News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ASEAN Business & Investment Summit 2014 ဖွင့်ပွဲနဲ့ ASEAN Business Award ပေးအပ်ပွဲအခမ်းအနား
Editorial
November 12, 2014
Local News
News
Top Story
၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်၊ နေပြည်တော် - ၂၀၁၄ ခုနှစ် အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားနဲ့ ASEAN Business Award ရရှိသော လုပ်ငန်းရှင်များအား ဆုပေးပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်ရှိ Myanmar International Convention Center II မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး UMFCCI ဥက္ကဌ ဦးဝင်းအောင်နှင့်အတူ ဖွင့်လှစ်ပေးခဲ့ပါတယ်။ ASEAN Business & Investment Summit 2014 ကို နေပြည်တော်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိတာဖြစ်ပါတယ်။ ASEAN Business Award များတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၆ ခုလည်း ပါဝင်ရရှိခဲ့တာဖြစ်ပါတယ်။ ASEAN Centricity Award တွင် Winner ဆုကို စင်ကာပူနိုင်ငံမှ UOB၊ Runner Up ဆုကို ဖိလစ်ပိုင်မှ Golden ABC, Inc. ၊ တတိယဆုကို မြန်မာနိုင်ငံမှ Myanmar Airways International တို့က ရရှိခဲ့ပါတယ်။ Corporate Excellence Award တွင် Winner ဆုကို စင်ကာပူနိုင်ငံမှ Keppel Land International Limited ၊ Runner Up ဆုကို ဖိလစ်ပိုင်မှ International Container Terminal Sercies, Inc. ၊ တတိယဆုကို မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်လိမိတက်တို့က ရရှိခဲ့ပါတယ်။ Innovation Award တွင် Winner ဆုကို စင်ကာပူမှ Cyclet Electrical Engineering Pte Ltd ၊ Runner Up ဆုကို ဖိလစ်ပိုင်မှ Pointwest Technologies Corporation၊ တတိယဆုကို မြန်မာနိုင်ငံမှ FAME Pharmaceuticals Industry Co., Ltd. တို့မှ ရရှိခဲ့ပါတယ်။ Small & Medium Enterprise Award တွင် Winner ဆုကို စင်ကာပူမှ Absolute Kinetics Consultancy Pte Ltd. ၊ Runner Up ဆုကို မြန်မာနိုင်ငံမှ Kelvin Chia Yangon Ltd ၊ တတိယဆုကို ဗီယက်နမ်မှ VP Bank Securities Ltd. တို့က ရရှိခဲ့ပါတယ်။ Woman Leader Award တွင် Winner ဆုကို ဖိလစ်ပိုင်မှ Community Health Education Emergency Rescue Services (CHEERS) Corporation ၊ 1st Runner Up ဆုကို မြန်မာနိုင်ငံမှ City Mart Holding Co., Ltd. ၊ 2nd Runner Up ဆုကို ဗီယက်နမ်မှ Southeast Asia Commercial Joint Stock Bank (SeA Bank) ၊ တတိယဆုကို စင်ကာပူမှ Surecatch World PTE တို့က ရရှိခဲ့ပါတယ်။ Youn Entrepreneur Award တွင် Winner ဆုကို မြန်မာနိုင်ငံမှ Blue Ocean Operating Management Co., Ltd. ၊ Runner Up ဆုကို ဖိလစ်ပိုင်မှ Vintel Logistics Inc. ၊ တတိယဆုကို ဗီယက်နမ်မှ Nghia Nippers Corporation တို့က ရရှိခဲ့တာဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း