လှုပ်ရှားမှုငြိမ်သက်နေခြင်းကို နားလည်ရန်နှင့် ရှောင်လွှဲရန် (Understanding And Avoiding Active Inertia)

inertia

ရခဲ့ပြီးသောအောင်မြင်မှု၌ ပိတ်မိနေခြင်း(When Success Traps Us in the Past) . . .

အောင်မြင်မှု၏အန္တရာယ်ကို သတိရှိရန် ပြောသည့်သဘောမှာ မဖြစ်သင့်ဟုဆိုနိုင်သော်လည်း ပညာရှင် Donald Sull က ယင်းသဘောတရားကို ဖော်ထုတ်ခဲ့သည်။ ဆိုလိုချက်မှာ အောင်မြင်မှုရခဲ့သော လုပ်ငန်းဗျူဟာများ၊ နည်းများကိုဆုပ်ကိုင်ပြီး မပြောင်းလဲဘဲ လုပ်ကိုင်လေ့ရှိခြင်းကို ထောက်ပြခြင်းဖြစ်သည်။

ယခင်အောင်မြင်မှုရခဲ့သော အတွေးအခေါ်နှင့် နည်းစနစ်များကို စွဲမြဲစွာသုံးနေလျှင် လုပ်ငန်းအနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာမှုများကို လျစ်လျူရှုခြင်းကြောင့် လုပ်ငန်းကျဆုံးနိုင်သည်။

အခြေအနေသစ်များအတွင်း နည်းလမ်းဟောင်းဖြင့်သာသွားနေပါက တဖြည်းဖြည်းကျဆင်းလာပြီး မိမိအဖွဲ့အစည်းထက် အခြေအနေကိုလိုက်၍ လှုပ်ရှားနိုင်သောကုမ္ပဏီတို့ကို အရှုံးပေးရပေလိမ့်မည်။

လှုပ်ရှားမှုငြိမ်သက်ခြင်း မည်သို့လုပ်ဆောင်ပုံ (How active inertia works) . . .

လုပ်ငန်းတစ်ခုအနေဖြင့် ပြင်ပတွင် ပြောင်းလဲတိုးတက်မှုကို သိလာသော်လည်း မိမိအဖွဲ့အစည်းကို လိုအပ်သလို ပြောင်းလဲရန်မလုပ်ခြင်း

.

.

.

မန်နေဂျာများသည် အောင်မြင်ထားမှုတွင် ပိတ်မိနေသည့်အလား ထူးခြားပြောင်းလဲလာမှုများကို ယခင်ကအောင်မြင်ခဲ့သော နည်းလမ်းများဖြင့်သာ ဖြေရှင်းနေခြင်း

.

.

.

ပြောင်းလဲလှုပ်ရှားမှုမရှိသည့် အခြေအနေပေါ်ပေါက်လာရခြင်းမှာ ယခင်အောင်မြင်ခဲ့သော နည်းပုံစံများ၊ အသုံးပြုသောပစ္စည်းများ၊ ဖြစ်စဉ်များ၊ ဆက်ဆံရေးများ၊ တန်ဖိုးထားမှုများအားလုံးသည် မန်နေဂျာများ၏အပြုအမူကို စုပေါင်းအကျိုးသက်ရောက်သည်။

.

.

.

အချိန်ကြာမြင့်သည်နှင့် အကြိမ်ကြိမ်သုံးနေသော နည်းလမ်းများကိုသာလက်စွဲထားပြီး အခြားနည်းလမ်းသစ်များပြောင်းလဲ၍ သုံးရန်မစဉ်းစားဘဲ အောင်မြင်ခဲ့သော နည်းလမ်း၏အစိတ်အပိုင်းတစ်ခုချင်းစီမှာ ပို၍မပြောင်းလဲနိုင်ဘဲ ဖြစ်လာသည်။

 

လှုပ်ရှားမှုငြိမ်သက်ခြင်း မည်သို့ကြောင့် ဖြစ်ပေါ်လာပုံ (How active inertia happens) . . .

လှုပ်ရှားမှုငြိမ်သက်ခြင်းဖြစ်ပေါ်လာရခြင်းသည် ပြီးခဲ့ သော အောင်မြင်ခဲ့မှုပုံစံကို လက်ကိုင်စွဲပြီး အခြားသော နည်းလမ်းများကို မစဉ်းစားတော့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြင်ပတွင်ဖြစ်ပေါ်လာသော အပြောင်းအလဲများကို ယခင်ကလုပ်ခဲ့၊ ဖြေရှင်းခဲ့သည့်အတိုင်းပင် ကိုင်တွယ်ကြတော့သည်။ ယခင်က အခြေအနေအတွက် ပြေလည်ခဲ့သော တုံ့ပြန်ဖြေရှင်းခဲ့သည်မှာ ယခုရင်ဆိုင်ရာတွင် မှန်သော်လည်း ပြောင်းလဲဖြစ်ပေါ်လာသော အခြေအနေအတွက် မဆီလျော်ပေ။

ယခင်ကအောင်မြင်ခဲ့သော ပုံသေနည်းမှာ နောက်အခြေအနေအတွက် မည်သည့်အကြောင်းကြောင့် အောင်မြင်မှုရရန် အာမခံချက်မပေးနိုင်ခြင်း(Why a past success formula does not guarantee a successful future) . . .

များသောအားဖြင့် လူအများသည် ဦးနှောက်ကိုအသုံးပြုရန် ဝန်လေးကြသည်။ မသိစိတ်က အလွယ်လမ်းကိုလိုက်၍ ပြဿနာဖြေရှင်းကြသည်။ မသိစိတ်ကြောင့်ပင် အကြောင်းအမျိုးမျိုးပေး၍ ဆုံးဖြတ်ချက်မှန်ကန်ခြင်းကို လက်ခံနေသည်။ ထို့ကြောင့်ပင် မိမိတို့၏ဦးနှောက်က အောင်မြင်ခဲ့ပြီးသော နည်းလမ်းများကို ပျော်ရွှင်ကျေနပ်စွာ လက်ခံစေသည်။ လွယ်ကူခြင်းနှင့် အဆင်သင့်ရှိနေသဖြင့် အခြေအနေပြောင်းလဲသွားခြင်းကို အာရုံမစူးစိုက်ပေ။

ဒေါက်တာဒေါ် ရီရီမြင့် (ပါမောက္ခ-ငြိမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)