သင်ဟာ Email ပို့တာကို စိတ်အားထက်သန်တဲ့သူဆိုရင် . . .
သင်ဟာ အစည်းအဝေးခန်းတစ်ခုမှာ သင့်ရဲ့သူဌေး၊ ဖောက်သည်တွေနဲ့ အတူတူရှိတဲ့အချိန်မှာ လက်ထဲက စားစရာကို မလွှင့်ပစ်တတ်တဲ့အကျင့်နဲ့ တစ်ပတ်အတွင်း အရောင်းစာရင်းတွေကို Email ကနေ မလွတ်တမ်းကြည့်နေတဲ့အခါမှာ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို အလုပ်မှာလေးစားမှုမရှိဘူးလို့ အထင်ခံရနိုင်ပါတယ်။ သင်ဟာဖုန်းကို လက်ကနေ မချတမ်းနေရာတကာယူ သွားနေမယ်ဆိုရင်တော့ အလုပ်မှာ အာရုံစူးစိုက်မှုမရှိတဲ့ပုံစံ ဖြစ်နေပါလိမ့်မယ်။
ဒါကိုဘယ်လိုပြင်မလဲ . . .
အထူးသဖြင့် သင်အစည်းအဝေးထဲရောက်ပြီဆိုရင် စားလက်စ အစားအစာကို လက်ကနေချလိုက်ပါ။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အစည်းအဝေးမလုပ်ခင်မှာ အရေးကြီးတဲ့ Email ဝင်စရာရှိတဲ့အကြောင်းကို ကြိုတင်အသိပေးထားပါ။
သင်ဟာ လိုတာထက်ပိုနာခံတက်တဲ့ သူလား . . .
ဘယ်သူကမှ လိုတာထက်ပိုပြီး မြှောက်ပင့်ပြောတတ်တဲ့လူမျိုးကို မကြိုက်ကြပါဘူး။ လုပ်ငန်းခွင်မှာ တခြားသူတွေကို တအားကြီးမြှောက်ပင့်ပြောဆိုတာက သူတို့ကို စော်ကားရာရောက်စေသလို သူတို့အမြင်မှာ သင်ဟာ ဝေဖန်ကဲ့ရဲ့စရာလည်း ဖြစ်လာနိုင်ပါတယ်။ အထက်လူကြီးက တစ်ခုခုခိုင်းလိုက်တိုင်း ကိုယ်လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ ဟုတ်ကဲ့၊ လုပ်လိုက်ပါ့မယ်လို့ပြောနေရင်လည်း သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက သင့်အပေါ် အကောင်းမြင်တော့မှာ မဟုတ်ပါဘူး။ ပိုဆိုးတာက သင့်အနေနဲ့ စိတ်ရင်းအမှန်နဲ့ ချီးကျူးစကားပြောတာကိုတောင်မှ တခြားသူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ စိတ်အနှောင့်ယှက်ဖြစ်အောင် လုပ်နေတာလို့ သင့်ရဲ့သူဌေးက ထင်သွားနိုင်ပါတယ်။
ဒါကိုဘယ်လိုပြုပြင်မလဲ . . .
ကိုယ့်ရဲ့ Supervisor ၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ကိုယ်လုပ်ပါ့မယ်၊ လုပ်လိုက်မယ်ဆိုပြီး ကတိပေးထားတဲ့ နောက်ဆုံးအလုပ်ဆယ်ခုကို ပြန်ကြည့်ပါ။ တကယ်လို့ သင့်အနေနဲ့ ဒီအလုပ်တွေပေါ်မှာ လက်မခံနိုင်တာ၊ မလုပ်နိုင်တာရှိတာဆိုရင် ရိုးရိုးသားသားငြင်းဆိုပါ။ သင်လုပ်နိုင်တဲ့အရာကိုပဲ လက်ခံပါ။ ပွင့်ပွင့်လင်းလင်း ငြင်းဆိုနိုင်ဖို့ လေ့ကျင့်ထားပါ။ မလုပ်နိုင်ကြောင်း ငြင်းဆိုတဲ့အခါမှာလည်း ခိုင်လုံတဲ့အကြာင်းပြချက်ကို ရှာဖွေပြီး သင့်ရဲ့ခေါင်းဆောင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အသိပေးပါ။