၁၉၄၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှာ မွေးခဲ့တဲ့ Alan Roger Mulally ဟာ အမေရိကန်လူမျိုးအင်ဂျင်နီယာနဲ့ စီးပွားရေးအမှုဆောင်အရာရှိတစ်ယောက်ဖြစ် ပြီး ၂၀၀၆ ခုနှစ်ကတည်းက Ford မော်တော်ကားကုမ္ပဏီရဲ့ President နဲ့ CEO ဖြစ်ခဲ့ပါတယ်။Ford ဟာ ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့နောက်ပိုင်း စီးပွား ရေးအကျပ်အတည်းကာလအတွင်းမှာ ရုန်းကန်ခဲ့ရပေမဲ့ Mulally ရဲ့ လက် အောက်မှာ အမြတ်ရတဲ့ အခြေအနေကို ပြန်ရောက်ခဲ့ပြီး အစိုးရကပေးတဲ့ ကယ်ဆယ်မှုရန်ပုံငွေကို မယူရအောင် ရှောင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အမေရိ ကန်အဓိကကားထုတ်လုပ်ရေးလုပ်ငန်းကြီးပဲ ဖြစ်ပါတယ်။Ford မှာ Mulally ရဲ့အောင်မြင်မှုတွေကို Bryce G Hoffman ရေးသားပြီး ၂၀၁၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ထူးချွန်သော အမေရိကန်ပုဂ္ဂိုလ်ကျော်တစ်ဦး Alan Mulallyနှင့်Ford မော်တော်ကားကုမ္ပဏီကယ်ဆယ်ရေးတိုက်ပွဲ ဆိုတဲ့ စာအုပ်ထဲမှာ မှတ်တမ်းတင်ထားပါတယ်။
Mulally ဟာ Boeing ကုမ္ပဏီအမှုဆောင်အဖွဲ့ရဲ့ Vice President ဖြစ်သလို Boeing ကူးသန်းရောင်းဝယ်ရေးလေကြောင်းလိုင်း (BCA) ရဲ့ CEO လည်း ဖြစ်ပါတယ်။ သူဟာ အင်ဂျင်နီယာတစ်ယောက်အဖြစ် သူ့ရဲ့ အလုပ်ကို ၁၉၆၉ ခုနှစ်မှာ Boeingကုမ္ပဏီနဲ့ စလုပ်ခဲ့ပြီး ၂၀၀၀ ပြည့်လွန် နှစ်အလယ်ပိုင်းမှာ Airbus ကို ယှဉ်ပြိုင်ပြီးBCA ရဲ့ ပြန်လည်နိုးထလာနိုင်ခဲ့မှု ကြောင့် အကြီးအကျယ် ချီးကျူးဂုဏ်ပြုတာ ခံခဲ့ရပါတယ်။
ငယ်စဉ်ဘဝ
အမေရိကန်စစ်မှုထမ်းမိသားစုတွေရဲ့ ကပွဲမှာ ဆုံစည်းခဲ့ကြတဲ့ Charles R Dick Mulally နဲ့ Lauraine Lizette Clark ဇနီးမောင်နှံဟာ ကယ်လီဖိုးနီးယားပြည်နယ် Oakland မြို့မှာ Mulally ကို မွေးဖွားခဲ့ကြပါတယ်။ Mulally ဟာ သူ့မိခင်ရဲ့ ဇာတိမြို့ဖြစ်တဲ့ Kansas ပြည်နယ်၊ Lawrence မြို့မှာ ကြီး ပြင်းခဲ့ပြီး အဲဒီမြို့က Plymouth ဘုရားကျောင်းဝတ်ပြုအသင်းရဲ့ အသင်းဝင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူကသိက္ခာတော်ရ ဘုန်း တော်ကြီးDale Turner ဟာ သူ့ကိုအောင်မြင်အောင် သွန်သင်ပြသသူ ဆရာတစ်ယောက်လို့ ယူဆခဲ့ပါတယ်။ ဝတ်ပြုပွဲအပေါ် အဲဒီဘုန်းတော်ကြီးရဲ့ သြဇာညောင်းပုံကို လေ့လာဖို့အတွက် ဘုရားကျောင်းရဲ့ရှေ့တန်းမှာပဲ ထိုင် လေ့ရှိခဲ့ပါတယ်။ အသက် ၁၇ နှစ်မှာ သမ္မတဂျွန်အက်ဖ်က နေဒီက လကမ္ဘာပေါ်ကို လူလွှတ်မယ်လို့ စိန်ခေါ်ခဲ့တာကြောင့် သူ့စိတ်ဓာတ်တွေ မြင့်မားတက်ကြွခဲ့ရတယ်လို့လည်း Mulally က ပြောပါတယ်။
Boeing
၁၉၆၉ ခုနှစ်မှာ Mulally ကောလိပ်ကဆင်းဆင်းချင်း Boeing က သူ့ကို အင်ဂျင်နီယာတစ်ယောက်အဖြစ် အလုပ် ခန့်ခဲ့ပါတယ်။ သူဟာ အင်ဂျင်နီယာနဲ့ စီမံခန့်ခွဲရေးရာထူးတော် တော်များများမှာ ဝင်လုပ်ခဲ့ပြီးBoeing 727, 737, 747, 757, 767 နဲ့ 777 စီမံကိန်းတွေမှာ အများကြီးအထောက်အကူ ပြုပေးခဲ့ပါတယ်။ သူဟာBoeing 757 နဲ့ 767 စီမံကိန်း တွေမှာ လေယာဉ်မှူးအခန်းဒီဇိုင်းအဖွဲ့ကို ခေါင်းဆောင်ခဲ့ပါ တယ်။ Boeing ရဲ့ တော်လှန်ပြောင်းလဲထားတဲ့ဒီဇိုင်းဟာ ကူးသန်းရောင်းဝယ်ရေးလေယာဉ်မှာ အားလုံးကို ဒစ်ဂျစ်တယ် ဖြစ်အောင် ပထမဦးဆုံး လုပ်ထားတဲ့လေယာဉ်ဦးခန်းပိုင်း၊ တာ ဝေးလေယာဉ်အတွက် ပထမဆုံးသုံးမယ့် လေယာဉ်မှူးနှစ်ဦးနဲ့ မတူညီတဲ့လေယာဉ်တွေပေါ်က လေယာဉ်မှူးတွေအတွက် တူညီတဲ့အဆင့်သတ်မှတ်ပုံ ပုံစံဆိုတာတွေကို အသားပေးဖန်တီး ထားပါတယ်။ သူက Boeing 777 စီမံကိန်းမှာ ပထမဆုံး အနေနဲ့ အင်ဂျင်နီယာလုပ်ငန်းဒါရိုက်တာတစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလကစပြီး Vice President နဲ့ အထွေထွေမန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့ပါ တယ်။
အဲဒီနောက်မှာ သူဟာ ကူးသန်းရောင်းဝယ်ရေး လေယာဉ်အုပ်စုအတွက် အင်ဂျင်နီယာလုပ်ငန်းမှာ Vice Pre- sident အဖြစ် နေရာပေးတာကို ခံခဲ့ရပါတယ်။ သူဟာ အဲဒီစီမံကိန်းကာလနဲ့ စီမံကိန်းလွန်ကာလတွေမှာ (အဲဒီတုန်းက ကုမ္ပဏီ ဥက္ကဋ္ဌနဲ့ CEO ဖြစ်ခဲ့တဲ့) Phill Condit ရဲ့ 'ပူးပေါင်းလုပ်ကိုင်ခြင်း' ဆိုတဲ့ ဒဿနကို မြှင့်တင်ပေးခဲ့တဲ့အတွက် လူသိများပြီး အသိအမှတ်ပြုခံခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ Mulallyကို လေယာဉ်ဖွံ့ဖြိုးရေးလုပ်ငန်းရဲ့ Senior Vice President အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့ပြီး လေယာဉ်ဖွံ့ဖြိုးမှု လုပ်ငန်း၊ လေယာဉ်စမ်းသပ်မှုလုပ်ငန်း၊ မှန်ကန်ကြောင်းအတည် ပြုထောက်ခံချက်ပေးတဲ့လုပ်ငန်းနဲ့ အစိုးရနည်းပညာဆက်ဆံရေး လုပ်ငန်းအားလုံးကို တာဝန်ခံခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ်မှာ Mulally ဟာ သတင်းအချက်အလက်၊ အာကာသနဲ့ ကာကွယ် ရေးစနစ်တွေရဲ့ President နဲ့ ှSenior Vice President ဖြစ်လာခဲ့ပါတယ်။ သူဟာ ၁၉၉၈ ခုနှစ်ကို ရောက်တဲ့အထိ ဒီရာထူးမှာ လုပ်ကိုင်ရင်း ၁၉၉၈ ခုနှစ်မှာတော့Boeing ကူး သန်းရောင်းဝယ်ရေးလေယာဉ်လုပ်ငန်းကြီးရဲ့ President ရာ ထူးကို ရခဲ့ပြီး ၂၀၀၁ ခုနှစ်မှာတော့ CEO တာဝန်ကိုပါ ထပ် ပြီး ယူခဲ့ရပါတယ်။
၂၀၀၃ ခုနှစ်မှာ Phill Condit နဲ့ ၂၀၀၅ ခုနှစ် မှာ ံHarry Stonecipher တို့ကို ရာထူးက အတင်းအကျပ် နုတ်ထွက်ခိုင်းပြီးတဲ့နောက်မှာ Mulally ကို CEO ရာထူး အတွက် အတွင်းလူတွေထဲမှာ ရှေ့ဆုံးက တစ်ပြေးနေတဲ့အ လောင်းအလျာတစ်ယောက်အဖြစ် ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်နှစ်ခုစလုံးထဲမှာ Mulally ကို ရာထူးမပေးဘဲ ကျော်သွားလိုက်တဲ့အခါ ဒီကုမ္ပဏီမှာ သူဆက်ပြီး ရှိနေဦးမှာ လားဆိုတဲ့ မေးခွန်းထွက်ပေါ်လာပါတယ်။ Boeing မှာ သူ့ရဲ့ ဆောင်ရွက်ခဲ့မှုတွေအတွက် Aviation Week & Space Technology မဂ္ဂဇင်းကြီးက Mulally ကို ၂၀၀၆ ခုနှစ် အတွက် Person of the year (အတော်ဆုံးပုဂ္ဂိုလ်) အဖြစ် ရွေးချယ်ခဲ့ပါတယ်။
Ford မော်တော်ကားကုမ္ပဏီ
၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်မှာ Mulally ဟာWilliam Clay Ford Jr ရဲ့ အရိုက်အရာကို ဆက်ခံပြီးFord မော်တော်ကားကုမ္ပဏီရဲ့ President နဲ့ CEO အဖြစ် ရွေးချယ်ခံခဲ့ရပြီး ွှWilliam Clay Ford Jr ကတော့ ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ရဲ့ အမှုဆောင်ဥက္ကဋ္ဌအဖြစ် ဆက်လုပ်ခဲ့ပါ တယ်။Ford မှာ Mulally ပထမဆုံးလုပ်ခဲ့တဲ့ဆုံးဖြတ်ချက် တစ်ခုကတော့Taurus ဆိုတဲ့ နာမည်ကို ပြန်ယူလိုက်တာပါ ပဲ။ ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ နှောင်းပိုင်းကာလမှာ အရေး နိမ့်ခဲ့တဲ့အချိန်မတိုင်ခင်အထိ ကုမ္ပဏီရဲ့အရောင်းရဆုံးကားတစ် မျိုးဖြစ်ခဲ့တဲ့Taurus ကို အဲဒီတုန်းက ဘာဖြစ်လို့ ဖျက်သိမ်း ခဲ့သလဲဆိုတာကို သူနားမလည်ခဲ့ဘူးလို့ သူက ပြောပါတယ်။
Mulally ဟာFord မှာ ကုမ္ပဏီကြီးရဲ့ကြီးမားတဲ့ဆုံး ရှုံးမှုတွေနဲ့ ဈေးကွက်ဝေစုတွေကျဆင်းနေမှုကို ပြောင်းလဲပစ်ဖို့ အတွက် 'ရှေ့သို့လမ်းစဉ်' လို့ ခေါ်တဲ့ ပြန်လည်တည်ဆောက်ရေး စီမံကိန်းတစ်ခုကို တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။ Mulally ရဲ့ကုန်ကျစရိတ် ဖြတ်တောက်တဲ့လုပ်ဆောင်မှုတွေက ကုမ္ပဏီ ကို နှစ်နှစ်အတွင်းမှာ အမြတ်ပေါ်တဲ့ သုံးလပတ်ကာလတစ် ခုဆီကို ရောက်အောင် ပို့ပေးခဲ့ပါတယ်။ အစုရှယ်ယာတွေအပေါ် အမြတ်ငွေထုတ်ပေးတာတွေကိုလည်း သူက ဆိုင်းငံ့ထားခဲ့ပါ တယ်။
၂၀၀၆ ခုနှစ်မှာMulally ဟာFord ရဲ့ပိုင်ဆိုင် မှုတွေအားလုံးကို အပေါင်ထားပြီး အမေရိကန်ဒေါ်လာ ၂၃.၆ ဘီလီယံချေးယူမယ့်ကြိုးပမ်းမှုကို ဦးဆောင်ခဲ့ပါတယ်။ အဲဒီငွေ တွေကို အဓိက အလုံးစုံစစ်ဆေးပြုပြင်ရေးလုပ်ငန်းတစ်ခုကို ထောက်ပံ့ဖို့နဲ့ စီးပွားရေးအကျပ်အတည်း၊ ဒါမှမဟုတ် တခြား မျော်လင့်တဲ့ဖြစ်ရပ်အတွက် ကာကွယ်မယ့်အခုအခံတစ်ခုပေးဖို့ အတွက် သုံးစွဲဖို့ ရည်ရွယ်ခဲ့တယ်လို့ Mulally က ပြောပါ တယ်။ အဲဒီအချိန်တုန်းက ချေးငွေဆိုတာ ကြံရာမရဖြစ်နေပြီ ဆိုတဲ့ လက္ခဏာတစ်ရပ်လို့ အဓိပ္ပာယ်ဖွင့်ခဲ့ကြတာ ဖြစ်ပေမဲ့ အခုအခါမှာတော့ အဲဒီမြို့က သူ့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ ွGeneral Motors နဲ့ Crysler ကားကုမ္ပဏီကြီးတွေနဲ့ နှိုင်း ယှဉ်ပြီး အဲဒါဟာFord ရဲ့ ဘဏ္ဍာရေးအခြေအနေကို တည် ငြိမ်အောင် လုပ်ပေးခဲ့တာပဲဆိုပြီး ကျယ်ကျယ်ပြန့်ပြန့် ချီးမွမ်းခံ နေရပါတယ်။General Motors နဲ့ Crysler ကုမ္ပဏီ တွေကတော့ ၂၀၀၈-၂၀၀၉ မော်တောက်ကားလုပ်ငန်း ကြီးရဲ့ အကျပ်အတည်းအတွင်းမှာ နှစ်ခုစလုံး ဒေဝါလီခံလိုက်ကြရပါ တယ်။Ford ဟာDetroit မြို့က ကုမ္ပဏီကြီးသုံးခုထဲမှာ အစိုးရဆီက ချေးငွေမတောင်းခဲ့တဲ့ တစ်ခုတည်း သောကုမ္ပဏီ လည်း ဖြစ်ခဲ့ပါတယ်။ Mulallyကို အလုပ်ခန့်ခဲ့တဲ့ ၤFord ကုမ္ပဏီရဲ့ ဥက္ကဋ္ဌWillam Clay Ford က ''CEO ရာထူး အတွက် Alan ကို ရွေးချယ်ခဲ့မိတာက သိပ်မှန်တာပဲ။ အခုဆို ရင် အဲဒီရွေးချယ်မှုက တစ်နေ့တခြား ပိုပိုပြီးတောင် မှန်လာနေ ပါတယ်'' လို့ ၂၀၀၉ ခုနှစ်၊ မေလမှာ ပြောခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ သူဟာ Jaguar ကားတွေနဲ့ Land Rover ကားတွေကို Tata Motors ဆိုတဲ့ အိန္ဒိယ မော်တော်ကားနဲ့ ကုန်တင်ယာဉ်ထုတ်လုပ်သူဆီကို ရောင်းချ မှုကို တာဝန်ယူလုပ်ကိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံကFord ရဲ့ အဓိကလုပ်ငန်းတွေ ကျဆင်းနေတာကို လျစ်လျူရှုပြီး ပြည်ပမှာ ဝယ်ယူသိမ်းသွင်းမှုတွေလုပ်ဖို့ကိုပဲ အာရုံစိုက်လွန်း တယ်လို့ ၂၀၀၁ ခုနှစ်မှာ အဲဒီတုန်းက CEO ဖြစ်ခဲ့သူ Jacques Nasser ဟာ ပြစ်တင်ဝေဖန်ခံခဲ့ရတဲ့အတွက် Ford Brand ရဲ့အပေါ်မှာ အာရုံစူးစိုက်တာကို ပိုပြီးသဘောကျတဲ့Mulally က ဒီရောင်းချခဲ့မှုနဲ့ပတ်သက်ပြီး သူ နောင်တ မရခဲ့ပါဘူးလို့ ပြောခဲ့ပါတယ်။Ford ဟာ ရောင်းချမှုဆီက အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံရခဲ့တဲ့အတွက် အရင်က CEO Nasser နဲ့ ဥက္ကဋ္ဌDonald Peterson တို့ရဲ့ လက် ထက်တွေတုန်းက အဲဒီအတွက် သူတို့ပေးခဲ့ရတာထက် သိသိ သာသာ နည်းသွားခဲ့ပါတယ်။ ဒါပေမဲ့ သရုပ်ခွဲဆန်းစစ်သူတွေ ကတော့ နွေရာသီမှာ ရေနံဈေးနှုန်းမြင့်မားမှုကြောင့် Jaguar Land Rover ရဲ့အရောင်းအဝယ်တွေ ဒလဟောထိုးကျခဲ့ပြီးTata ကုမ္ပဏီအနေနဲ့ ဗြိတိသျအစိုးရဆီက ငွေကြေးအထောက် အပံ့တောင်းခံခဲ့ရတဲ့အတွက် ၂၀၀၈ ခုနှစ်ကုန်ခါနီးမှ အဲဒါတွေ ကိုရောင်းဖို့ သူတို့ကြိုးစားခဲ့ရင်Ford အနေနဲ့ ဒီထက်နည်းပြီး ရချင်ရမယ်။ ဒါမှမဟုတ် ဝယ်မယ့်သူကို တွေ့ချင်မှတွေ့မယ် လို့ ပြောကြပါတယ်။ Mulally ဟာ Aston Martin နဲ့ Volvo ကားတွေကိုလည်း ရောင်းထုတ်ပစ်ပြီးMazda ဆီမှာ လောင်းကြေးထပ်ထားတဲ့ ၤFord ရဲ့ငွေတွေကို လျော့ချခဲ့ပါ တယ်။
စီးပွားရေးကျဆင်းနေတဲ့ကာလကြီးအတွင်း အရှုံး တွေမြင့်တက်နေတဲ့ ၂၀၀၈ ခုနှစ်ထဲက ဒီဇင်ဘာလ ၂ ရက်မှာ Ford က အဆိုုပြုချက်တစ်ခုကို ကြေညာခဲ့ပါတယ်။ အဲဒါက တော့ အစိုးရဆီက ချေးငွေတွေကို Ford က ယူပြီး သုံးရရင် Mulally ရဲ့ လစာကို တစ်နှစ်ကို တစ်ဒေါ်လာအထိ ဖြတ်မယ်ဆိုတာပါပဲ။Ford အတွက် အစိုးရချေးငွေကိစ္စနဲ့ ပတ်သက်ပြီး ကြားနာမှုတွေလုပ်နေတဲ့ကာလအတွင်း ကုမ္ပဏီရဲ့ ဂျက်လေယာဉ်တွေစီးပြီး ဝါရှင်တန်ဒီစီကို သွားခဲ့ကြတဲ့သူနဲ့ တခြားလုပ်ငန်းခေါင်းဆောင်တွေဟာ ပြစ်တင်ဝေဖန်တာကို ခံ ခဲ့ရပါတယ်။ အဲဒီနောက်ပိုင်း အစည်းအဝေးတစ်ခုမှာတော့ သူဟာFord က တည်ဆောက်ခဲ့တဲ့ နှစ်မျိုးစပ်လျပ်စစ်ကား နဲ့ Detroit ကနေ ဝါရှင်တန်ဒီစီကို သွားခဲ့ပါတယ်။ ကုမ္ပဏီ ပိုင် ဂျက်လေယာဉ်တွေကိုလည်း တစ်စီးပဲချန်ထားပြီး အားလုံး ကို ရောင်းပစ်လိုက်ပါတယ်။
၂၀၀၈ ခုနှစ်မှာ Mulally ဟာ နစ်နာကြေးစုစု ပေါင်း ၁၃ç၅၆၅ç၃၇၈ ဒေါ်လာကို ရခဲ့ပါတယ်။ အဲဒီအထဲမှာ အခြေခံလစာငွေဒေါ်လာ သိန်း ၂၀၊ အစုရှယ်ယာဆုငွေက ၁ç၈၄၉ç၂၄၁ ဒေါ်လာနဲ့ စိတ်ကြိုက်ရွေးချယ်တဲ့ဆုငွေက ၈ç၆၆၉ç၇၄၇ ဒေါ်လာပါပါတယ်။ သူ့ရဲ့စုစုပေါင်းနစ်နာကြေး ဟာ ၂၀၀၇ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၃၇.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ ပါတယ်။Ford မှာ သူ့ရဲ့အောင်မြင်မှုတွေကြောင့် သူဟာ ၂၀၀၉ ခုနှစ်မှာTime မဂ္ဂဇင်းကြီးရဲ့ အတော်ဆုံးပုဂ္ဂိုလ် တစ်ရာစာရင်းထဲမှာ ပါလာခဲ့ပါတယ်။ ှSteve Ballmer ပြုစုတဲ့စာရင်းထဲမှာ 'Mulally ဟာ ကျွန်တော်သိသမျ စီးပွား ရေးခေါင်းဆောင်တွေ အားလုံးကနားလည်ထားသလောက် စီးပွားရေးလုပ်ငန်းအောင်မြင်မှုရဲ့အခြေခံစည်းမျဉ်းတွေကို နား လည်တယ်' လို့ ထည့်သွင်းရေးသားထားပါတယ်။
၂၀၁၁ ခုနှစ်မှာMulally ကို ၤFinancial Times သတင်းစာကြီးက Person of the Year (နှစ်အတွင်း အ တော်ဆုံးပုဂ္ဂိုလ်) အဖြစ် ရွေးချယ်လိုက်ပြီး စီးပွားရေးလုပ်ငန်း မှာ ရဲရင့်မှု (Arcelor Mittal) ဆုကို ချီးမြှင့်ခဲ့ပါတယ်။ Chief Exectutive မဂ္ဂဇင်းကြီးကလည်း သူ့ကို ၂၀၁၁ ခုနှစ် ရဲ့ CEO of the Year (အတော်ဆုံး CEO) အဖြစ် ရွေးချယ် ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အင်ဂျင်နီယာလုပ်ငန်းနဲ့ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းမှာ သူ့ရဲ့ထင်ရှားတဲ့ပါဝင်ဖြည့်ဆည်းပေး မှုတွေအတွက် Mulally ကို Kansas တက္ကသိုလ်ကလည်း ဂုဏ်ထူးဆောင်သိပ္ပံပညာဘွဲ့ကို ချီးမြှင့်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှာFord ကုမ္ပဏီကMulally ဟာ အနည်းဆုံး ၂၀၁၄ ခုနှစ် တစ်လျောက်လုံးအထိ အဲဒီ ကုမ္ပဏီမှာပဲ ဆက်နေသွားလိမ့်မယ်လို့ ကြေညာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာတော့ Mulally ဟာ တခြား အခန်းကဏ္ဍတွေမှာ စူးစမ်းချင်တဲ့အတွက် ၂၀၁၄ ခုနှစ်ထက် စောပြီး ဒီရာထူးက ထွက်တော့မယ်လို့ သတင်းရခဲ့ပါတယ်။ ဒီနုတ်ထွက်မှုကို ဒါရိုက်တာအဖွဲ့က လိုက်လျောလိမ့်မယ်လို့ လည်း သတင်းတွေ ထွက်နေပါတယ်။
သူ၏စီမံခန့်ခွဲပုံနည်းလမ်း
Mulally ဟာ Michigan ပြည်နယ်Dearborn မြို့ကFord ရဲ့ ကမ္ဘာလုံးဆိုင်ရာဌာနချုပ်မှာရှိတဲ့ သူ့ရုံးနဲ့ သုံးမိုင် အကွာမှာ နေထိုင်ပါတယ်။ သူဟာ နေ့တိုင်းအလုပ်ကို မနက် ၅ နာရီ ၁၅ မိနစ်မှာ ရောက်ပြီး တစ်နေ့ကို ၁၂ နာရီအလုပ် လုပ်ပါတယ်။ ကြာသပတေးနေ့ မနက် ၇ နာရီမှာFord ရဲ့ ဌာနချုပ်မှာရှိတဲ့ 'မိုးကြိုးငှက်' ခန်းမမှာ 'လုပ်ငန်းစီမံကိန်း သုံးသပ်ချက်' လို့ခေါ်တဲ့ အစည်းအဝေးတစ်ခုကိုFord ရဲ့ အမှုဆောင်တွေနဲ့ လုပ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ သတင်းအချက် အလက်နည်းပညာဝန်ထမ်းတစ်ရာနဲ့လုပ်တဲ့ ''မြို့မှုရေးရာ အစည်း အဝေး'' တစ်ခုမှာ Mulally က ''ကျွန်တော်တို့မှာ အလုပ်မရှိဘဲ ဖြစ်နေခဲ့တာ နှစ်ပေါင်း ၄၀ ရှိသွားပြီ'' လို့ပြောခဲ့ ပြီး ဒီအကြောင်းကို တခြားဝန်ထမ်းအဖွဲ့တွေကိုလည်း ထပ် တလဲလဲ ပြောခဲ့ပါတယ်။
မိမိကိုယ်မိမိ စီမံခန့်ခွဲခြင်း
သူ့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဇွဲသတ္တိကို သူဘယ်လို ထိန်းထားသလဲလို့ Mc Kinsey က Mulally ကို မေးခဲ့ ပါတယ်။ ''လူတိုင်းဟာ ကိုယ့်ရဲ့ အချိန်ကို ကိုယ်ဘယ်လိုစီမံ ခန့်ခွဲဖို့လိုသလဲဆိုတဲ့အကြောင်းကို အမြဲပြောလေ့ရှိပါတယ်။ ကိုယ့်ရဲ့စွမ်းအင်ကို ကိုယ်စီမံခန့်ခွဲဖို့လည်း လိုတာပါပဲ။ ခင်ဗျား ပထမဦးဆုံးမေးရမှာက 'ငါ့ကို ဘာတွေက စွမ်းအင်တွေပေးနေ သလဲ' ဆိုတဲ့မေးခွန်းပဲ။ အရင်းအမြစ်တွေကအများကြီးရှိနိုင်ပါ တယ်။ ခင်ဗျားရဲ့မိသားစု၊ လေ့ကျင့်ခန်း၊ ခင်ဗျားရဲ့ စိတ်ချမ်း သာမှု စသည်စသည်ဖြင့်ပေါ့။ ကျွန်တော်တို့အိမ်မှာ အပတ်စဉ် တိုင်း မိသားစုအစည်းအဝေးတစ်ခုလုပ်ပါတယ်။ မိသားစုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကလေးပေါ့။ ကျွန်တော်တို့ လုပ်ဖို့လိုနေ တဲ့ဟာတွေ၊ သီတင်းပတ်တစ်လျောက်လုံး ကျွန်တော်တို့ရဖို့လိုအပ်တဲ့အကူအညီတွေကို အဲဒီမှာဝေဖန်သုံးသပ်တယ်။ အဲဒါ ဟာ လုပ်ငန်းလုပ်ဆောင်မှုအဆင့်ဆင့်တွေထဲက နောက်ထပ်အမျိုးအစားအသစ်ကလေးတစ်ခုဖြစ်ပြီး တကယ်ကို အရေးကြီးတဲ့ အရာတစ်ခုပါပဲ'' လို့ သူကဖြေခဲ့ပါတယ်။
ဇော်ဝင်းကြူ (ပျဉ်းမနား)