Apollo Towers Myanmar ရဲ့ Managing Director Philippe Luxcey

philippeluxcey1

Telecom Operator တွေအတွက် Tower တွေ Service ပေးနေတဲ့ Apollo Towers Myanmar ကို သွားရောက်ခဲ့ပြီး Apollo Towers Myanmar ရဲ့ လက်ရှိလုပ်ငန်းတွေ၊ မြန်မာနိုင်ငံရဲ့  Telecom Sector ရှေ့ရေး၊ မြန်မာနိုင်ငံမှာ တွေ့ကြုံရတဲ့အခက်အခဲနဲ့ သူတို့ရဲ့ CSR လုပ်ငန်းတွေအကြောင်းကို Apollo Towers Myanmar ရဲ့ Managing Director ဖြစ်သူ Philippe Luxcey နဲ့ အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။

လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော်က Telecom Engineer ပညာရှင်တစ်ယောက်ပါ။ ကျွန်တော်လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်ကတည်းက ပြင်သစ်မှာရှိတဲ့ World Top-Ten Operator ဖြစ်တဲ့ Orange ရဲ့ Telecom လိုင်းဘက်မှာ တာဝန်ယူခဲ့တယ်။ Marketing ပိုင်း၊ Management ပိုင်းစတာတွေမှာ လုပ်ကိုင်ခဲ့တယ်။ ၁၉၉၅ ခုနှစ်လောက်မှာ Orange မှာပဲ ကျွန်တော် Mobile လုပ်ငန်းဘက်ကို ပြောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ ပထမဆုံးသော Mobile Operation ကို Launch လုပ်ခဲ့တာက တီဟီတီဆိုတဲ့ ကျွန်းငယ်လေးမှာပါ။ အဲဒီမှာ GSM လိုင်းကို အသုံးပြုနိုင်ခဲ့ပြီး အဲဒါဟာ ပစိဖိတ်ဒေသမှာ ပထမဆုံးသော GSM Network ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက France Telecom မှာ GSM Standard နဲ့ ပတ်သက်ပြီး American Starndard ၊ European Standard စသဖြင့် Competition တွေ တအားများခဲ့တယ်။ ၁၉၉၆ နှစ်ကုန်မှာ ပထမဆုံး France Telecom ကို Ivory Coast မှာ Launch လုပ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်ကုန်မှာ ကျွန်တော် ပြင်သစ်ဈေးကွက်ကို ပြန်လာခဲ့ပြီး Prepaid Product တွေအတွက် တာဝန်ယူလုပ်ကိုင်ခဲ့တယ်။ ၂၀၀၃ ခုနှစ်လောက်အထိ Project Director အဖြစ် 3G Network အတွက် အလုပ်လုပ်ခဲ့တယ်။ ၂၀၀၃ ခုနှစ်မှာတော့ ပြင်သစ်နိုင်ငံ အပြင်ဘက်ဖြစ်တဲ့ အာဖရိက၊ အရှေ့အလယ်ပိုင်းနဲ့ ကာရေဘီယံစတဲ့ နိုင်ငံပေါင်း ၃၀ ကျော်မှာ Vice President အဖြစ် တာဝန်ယူရင်း ခရီးတွေ အများကြီးသွားခဲ့ရတယ်။ Technical ၊ Marketing ပိုင်းနဲ့ IT ပိုင်းဆိုင်ရာတွေမှာ Operational Support ပေးတယ်။ ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလမှာ ကျွန်တော် Cameroon ကို CEO အဖြစ် ပြောင်းခဲ့တယ်။ သုံးနှစ်လောက်နေပြီးတော့ အာဖရိကက Uganda ကို ပြောင်းတယ်။ နောက်ပိုင်း ကျွန်တော် Orange ကနေ အနားယူပြီးတော့ Apollo Towers မှာ အလုပ်ဝင်ပါတယ်။ Apollo Towers ရဲ့ Shareholder နဲ့ Management က ကမ်းလှမ်းတဲ့အတွက် ၂၀၁၄ ခုနှစ်၊ ဇွန်လကနေစပြီး မြန်မာနိုင်ငံမှာရှိတဲ့ Apollo အတွက် အလုပ်လုပ်နေပါတယ်။

မြန်မာပြည်မှ လက်ရှိ Tower လုပ်ငန်းများ Apollo Tower လိုပဲ နိုင်ငံခြားပိုင် Tower Operator လေးခုလောက် ရှိပါတယ်။ မြန်မာပိုင် Tower Operator တွေလည်းရှိလာပါပြီ။ ဝန်ဆောင်မှုတွေနဲ့ ဈေးနှုန်းနဲ့ ယှဉ်ပြိုင်နေကြပါတယ်။ တချို့က Power  မီးပါပေးနိုင်တယ်။ တချို့ကမြန်မြန်တောင်ပေးနိုင်တယ်။ ဒါပေမဲ့ မီးမပါပါဘူး။

မြန်မာနိုင်ငံနဲ့ Apollo Project များ . . .

မြန်မာနိုင်ငံမှာ ဟိုးအရင်က MPT ပဲ ရှိခဲ့တယ်။ နောက်ပိုင်းအစိုးရက Telecom လိုင်စင်တွေ ချပေးလာတယ်။ များသောအားဖြင့် Operator တွေက Tower တွေကို Outsource လုပ်ပြီး သူတို့ကတော့ ဘယ်လိုနည်းပညာ သုံးမယ်၊ Marketing ပိုင်း ဘာတွေလုပ်မလဲ၊ Distribution လမ်းကြောင်း စတာတွေအတွက် အချိန်ပိုပေးကြတယ်။ Outsource လုပ်ဖို့ စဉ်းစားလာတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Telecom Tower တွေ ဆောက်လုပ်ရာမှာရင်းနှီးမြှုပ်တယ်၊ တာဝါတွေပြီးတဲ့အခါ Telecom Operator တွေကို ငှားတယ်။ Real Estate လုပ်ငန်းသဘောမျိုးပါပဲ။ ကျွန်တော်တို့အဖွဲ့ရဲ့ အားသာချက်ကတော့ Operator တွေအတွက် Power ကိုပါ ထောက်ပံ့ပေးတာပါပဲ။ Telecom Industry မှာ ကျွန်တော်တို့ 48 Volt DC ကို သုံးတယ်။ တရုတ်၊ ပြင်သစ်၊ အမေရိကန် စတဲ့ တစ်ကမ္ဘာလုံးမှာရှိတဲ့ Telecom တွေဟာ 48 Volt DC ကို သုံးကြတယ်။

ပြည်ပ Telecom Operator နဲ့ Tower . . .

Tower အတွက်ဆိုရင်တော့ Telecom Operator တွေ အနေနဲ့က ဝယ်လိုက်တာ ပိုလွယ်တယ်။ ဘာလို့လဲဆိုတော့ Challenge လျော့သွားပါတယ်။ Tower ဆောက်ဖို့စီမံချက်တွေ ချစရာမလိုဘူး။ အချိန်ကုန်သက်သာတယ်။ Revenue ပြန်ရတာလွယ်ကူမြန်ဆန်တယ်။ ရောင်းသူနဲ့ဝယ်သူကြား ငွေကြေးအဆင်မပြေမှုတွေလည်း နည်းတယ်။ Tower ဝယ်တဲ့အတွက် Tower Equipment တွေ ကောင်းကောင်းအလုပ်လုပ်လား၊ ဘယ်ဟာကိုတော့ Refresh ပြန်လုပ်သင့်လဲ၊ ဘယ်လ ိုMaintain လုပ်မလဲဆိုတာလောက်ပဲ သတိထားကြည့်ဖို့ လိုတယ်။

မြန်မာနိုင်ငံအကျယ်အဝန်းနဲ့ လိုအပ်မယ့် Tower အရေအတွက် . . .

မြန်မာနိုင်ငံလိုနေရာမျိုးက အနည်းဆုံး Tower တစ်သောင်း-တစ်သောင်းနှစ်ထောင်လောက်ရှိဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ Oxford Business Group ရဲ့ စစ်တမ်းအရတော့ တာဝါတိုင်နှစ်သောင်းကျော် လိုအပ်တယ်လို့ ဖော်ပြပါတယ်။ ပုဂ္ဂလိကရော၊ MPT ရော ပေါင်းရင် လက်ရှိတာဝါတိုင်က လေးထောင်-ငါးထောင်လောက် ရှိနေပါပြီ။ Telenor တစ်ခုတည်းတင် ရှစ်ထောင်လောက် လိုမယ်လို့လည်း မှန်းပါတယ်။ အမှန်က Traffic ပေါ်မူတည်ပြီး လုပ်သွားရမှာပါ။ သုံးတဲ့သူနည်းရင် Coverage ကကျယ်ပြီးTraffic ပြဿနာသိပ်များပေမဲ့ လူသုံးများရင် တိုင်ထပ်လိုမှာပါပဲ။ အင်ဒိုနီးရှားမှာတော့ ခုထိချဲ့နေရတုန်းပါ။

တာဝါတိုင်တစ်တိုင်စိုက်ဖို့အတွက် လိုအပ်ချက် . . .

မြေအကျယ် စတုရန်းပေ နှစ်ထောင်-သုံးထောင် လောက်ဆိုရပါပြီ။ ကျွန်တော်တို့က Power Supply ပါလုပ်တော့ မီးစက်အတွက် မြေနေရာထည့်တွက်ဖို့ လိုပါတယ်။ သစ်တောမြေဆိုရင်လည်း ဝန်ကြီးဌာနနဲ့ One Master Contract တစ်ခါတည်း ဆွေးနွေးရပါတယ်။ လယ်ယာမြေကနေ ဆောက်လုပ်လို့ရတဲ့ Permit ရဖို့ ခြောက်လ၊ ရှစ်လ ကြာပါတယ်။ လယ်/ဆည်ဝန်ကြီးဌာနနဲ့ ညှိရမယ်။ တာဝါအနိမ့်အမြင့်ကတော့ ဘေးပတ်ဝန်းကျင်နဲ့ အောက်ခံမြေပေါ် မူတည်ပါတယ်။ ပိုမြင့်လေပိုကောင်းလေပဲဆိုပေမဲ့ မလိုအပ်ဘဲ အမြင့်ကြီးလုပ်ရင်လည်း စရိတ်ပိုကုန်ပါလိမ့်မယ်။ တောင်ကုန်းပေါ်တို့၊ လယ်ကွင်းပြင်တို့ဆို သိပ်မြင့်ဖို့မလို။ ပြဿနာက ရန်ကုန်လိုမြို့တွေမှာသာ ခေါင်မိုးပေါ်ထောင်ရင် ပိုမြင့်လေပိုကောင်းပေမဲ့ အောက်ခံတိုက်တွေ ခံနိုင်မခံနိုင်က မသိဘူး။ ဒါကြောင့် YCDC ကလည်း လွယ်လွယ်ကူကူ မချပေးဘဲ ထိန်းထားတယ်။

မြန်မာနိုင်ငံရဲ့ Telecom Sector ရဲ့ ရှေ့ရေး . . .

အခုချိန်ပြောဖို့က ခက်ပါတယ်။ ကျွန်တော်တို့ ကြည့်နေတုန်းပါ။ Telenor ကတော့ Market Approach လုပ်ရာမှာ အောင်အောင်မြင်မြင် Launch လုပ်နိုင်ခဲ့တယ်။ MPT ဆိုရင် Marketing ပိုင်းရော၊ Network ပိုင်းရော၊ ဈေးနှုန်းပိုင်းရော တဖြည်းဖြည်း ပြောင်းလဲခဲ့လာတယ်။ Ooredoo ကတော့ အရေအတွက်အရရော၊ နေရာအနေအထားပါ Telenor လောက် သိပ်မများဘူး။ ဒါပေမဲ့ Ooredoo က သူတို့တွေက Technology ပိုင်းဆိုင်ရာ တိုးတက်လာပြီး ကောင်းမွန်တဲ့ 3G တွေ၊ ဒါမှမဟုတ် Mass Market သုံးလာတာတွေ ပြောင်းလာမယ်ထင်တယ်။ ဒါပေမဲ့ ရေရှည်မှာက တစ်ဦးတည်းနံပါတ်တစ် ပြေးပြီး တစ်ဦးတည်းကျန်ရင်လည်း မဖြစ်နိုင်ဘူး။ ပြိုင်ဘက်ရှိမှ Customer အတွက် အဆင်ပြေမှာပါ။ အားလုံးနံပါတ်တစ်ဖြစ်နေရင် အကောင်းဆုံးပါပဲ။

လုပ်ငန်းတွေချဲ့ဖို့က ပြည်နယ်တွေဆီရောက်ရင် ကချင်ပြည်အစိုးရ/ KIA ဆက်ဆံရမယ်။ သူတို့အတွက် အကျိုးရှိအောင် လုပ်ပေးရတော့မယ်။ သူတို့ဆီက Sub-contractor တွေသုံးဖို့ ပြောကောင်းပြောလာမယ်။ အခုအဲဒါတွေ စညှိနေတယ်။ မြေက တဖြည်းဖြည်းလယ်ကွင်းတွေဆီ ရောက်သွားတော့  လယ်သမားတွေနဲ့ ညှိရမယ်။ ခက်တာက ကျွန်တော်တို့ဆီမှာ ပိုင်ဆိုင်မှုက မခိုင်မာတော့ ပိုင်ဆိုင်မှုအထောက်အထားအတွက် စာအုပ်ရခက်တယ်။ ငှားလို့ရမှ ငွေချပေးမှာ။ အဲဒီအထောက်အထား သေချာမှဆိုတော့ အချိန်ကြာတယ်။ ပြီးစလွယ်လုပ်လိုက်ရင် Tower ထောင်လို့ရမယ်။ နောက်သက်တမ်းတိုးရင် ဒုက္ခရောက်မယ်။ Tower တိုင်ကြီးကလည်း အခြေစိုက်ထောင်ထားပြီးရင် ဖြုတ်လို့မရဘူး။

မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့အခက်အခဲ . . .

မြန်မာနိုင်ငံရဲ့ အခြေအနေမျိုးကို အာဖရိက တခြားနေရာတွေမှာလည်း နီးနီးစပ်စပ်တွေ့ခဲ့ပါတယ်။ Infrasturcture ပိုင်းတွေ၊ လမ်း၊ Electricity ပိုင်းစတဲ့ ပုံစံတွေက အတူတူပဲဖြစ်တယ်။ ဒါကြောင့် ကျွန်တော့်အတွက်က မြန်မာနိုင်ငံပဲလာလာ၊ အာဖရိကပဲသွားသွား Suprised မဖြစ်ပါဘူး။ ဒီမှာ အခက်အခဲတွေ တွေ့ရသလို အာဖရိကနဲ့ တခြားနေရာတွေမှာလည်း ဆင်တူတဲ့ အခက်အခဲတွေ တွေ့ရတာပါပဲ။ ဒီမှာက Communication အတွက် ကောင်းမွန်တဲ့ Main Road မရှိဘူး။ Quality of Power နဲ့ Quality of Agreement က အာဖရိကနဲ့ကွာတယ်။ ဒီမှာက ပြောထားတာထက် ပိုနည်းသွားတာမျိုးတွေ ရှိတတ်တယ်။ Voltage မမှန်တာတွေ ဖြစ်တတ်တဲ့အတွက် ကျွန်တော်တို့လို Software Development အတွက် Management လုပ်ရတဲ့သူတွေအတွက် ညှိရတာနည်းနည်းတော့ ခက်ပါတယ်။ နောက်ပြီး ဒီမှာက Telecom Ecosystem မရှိပါဘူး။

Sector အသစ်ဆိုတော့ ခွင့်ပြုချက်အသစ် စလျောက်တုန်းက တိုက်၊ Condo ဆောက်သလို အထောက်အထားတွေ တောင်းတယ်။ နောက်မှ နားလည်လာပြီး Tower တိုင်တစ်ခုနဲ့တစ်ခု သိပ်မကွာတာ သိလာတော့မှ ပိုအဆင်ပြေလာတယ်။

လိုင်စင်ချပေးတာက ၂၀၁၄ ခုနှစ်၊ မတ်လမှာ မြေငှားပစ္စည်းသွင်းနဲ့ ဇွန်၊ ဇူလိုင် ရောက်သွားတော့ မိုးတွင်းနဲ့တွေ့ပြီး Logistic ဒုက္ခရောက်ခဲ့ရတယ်။

မီးပျက်လို့ မီးစက်နှိုးတဲ့အခါ ရွာတွေမှာက ညဘက်ဆိုရင် နားငြီးတယ်ဆိုပြီး မီးစက်ကို လာပိတ်သွားကြတယ်။ Connection က ၂၄ နာရီလုံး ပြတ်လို့မရတော့ အခုကျွန်တော်တို့ဘက်ထရီတွေ ဖြည့်ထားရတယ်။ အကုန်အကျများသွားပေမဲ့ အဆင်ပြေသွားပါတယ်။ နေ့လယ်ဘက်မီးပျက်ရင် မီးစက်မောင်းပြီး ညဘက်မီးပျက်ရင် ဘက်ထရီနဲ့ အားပေးပါတယ်။

မြန်မာဝန်ထမ်းတွေနဲ့ တွဲလုပ်ရတဲ့အတွေ့အကြုံ . . .

ဒီလုပ်ငန်းက နိုင်ငံခြားကုမ္ပဏီ၊ Main Contractor ကလည်း နိုင်ငံခြားသား၊ Sub Contractor ကမှ မြန်မာဖြစ်နေတာ့ ဒီ Revenue က မြန်မာတွေဆီ ထင်သလောက် မရောက်ပါဘူး။ မြေကြီးတူးဆောက်ရတဲ့ မြန်မာ Contractor တွေဆီ ရောက်တာနည်းသွားရင် သူတို့ကလည်း ခိုမှာပေါ့။ ဆယ်ပေတူးရမှာကို ခြောက်ပေလောက်တူးတာမျိုး ဖြစ်လာနိုင်တယ်။ Local နဲ့ တိုက်ရိုက်တန်းလုပ်တော့လည်း Manage လုပ်ရတာခက်တယ်။ Local နဲ့ တိုက်ရိုက်မတွေ့ပြန်တော့လည်း Communication ကွဲလွဲတာတို့၊ Quality နဲ့ Check လုပ်ရတာတို့ရှိတယ်။ ဒါပေမဲ့ Foreign Contractor တွေမှာက အမြဲတမ်း Funding ရှိတယ်။ Tower လုပ်ငန်းက အကြွေးစနစ်နဲ့ လုပ်ရတာ။ တစ်တိုင်ကို ဒေါ်လာတစ်သိန်းဆိုရင် စရန်တစ်သောင်းချပေးတယ်။ Contractor က အိပ်စိုက်ပြီး အကုန်ပြီးလို့ အိုကေပြီဆိုတော့မှ ငွေချေတယ်။ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ဒီအကြွေးစနစ်ပါပဲ။ Telenor တို့ လက်မှတ်ထိုးတဲ့ Contract က ၁၂ နှစ်၊ ၁၅ နှစ် ကြာတယ်။ Revenue က ပုံမှန်ဝင်မယ် ဆိုတော့ ငွေချေရတာက အဆင်ပြေတယ်။ Local  လုပ်ငန်းရှင်တွေက Bank ချေးငွေအလွယ်တကူမရတဲ့အတွက် ဒီလုပ်ငန်းရဲ့ Value Add ကို မြန်မာကုမ္ပဏီတွေ အပြည့်အ၀ မခံစားရတော့ဘူး။

CSR ပိုင်းနဲ့ပတ်သက်ပြီး . . .

ရေဘေးအတွက် လှူဒါန်းတာတွေရှိတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ Tower ပြင်ဖို့ ၂၄ နာရီလုံး အလုပ်လုပ်ရတော့ First Aid ကအစ Communication အဆုံး အားလုံး ပြင်ဆင်ထားပေးတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ Mission ကို Public Service တစ်ခုအနေနဲ့ ကြည့်တဲ့အခါကျတော့ ကျွန်တော်တို့က Operator တစ်ခုချင်းစီတိုင်းအတွက် အကောင်းဆုံး Service ကိုပေးဖို့ တာဝန်ရှိတယ်။ ပြည်သူတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာမဟုတ်တဲ့ Public Service Mission ပါ။ ကျွန်တော်တို့နိုင်ငံမှာ Telecom ကိုု အသုံးပြုသူများလေလေ ဒီ Sector က အရေးကြီးလေ၊ Operator တွေ အောင်မြင်လေ ကျွန်တော်တို့အတွက်လည်း အောင်မြင်လေပါပဲ။

အယ်ဒီတာအဖွဲ့