News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ASEAN Sustainable Development Symposium 2014 ကို ဘန်ကောက်မြို့ရှိ Plaza Athene တွင်ကျင်းပ
Editorial
November 14, 2014
News
Top Story
SCG က ကြီးမှူးစီစဉ်တဲ့ ASEAN Sustainable Development Symposium 2014 ကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Pizza Athene မှာကျင်းပခဲ့ပါတယ်။ အာဆီယံဒေသတစ်ခုလုံးမှာ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကွန်ယက်ကို တည်ဆောက်ဖို့နဲ့ ကုန်ထုတ်လုပ်မှုဖြစ်စဉ်ကွင်းဆက် (Supply Chain) တစ်ခုလုံး ရေရှည်တည်တံ့ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။ အာဆီယံဒေသတစ်ခုလုံး ပူးပေါင်းဆောင်ရွက်ပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ခိုင်မာပြည့်စုံတဲ့အစီအစဉ်တွေနဲ့ လက်တွေ့ကျတဲ့ စီမံချက်တွေကို အသုံးပြုပြီး မဖြစ်မနေအကောင်အထည်ဖော်မှသာ လုပ်ငန်းတိုးတက်ကြီးထွားမှုကို ထိန်းသိမ်းထားနိုင်မှာဖြစ်ကြောင်း၊ အကန့်အသတ်ရှိတဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေ ရေရှည်တည်တံ့စေဖို့လည်း ထိန်းသိမ်းဖို့လိုကြောင်း SCG ရဲ့ ဥက္ကဋ္ဌနဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Kan Trakulhoon က ပြောကြားခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲကို SCG ကလေးနှစ်မြောက်အဖြစ် လက်ခံကျင်းပခဲ့တာဖြစ်ပြီး အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍက အမှုဆောင်အရာရှိတွေ၊ ပညာရှင်တွေ၊ NGO တွေ၊ ထိုင်းနိုင်ငံနဲ့ နိုင်ငံတကာသတင်းဌာနတွေက တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ SCG ရဲ့ စီစဉ်မှုနဲ့ အာဆီယံနိုင်ငံတွေက မီဒီယာအဖွဲ့တွေဟာ ထိုင်းနိုင်ငံ၊ Lampang ခရိုင်မှာရှိတဲ့ SCG ရဲ့ ဘိလပ်မြေစက်ရုံနဲ့ ချင်းမိုင်ခရိုင်၊ Doisket မှာရှိတဲ့ Huai Hong Khrai ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လေ့လာရေးစင်တာကို နိုဝင်ဘာလ ၁၄ ရက်နေ့က တစ်နေ့တာ သွားရောက်လေ့လာခဲ့ပါတယ်။
ငြိမ်းသော်ထူး
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း