Architect’17 ASEAN Building Exposition တွင် SCG က Your iDeal Home by SCG Experience Theme ဖြင့် ဝင်ရောက်ပြသ

S2017CG1

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ IMPACT Exhibition Center (Challenger Hall ၊ Impact ၊ Maung Thong Thani ) မှာ ပြုလုပ်တဲ့ အာဆီယံနိုင်ငံတွေက Building Technology ၊ Machinery ၊ Interior ၊ Construction စတဲ့ Industry ထဲက Leading လုပ်ငန်းစုအများအပြား ပါဝင်တဲ့ Architect’17 ASEAN Building Exposition မှာ အာဆီယံထိပ်တန်းစီးပွားရေး လုပ်ငန်းစုတစ်ခုဖြစ်တဲ့ SCG က ဝင်ရောက်ပြသခဲ့ပါတယ်။ SCE ဟာ Architect’17 ပြပွဲမှာ ပိုမိုကောင်းမွန်တဲ့နေထိုင်မှုဘဝအတွက် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေ၊ နည်းပညာအသစ်အဆန်းတွေကို ခင်းကျင်း ပြသခဲ့တာ ဖြစ်ပါတယ်။ Architect ကို မေလ ၂ ရက်နေ့ကနေ ၇ ရက်အထိ ပြုလုပ်ခဲ့ပြီး ဝင်ရောက်ပြသသူပေါင်း ၈၅၀ ကျော်ရှိတယ်လို့ သိရှိရပါတယ်။ SCG ဟာ ယခုနှစ်ပွဲအတွက် အဓိက Concept အဖြစ် “ Your iDeal Home by SCG Experience ”ဆိုတဲ့ Theme နဲ့ ပါဝင်ပြသခဲ့တာဖြစ်ပါတယ်။ အထူးပြသမှုတွေအနေနဲ့တော့ အကျိုးသက်ရောက်မှု အဆင့်အမျိုးမျိုး ရရှိစေမယ့် အိမ်ဆောက်လုပ်ခြင်း “ SCG Living Tech” ၊ Anon Pairot နဲ့ ဒီဇိုင်းပူးတွဲတင်ဆက်တဲ့ “Fluctuation of Precision” 3D Cement Printing ၊ IDIN နဲ့ ပူးတွဲဒီဇိုင်း ထုတ်လုပ်ထားတဲ့ SCG 3 Décor System တို့ ပါဝင်ပါတယ်။

S2017CG2

ဝင်ရောက်ပြသခဲ့တဲ့နည်းပညာတွေ . . .

ပြပွဲမှာ SCG EXPERIENCE နဲ့ SCG HOME SOLUTION တို့က ကျွမ်းကျင်ပညာရှင်တွေက ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး ခန့်မှန်းကုန်ကျစရိတ်တွေအတွက် ဧည့်သည်တွေကို အခမဲ့တိုင်ပင် ဆွေးနွေးပေးသွားခဲ့ပါတယ်။ SCG ပြခန်းမှာ Customer တွေရဲ့ နေအိမ်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ GEOLUXE & Grande Collection ၊ Tiger Brand ၊ SCG BUILDING TECH ၊ SCG Eldercare Solution ၊ SCG Green Building Solution ၊ WINDOSOR နဲ့ Shinkolite တို့လည်း ပါဝင်ပြသခဲ့ပါတယ်။

S2017CG3

မြန်မာနိုင်ငံအတွင်း SCG ရဲ့ လုပ်ငန်းအခြေအနေများ . . .

SCG ဟာ မြန်မာနိုင်ငံအတွင်းမှာ ဘိလပ်မြေစက်ရုံတည်ဆောက်ထားသလို၊ ဈေးကွက်အခိုင်အမာရထားပြီးတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ SCG ဘိလပ်မြေ၊ SCG အင်္ဂတေဘိလပ်မြေ၊ SCG အမိုးပြား၊ SCG ဘုတ်ပြား၊ သစ်သားအစားထိုး SCG Smartwood နဲ့ SCG အပူကာပစ္စည်းစသဖြင့် ရရှိနိုင်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံတွေမှာ ဘိလပ်မြေနဲ့ ဆောက်လုပ်ရေးပစ္စည်းကဏ္ဍမှာ ကျွမ်းကျင်သူဖြစ်တဲ့ SCG အနေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်းသစ်တီထွင်မှုနဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက်မှုပိုင်းမှာ အထူးအလေးထားကြောင်းလည်း လေ့လာသိရှိရပါတယ်။

S2017CG4

ပွဲနဲ့ပတ်သက်လို့ SCG Cement Co Ltd ရဲ့ Innovation and Technology Director MR. SANIT KESSUWAN အခုလို ပြောပြပေးခဲ့ပါတယ် . . .

ဒီနှစ်အတွက် အဓိက Concept က “Your iDeal Home by SCG Experience” ဆိုတော့ ကျွန်တော်တို့က ပိုမိုကောင်းမွန်တဲ့ လူနေမှုပုံစံရရှိစေမယ့် နည်းပညာကို အထူးပြသသွားမှာ ဖြစ်ပါတယ်။ Consumer တွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ သက်သာသက်သာနေထိုင်နိုင်ခြင်း၊ အတူတကွ နေထိုင်နိုင်ခြင်း၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ခြင်းဆိုတဲ့ အရည်အသွေးသုံးခုနဲ့ ပိုကောင်းအောင် ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။ နည်းပညာတိုင်းမှာ လုပ်ဆောင်ချက်အသီးသီးရှိပေမယ့် အားလုံးရဲ့တစ်ခုတည်းသော ရည်မှန်းချက်ကတော့ နေအိမ်မှာ နေထိုင်သူအချင်းချင်း ဘယ်လိုအပြန်အလှန်အကျိုးပြုမယ်၊ ဘယ်လိုပတ်ဝန်းကျင်ကို ဖန်တီးကြမယ်ဆိုတာတွေကို တိုးမြှင့်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လေဝင်လေထွက်ကောင်းအောင် ဒီဇိုင်းဖန်တီးပေးထားမှုက နေထိုင်ရတာ ပိုပြီးသက်သောင့်သက်သာဖြစ်အောင် အပူချိန်ကို ထိန်းညှိပေးနိုင်တယ်၊ စိုထိုင်းမှုကို နည်းစေတယ်၊ လေဝင်လေထွက်ကောင်းစေတယ်။

ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍမှာ 3D ပုံနှိပ်နဲ့အတူ ဆန်းသစ်ထားတဲ့ ဘိလပ်မြေကို အဓိက ပစ္စည်းအဖြစ်ထားပြီး ဗိသုကာလက်ရာ တည်ဆောက်ပုံကို ပြသတာ SCG က ပထမဆုံးပါပဲ။ ၂၀၁၅ ခုနှစ်ပြပွဲမှာ Helix and Corolla ကို စတင်မိတ်ဆက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ Y-Box ပြခန်းအဖြစ် 21 st C.Cave ကို ပြသခဲ့ပါတယ်။ ဒီနှစ်မှာတော့ အရင်ပြသဖူးတဲ့ ဆောက်လုပ်ရေးလုပ်ငန်းကနေစပြီး နေ့စဉ်နေထိုင်မှုဘဝကို အနီးစပ်ဆုံး ကိုယ်စားပြုတဲ့ ပရိဘောဂနဲ့ ဥယျာဉ်ပန်းမန်းမွမ်းမံ အလှဆင်တဲ့ အပြောင်မြောက်ဆုံးလက်ရာ Masterpiece တွေ အထိတိုင်အောင် 3D ဆန်းသစ်ပုံနှိပ်ထားတာတွေကို အစဉ်လိုက်ပြသထားမှာ ဖြစ်ပါတယ်။ ဒါအပြင် အရိပ်ရစေပြီး အိမ်တွင်းကို အပူဝင်ရောက်မှုကို လျော့ကျစေတဲ့ 3Decor Screen System နဲ့ နေအိမ်ကို လှပလက်ရာမြောက်စေတဲ့ အံ့မခန်း 3D Pattern တွေကိုလည်း ပြသထားပါတယ်။ အချိန်အများစုကို ဗိသုကာပညာရှင် Jiravej Hongaskul နဲ့ ပူးပေါင်းပြီး တင်ဆက်ထားပါတယ်။

မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာဆိုရင် Architect နဲ့ပတ်သက်ပြီး အများကြီးလုပ်ဆောင်နေကြပါတယ်။ နိုင်ငံအသီးသီးမှာ လိုအပ်တဲ့ ဘိလပ်မြေအရည်အသွေးတွေ မတူတာကြောင့် အရင်းဆုံးကွင်းဆင်း လေ့လာပြီးတော့မှ ဘယ်နိုင်ငံကတော့ ဘယ်လို Product တွေနဲ့ ပိုပြီးသင့်တော်မယ်ဆိုတာ သိရပါတယ်။

အခုဆိုရင် မြန်မာနိုင်ငံအတွက် မော်လမြိုင်မှာ ဘိလပ်မြေစက်ရုံတစ်ခု တည်ဆောက်နေပါတယ်။ Plan က အခုမှ တည်ဆောက်နေတာဖြစ်တဲ့အတွက်ကြောင့် Operation တော့ မစနိုင်သေးပါဘူး။ တကယ်လို့ ဒီစက်ရုံကြီးပြီးသွားမယ်ဆိုရင် မြန်မာနိုင်ငံအတွက် ပိုပြီးကောင်းမွန်တဲ့ ဘိလပ်မြေအရည်အသွေးတွေကို အကောင်းဆုံးဈေးနှုန်းတွေနဲ့ ဒေသခံတွေရရှိနိုင်ဖို့ ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။

အယ်ဒီတာအဖွဲ့