Advertising Agencies Association of Myanmar - မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းရဲ့ ပထမဆုံးသော Advertising Fundamentals Course - Batch 1 သင်တန်းဆင်းပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက် သင်တန်းတည်ရှိရာ အလုံမြို့နယ်၊ နှင်းဆီလမ်းရှိ Thalun International School မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ သင်တန်းသူသင်တန်းသားများ အဖွဲ့ကိုးဖွဲ့ခွဲကာ ဒွေးလေးထန်လျက်ကို ဈေးကွက်တင်ခြင်း ခေါင်းစဉ်ဖြင့် ၤFinal Presentation ပြုလုပ်ခဲ့တာကိုလည်းတွေ့ရပါတယ်။ ဒီသင်တန်းကို သင်တန်းသား ၁၀၀ ဝန်းကျင် တက်ရောက်ခဲ့ပေမယ့် သင်ကြားတဲ့ Module 10 ခုလုံးကို မပျက်မကွက်တက်ရောက်ခဲ့သူများကိုသာ အသိအမှတ်ပြုလက်မှတ်ပေးအပ်တာဖြစ်လို့ သင်တန်းသား ၅၄ ဝန်းကျင်သာ အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ကြတာပါ။ ယခုသင်တန်းမှာ အသိအမှတ်ပြုလက်မှတ်မရလိုက်တဲ့ သင်တန်းသားများအနေနဲ့ နောက်ထပ် ထပ်မံဖွင့်လှစ်မယ့် Advertising Fundamentals Course မှာ မိမိ မတက်ဖြစ်လိုက်တဲ့ Module တွေကို ပြန်လည်ဖြည့်စွက်တက်ရောက်ပြီးမှ သင်တန်းဆင်းလက်မှတ် ရယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ Advertising Fundamentals Course သင်တန်းတွေကို ဆက်လက်ဖွင့်လှစ်သွားမယ့်အပြင် တခြား Advertising နဲ့ပတ်သက်တဲ့ အဆင့်မြင့်သင်တန်းများကိုလည်း ထပ်မံဖွင့်လှစ်နိုင်ဖို့ ကြိုးစားသွားမယ်လို့သိရပါတယ်။ သင်တန်းတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းရဲ့ Official Facebook Page ဖြစ်တဲ့https://www.facebook.com/AdvertisingAgenciesAssociationofM…/ ကနေ အချိန်နဲ့ တပြေးညီ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။