၂၀၁၃ ခုနှစ်အတွင်း Apple ရဲ့ App store မှာ သုံးစွဲသူတွေ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံသုံးစွဲခဲ့

ပြီးခဲ့တဲ့နှစ်အတွင်းမှာ သုံးစွဲသူတွေဟာ Apple ရဲ့ App store မှာ Minecraft ၊ Angry Birds Star Wars နဲ့ Sleep Cycle တို့လို App တွေအတွက် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲခဲ့ကြတယ်လို့ Apple ကဆိုပါတယ်။  ဒီဇင်ဘာလကတော့ ဖောက်သည်တွေက App store မှာအမေရိကန်ဒေါ်လာ ၁ ဘီလီယံသုံးစွဲခဲ့ကြတဲ့အတွက် Apple ရဲ့ App store သမိုင်းမှာ အအောင်မြင်ဆုံးလဖြစ်ခဲ့ပါတယ်။ Apple ရဲ့ App Store မှာ iPhone ၊iPad နဲ့ iPod Touch တို့အတွက် App ပေါင်းတစ်သန်းကျော် ရရှိနိုင်ပါတယ်။ ဂိမ်းတွေအပြင် မဂ္ဂဇင်းတွေ၊ ခရီးသွားလုပ်ငန်း၊ စီးပွားရေး၊ ကျန်းမာရေးတို့နဲ့ ဆိုင်တဲ့ App တွေလည်း ရနိုင်ပါတယ်။ Apple ဟာ iPhone အတွက် App ပေါင်းငါးရာထုတ်လုပ်ပြီး တစ်နှစ်အကြာ ၂၀၀၈ ခုနှစ်မှာ App store ကို စတင်ဈေးကွက်မိတ်ဆက်ခဲ့တာဖြစ်တယ်။

Ref : AP