[caption id="attachment_8207" align="alignnone" width="720"] ဦးရဲမင်းဦး
Managing Director, AGD Bank[/caption] မတ်လ ၁၁ ရက်ထုတ် Daily Eleven တွင် ဖော်ပြခဲ့တဲ့ ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးတဲ့ကုမ္ပဏီစာရင်းတွင် ပါဝင်ခဲ့တဲ့သတင်းအပေါ် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်(AGD)က ပြန်လည်ဖြေရှင်းမှုကို ၂၀၁၄ ခုနှစ်၊ မတ်လ ၇ ရက်က အာရှစိမ်းလန်းမှုဖွံ့ရေးဘဏ်ရုံးချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်မှာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးရဲ့ Website ဖြစ်တဲ့ www.irdmyanmar.gov.mm တွင် မတ်လ ၇ ရက်က ထုတ်ပြန်ခဲ့တဲ့ အခွန်စည်းကြပ်မှု ခံယူခြင်းမရှိသေးတဲ့စာရင်းတွင် ပါဝင်လာတဲ့အပေါ်မှာ Daily Elelven နေ့စဉ်သတင်းစာက ဖော်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာန၊ ကုမ္ပဏီများဆိုင်ရာအခွန်ရုံးရဲ့ Website ဖြစ်တဲ့ www.irdmyanmar.gov.mm မှာ မှားယွင်းစွာဖော်ပြခံခဲ့ရတဲ့ကုမ္ပဏီစာရင်းတွင် ပြည်တွင်းရှိ နာမည်ကြီးလုပ်ငန်းတော်တော်များများပါဝင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီများဆိုင်ရာအခွန်ရုံးရဲ့ IRD Website မှ အဲဒီစာရင်းကို နေ့ချင်းပြန်လည်စိစစ် ပယ်ဖျက်ပေးထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၁၂- ၁၃ ဘဏ္ဍာနှစ်အတွက် ထိပ်တန်းအခွန်ထမ်းကုမ္ပဏီစာရင်း ၅၀၀ စာအုပ်တွင် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD)ဟာ အမှတ် ၃၆၅ နေရာတွင် ရှိကြောင်းသိရပါတယ်။