News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
တောင်တရုတ်ပင်လယ်တွင် လက်ရှိဖြစ်ပေါ်နေသည့် အရေးကိစ္စများအပေါ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သဘောထားထုတ်ပြန်ချက်
Editorial
May 10, 2014
Asean News
News
Top Story
မေလ ၁၀ ရက်နေ့၊ ၂၀၁၄ ခုနှစ်၊ နေပြည်တော် - ဒေသတွင်း တင်းမာမှုများကိုတိုးပွားစေသည့် ဆက်လက်ဖြစ်ပွားနေသော တောင်တရုတ်ပင်လယ်အရေးကိစ္စများအပေါ် အလေးအနက်စိုးရိမ်ပူပန်မိကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက နေပြည်တော်တွင် မေလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိကျင်းပသည့် 24
th
ASEAN SUMMIT တွင် သဘောထားထုတ်ပြန်ခဲ့သည်။ ပင်လယ်ရေပိုင်နက်ဆိုင်ရာဥပဒေနှင့်ပတ်သက်ပြီး ၁၉၈၂ ခုနှစ် ကမ္ဘာ့ကုလသမ္မဂပဋိညာဉ်စာချုပ်အပါအဝင် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုလက်ခံထားသည့် နိုင်ငံတကာဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်အညီ မိမိကိုယ်ကိုယ်ထိန်းချုပ်ရန်၊ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်နှင့် အငြင်းပွားမှုများကို အင်အားသုံးခြိမ်းခြောက်ခြင်းမပြုဘဲ ငြိမ်းချမ်းသည့်နည်းလမ်းများနှင့်ဖြေရှင်းရန် ဝန်ကြီးများက တိုက်တွန်းခဲ့သည်။ ဆက်လက်ပြီး တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရေကြောင်းလုံခြုံရေး၊ တောင်တရုတ်ပင်လယ်တွင် ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ လွတ်လပ်စွာမောင်းနှင်ပျံသန်းခွင့်၊ တောင်တရုတ်ပင်လယ်ဆိုင်ရာ အာဆီယံ၏ မူဝါဒ ၆ ချက်နှင့် တောင်တရုတ်ပင်လယ်တွင် Delcaration on the Conduct of Parties(DOC) ကြေညာချက် ဆယ်နှစ်ပြည့်အခမ်းအနားတွင် ၁၅ ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးဆွေးနွေးပွဲမှ ထုတ်ပြန်ခဲ့သည့် ပူးတွဲသဘောထားထုတ်ပြန်ချက်တို့ကို လေးစားလိုက်ရန် အရေးကြီးကြောင်း ဝန်ကြီးများက ထပ်မံအတည်ပြုပြောကြားခဲ့သည်။ အပြန်အလှန်ယုံကြည်မှုရှိသည့် ဝန်းကျင်တစ်ရပ်ကိုဖန်တီးရန်အတွက် ဒေသတွင်းနိုင်ငံအားလုံးအနေဖြင့် DOC ကို ပြည့်ပြည့်၀၀နှင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း ဝန်ကြီးများက တိုက်တွန်းပြောကြားသည်။ တောင်တရုတ်ပင်လယ်တွင် Code of Conduct (COC) ကို ဆောလျှင်စွာ သုံးသပ်ချက်ထုတ်ဖော်နိုင်ရန်အတွက် မြန်ဆန်ထိရောက်စွာ လုပ်ဆောင်ဖို့လိုအပ်ကြောင်းကိုလည်း အလေးထားပြောကြားခဲ့သည်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း