ACE Plus Solutions နဲ့ CSC တို့ရဲ့ Future of Insurance Seminar

ACE1

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်က ရန်ကုန်မြို့၊ Novotel Yangon Max Hotel မှာ ပြုလုပ်ခဲ့တဲ့ Future of Insurance Seminar ဟာ ACE Plus Solutions နဲ့ CSC (Provider of Software ၊ Services & Outsourcing to the Insurance Industry) တို့က ပြုလုပ်တာဖြစ်ပြီး CSC ရဲ့ Insurance ကုမ္ပဏီတွေအတွက် Product နဲ့ Service တွေကိုလည်း မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ CSC ရဲ့ Insurance ကုမ္ပဏီတွေအတွက် Product နဲ့ Service တွေကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက်ဖို့အတွက်  ACE Pluc Solutions က ဘာကြောင့်ပြုလုပ်ခဲ့ရသလဲဆိုတာနဲ့ ပတ်သက်လို့ ACE Pluc Solutions မှ Chairman ဦးသိန်းဦးက ''ကျွန်တော်တို့က ကိုယ်မတတ်နိုင်တာဆိုရင် Partner ရှာရမယ်ဆိုတာကို လက်ခံထားပါတယ်။ ရှာလည်းရှာပါတယ်။ အဲဒါအပြင် ကျွန်တော်တို့လက်တွဲမယ့်သူက Product လေးပဲ ပေးလိုက်ပြီးတော့ Service ပါမလာဘူးဆိုရင် ကျွန်တော်တို့ မလုပ်ပါဘူး။  သူတို့လည်းပဲ ဒါကိုပြီးတဲ့အထိ တာဝန်ခံရပါမယ်။ တချို့ Product တွေလုပ်သလို Product ကိုပဲပေးပြီး Service ကို နောက်တစ်ယောက် လုပ်လိမ့်မယ်ဆိုတာမျိုးကို ကျွန်တော်တို့ လက်မခံပါဘူး။ CSC ကို ဘာကြောင့်ရွေးတာလဲဆိုတော့ Insurance System တွေမှာ Leading Company တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကို Technology Transfer လည်း နိုင်နိုင်နင်းနင်း လုပ်ပေးပါတယ်။ ဒါကြောင့် လုပ်ကိုင်လို့ အဆင်ပြေမယ်လို့ ယုံပါတယ်။ Cost Effective ဖြစ်ရမယ်ဆိုတာကိုလည်း ACE က အမြဲတမ်း ထည့်စဉ်းစားပါတယ်'' လို့ ရှင်းပြခဲ့ပါတယ်။

ACE2

မြန်မာနိုင်ငံက အာမခံလုပ်ငန်းဈေးကွက်ဖွံ့ဖြိုးစဖြစ်တာနဲ့အညီ ကမ္ဘာတစ်ဝန်းပြောင်းလဲနေတဲ့ အာမခံဈေးကွက်ရဲ့ Digital ဘက်ကို ကူးပြောင်းမှု Trend နဲ့ လိုက်မီအောင် အခုကတည်းကစတင်ပြုလုပ်လို့ ရနေပြီဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ အာမခံလုပ်ငန်းဈေးကွက်ကို ပြောင်းလဲအောင် လုပ်ဆောင်နိုင်စေတဲ့ အချက်တွေကိုလည်း Mr Prakash Mathew Thomas ၊ Industry General Manager ၊ Insurance - Asia Middle East and Africa ၊ CSC က အချက်လေးချက်နဲ့ ထောက်ပြသွားခဲ့ပါတယ်။ Data Revolution ၊ Social and Economics Dynamics ၊ Growth of New Entrants နဲ့ The Digital Mandates ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေကြောင့် ဈေးကွက်က ပြောင်းလဲလာသလို အာမခံလုပ်ငန်း ဝန်ဆောင်မှုပေးနေတဲ့ကုမ္ပဏီတွေအနေနဲ့လည်း ပြောင်းလဲဖို့ အချိန်ကျနေပြီဖြစ်တယ်လို့ ထောက်ပြခဲ့တာပါ။

ACE3

CSC Insurance Solution တွေကို မြန်မာနိုင်ငံက Insurance လုပ်ငန်းတွေအတွက် ACE Plus Solution နဲ့ ပူးပေါင်းဝန်ဆောင်မှုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ CSC Insurance က သက်တမ်း ၅၅ နှစ်ကျော် ရှိပြီဖြစ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ကာ ကမ္ဘာ့နိုင်ငံတော်တော်များများရဲ့ ဈေးကွက်အမျိုးမျိုးမှာ လက်ရှိ Insurance Industry အတွက် IT ပိုင်း ဝန်ဆောင်မှုပေးနေတဲ့ Product နဲ့ Service တွေလည်း ရှိနေပြီးသားဖြစ်တယ်လို့ သိရပါတယ်။ နည်းပညာပိုင်းနဲ့ Industry Experties ရှိပေမယ့် ဈေးကွက်အသစ်တစ်ခုကို ထိုးဖောက်မယ်ဆိုတိုင်း အဲဒီဈေးကွက်အတွင်းက Culture နဲ့ နားလည်ဖို့လိုတဲ့ တခြားအကြောင်းအရာတွေ ရှိတယ်ဆိုတာကို လက်ခံထားတာကြောင့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက CSC က ဈေးကွက်အသစ်တွေထဲကို Partner ရှာပြီး ဝင်ရောက်လေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တရုတ်၊ အိန္ဒိယ အပါအဝင် တခြားနိုင်ငံကဈေးကွက်တွေကိုလည်း အာမခံလုပ်ငန်းဖွံ့ဖြိုးစအချိန်တွေမှာ စတင်ဝင်ရောက် အခြေချဝန်ဆာင်မှုတွေပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ACE4

CSC ဟာ ဒေသတွင်းနိုင်ငံထွေထဲမှာ အာမခံလုပ်ငန်းဝန်ဆောင်မှုနဲ့ ပတ်သက်လို့ ကုမ္ပဏီပေါင်း ၂၅၀ ကျော်ကို ဝန်ဆောင်မှုပေးထားပြီး မြန်မာနိုင်ငံမှာလည်း Client တစ်ဦးက စတင်သုံးစွဲနေပြီလို့သိရပါတယ်။ CSC နဲ့ ACE Plus တို့ ပူးပေါင်းမှုကတစ်ဆင့် မြန်မာနိုင်ငံရဲ့ အာမခံလုပ်ငန်းနယ်ပယ်မှာ Digital Technology တွေ အသုံးပြုတာနဲ့ပတ်သက်လို့ အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာအောင်လုပ်ဆောင်သွားမှာလည်း ဖြစ်တယ်လို့သိရပါတယ်။ CSC Insurance Solution နဲ့ ACE Plus Solution တို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ http://aceplussolutions.com/ ၊ http://www.csc.com/insurance တို့မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။