လုပ်ငန်းအတွေ့အကြုံ
Mr Cruffudd ab Owain ဟာ နယ်ပယ်ကဏ္ဍပေါင်းစုံမှာ ဗိသူကာပညာနဲ့ ပတ်သက်ပြီ ၁၈ နှစ်ကျော်အတွေ့အကြုံရှိထားသူဖြစ်ပါတယ်။ Mr Owain ဟာ မကြာသေးခင်အထူးသဖြင့် စင်ကာပူနဲ့ အရှေ့အလယ် ပိုင်းဒေသနဲ့ အရှေ့တောင်အာရှဒေသတို့မှာ စွယ်စုံသုံးအကြီးစားစီမံကိန်းတွေကို အကောင်အထည်ဖော်မှုအပိုင်းနဲ့ ဒီဇိုင်းပိုင်းတွေမှာ ပါဝင်သူဖြစ်ပါတယ်။ သူပါဝင်တဲ့ ထင်ရှားတဲ့စီမံကိန်းတချို့ကတော့ မြန်မာ့မီးရ ထားရုံးချုပ် စီမံကိန်း၊ Marina Bay Sands အပန်းဖြေစခန်း(စင်ကာပူ)၊ Dammansara စီမံကိန်း (မလေး ရှား)၊ Sentosa Boardwalk စီမံကိန်း (စင်ကာပူ)၊Island City စီမံကိန်း (Abu Dabbi) နဲ့ Mercedes Benz Center (စင်ကာပူ) စတဲ့ စီမံကိန်းတွေဖြစ်ပါတယ်။ Mr Owain ဟာ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတည် ဆောက်မှုအပိုင်းမှာလည်း အတွေ့အကြုံများစွာရှိထားသူဖြစ် ပါတယ်။ရန်ကုန်မြို့ရဲ့ လက်ရှိသယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လိုမြင်ပါသလဲ။
ရန်ကုန်နဲ့ပတ်သက်ပြီး ကျွန်တော် သိထားသလောက်ပြော ချင်ပါတယ်။ ရန်ကုန်မှာက မြို့ပတ်ရထားလိုင်းရှိပေမယ့် အခုအချိန်မှာ ရန်ကုန်အတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ကတော့ မြို့ရဲ့ဖွဲ့စည်းတည်ဆောက်မှုပုံစံ ဘယ်လိုဖွံ့ဖြိုးကြီး ထွားလာ နေသလဲဆိုတာပဲဖြစ်တယ်။ ရန်ကုန်မှာ မော်တော်ကားတွေ တအားများလာပြီး တိုးတက်မှုနှုန်းကလည်း ကြီးထွားမြန်ဆန် လာနေတဲ့အတွက် သယ်ယူပို့ဆောင်ရေးဆိုင် ရာအခြေခံ အဆောက်အအုံတစ်ခုလုံးကို အလျင်အမြန်နဲ့ အရေးတကြီးပြန် လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ လက်ရှိ ရှိပြီးသားအနေ အထားတွေကို ဘယ်လိုတိုးတက်လာအောင်လုပ်မလဲဆိုတာနဲ့ သယ်ယူပို့ဆောင်ရေးအခြေခံ အဆောက်အအုံသစ်တွေကို ဘယ်လိုတည်ဆောက်မလဲဆိုတာက အရေးကြီးပါတယ်။ မြေ အောက်ရထားလိုင်းစနစ် (Metro System) ကိုလည်း ထည့် သွင်းစဉ်းစားသင့်ပြီး အဲဒါကို အကောင်အထည်ဖော်မယ့် အစီအစဉ်မှာ ထည့်သွင်းလာလိမ့်မယ်လို့ မျော်လင့်ပါတယ်။အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ ရေတို၊ ရေရှည်စီမံကိန်းတွေကို ဘယ်လို ဦးစားပေးဆောင်ရွက်သင့်တယ်လို့ ထင်ပါသလဲ။
မြိ့ပြမဟာစီမံကိန်းအတွက် ရေတိုစီမံကိန်းနဲ့ ရေရှည်စီမံကိန်း နှစ်ခုလုံးက အပြန်အလှန်ဒွန်တွဲနေပါတယ်။ ပထမဆုံးအနေ နဲ့ မြို့အတွက် ခိုင်မာတဲ့ရေရှည်စီမံကိန်းရှိဖို့ လိုပါတယ်။ ရေရှည်စီမံကိန်းအနေနဲ့ သယ်ယူ ပို့ဆောင်ရေးစနစ်မှာ Metro System ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ရေရှည်စီမံ ကိန်းလို့ပြောရင် လာမယ့် နှစ် ၅၀၊ နှစ် ၆၀၊ နှစ်တစ်ရာ စသဖြင့် စဉ်းစားတာဖြစ်တယ်။ ရေတိုရည်မှန်းချက်တွေက တော့ လာမယ့်ငါးနှစ်၊ ဆက်နှစ်အတွက် အခြေခံအဆောက် အအုံတည်ဆောက်ရေး ပထမအဆင့်ကို အကောင်အထည်ဖော် ဆောင်ရွက်မယ့် စီမံကိန်းတွေ ဖြစ်ပါတယ်။ အဓိကစိန်ခေါ်မှု ရေတိုအတွက်ပဲ မကြည့်ဖို့ဖြစ်တယ်။ ဆယ်နှစ်ဆိုတဲ့အချိန်က ကိုယ်သတိမထားမိလိုက်ဘဲ ကုန်သွားနိုင်ပါတယ်။ ဆက် လက်ချဲ့ထွင်နိုင်မယ့်၊ အရွယ်အစားပမာဏကို တိုးချဲ့ပြောင်း လဲနိုင်မယ့်စနစ် (Scalable and Expandable System) မျိုး လိုအပ်ပါတယ်။ ရှိပြီးသားအခြေခံအဆောက်အအုံတွေ ရဲ့စွမ်းဆောင်ရည်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတာ က အရေးကြီးပါတယ်။ အဲဒါကို အခြေခံကျောရိုးအနေနဲ့ အသုံးပြုပြီး မြို့ရဲ့ဖွဲ့စည်း တည်ဆောက်မှုပုံစံမှာ စနစ်အသစ် တွေကို ထည့်သွင်းတည်ဆောက်ဖို့ လိုပါတယ်။ရန်ကုန်မှာ မြေအောက်ရထားလိုင်းစနစ် တည်ဆောက်ဖို့ ဖြစ်နိုင်တယ်လို့ ထင်ပါသလား။
အခုချိန်မှာ ဂျကာတာနဲ့ ရန်ကုန်ကို ယှဉ်မယ်ဆိုရင်တော့ တရားလွန်နှိုင်းယှဉ်တာမျိုးဖြစ်နေပါလိမ့်မယ်။ ဂျကာတာဟာ ဆိုရင် အခုအချိန်မှာ ပထမဆုံးMetro System ကို စတည် ဆောက်နေပြီဖြစ်တယ်။ Greater Jarkarta ဒေသ (ဂျကာတာ အပါအဝင် ဝန်းကျင်ဒေသ) မှာဆိုရင် လူဦးရေသန်း ၃၀ လောက်ရှိပါတယ်။ (ဂျကာတာမြို့မှာ လူဦးရေ ကိုးသန်း ကျော်နေထိုင်) ဒါဟာ တကယ့်ကိုကြီးမားတဲ့ မြို့ပြလူနေ မှုစနစ်ဖြစ်တယ်။ ရန်ကုန်မှာတော့ အခုအချိန်မှာ လူဦးရေငါးသန်းလောက်နေထိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဂျ ကာတာအနေနဲ့ နောက်ဆုံးမှာMetro System ကို အကောင်အထည်ဖော်နိုင်တယ်ဆိုတဲ့ အချက်ကိုကြည့်ရင် ရန်ကုန်လည်း ဒါကိုလုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အ ရေးကြီးတာက ဘယ်လိုစနစ်မျိုးက ရန်ကုန်နဲ့သင့်တော်မလဲ ဆိုတာကို သိရှိနားလည်ဖို့ပါပဲ။ မြန်မာအစိုးရအနေနဲ့ အဓိက Rail Supplier တွေနဲ့ ဆွေးနွေးနေ တယ်လို့သိရပြီး မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ဓာတ်ရထားစနစ် (Tram System) ၊ မီးရထားလမ်းဆက်သွယ်ရေးစနစ်(Train System) ၊ မြေအောက်ရထားလိုင်းစနစ် (Metro System) စတာတွေကို သူတို့က အကူအညီပေးနိုင်မှာပါ။ ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ စတဲ့ တခြားမြို့တွေအနေနဲ့ နြအမသ ှပျအနာ ကို ဘယ်လိုတည်ဆောက်ခဲ့သလဲဆိုတာကို လည်း လေ့လာနိုင်ပါတယ်။ အမှားတွေကိုလည်း သင်ခန်းစာ ယူနိုင်ပါတယ်။ ဘယ်လိုစနစ်နဲ့ တည်ဆောက်လဲဆိုတာကို ဆုံး ဖြတ်ချက်ချရာမှာ အဓိကစိန်ခေါ်မှုတွေထဲက တစ်ခုကတော့ မြေပြင်အထက်မှာ တည်ဆောက်မလား၊ မြေပေါ်မှာတည် ဆောက်မလား၊ ဒါမှမဟုတ် မြေအောက် မှာ ဆောက်မလားဆို တဲ့ကိစ္စဖြစ်တယ်။ မြေပြင်အထက်မှာတည်ဆောက်တဲ့စနစ်က တော့ ကုန်ကျစရိတ်နည်းပြီး တည်ဆောက်ရတာမြန်တဲ့ နည်းလမ်းဖြစ်ပေမဲ့ မြို့အတွက် ကြီးမားတဲ့ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ ဘန်ကောက်က လမ်းတချို့ ဟာ ကောင်းကင်ရထားလိုင်းစနစ်ကြောင့် မမှတ်မိတော့ လောက်အောင် ပြောင်းလဲကုန်ပါတယ်။ ရန်ကုန်မြို့လယ် မှာလိုပဲ လမ်းတွေကကျဉ်းမြောင်းတဲ့အတွက် လူတွေနေ ထိုင် သွားလာ အလုပ်လုပ်ဖို့ခက်ခဲတဲ့ မြို့ပြလူနေမှုဝန်းကျင်ဖြစ် သွားတယ်။ ဒါကြောင့် ကျွန်တော့်အမြင်ကတော့ မြေအောက် ရထားလိုင်းစနစ်ကို တည်ဆောက်ဖို့ ရဲရင့်တဲ့ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ ကုန်ကျစရိတ် ပိုများမှာတော့ အမှန်ပါပဲ။ ဒါပေမဲ့ ရေရှည်ရည်မှန်းချက်အရ ဒါကမှန်ကန်တဲ့နည်းလမ်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ တကယ်လို့ ရန်ကုန်မှာ Metro System ကို တည်ဆောက်ဖို့ စဉ်းစားမယ်ဆိုရင်တော့ မြေအောက် ရထားလိုင်းစနစ်ကို တည်ဆောက်ဖို့ အကြံပြုချင် ပါတယ်။ မြေအောက်ရထားလမ်းဖောက်လုပ်မယ်ဆိုရင် အဓိက စိန်ခေါ်မှုကတော့ မြေကြီးအခြေအနေ(Soil Condition) ပါ ပဲ။ ဒီကမြေကြီးက နုန်းမြေအမျိုးအစားဖြစ်ပြီး မြေအောက် ရေစီးဆင်းမှုက အင်မတန်မြန်ဆန်ပါတယ်။ ဒါကြောင့် မြေ အောက်ဘူတာရုံတွေကို ဘယ်လိုဒီဇိုင်းနဲ့တည်ဆောက်မလဲ ဆိုတဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ စိန်ခေါ်မှုရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ စင်ကာပူမှာ အလား တူအခြေအနေမျိုးရှိတဲ့ စီမံကိန်းအတွေ့အကြုံရှိထားပြီး ဖြစ်တဲ့အတွက် ဒီလိုမြေအနေအထားမျိုးမှာ မြေအောက်ဘူ တာရုံတွေ တည်ဆောက်ဖို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အဓိကဦးစားပေးတွေထဲကနေ ကျွန်တော့်ရဲ့အဓိက အကြံပြု ချက်ကတော့ ရေရှည်အတွက်ရည်ရွယ်ပြီး မြေအောက်ရထား လိုင်းစနစ် တည်ဆောက်ဖို့ ဖြစ်ပါတယ်။ရန်ကုန်ရဲ့ လက်ရှိအနေအထားနဲ့ Metro System တည် ဆောက်မယ်ဆိုရင် အချိန်ဘယ်လောက်ကြာမယ်လို့ ထင်ပါ သလဲ။
ဒါကတော့ တကယ့်ကို စိန်ခေါ်မှုတစ်ခုပါပဲ။ စတင်အကောင် အထည်ဖော်တဲ့အချိန်ကနေ ဖွင့်လှစ်တဲ့အချိန်ထိ ဆယ်နှစ်လောက်အချိန်ယူရမယ်ထားပါတော့။ ဒီဆယ်နှစ်အတွင်းမှာ ဘယ်လိုတည်ဆောက်မလဲဆိုတာနဲ့ ရန်ကုန်မြို့ဟာ ဒီဆယ် နှစ်အတွင်းမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲဆို တာကို ကြည့်ရမှာ ဖြစ်တယ်။ ရန်ကုန်မြို့ရဲ့ မြို့ပြချဲ့ထွင်မှု (Urbanization) ဟာ ၂၀၂၅ ခုနှစ်ကျရင် လက်ရှိလူဦးရေရဲ့ နှစ်ဆဖြစ်တဲ့ လူဦးရေဆယ်သန်းရှိလာမယ်လို့ conference တွေမှာ ဆွေးနွေးတာကို ကြားခဲ့ရပါတယ်။ ဒါဟာ အခု အချိန်ကစပြီး အဓိကထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်ပါ တယ်။ ဒီနေရာမှာ ရေတိုစီမံကိန်းရော ရေရှည်စီမံကိန်းပါ အရေးကြီးတယ်လို့ ထပ်ပြီးပြောချင်ပါတယ်။ Metro System တည်ဆောက်မယ်ဆိုရင်တော့ ဆယ်နှစ်၊ ၁၅ နှစ် စီမံကိန်းနဲ့ အကောင်အထည်ဖော်ဖို့ အကြံပေးချင်ပါ တယ်။ မြို့နယ်အသစ်တွေဘယ်နေရာမှာ ပေါ်ပေါက်လာမလဲဆိုတာနဲ့ အဲဒီမြို့နယ်တွေကို ရန်ကုန်မြို့နဲ့ ဘယ်လိုပြန်လည်ချိတ်ဆက် မလဲဆိုတာက အရေးကြီးပါတယ်။ ဒုတိယတစ်ခုအနေနဲ့ LRT (Light Rail Transit) System ၊ ဓာတ်ရထားစနစ်(Tram System) ၊ ဘတ်စ်ကားလိုင်းစနစ် စတာတွေကို တည်ဆောက်ဖို့ စဉ်းစားနိုင်ပါတယ်။ ဒါတွေကMetro System ကို ဆယ်နှစ်စီမံကိန်းနဲ့တည်ဆောက်နေတဲ့အချိန် မှာ ရေတိုအနေနဲ့ အလျင်အမြန်အကောင်အထည်ဖော်နိုင်တဲ့ နည်းလမ်းတွေ (Quick Wins) ဖြစ်ပါတယ်။Metro System ကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ နည်းပညာနဲ့ တည်ဆောက်နိုင်ပါသလား။
ယေဘုယျအားဖြင့် Metro System နဲ့ ရထားသယ်ယူပို့ဆောင် ရေးစနစ်တွေဟာ လူတွေနဲ့ ကုန်စည်တွေကို မော်တော်ကား၊ ဘတ်စ်ကား၊ မော်တော်ဆိုင်ကယ် စတဲ့ တခြားဘယ်အရာ ထက်မဆို စွမ်းအင်အ များကြီး ချွေတာနိုင်ပြီး ရေရှည်တည် တံ့တဲ့နည်းလမ်းနဲ့ ရွေ့လျားပို့ဆောင်ပေးနေတဲ့စနစ်တွေပါ ပဲ။WWF (World wildlife Fund) က ၂၀၁၁ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ စာစောင်မှာ ၂၀၅၀ ပြည့်နှစ်ကျရင် ပြန် လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုပြီး ရေရှည်တည်တံ့ ဖွံ့ဖြိုးတဲ့ပတ်ဝန်းကျင် ၁၀၀ ရာခိုင်နှုန်း ရရှိနိုင်ဖို့ ဘယ်လို ဆောင်ရွက်နိုင်မလဲဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီ အထဲက အဓိကအချက်နှစ်ချက်ကတော့ လူတွေကို မော် တော်ကားစီးတာကိုလျော့ပြီး ရထားကို ပြောင်းစီးဖို့ လှုံ့ဆော် ထားတဲ့အချက်ဖြစ်တယ်။ လူတစ်ဦး ကားတစ်စီးနှုန်းစီးရာ ကနေ လူသုံးရာကို ရထားတစ်စီးနှုန်းစီးဖို့ လှုံ့ဆော်တဲ့ အစီ အစဉ်မျိုး ဖြစ်တယ်။ ဒီနည်းလမ်းဟာ မြို့တွေမှာ ကာဗွန် ထုတ်လုပ်မှုလျော့ချရေးအအတွက် အင်မတန်အခြေခံကျတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။ ဒါကြောင့် ရေရှည်ဖွံ့ဖြိုး တိုးတက်မှုရှုထောင့်က ကြည့်မယ်ဆိုရင် ဒီလှုံ့ဆော်မှုဟာ လုံးဝမှန်ကန်တဲ့သတင်းစကားဖြစ်ပြီး မှန်ကန်တဲ့နည်းလမ်း လည်း ဖြစ်ပါတယ်။ဒီလိုကြီးမားပြီး အကုန်အကျများတဲ့Metro System မျိုးကို တည်ဆောက်တဲ့အခါ သတိပြုသင့်တဲ့အချက်တွေကို သိချင် ပါတယ်။
အခြေခံအဆောက်အအုံစီမံကိန်းတွေဟာ ကြီးမားရှုပ်ထွေးပြီး ကုန်ကျစရိတ်လည်း များပါတယ်။ မြန်မာနိုင်ငံအတွက် စင်ကာပူ၊ မလေးရှားတို့လို သူတို့ရဲ့ အတွေ့အကြုံတွေကို ဝေမျချင်တဲ့ အာဆီယံမိတ်ဖက်နိုင်ငံတွေ ရှိနေပါတယ်။ မြန် မာနိုင်ငံ (ရန်ကုန်) အနေနဲ့ အခုအကောင်အထည်ဖော်ဖို့ စဉ်းစားနေတာတွေကို အဲဒီနိုင်ငံတွေက တွေ့ကြုံခဲ့ပြီးသား ဖြစ်တယ်။ ဒါကြောင့် အိမ်နီးချင်းအာဆီယံနိုင်ငံတွေဆီကနေ ဗဟုသုတနဲ့ အတွေ့အကြုံတွေကို ရယူအသုံးချနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းကတော့ စိန်ခေါ်မှုတစ်ရပ်လို့ ဆိုရမှာပါ။ Metro System တွေက ဝင်ငွေ မရရှိစေနိုင်ပါဘူး။ Metro System တွေက မြို့တွေကို လှုပ်ရှားသက်ဝင်စေပြီး မြို့တွေ ဖွံ့ဖြိုးတိုးတက်စီးပွားဖြစ်ထွန်းလာတာပါ။ ဒါဟာ အဓိကအချက်ဖြစ်ပါတယ်။ ဒါကြောင့် တချို့လူတွေကတော့ Metro System ကို ငွေးကြေးအရ အကျိုးစီးပွားဖြစ်ထွန်း နိုင်မယ့် Model မျိုးနဲ့ တည်ဆောက်ဖို့ ကြိုးစားကြပါတယ်။အခြေခံအားဖြင့်Metro System ဟာ အခြေခံအဆောက် အအုံမူဘောင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးတာဖြစ် ပါတယ်။ ပထမဆုံးအနေနဲ့ Metro System ကို ဘယ်လို တည်ဆောက်မလဲဆိုတာကို စဉ်းစားရမှာဖြစ်ပြီး ဘယ်လို အစိတ်အပိုင်းတွေကို အဓိကထားပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမလဲဆိုတာကို အာရုံစိုက်ဖို့ လိုပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဒါဟာ ရေရှည်ကြီးထွားတိုးတက်အောင် လုပ် ရမယ့်စီမံကိန်းတစ်ရပ်ပါ။မိုးပျံရထားလိုင်းစနစ်(Elevated Metro System)တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ပြောပြပေးစေချင်ပါတယ်။
ကျွန်တော်တို့ စင်ကာပူမှာ မိုးပျံရထားလိုင်း(Elevated Metro Systems) တွေ တည်ဆောက်ခဲ့ပါတယ်။ အခုလက်ရှိမှာလည်း စင်ကာပူ အနောက်ဘက်ပိုင်း စက်မှုဇုန်ဒေသမှာမိုးပျံရထားလိုင်းတစ်ခု တည်ဆောက်နေပါတယ်။ စင်ကာပူမှာ အများအား ဖြင့်ကတော့ မြေအောက်ရထားလိုင်းက များပါတယ်။ ကျွန် တော်တို့ မလေးရှားမှာ မြေအောက်ရထားလိုင်းစီမံကိန်းကိုဆောင်ရွက်နေပြီး ဂျကာတာမှာတော့ မိုးပျံရထားလိုင်းတစ်ခု တည်ဆောက်နေပါတယ်။ ဒူဘိုင်းမှာလည်း မိုးပျံရထားလိုင်းတွေ ကျွန်တော်တို့ တည်ဆောက်ခဲ့ ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုအရဆိုရင် ရန်ကုန်မှာတော့ ဖြစ်နိုင်ရင် မြေအောက်ရထားလိုင်း စနစ်ကို ပဲ တည်ဆောက်စေချင်ပါတယ်။ ရေတိုဘဏ္ဍာရေး အမြတ် အစွန်းက ရေရှည်အတွက် ပြဿနာဖြစ်ပါတယ်။ သယ်ယူပို့ ဆောင်ရေး အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီး သွားတဲ့အချိန်မှာ မြို့ရဲ့သပ်ရပ် လှပတဲ့လမ်းမတွေ ဆက်လက် တည်ရှိနေရမယ်ဆိုတဲ့ယုံကြည်ချက်၊ အမြော်အမြင်မျိုး ရှိဖို့ လိုပါတယ်။ ဒါမှ လက်ရှိတည်ရှိနေတဲ့မြို့ရဲ့ ကောင်းမွန်တဲ့ လမ်းမတွေနဲ့ တစ်ဖက်တစ်ချက်မှာ သစ်ပင်တွေ စီတန်းစိုက် ပျိုးထားတဲ့ မြို့တွင်းလမ်းကျယ်တွေကို အခြေခံအဆောက်အုံစီမံကိန်းကြီးတွေကြောင့် ထိခိုက်ပျက်စီးမှု မရှိစေမှာ ဖြစ်တယ်။အယ်ဒီတာအဖွဲ့