ဆောက်လုပ်ရေးမှာQuality ကို အဓိကထားတဲ့ AOA Construction

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာတစ်ခုဖြစ်တဲ့ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုဟာလည်း အရေးကြီးပါတယ်။ အဲဒီလို အခြေခံအဆောက်အအုံနဲ့ပတ်သက်ရင် အရေးကြီးဆုံးအပိုင်းဖြစ်တဲ့ အရည်အသွေးပိုင်းကို အကောင်းဆုံးလုပ်ဆောင်ပေးဖို့လည်း လိုပါသေးတယ်။ ဒါကြောင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာနဲ့ပတ်သက်ရင်Quality ကိုသာ ဦးစားပေးဆောက် လုပ်ပေးနေ တယ်ဆိုတဲ့ မန္တလေးက AOA Construction Co Ltd  ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမျိုးမင်းလှိုင်နဲ့တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

[caption id="attachment_8643" align="alignnone" width="370"]မန်နေးဂျင်းဒါရိုက်တာဦးမျိုးမင်းလှိုင် မန်နေးဂျင်းဒါရိုက်တာဦးမျိုးမင်းလှိုင်[/caption] လုပ်ငန်းစတင်တည်ထောင်တဲ့ခုနှစ် ကျွန်တော်က ၂၀၀၃ ခုနှစ်မှာBE ပြီးတယ်။ ၂၀၀၆ ခုနှစ်မှာMaster of Engineering   ကျောင်းပြီးသွားပြီး တော့ အကြောင်းအမျိုးမျိုးကြောင့် ကုမ္ပဏီမတည်ထောင် ဖြစ်ဘူး။ ကုမ္ပဏီတည်ထောင်ဖြစ်တာက ၂၀၁၃ ခုနှစ် မှာပါ။ အရင်တုန်းက အင်ဂျင်နီယာတစ်ယောက်အနေနဲ့ပဲ အဆောက်အအုံတွေကို ဆောက်တယ်။ ကုမ္ပဏီအနေနဲ့  မဆောက်သေးဘူး။ ကျွန်တော့်ရည်ရွယ်ချက်က အင်ဂျင် နီယာဖြစ်ချင်လို့  အိမ်ဆောက်ချင်လို့ အင်ဂျင်နီယာဘာ သာရပ်ကို လေ့လာခဲ့တာပါ။ ကျွန်တော့်မှာ တခြားရွေး ချယ်စရာလေးတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ငယ် ငယ်ကတည်းက ဒီပညာရပ်ကို စိတ်ဝင်စားခဲ့တဲ့အတွက် ကျွန်တော့်အိပ်မက်အတိုင်း အကောင်အထည် ဖော်နိုင်ခဲ့ တယ်။ ဒီလုပ်ငန်းကို ကျွန်တော်ကိုယ်တိုင်ဦးစီးပြီးဆောင် ရွက်တယ်။ ၂၀၀၆ ခုနှစ်က စတင် လုပ်ကိုင်ခဲ့တာဆို တော့ သက်တမ်းအားဖြင့် ခုနစ်နှစ် လောက်ရှိပါပြီ။   ကုမ္ပဏီနာမည်ပေးဖြစ်ပုံ ကုမ္ပဏီရဲ့နာမည်ကို  Arch Of  Ayeyarwady (AOA) Co Ltd  လို့ပေးထားတယ်။ ပေးဖြစ်တဲ့ အကြောင်းအ ရင်းက ဧရာဝတီက ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့အထိမ်းအမှတ်တစ်ခုဖြစ်တာရယ် Archi ဆိုတဲ့ ဗိသုကာသဘောလေး နဲ့ ပေါင်းကူးတံတားလေးကို ဖော်ညွှန်းချင်တဲ့အတွက် ဒီနာမည်လေးကို ရွေးချယ်ဖြစ်သွားတာပါ။   တာဝန်ယူမှုအပိုင်း ကျွန်တော်ရဲ့ Customer  တွေကို အကောင်းဆုံးဖန်တီးပေး နိုင်ဖို့နဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင် ဖို့အတွက်က အဓိကဖြစ်ပါတယ်။ လိုအပ်ချက်လို့ဆိုတဲ့ နေရာမှာ သူတို့အနေနဲ့ Knowledge   လိုကောင်းလိုလိမ့် မယ်။ အဲဒါကို ကျွန်တော်သိတဲ့ Knowledge  တွေကို မျ ဝေပေးတာမျိုး လုပ်ပေးတယ်။ ကိုယ်လုပ်ထားတဲ့ အလုပ် ပေါ်မှာလည်း အပြည့်အ၀ တာဝန်ယူပေးတယ်။ နောက်ပြီး ဝန်ထမ်းတွေရဲ့ နေရေးထိုင်ရေး၊ သူတို့ဘဝမြှင့်တင်တဲ့ အ ပိုင်းမှာလည်း တာဝန်ယူလုပ်ဆောင်ပေးတယ်။   လုပ်ငန်းလုပ်ကိုင်မှုနဲ့ ခန့်အပ်ထားတဲ့ဝန်ထမ်း ပြင်ဦးလွင်နဲ့ မန္တလေးကိုအခြေခံပြီး လုပ်ငန်းဆောင်ရွက်နေပါ တယ်။ အခြားမြို့တွေ၊ နယ်တွေမှာလည်းDemand တွေ ရှိခဲ့မယ်ဆိုရင်တော့ လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။   ခန့်အပ်ထားတဲ့ဝန်ထမ်းဦးရေက ပြင်ဦးလွင်နဲ့ မန္တလေးပေါင်းရင် စုစုပေါင်း ၃၀ ဝန်းကျင်ရှိပါတယ်။ အင်ဂျင်နီယာတွေ၊ Architect တွေ၊နောက်ပြီး အခြားဝန်ထမ်းတွေပါဝင်ပါတယ်။   ဆောက်လုပ်ပေးတဲ့ အဆောက်အအုံ ဆောက်လုပ်တဲ့ အဆောက်အအုံအမျိုးအစားအနေနဲ့ လူနေ အိမ်တွေကိုပဲ ဆောက်ပါတယ်။ အင်ဂျင်နီယာလုပ်ငန်းမှာဆိုရင် လမ်း၊ တံတား၊ ဆည်၊ အိမ်၊ အမျိုးအစားခွဲလို့ရပါတယ်။ ကျွန်တော့်အနေနဲ့ လူနေအိမ်ကိုဆောက်တဲ့ မြို့ပြအင်ဂျင်နီယာ ဘာသာရပ်ပိုင်းကို ဝါသနာပါတဲ့အတွက် ဒီအပိုင်းကိုပဲ ဆောင်ရွက်တာဖြစ်ပါတယ်။   အသုံးပြုတဲ့ကုန်ကြမ်းအမျိုးအစား ကုန်ကြမ်းရယူတဲ့နေရာမှာတော့ တကယ်လို့ မန္တလေးမှာ ဆောက်နေတယ်ဆိုရင်တော့ မန္တလေးက သဲ၊ ကျောက်ကို ယူသုံးတယ်။ ပြင်ဦးလွင်မှာ ဆောက်နေတယ်ဆိုရင်တော့ ပြင်ဦးလွင်ပတ်လည်မှာရှိတဲ့ ကုန်ကြမ်းတွေကို ယူသုံးတယ်။ အိမ်ဆောက်ပစ္စည်းသံထည်အမျိုးမျိုးကိုတော့ နိုင်ငံခြားက တင်သွင်းပြီး ယူသုံးပါတယ်။ ဘိလပ်မြေက ပြည်တွင်း ဘိလပ်မြေကိုပဲ သုံးပါတယ်။   အပြိုင်အဆိုင်ကြားမှာ ကိုယ့်ကုမ္ပဏီနာမည်ကိုတည်ဆောက်ထားပုံ အဓိကအားဖြင့် Customer ကို အလေးထားဆောင်ရွက်ပေး တာပါ။ အဆောက်အအုံတစ်ခုပြီးသွားလို့ တည်ဆောက်တဲ့ အရည်အသွေးပိုင်းနဲ့ပတ်သက်လို့ Customer ကို ပြန်မေး ကြည့်လိုက်ရင် Satisfy ဖြစ်ကြတာကို တွေ့ရပါတယ်။ ဥပမာပြောရရင် အဆောက်အအုံတစ်ခုကို Designer  က ပုံဆွဲလို့ ထွက်လာတဲ့အခါမှာ ဒီအဆောက်အအုံက ငလျင် ဒဏ်၊ လေဒဏ် ခံနိုင်၊ မခံနိုင်ပြန်ကြည့်တယ်။ အဲဒီလို ပြန်ကြည့်လိုက်တဲ့အခါမှာ ထည့်ရတဲ့သံထည်ပစ္စည်းတွေက များသွားပြီး ှStructureက ကြီးသွားတယ်။ ကုန်ကျစရိတ် များတာ၊ နည်းတာကိုထည့်မတွက်ဘူး။  အဓိကအရည်အ သွေးကောင်းဖို့နဲ့ အဆောက်အအုံခိုင်မာဖို့ပဲဦးစားပေးပါ တယ်။ ဒါကြောင့် တန်ဖိုးက နည်းနည်းများသွားတတ်တယ်။ အဲဒီတော့ Customer လည်း ရွေးချယ်သတ်မှတ်ပြီးသား ဖြစ်သွားသလို အရည်အသွေးပိုင်းနဲ့ ပတ်သက်လို့လည်း သတ်မှတ်ပြီး သားဖြစ်သွားတယ်။ ဃကျအသာနမ တွေအတွက် စိတ်တိုင်းကျ လုပ်ဆောင်ပေးတာက ကျွန်တော့်ရဲ့ Quality ထိန်းတဲ့အပိုင်း ဖြစ်ပါတယ်။   ဝန်ထမ်းတွေကို လေ့ကျင့်ပျိုးထောင်ပေးပုံ အခုလက်ရှိ ကျွန်တော့်ဝန်ထမ်းတွေကို သင်တန်းတစ်ခု တက်ခိုင်းထားတယ်။ ပြီးရင် သူတို့ကိုလုပ်ပိုင်ခွင့်အပြည့်အ၀ ပေးထားတယ်။ ကျွန်တော်ဝင်ပါစရာမလိုဘဲ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ အပြည့်အဝတာဝန်ယူမှု (Full Resp - onsibility) လုပ်ထားပေးတယ်။ အဲဒီတော့ ဒီရုံးဟာ သူတို့ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေအောင် ပြုလုပ်ပေးထားတယ်။ သူတို့ အမှားတစ်စုံတစ်ရာ လုပ်ခဲ့မယ်ဆိုရင်တောင် နားလည်ပေး တယ်။ ပြုပြင်ပေးတယ်။ ဒီလိုနည်းနဲ့ ကျွန်တော့်ဝန်ထမ်းတွေ ရဲ့ Quality ပိုင်း၊ စွမ်းဆောင်ရည်ပိုင်းတွေကို မြင့်တက် အောင် လုပ်ဆောင်ပေးတယ်။   အဆောက်အအုံတစ်ခု ပြီးစီးချိန်ကာလ အဲဒါကတော့ ဆောက်တဲ့ Customer နဲ့ Negotiate လုပ် တဲ့အပေါ်မှာမူတည်ပါတယ်။RC နှစ်ထပ် အဆောက်အအုံကို နှစ်လနဲ့အပြီးဆောက်ဖူးပါတယ်။ အဲဒါကတော့ ကျွန်တော့် အတွက် ံHigh Speedပါပဲ။ ပုံမှန်အားဖြင့်RC နှစ်ထပ် အဆောက်အအုံကို ငါးလအချိန်ယူပြီး ဆောက်ပါတယ်။  RC သုံးထပ်ကိုတော့ နှစ်နှစ်ကြာအချိန်ယူပြီး တည်ဆောက် ဖူးတယ်။ အဲဒီတုန်းက အိမ်ရှင်က လိုအပ်တဲ့ပစ္စည်းကို ဝယ် ပြီးချပေးမှ ဆောက်ရတဲ့အတွက် အချိန်တော်တော်ကြာ သွားတယ်။ အခုနောက်ပိုင်း အဲဒီလို မဟုတ်တော့ဘူး။ ကိုယ့်ဆီကပစ္စည်းတွေနဲ့ပဲ ဆောက်တော့တယ်။   ကြုံတွေ့ရတဲ့အခက်အခဲတွေ တချို့အိမ်ရှင်တွေရဲ့ လိုအပ်ချက်တွေက မတူကြဘူး။ အ ခြေခံအားဖြင့် သူတို့ကDesign ပုံစံကိုမမြင်တတ်ကြဘူး။ အဲဒီအခါကျရင် ကျွန်တော်တို့အနေနဲ့ အများကြီးရှင်းပြ ရတယ်။ နားလည်အောင် တော်တော်လေး ရှင်းပြရတာတွေ ရှိပါတယ်။ ဆိုဒ်ထဲမှာဆိုရင်လည်း အလုပ်သမားတွေကို ှSafety ဦးထုပ်ဆောင်းပါ။Safety ခါးပတ်ပတ်ပါလို့ အမြဲတမ်း တိုက်တွန်းရပါတယ်။ တစ်ခါတလေ ဒီနေ့ပေး တယ်၊ နောက်နေ့ ပျောက်သွားတာလိုမျိုး စတဲ့အခက်အခဲတွေ ရှိပါတယ်။ ဆောက်လုပ်ရေးပိုင်းမှာ အရေးကြီးဆုံးအချက်တစ်ချက်   ဆောက်လုပ်ရေးပိုင်းမှာ အရေးကြီးတဲ့အချက်တစ်ချက်လို့ ပြောရရင် ဆောက်လုပ်တဲ့ Quality  ပိုင်းကို ပြောချင်ပါတယ်။ ပစ္စည်းမှာလည်း Quality  ရှိတယ်။ လူမှာလည်း Quality  ရှိတယ်။ အတတ်ပညာပိုင်းမှာလည်းQuality  ရှိတယ်။ ဘယ်နေရာပဲဖြစ်ဖြစ် Quality  သာလျင် အဓိကကျတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်။ ဒါကြောင့် Quality  ကတော့ အရေးကြီးဆုံးလို့ ပြောချင်ပါတယ်။   ဆောက်လုပ်ရေးဈေးကွက်အလားအလာ ဆောက်လုပ်ရေးပိုင်းနဲ့ ပတ်သက်လို့ ဈေးကွက်အလားအလာ ကို ပြောရမယ်ဆိုရင်တော့ အခုနောက်ပိုင်း အခြေခံအဆောက် အအုံပိုင်းဆိုင်ရာက အများကြီးလိုအပ်လာတယ်။ လိုအပ်လာတဲ့ အတွက် ဈေးကွက်ကတော့ ရှိနေမှာပဲ။ ဘယ်လိုလူက ဘယ် လို Quality  အမျိုးအစားအဆင့်အတန်းကို ကြိုက်သလဲ။ အာလုံးက ဈေးကွက်တစ်ခုကို Quality    ကောင်းကောင်းနဲ့ ထိန်းမယ်ဆိုရင်တော့ ဒီဆောက်လုပ်ရေး ဈေးကွက်ကြီးက ပိုပြီးမြိုင်ဆိုင်သွားမယ်လို့ ထင်ပါတယ်။    ေဆာက်လုပ်ရေးဈေးကွက်နဲ့ အိမ်ခြံမြေဈေးကွက်ရဲ့ အပြန်အလှန် မူတည်မှု အိမ်ခြံမြေဈေးကွက်ကောင်းလာမယ်ဆိုရင် ဆောက်လုပ်ရေး ဈေးကွက်လည်း ကောင်းလာမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီက မြေဝယ်ပြီးဆောက်တယ်။ ပြန်ရောင်း တာတွေလုပ်ပါတယ်။ အဲဒီဈေးကွက်တွေ အားလုံးကောင်း ရင် ကျွန်တော်တို့ လုပ်ငန်းပိုင်းလည်း ကောင်းပါတယ်။ အခုအချိန်မှာ ပြီးခဲ့တဲ့နှစ်ကလိုမဟုတ်ဘဲ မြေအရောင်းအဝယ် ကိစ္စကအေးတော့ ဝယ်ထားတဲ့မြေကွက်အများစုကို ပိုက်မိ သွားတာမျိုး ဖြစ်သွားတယ်။ နောက်ထပ်ပြောချင်တာရှိရင်   Customer တွေအတွက် အကောင်းဆုံး ဆောင်ရွက်ပေးနေ ပါတယ်။ Customer တွေရဲ့လိုအပ်ချက် (Needs and Wants) တွေကိုလည်း အတတ်နိုင်ဆုံး ကြိုးစားပြီးအားဖြည့်ပေး နေပါတယ်။   ဆက်သွယ်ရန်လိပ်စာ . . . အမှတ်-၂၄၃၊ လမ်း ၈၀ ၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ မန္တလေးမြို့၊ ဖုန်းနံပါတ်တွေက ၀၂-၆၆၃၇၃၊ ၀၉-၄၃၁၄၃၃၃၃၊ ၀၉-၄၉၃၃၄၈၈၈၈ တို့ဖြစ်ပါတယ်။