀) သိမ်းယူခဲ့သည့် ထရပ်ကားလုပ်ငန်းနှင့် ၉၀ ရာနှုန်းသော သံမဏိစက်ရုံများ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့သည်။ ၁၉၆၄ ခုနှစ် လေဘာပါတီအစိုးရပြန်လာစဉ် ဗြိတိသျှသံမဏိလုပ်ငန်း ပြန်လည်ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ ပုဂ္ဂလိကလွှဲပြောင်းရာ၌ ရောင်းသူအစိုးရအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်ပေါ်သည်သာမက လုပ်ငန်းကဏ္ဍ၏အနာဂတ်ပေါ် သြဇာသက်ရောက်မှုသည် ဝယ်သူများပြားမှု၊ လူနည်းစု သို့မဟုတ် တစ်ဦးတည်း စသည်တို့ပေါ်မူတည်၍ လျော့နည်းမည်ဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီ အမေရိကန်ကုမ္ပဏီ ''အယ်လ်ကိုအာ'' ALCOA သည် တစ်ပြည်လုံး၏ ဒန်သတ္တုထွက်ကုန်အတွက် တာဝန်ခံရသည်။ ဖက်ဒရယ်အစိုးရက စစ်အတွင်း ထူထောင်ခဲ့သော ဒန်သတ္တုအစီအမံများ ရောင်းချလိုက်ပြီးနောက် အယ်လ်ကိုအာသည် အမျိုးသားထွက်ကုန်၏ တစ်ဝက်ကိုသာ ထုတ်လုပ်ပြီး ဈေးကွက်ကို အခြားကုမ္ပဏီကြီး နှစ်ခုဖြစ်သည့် ကိုင်ဇာနှင့် ရေးနိုးတို့နှင့် မျှဝေရယူထားသည်။
Denominational Value ဖော်ပြတန်ဖိုး . . .
မျက်နှာစာတန်ဖိုး (Face Value) တွင် ကြည့်ပါ။
Department Store လက်လီကုန်တိုက်ကြီး . . .
ကုန်စည်အမျိုးအစား မြောက်မြားစွာ (အဝတ်အထည်၊ အိမ်သုံးပစ္စည်း၊ အိမ်ပြင်ထိန်းပစ္စည်း၊ ပရိဘောဂ စသဖြင့်) ကိုင်တွယ်၍ လက်လီရောင်းချသည့် ကြီးမားသော စတိုးဆိုင်ကြီး ဖြစ်သည်။ အရောင်းမြှင့်တင်ခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊ ကြီးကြပ်ထိန်းချုပ်ရန် သီးခြားဌာနများအဖြစ် ဖွဲ့စည်းထားသည်။ ပုံမှန်အားဖြင့် သီးခြား ဌာနအသီးသီးတို့သည် မိမိဝယ်သူဖောက်သည်များအတွက် လုပ်ငန်းခွဲကြီးများဖြစ်ကြ၍ ဗဟိုမှ စီမံခန့်ခွဲသည်။ သို့ရာတွင် တစ်ခါတစ်ရံ၌ စတိုကြီးတစ်ခုတွင် အငှားချထားသည့်ဌာနများဖြစ်ကြ၍ ဗဟိုမှ စီမံခန့်ခွဲသည်။ သို့ရာတွင် တစ်ခါတစ်ရံ၌ စတိုကြီးတစ်ခုတွင် အငှားချထားသည့်ဌာနများလည်း ပါရှိတတ်ပြီး ယင်းသို့ အငှားချထားခြင်းကို အထူးကျွမ်းကျင်စွာ ပစ္စည်းအခင်းအကျင်း လိုအပ်သော ဖိနပ်များ၊ သို့မဟုတ် မျက်မှန်ဆိုင်ရာ ပစ္စည်းများအတွက် ဖြစ်သည်။ ကုန်တိုက်ကြီးများ၏ အချို့ဌာနရောင်းရပမာဏများလျှင် ထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူနိုင်သော်လည်း ကုန်တိုက်ငယ်များ၏ဌာနအရောင်းပမာဏက ကြားအဖွဲ့အစည်းများမှတစ်ဆင့် ဝယ်ယူရသဖြင့် ဖောက်သည်များသို့ ရောင်းချကုန်စည်များအတွက် ဈေးမြှင့်ပိုမိုတောင်းခံရသည်။ ထိုသို့ဖြစ်၍ အချို့သောကုန်တိုက်များ ကုန်ဝယ်များကို စုပေါင်းဝယ်ယူကြပြီး ဈေးနှုန်းနှင့် အခြားကိစ္စရပ်များ ဈေးဆစ်ညှိနှိုင်အား ပိုမိုကောင်းစေသည်။ ထို့အပြင် ယခင်က လွတ်လပ်စွာ လုပ်ဆောင်ကြသည့် ကုန်တိုက်များကို အုပ်စုကြီးများက သိမ်းသွင်းသွားကြသည်။ ဘဏ္ဍာငွေကြေးရှင်များက ယင်းသို့ စုပေါင်းကြပြီးလျှင် ဗဟိုချုပ်ကိုင်စီမံခန့်ခွဲမှုဖြင့် ရယူနိုင်သော အကျိုးကျေးဇူးများ ရယူခံစားကြသည်။ အနှစ်သာရအားဖြင့် ကုန်တိုက်ချိမ်း (Chain Store) များ၊ ပိုင်ဆိုင်အုပ်စုအဖွဲ့က ကိုယ်ပိုင်အမည်၊ ပုံရိပ်လွှာနှင့် ယင်းတို့ကျင်လည်ရာ မြို့တွင်းဖောက်သည်များ ဇောင်းပေး၍ လုပ်ကိုင်ကြသည်။ ထို့ကြောင့် ဈေးဝယ်ဖောက်သည်များက သိလည်းမသိ ဂရုလည်း စိုက်မိမည်မဟုတ်ပေ။ ဘောစတွန်မှ ဖိလနိုင် (File-nine) ၊ စင်စင်နီတိမှ သျှီလစ်တို (Shillito) ၊ နယူးယောက်မှ ဘလွန်မင်ဒေးလ် (Bloomingdale) ၊ ဘရွက်ကလင်မှ အေဗရာဟင်နှင့် Abraham & Straus ၊ လော့အိမ်ဂျယ်လင်းမှ ဘူလော့ခ် (Bullock) နှင့် မိုင်ယာမီမှ ဘာဒင်း (Burdine) တို့အားလုံးသည် ယင်းသို့သော ဖယ်ဒရယ်ကုန်တိုက်များဖြစ်ကြသည်။ ဌာနများခွဲထားသည့် လက်လီရောင်းကုန်တိုက်ကို ၁၉ ရာစုအလယ်က ပြင်သစ်နိုင်ငံက တီထွင်လာခဲ့သည်။ ပြင်သစ်နိုင်ငံ၏ ကောင်းသောဈေး (Bon March) သည် အစောဆုံးထဲက တစ်ခုဖြစ်ပြီး ယနေ့တိုင် လှုပ်ရှားတုန်းဖြစ်သည်။ အမေရိကန်တွင် ပြည်တွင်းစစ်အပြီးက စခဲ့ပြီး လျင်မြန်စွာ ပေါ်ပေါက်လာခဲ့သည်။
အမေရိကန် လက်လီစတိုးဆိုင်များသည် ဈေးကွက်တင်ရောင်းချခြင်း အထူးသဖြင့် တွင်ကျယ်စွာကြော်ငြာခြင်းကို ဦးစွာစတင်ခဲ့ကြသည်။ နယူးယောက်မှ အာအိပ်ချ်မေစီသည် မြို့တွင် ဈေးနှုန်းအချိုသာဆုံး၊ ရောင်းချသည့် ကုန်ပစ္စည်းများ ပို့ဆောင်သည့် ဝန်ဆောင်မှုနှင့် ဈေးဝယ်များအတွက် စားသောက်ဆိုင်ပါရှိပြီး ၁၈၆၉ ခုနှစ်၊ စတိုးဆိုင် ၁၂ ခုမှ ၁၉၁၄ ခုနှစ်တွင် ၉၁ ခုထိ တိုးတက်လာခဲ့သည်။ ၁၉၁၄ ခုနှစ် မေစီ၏ တစ်နှစ်ရောင်းချရငွေသည် ဒေါ်လာ ၁၇ ဒသမ ၃ သန်းရှိသည်။ သမားရိုးကျအားဖြင့် ဌာနခွဲထားသော ကုန်တိုက်ကြီးများတို့သည် ဈေးဝယ်သူများရှိ မြို့လယ်များတွင် နေရာယူထားကြတတ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်ပြီးနောက် ကုန်တိုက်များက ဆိုင်ခွဲများကို ဝင်ငွေအလယ်အလတ်မှ ကောင်းစွာရ ဈေးဝယ်များအတွက် မြို့ပြင်နေတို့အတွက် ဆင်ခြေဖုံးရပ်များတွင် ဖွင့်လှစ်ခဲ့ကြသည်။ ဈေးဝယ်ပင်မနေရာကို ဆိုင်ခွဲများ ဝန်းရံတည်ဆောက်ပြီး၊ ဈေးဝယ်အများက ကိုယ်ပိုင်မော်တော်ကားများနှင့် ဆိုက်ရောက်ကြသဖြင့် ကားရပ်နားရန်နေရာလည်း အလုံအလောက် ထားရှိပေးကြသည်။ အခြားလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည်ကား ဈေးဝယ်အများက ကိုယ်ပိုင်မော်တော်ကားများနှင့် ဆိုက်ရောက်ကြသဖြင့် ကားရပ်နားရန်နေရာလည်း အလုံအလောက် ထားရှိပေးကြသည်။ အခြားလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာသည် ကားဈေးဝယ်မောလ်များဖြစ်သည်။ မောလ်များတွင် ဆိုင်အမျိုးမျိုး၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံနှင့် အခြားအစီအမံများ၊ ကားရပ်နားရန်များနှင့်တကွ ချိတ်ဆက်ပေးထားသည့် လူလျှောက်လမ်းများ ပါရှိစေသည်။ လက်လီရောင်း (Retail) ကိုလည်း ကြည့်ပါ။
Dependent မှီခိုသူ . . .
အခွန်ဥပဒေတွင် အခြားသူတစ်ဦးက အဓိကထောက်ပံ့ ပေးနေပြီး ထိုအခြားသူ၏ ဝင်ငွေခွန် (Income Tax) တွက်ချက်ရာ၌ ယင်းအတွက် ကင်းလွတ်ခွင့် တောင်းခံ ခွင့် ခံစားခွင့်ရှိသည်။
Dependent Variable မှီခိုကိန်းရှင် . . .
ရီဂရက်ရှင်သုံးသပ်မှု၊ ဆက်စပ်ချက်သုံးသပ်မှု (Regression Analysis) အောက်ကြည့်ပါ။
Depletion Allowance ကုန်ခန်းခြင်းအတွက် ခွင့်ပြုချက် . . .
စာရင်းကိုင်ပညာတွင် ပစ္စည်းတစ်မျိုး၊ သဘာဝသွင်းအားစု (သတ္တုသိုက်၊ ရေနံသဘာဝဓာတ်ငွေ့ စသဖြင့်) လျော့နည်းသွားခြင်း ကုန်ခန်းသွားခြင်းအတွက် ခွင့်ပြုချက်ဖြစ်သည်။ ထိုကုန်ခန်းခြင်းအတွက် ခွင့်ပြုချက်ကို အချိန်ကာလအလိုက် စာရင်းတွင် ခွဲတမ်းချသတ်မှတ်မှသာ တင်ပြစာရင်းအရ အမြတ်ငွေမှာ ဖောင်းပွလွန်ကဲခြင်းရှိမည် မဟုတ်ပေ။ အချို့ကိစ္စများ၌ အမေရိကန်ပြည်ထောင်စုအခွန်ဥပဒေက ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် အခြားသတ္တုသိုက်များမှ စည်းကြပ်ဝင်ငွေ တွက်ချက်ရာတွင် ပုံသေရာခိုင်နှုန်းဖြင့် ကုန်ခန်းခြင်းခွင့်ပြုချက်ပေးထားသည်။ အခြားတစ်နည်းမှာ ကုန်ကျငွေကုန်ခန်းခြင်း ခွင့်ပြုချက်ဖြစ်ပြီး ပိုင်ဆိုင်ပစ္စည်းမှ ပြန်လည်ဆယ်ယူမရတော့သော စုစုပေါင်းကုန်ကျငွေကို ရှေ့အနာဂတ်ကာလတွင် ခန့်မှန်းရရှိမည့် စုစုပေါင်းထွက်ကုန်ယူနစ်နှင့် စား၍ရသောပမာဏ (ကျောက်မီးသွေး၊ ဆီ၊ သို့မဟုတ် အခြားတစ်ခုခု) ကို ယူသည်။ ထို့နောက် စာရင်းကာလတစ်ခုအတွင်း အမှန်ထုတ်လုပ်ယူနစ်အတွက်နှင့် ကုန်ကျငွေကုန်ခန်းခြင်း ခွင့်ပြုချက်သည် ပြန်လည်ဆယ်ယူမရသောပစ္စည်း၏ကုန်ကျငွေသည် စုစုပေါင်းကုန်ကျငွေ ဆယ်ယူစာရင်း ပယ်ဖျက်ရရှိပြီး အဆုံးသတ်သွားသည့် ကန့်သတ်ချက်နှင့်ဖြစ်သည်။ ကုန်ခန်းခြင်း ပုံသေရာခိုင်နှုန်းဖြင့် သတ်မှတ်တွက်ချက်မှုကို ဝေဖန်သူများက ကုန်ကျငွေကုန်ခန်းခွင့်ပြုချက် ချဉ်းကပ်နည်းက ပိုမိုမျှတသည်ဟုယူဆသည်။ မည်သို့ပင် တွက်ချက်သည်ဖြစ်စေ အချို့စက်မှုလုပ်ငန်းကဏ္ဍ၏ ဝင်ငွေခွန်နုတ်ပြီး အမြတ်သည် အနှစ်ချုပ်အားဖြင့် စိတ်မှန်းဆချက်ပါရှိနေပေသည်။ ထောက်ပံ့ငွေ (Subsidy) အောက်လည်း ကြည့်ပါ။
Deposite အပ်ငွေ . . .
၁။ ဘဏ်လောကတွင် တစ်ဦးချင်းပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခု၏စာရင်းတွင် မြီရှင်ပေးသွင်းချက်ဖြစ်သည်။ ဘဏ်သို့ပေးသွင်းငွေသည် လုံခြုံမှုအတွက် အပ်နှံသည့် ရုပ်ဒြပ်ရှိပစ္စည်းမဟုတ်။ ဘဏ်က အသုံးပြုရန်ဖြစ်ပြီး ဘဏ်ချေးငွေသည် ချေးယူသူက သုံးစွဲရန် ငွေကဲ့သို့ပင် ဖြစ်သည်။ ဘဏ်အပ်ငွေကဲ့သို့ပင် ဖြစ်သည်။ ဘဏ်အပ်ငွေတွက် အပ်နှံသူက ငွေရပြေစာနှင့် စာရင်းတွင် မြီရှင်သွင်းချက်ရရှိရမည်။ အပ်ထားငွေထုတ်ယူနိုင်မှုသည် စာရင်းအမျိုးအစားအလိုက်ဖြစ်သည်။ တောင်းခံတိုင်းထုတ်ပေးရမည့်စာရင်းနှင့် အချိန်ကိုက်အပ်ငွေစာရင်းဟု နှစ်မျိုးရှိသည်။ အချိန်ကိုက်အပ်ငွေ စာရင်းအမျိုးအစား၌ မည်သို့ထုတ်ရမည် သတ်မှတ်ချက်ပါသည်။ ဘဏ်အပ်ငွေသည် လည်ပတ်ငွေ၏ အဓိကအမျိုးအစားဖြစ်သည်။ ထုတ်ဝေထားငွေ (Money Supply) ကိုလည်း ကြည့်ပါ။
၂။ စီးပွားရေးလောကတွင် ပစ္စည်းအတွက် ငွေအပြေအလည် အပြီးသတ် မပေးချေမီ ကြိုလျာထားရန် ပေးငွေဖြစ်သည်။
[caption id="attachment_28582" align="alignnone" width="720"]Container Demurrage[/caption]
Depositary အပ်နှံပစ္စည်းလက်ခံဌာန . . .
လုံခြုံမှုအတွက် ပစ္စည်းလက်ခံရယူထားသူ ပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုဖြစ်၍ ယုံကြည်ခံရသူ အနေအထားရှိသူ ဖြစ်သည်။ အပ်နှံပစ္စည်း လက်ခံနေရာ (Depository) တွင်လည်း ကြည့်ပါ။
Deposit Insurance အပ်နှံငွေအာမခံ . . .
ဖက်ဒရယ်ပြည်ထောင်စုအပ်ငွေ အာမခံကော်ပိုရေးရှင်း (Federal Deposit Insurance Corporation) ဖက်ဒရယ်ပြည်ထောင်စု စုဆောင်းငွေနှင့် ချေးငွေအာမခံကော်ပိုရေးရှင်း (Federal Savings And Loan Insurance Corporation) တို့တွင်လည်း ကြည့်ပါ။
Deposit Multiplier အပ်နှံငွေမြှောက်ဆကိန်း . . .
အချိုးအဆဖြင့် သီးသန့်ထားဘဏ်လုပ်ငန်း (Fractional Reserve Banking) တွင် ကြည့်ပါ။
Depository ပစ္စည်းအပ်နှံလက်ခံနေရာ . . .
ပစ္စည်းများ၊ သို့မဟုတ် ကုန်စည်များ လုံခြုံစွာ ထားရှိနိုင်သောနေရာ၊ ဘဏ်ရှိလုံခြုံစွာ အပ်နှံထိန်းသိမ်းသေတ္တာ၊ သို့မဟုတ် ကုန်သိုလှောင်ရုံ Depositary တွင်လည်း ကြည့်ပါ။
Depository Trust Company ယုံကြည်စွာ သက်သေခံလက်မှတ်များ အပ်နှံရာကုမ္ပဏီ . . .
သက်သေခံလက်မှတ်များ ယုံကြည်စွာ သိမ်းဆည်းလက်ခံပေးသော ဗဟိုဌာနမှတစ်ဆင့် ရင်းနှီးငွေဈေးကွက်အဖွဲ့ဝင်များအချင်းချင်း ကွန်ပျူတာစာရင်း ရေးသွင်းချက်များအရ လွှဲပြောင်းပေးသည်။ ဤသို့အားဖြင့် သက်သေခံလက်မှတ်များ ရုပ်ဝတ္ထုအားဖြင့် ပြောင်းရွှေ့ခြင်း လျှော့ချနိုင်သည်။
Deposit Turnover အပ်ငွေပေါ် တောင်းခံလာသည့် ငွေနှင့်အပ်ငွေအချိုး . . .
တောင်းခံချိန်ထုတ်ပေးရသည့် ဘဏ်အပ်ငွေ (Demand Deposit) အောက်ကြည့်ပါ။
ဒေါက်တာဦးမော်သန်း (ပါမောက္ခချုပ် (ငြိမ်း))