News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Aux Saisons European Cuisine
Editorial
December 12, 2013
Dine & Wine
Highlight
Leisure
နေထိုင်စားသောက်သွားလာတဲ့ ယဉ်ကျေးမှုပုံစံတွေဟာ တစ်ချိန်နဲ့တစ်ချိန် တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲလာတာကတော့ အမှန်ပါပဲ။ အခုခေတ်မှာတော့ လုပ်ငန်း ရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေ၊ လူငယ်လူရွယ်တွေ၊ မိသားစုတွေအနေနဲ့ မိတ်ဖွဲ့ဖို့ အပန်းဖြေအနားယူဖို့အတွက် အပြင်မှာ ညစာထွက်စားတဲ့ဓလေ့ကို လုပ်ဆောင်လာကြ တာကို တွေ့ရပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်ကြီးအတွက် ဆိတ်ငြိမ်အေးချမ်းမှုအပြည့်ရှိပြီး ဥရောပ၊ အီတလီ၊ ထိုင်း၊ တရုတ်အစားအစာတွေကို သုံးဆောင်နိုင်တဲ့ Aux Saisons European Cuisine အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်တည်နေရာ ဆိုင်တည်နေရာအနေနဲ့ No.31(A) ၊ ကန်ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းမကြီးအနီးဖြစ်ပြီးတော့ ဖုန်းနံပါတ်က ၀၁- ၆၆၁၁၂၅ တို့ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန် ဆိုင်ဖွင့်ချိန်ကတော့ နံနက် ၁၁ နာရီကနေ နေ့လယ် ၂း၃၀ အထိဖြစ်ပြီး ညနေခင်း ဆိုင်ဖွင့်ချိန်အနေနဲ့ ၅း၃၀ နာရီကနေည ဆယ်နာရီအထိ ဖြစ်ပါတယ်။ ဒါကတော့ Lunch Time နဲ့ Dinner Time အတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ ဆိုင်ဖွင့်ဖြစ်ပုံ ဆိုင်ဖွင့်ဖြစ်ပုံနဲ့ပတ်သက်လို့ Aux Saisons ရဲ့မန်နေဂျာ Mr Pop က ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာ စားသောက်ဆိုင် ဖွင့်ချင်တာရယ်၊ ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ချင်တဲ့အတွက်ကြောင့် ဒီဆိုင်ကို ဖွင့်လှစ်ဖြစ်သွားတာလို့ သိရပါတယ်။ ရရှိနိုင်တဲ့ Menu
ရရှိနိုင်တဲ့ Menu အမျိုးအစားအနေနဲ့ European Style အတိုင်းချက်ထားတဲ့ အစားအသောက်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။ ဟင်းလျာအမည်တွေအနေနဲ့ Cold Appetizer ထဲမှာဆိုရင် အီတလီဆော့စ်နဲ့အမဲသားပြား ၊ ထောပတ်သီးအဖျော်အနှစ်နဲ့ တူနာငါးတောင်ပံခြောက်ဖြစ်ပြီးတော့ Hot Appetizer ထဲမှာဆိုရင် မုန်ညင်းဆော့စ်နဲ့ ဆလတ်ပင်လယ်ဂုံးခြောက်နဲ့ အီတလီစတိုင်လ် ကင်းမွန်၊ ပုစွန်ကြော်နဲ့ခရမ်းသီးတို့ကို သုံးဆောင်နိုင်မှာဖြစ်ပါတယ်။ စွပ်ပြုတ်ထဲမှာဆိုရင် အီတလီ ပင်စိမ်းဆော့စ် အသားပြုတ်ရည်နဲ့ မြေအောင်းမှိုဆီနဲ့ပေါင်မုန့်ခြောက်ပါတဲ့ မှိုစွပ်ပြုတ်ဟင်းရည်တို့ကိုသောက်သုံးနိုင်မှာဖြစ်ပြီး အီတလီခေါက်ဆွဲ၊ အီတလီထမင်းပေါင်း အပြင် ပင်လယ်စာလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ ဒါအပြင် Red Wine ၊ White Wine အပြင်Cocktail နဲ့ အအေးဖျော် ရည်အမျိုးမျိုးကိုလည်း သောက်သုံးနိုင်မှာ ဖြစ်ပါ တယ်။ ဈေးနှုန်းသတ်မှတ်ချက် ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ အနည်းဆုံးဈေးကတော့ ခုနစ်ထောင်ကျပ်၊ ရှစ်ထောင်ကျပ်၊ တစ်သောင်းကျပ်ဖြစ်ပြီးတော့ အများဆုံးဈေးအနေနဲ့ ၃၂,၀၀၀ ကျပ်အထိ ရှိတယ်လို့ သိရပါတယ်။ ဝန်ဆောင်မှုပိုင်း ဝန်ဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ Aux Saisons ရဲ့ မန်နေဂျာ Mr Pop က ''ကျွန်တော့်ဆိုင်က European Cuisine ဖြစ်တဲ့အတွက် လာရောက်စားသုံးကြတဲ့ ဧည့် သည်တွေအတွက် နေရာထိုင်ခင်း၊ အစားအသောက်တွေကအစ ဥရောပစတိုင်လ်အတိုင်းဖြစ်အောင် ဝန်ဆောင်မှုပေးထားပါတယ်။ အစားအသောက်မှာ ယူစား သုံးတဲ့နေရာမှာလည်း Customer တွေမှာယူတဲ့ဟင်းပွဲအမည်နဲ့ လိုက်ဖက်မယ့်အချိုပွဲမျိုးကို ကျွေးမွေးဧည့်ခံတယ်လို့'' ဆိုပါတယ်။ ဆိုင်အပြင်အဆင် ဆိုင်အပြင်အဆင်နဲ့ပတ်သက်လို့ မိမိတို့စိတ်ကူးအတိုင်း ပြင်ဆင်ထားတာဖြစ်ပြီးတော့ စားဖိုခန်းကိုလည်း နာမည်ကြီး Five Star ဟိုတယ်က Kitchen အတိုင်း ပြင်ဆင် ထားတယ် လို့ဆိုပါတယ်။ နောက်ပြီး စားဖိုခန်းကနေ ဟင်းချက်တဲ့ အနံ့မထွက်အောင် ဧည့်သည်တွေ စားသောက်တဲ့အခန်းကိုလည်း သီးခြားစီဆောက်လုပ်ထား တယ်လို့ သိရပါတယ်။ ထူးခြားချက် ဒီဆိုင်ရဲ့ထူးခြားချက်ကတော့ ပထမဦးဆုံးအနေနဲ့ ဆိုင်ထဲကို ဝင်လိုက်တယ်ဆိုရင်ပဲ အဝင်တံခါးပေါက်ဝမှာနွေးထွေး ပျူငှာတဲ့ဧည့်ကြိုဝန်ထမ်းတွေရဲ့အပြုံးနဲ့ ဆီးကြို တာကို တွေ့ရမှာဖြစ်ပြီး ခေတ်မီဆန်းသစ်လှပတဲ့ဆိုင်ခန်းအပြင်အဆင်ကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်အနေနဲ့ မိမိမှာယူစားသုံးမယ့်ဟင်း လျာကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ပေးနိုင်မယ့်ကျွမ်းကျင်တဲ့ ထိုင်းစားဖိုမှူးကောင်းတွေရှိတာရယ်၊ စားသောက်ရင်းနဲ့ အပန်းဖြေနိုင်ဖို့ အတွက် အေးအေး ငြိမ့်ငြိမ့်လေးဖွင့်ပေးထားတဲ့ Classic Music ကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။ အစားအသောက်နဲ့ပတ်သက်လို့ Safety Food ဖြစ်အောင် အမြဲတမ်းဂရုစိုက်ထား တာတွေကတော့ ဒီဆိုင်ရဲ့ထူးခြားချက်လေးတွေပါ။ အနာဂတ်အစီအစဉ် အနာဂတ်အစီအစဉ်အနေနဲ့ ''Aux Saisons European Cuisine ကို အောင်မြင်အောင် ကြိုးစားသွားမှာဖြစ်ပြီးတော့ နောက်ထပ်ဆိုင်ခွဲအသစ်တွေကိုလည်း တိုးချဲ့ဖွင့် လှစ်သွားပါမယ်'' လို့ Aux Saisons ရဲ့ မန်နေဂျာ Mr Pop က ပြောပြခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
အမေရိကန်မှာ ဘက်ထရီစက်ရုံတည်ဆောက်မယ့် Honda နဲ့ LG Energy Solution
Posted On September 3, 2022, By Editorial
၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်းမှာ ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူ : တိုယိုတာ
Posted On July 31, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း