ဂျာမနီအခြေစိုက်Bayer CropScience ကထုတ်လုပ်ပြီး ဲ-JJ-Pun Ltd ကနေ တစ်ဦးတည်းကိုယ်စားလှယ်အနေနဲ့ ဖြန့်ဖြူးမယ့် အရည်အသွေးမြင့် စိုက်ပျိုးရေးသုံးဆေး မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်က ရန်ကုန်မြို့ ှSAKURA Tower မှာကျင်းပခဲ့ပါတယ်။ ပိုမိုကျယ်ပြန့်လာမယ့် မြန်မာ့လယ်ယာစိုက်ပျိုးရေးဈေးကွက်ကို အထောက်အကူပေးနိုင်ဖို့နဲ့ ထိရောက်တဲ့ နည်းပညာ ဆိုင်ရာဝန်ဆောင် မှုတွေနဲ့အတူ ဝင်ရောက်လာတဲ့ Bayer Crop - Science ရဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုအပိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
တင်သွင်းတဲ့ရည်ရွယ်ချက် မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူလယ်သမားတွေ၊ အကျိုးတူ စီးပွားဖက်တွေရဲ့လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ခေတ်မီဆန်းသစ်ပြီး သီးနှံအထွက်နှုန်းမြင့် ကောက်ပဲသီးနှံ ထိန်းသိမ်းကာကွယ်ရေး ပစ္စည်းတွေကို တင်သွင်းလာတာ ဖြစ် ပါတယ်။ ဒါအပြင် မြန်မာနိုင်ငံဝယ်ယူသုံးစွဲသူ (တောင်သူ ကြီး) တွေရဲ့ဝင်ငွေနဲ့ လုပ်ငန်းအကျိုးစီးပွားတွေကို ပိုမိုရရှိ စေရေးအပြင် မြန်မာ့လယ်ယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်အောင် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပံ့ပိုးကူညီဖို့ ရည်ရွယ်ပြီးတင်သွင်း လာတာဖြစ်ပါတယ်။ ကုမ္ပဏီ Profile ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ နည်းပညာမြင့်ကုန်ပစ္စည်းစ တဲ့ကဏ္ဍသုံးခုမှာ စွမ်းဆောင်ရည်ပြည့်ပြည့်၀၀ ထုတ်လုပ်နေ တဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစုကြီးဖြစ်ပါတယ်။Bayer AG လုပ်ငန်းစုကြီးရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Bayer Crop- Science ဟာ ၂၀၁၃ ခုနှစ်မှာ နှစ် ၁၅၀ ပြည့်ခဲ့ ပြီဖြစ်ပါ တယ်။ မျိုးစေ့၊ သီးနှံကာကွယ်ရေးနဲ့ စိုက်ပျိုးရေး မဟုတ်တဲ့ ပိုးမွှားကာကွယ်ရေးဈေးကွက်မှာ တီထွင်မှုတွေ ရပ်တည်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၁၂၀ ကျော်မှာ ဝန်ထမ်းပေါင်း ၂၀ç၈၀၀ ကျော်နဲ့ လုပ်ငန်း တွေဆောင်ရွက်နေတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ တင်သွင်းတဲ့ပစ္စည်းအမျိုးအမည် ပင်လုံးပျံ့ပိုးသတ်ဆေးဖြစ်တဲ့ ပရိုဗာဒို၊ သီးနှံအရည်အသွေးနဲ့ အထွက်တိုးစေဖို့ နောက်ဆုံးပေါ်မှိုသတ်ဆေးဖြစ်တဲ့ ဖလင့်၊ ရွက်ဖျန်းဓာတ်မြေသြဇာအရည်ဖြစ်တဲ့ ဘိုင်ဖိုလန်၊ မျိုးစေ့ လူးနယ်ဆေးဖြစ်တဲ့ ဂေါ်ချို၊ ဖျက်ပိုးတွေကို ထိထိရောက် ရောက်ကာကွယ်နှိမ်နင်းနိုင်တဲ့ ပိုးသတ်ဆေးဖြစ်တဲ့၊ ဆေးဂန္ဓ မာအုပ်စုဝင်ဖြစ်ပြီး ထိသေအာနိသင်ရှိတဲ့ မူလလက်ဟောင်း ဒီစစ် စတဲ့ဆေးခြောက်မျိုး ဖြစ်ပါတယ်။ Marketing ပိုင်း အစမှအဆုံးတိုင် ပညာပေးလုပ်ငန်းတွေကို တောင်သူတွေ ကို ပေးသွားမယ့်အပြင်၊ ပစ္စည်းရောင်းရုံတင်မဟုတ်ဘဲ၊ တောင်သူတွေကို ဘယ်လိုသုံးသင့်တယ် စတဲ့ Market ကို Educate လုပ်ပေးတဲ့ သဘောမျိုးဆောင် ရွက်နေပါတယ်။ Better Income ဖြစ်လာအောင် အကူအညီပေးတဲ့သဘောပါ။ အကြံဉာဏ်တွေပေးသွားမယ့်အပြင် သင်ကြားရေးTraining တွေကိုပါ လုပ်ပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က 24-hour Service Call Center တွေ ထားရှိတာက ဒီ Bayer CropScience ရဲ့ ထူးခြားမှုတစ်ခုပါ။ ဖုန်းနံပတ် တွေက Product တွေပေါ်မှာ ရေးထားပါတယ်။ တောင်သူ တွေက သူတို့ချက်ချင်းသိချင်တာတွေကို အချိန်မရွေးဖုန်းဆက် ပြီးမေးလို့ရပါတယ်။ အခုဒီမှာပြဿနာဖြစ်နေပါပြီ၊ ဘာသုံး သင့်လဲဆိုတာကအစ မေးလို့ရပါတယ်။ ဒီ Call Center က လယ်သမားတွေအတွက် တော်တော်ကို အကျိုးရှိအောင် စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Market ထဲကိုဆင်းပြီး တောင်သူတွေကို ပညာပေးမယ်။Demonst- ration တွေလုပ်မယ်။Farmer Meeting တွေခေါ်မယ်။ သူတို့လယ်သမားတွေ ဘယ်လောက်သုံးရမယ်။ ဘယ်လိုသုံး ရမယ် ဆိုတာတွေကို လက်တွေ့ပြပေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ Education Team ရှိပါတယ်။ ကျွန်တော်တို့ ွှTeam က အတွေ့အကြုံတွေ အများကြီးရှိတဲ့အသင်းပါ။ သူတို့တွေက လက်တွေ့ကွင်းဆင်းပြီး ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။ လယ်သမားတွေကိုလည်း ဘယ်လောက် ရာခိုင်နှုန်းသုံးသင့်တယ်။ ဘယ်လောက်သုံးရင် အန္တရာယ် ရှိနိုင်တယ် စတာတွေကို ရှင်းပြပေးသွားမှာ ဖြစ်တယ်လို့ ဲJJ-Pun Ltd ရဲ့ ှSenior မန်နေဂျာ ကိုစိုးမိုးမင်းဦးက ပြော ပြခဲ့ပါတယ်။ တိုးတက်ပြောင်းလဲလာမယ့် မြန်မာနိုင်ငံဆန်စပါးဈေးကွက်အပေါ် အမြင် ဆန်စပါးကဏ္ဍဟာ မြန်မာနိုင်ငံမှာ အင်မတန်ကို အရေးပါတဲ့ Sector ပါ။ ဆန်စပါးထုတ်လုပ်မှုဟာ အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မှုက အလွန်ကို ကောင်းနေပါတယ်။ စွမ်းအားမြင့် မားဖို့က Productivity (ထုတ်လုပ်မှု) တိုးတက်မြင့်မား ဖို့ကလည်း အရေးကြီးပါတယ်။ တောင်သူလယ် သမားတွေရဲ့ သားသမီးတွေ လယ်ယာလုပ်ကိုင်ချင်တဲ့သူတွေ နည်းပါးလာ တဲ့အတွက်၊ နောက်တစ်ခါ Migration (တစ်နေရာမှ တစ် နေရာကို ပြောင်းရွှေ့နေထိုင်ခြင်း) တွေ ပိုများလာပါတယ်။ အဲဒီအတွက် စက်မှုစွမ်းအားကလိုအပ်လာပါတယ်။ လယ် ကွင်းထဲကနေ စားသုံးသူတွေဆီကို ရောက်ရှိလာမယ့် စရိတ် စကတွေလည်း အများကြီးရှိပါတယ်။Logistics Cost တွေ များသွားရင် တခြားနိုင်ငံတွေနဲ့ Compete မလုပ်နိုင်ဘူး။ စပါးတွေအထွက်ကောင်းဖို့အတွက် ဒီ Bayer CropScience က တစ်ဖက်တစ်လမ်းကနေ ကူညပေးသွားမှာဖြစ်ပါတယ်။ Bayer CropScienceရဲ့ CSR Program CSR Program တွေမှာ အဆင့်တွေအများကြီးရှိပါတယ်။ ကိုယ်ရောင်းတဲ့ပစ္စည်းကို ကိုယ်တာဝန်ယူတဲ့အပိုင်း၊Corpor- ate အနေနဲ့ ကျွန်တော်တို့ချဲ့ထွင်လုပ်ကိုင်နေတဲ့ နိုင်ငံတွေမှာ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ကူညီလုပ်ကိုင်ပေးပါတယ်။ ရေသန့်နဲ့Water Purification Tablet အလုံးခြောက်သောင်းကို ကျန်းမာရေးဌာနကို လှူနိုင်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ လိုအပ်နေတဲ့အပိုင်းတွြေ ဖစ်တဲ့ ပညာရေး၊ ကျန်းမာရေး စတဲ့ အပိုင်းတွေကို လှူဒါန်းသွားဖို့ စီစဉ်ထားတယ်လို့ ပြောပြခဲ့ ပါတယ်။ တောင်သူတွေရဲ့ ရေရှည်အကျိုးစီးပွားကိုကြည့် ပြီးတော့Substainable လုပ်သွားဖို့ရှိပါတယ်။ မြန်မာနိုင်ငံအတွက် ယူဆောင်လာမယ့်အကျိုးကျေးဇူး အဓိက Quality ပါပဲ။ ပူးပေါင်းဆောင်ရွက်တာဟာ ဘယ် နေရာပဲဖြစ်ဖြစ် Qualityကို တန်ဖိုးထားပါတယ်။ ဒါ ကြောင့် တောင်သူတွေအတွက် တကယ့်အကျိုးရှိပြီး အသုံး ဝင်မယ့် Product တွေကိုပဲ မိတ်ဆက်ပေး သွားဖို့ရည်ရွယ် ထားပါတယ်။ ကျွန်တော်တို့ရဲ့ ှStrategy က Quality Base ကို အခြေခံပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ Thailand and Myanmar ရဲ့ Country Head Mr Sinchai Swasdichai က ဆိုပါတယ်။ Bayer Product တွေရဲ့ဈေးနှုန်း ဈေးကွက်ထဲမှာရှိနေတဲ့ ဈေးနှုန်းတွေနဲ့ Compete ဖြစ်မယ့် နှုန်းထားတွေပဲဖြစ်ပါတယ်။ တောင်သူတွေ ဝယ်ယူသုံးစွဲနိုင်မယ့် ဈေးနှုန်းတွေပဲဖြစ်မှာပါလို့ ှSenior Manager ကိုစိုးမိုးမင်းဦးက ပြောပြခဲ့ပါ တယ်။ ဒီပစ္စည်းအမျိုးအစားတွေဟာ တောင်သူတွေကို ဈေးနှုန်းမများစေဘဲ အကျိုးရှိစေမှာ ဖြစ်တယ်လို့လည်း ပြောပြခဲ့ပါတယ်။ Bayer Product တွေရဲ့ အရည်အသွေးပိုင်း Bayer Product တွေက တစ်ကမ္ဘာလုံးမှာ ရောင်းချနေတဲ့ အတွက် အရည်အသွေးနဲ့ပတ်သက်ပြီး စိတ်ချရပါတယ်။ Laws & Regulations ကို အများကြီး Focus လုပ်ပြီးတော့ ဒီ Product တွေကို Innoviation လုပ်ထားတာဖြစ်ပါတယ်။ စားသုံးသူတွေကို အန္တရာယ်မဖြစ်စေမယ့် Product မျိုးပဲ ထုတ်လုပ်ထားတာဖြစ်တယ်လို့ဆိုပါတယ်။ အနာဂတ်အစီအစဉ် ဒီ Bayer CropScience က ဆေးတွေက နောက်ဆုံးပေါ်နည်း ပညာအသစ်တွေကိုသုံးပြီး နိုင်ငံတကာမှာရော၊ အာဆီယံ ဒေသတွင်းမှာပါ အသုံးပြုတဲ့ဆေးတွေဖြစ်ပါတယ်။ ယခု လက်ရှိက ခြောက်မျိုးပါ။ နောက်ပိုင်း တောင်သူတွေတတ် နိုင်တဲ့ဈေးနှုန်းနဲ့ အမှန်တကယ်အသုံးလိုတဲ့၊ အသုံးဝင်မယ့် ပစ္စည်းတွေကို မှတ်ပုံတင်ပြီး ဖြန့်ချိတင်သွင်းသွားဖို့ ရှိပါ တယ်။ ဆေးရောင်းရုံတင်မဟုတ်ဘဲ ဒီဆေးကိုသုံးစွဲပုံနည်း ပညာတွေကိုပါ Educateလုပ်ပေးဖို့ စီစဉ်ထားကြောင်းနဲ့ နောက်ပိုင်းအခြေအနေပေးလာရင် ကိုယ်ပိုင် Demonstr- ation တွေ၊ ၤFirm တွေထောင်ပြီး နည်းပညာတွေကို ဖြန့် ဝေပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။ ဆက်သွယ်ရန်လိပ်စာ -JJ-Pun Ltd ၊ အဆောက်အအုံ (၁)၊ MICT Park (Phase-3) ၊ လှိုင်တက္ကသိုလ်နယ်မြေ၊ လှိုင်မြို့နယ်၊ ရန် ကုန်မြို့၊ ဖုန်း ၀၁-၂၃၀၅၁၃၅၊ ၂၃၀၅၁၃၆ ံHotline ၀၉ ၄၂၀၀၅၆၇၆၅ ဖြစ်ကြပါတယ်။