၂၀၁၃ ခုနှစ်မှာ Bill Gates ဖတ်ဖြစ်ခဲ့တဲ့ အနှစ်သက်ဆုံး စာအုပ် ၇ အုပ်

the-box-by-marc-levinson post pic     The Box, by Marc Levinson - ကွန်တိန်နာသေတ္တာတွေနဲ့ ရေကြောင်း ကုန်စည်ပို့ဆောင်ရေးကနေ ကမ္ဘာ့စီးပွားရေးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့ပုံ၊ ကမ္ဘာ့စီးပွားရေး လုပ်နည်းလုပ်ဟန်တွေကို ပြောင်းလဲပစ်ပုံတို့အကြောင်း ထူးထူးခြားခြား ရေးသားထားတဲ့စာအုပ် ဖြစ်ပါတယ်။           The most powerful idea post       The Most Powerful Idea in the World, by William Rosen - အထက်ပါ The Box စာအုပ်နဲ့ ခပ်ဆင်ဆင်တူပေမယ့် ရေနွေးငွေ့ အင်ဂျင်တွေအကြောင်း ဖြစ်ပါတယ်။           Harvesting the biospheres post       Harvesting the Biosphere, by Vaclav Smil - လူသားတွေကြောင့် ကမ္ဘာကြီးရဲ့ ဇီဝပတ်ဝန်းကျင် ပြောင်းလဲသွားပုံကို ရှင်းရှင်းလင်းလင်းနဲ့ ကွက်ကွက်ကွင်းကွင်း တင်ဆက်ထားတဲ့ စာအုပ်ပါ။           Jared Diamond post       The World Until Yesterday, by Jared Diamond - ကျောက်ခေတ်ကလူတွေရဲ့ ဘဝအကြောင်း စိတ်ဝင်စားစရာတွေနဲ့ ဒါတွေက ခေတ်သစ် Lifestyle အတွက် အသုံးတည့်နိုင်ပုံတွေအကြောင်း ဖော်ပြထားပါတယ်။         Poor Numbers post       Poor Numbers, by Morten Jerven – အာဖရိကနိုင်ငံတွေမှာ စာရင်းဇယား ကောက်ယူရရှိပုံတွေ၊ ဒါတွေကို GDP ခန့်မှန်းချက်အဖြစ် ပြောင်းလဲရာမှာ အခက်အခဲရင်ဆိုင်ရပုံတွေ အကြောင်း ဖြစ်တယ်။         Why does college       Why Does College Cost So Much?, by Robert Archibald and David H. Feldman - အမေရိကမှာ  ကောလိပ်ကုန်ကျစရိတ် ကြီးမားမှုအကြောင်း ဆွေးနွေးထားကာ၊ နည်းပညာသုံးပြီး အဝေးသင်ပညာရေးကို ပိုမိုအားပေးတာမျိုးလို ဖြေရှင်းနိုင်မယ့် မူဝါဒတွေကို ဖော်ပြထားပါတယ်။         The bet       The Bet, by Paul Sabin - ကမ္ဘာကြီးဟာ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုဆီကို ဦးတည်နေပြီလားဆိုတဲ့ အများစိတ်ဝင်စားနေတဲ့ အကြောင်းရပ်ကို ဖော်ကျူးထားတဲ့စာအုပ် ဖြစ်ပါတယ်။