Apple က ကွေးညွတ်နိုင်တဲ့မျက်နှာပြင်၊ ပိုကောင်းတဲ့အာရုံခံစနစ်တို့ပါဝင်တဲ့ စမတ်ဖုန်းထုတ်ဖို့စီစဉ်နေ

Apple copy Apple Inc ဟာ ကွေးညွှတ်နိုင်တဲ့ ဖန်သားပြင်နဲ့ Sensor အာရုံခံမှု ပိုကောင်းတဲ့  iPhone အသစ်တစ်မျိုးကို တီထွင်လျက်ရှိကြောင်း သိရပါတယ်။ အဲဒီမျက်နှာပြင် ၄.၇ လက်မနဲ့ ၅.၅ လက်မရှိတဲ့ ဖုန်းသစ်နှစ်မျိုးဟာ Apple ရဲ့အကြီးဆုံး iPhone တွေ ဖြစ်လာပါမယ်။ ဒီဖုန်းတွေကို နောက်နှစ်တတိယသုံးလပတ်မှာ ရောင်းချဖွယ်ရှိကြောင်း  Bloomberg  စီးပွားရေးသတင်းအရ သိရပါတယ်။