News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ရန်ကုန်နဲ့ အင်းလေးမှာ နိုင်ငံတကာအဆင့်မီ ဟိုတယ်တွေတည်ဆောက်ဖွင့်လှစ်ဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တဲ့ ACCOR နဲ့ Myat Min CO LTD
Editorial
January 21, 2014
Article
Feature
Top Story
ရန်ကုန်နဲ့ အင်းလေးတို့မှာ နိုင်ငံတကာအဆင့်မီ ဟိုတယ်နှစ်ခုနဲ့ Service Apartment တစ်ခုကို Accor နဲ့ Myat Min Co Ltd တို့ ပူးပေါင်းကာ တည်ဆောက်ဖွင့်လှစ်ဖို့ သဘောတူလက်မှတ်ရေးထိုးတဲ့အခမ်းအနားကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့တုန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Novotel Bangkok Platinum Pratunam မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ Accor ရဲ့ Senior Vice President ဖြစ်တဲ့ Mr. Patrick Basset က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Accor နဲ့ Myat Min Co Ltd တို့ကတာဝန်ရှိသူတွေက Pullman Yangon Myat Min၊ The Sebel Yangon Myat Min နဲ့ Novotel Inle Lake Myat Min တို့ တည်ဆောက်ဖွင့် လှစ်ဖို့ သဘောတူစာချုပ်မှာ အသီးသီးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ရန်ကုန်မြို့၊ ဥက္ကလာဂေါက်ကွင်းအနီးမှာရှိတဲ့ လေးဧကအကျယ် မြေနေရာမှာ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Pullman Yangon Myat Min Hotel နဲ့ The Sebel Yangon Myat Min Premium Service Apartment တို့ကို တစ်နေရာတည်းမှာ တည်ဆောက်ဖွင့်လှစ်သွားမှာဖြစ်ပြီး အင်းလေး၊ မိုင်းသောက်မှာတော့ ကြယ်လေးပွင့် အဆင့်ရှိတဲ့ Novotel Inle Lake Myat Min Hotel ကို တည်ဆောက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Accor နဲ့ Myat Min Co Ltd တို့ ပူးပေါင်း ဆောင်ရွက်တဲ့နေရာမှာ Myat Min Co Ltd က ဟိုတယ်တွေ တည်ဆောက်ဖွင့်လှစ်ဖို့ အမေရိကန်ဒေါ်လာ ၆၅ သန်း ကို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပြီး Accor အနေနဲ့ကတော့ ဟိုတယ်တွေရဲ့ Management ပိုင်းကို ရာနှုန်းပြည့် တာဝန်ယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Novotel Inle Lake Myat Min ကို Resort Hotel ပုံစံမျိုး ဒီဇိုင်းဆွဲတည်ဆောက်ထားတာဖြစ်ပြီး အခန်းပေါင်း ၁၂၃ ခန်း ပါဝင်ကာ Pullman Yangon Myat Min ကတော့ Business Hotel အမျိုးအစားဖြစ်ပြီး အခန်းပေါင်း သုံးရာပါဝင်တယ်လို့ သိရပါတယ်။ The Sebel Yangon Myat Min ကတော့ တစ်ယောက်အိပ်ခန်း ၊ နှစ်ယောက်အိပ်ခန်း၊ သုံးယောက်အိပ်ခန်း စသဖြင့် အကြမ်းဖျင်း အခန်းတစ်ရာဝန်းကျင်ပါဝင်မယ်လို့ သိရပါတယ်။ The Sebel Yangon Myat Min အတွက် ဝန်ထမ်းအရေအတွက် တစ်ရာကနေ နှစ်ရာကြား ခန့်အပ်သွားဖို့ရှိပြီး Pullman Yangon Myat Min နဲ့ The Sebel Yangon Myat Min တို့အတွက်ပါဆိုရင်တော့ ဝန်ထမ်းအရေအတွက် ငါးရာဝန်းကျင်လောက် ခန့်အပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ပြည့်ဝစေဖို့ Training Program တွေလည်း ပေးသွားမှာဖြစ်တဲ့အပြင် လိုအပ်တဲ့ Training တွေကို Accor ရဲ့ အခြားဟိုတယ်တွေနဲ့ Staff Exchange လုပ်ပေးသွားမယ်လို့ သိရပါတယ်။ Novotel Inle Lake Myat Min ကို လာမယ့် ၂၀၁၄ ခုနှစ်၊ ဒုတိယ လေးလပတ်လောက်မှာ ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားကာ Pullman Yangon Myat Min နဲ့ The Sebel Yangon Myat Min တို့ကိုတော့ ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ဖွင့်လှစ်သွားနိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ Myat Min Co Ltd အနေနဲ့ အနာဂတ်မှာ မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့နေရာတွေဖြစ်တဲ့ မန္တလေး၊ ငပလီနဲ့ ပုဂံတို့လို နေရာမျိုးတွေမှာ ဆက်ပြီး ရင်းနှီးမြှုပ်နှံ သွားဖို့ ရည်မှန်းထားကာ ရန်ကုန်မှာလည်း အခုလို နောက်ထပ်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။ Accor ဟာ လက်ရှိမှာ နိုင်ငံပေါင်း ၉၂ နိုင်ငံမှာ ဟိုတယ်ပေါင်း ၃,၅၀၀ ကျော်နဲ့ အခန်းပေါင်း ၄၅၀,၀၀၀ ကျော်တို့ကို စီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး Hotel Management အဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ Asia Pacific မှာရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေရဲ့ Mentality နဲ့ Culture ကို သူတို့က နားလည်တဲ့အပြင် သူတို့ကို ယုံကြည်တဲ့အတွက် Myat Min Co Ltd အနေနဲ့ အခုလိုလက်တွဲပူးပေါင်းဆောင်ရွက်ဖြစ်ခဲ့တာလို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ငွေ ၊ စာရင်းအင်းနှင့် အင်တာနက်တို့၏ သုံးပွင့်ဆိုင်လားရာ
Posted On October 19, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Olympus Corp က မိုက်ခရိုစကုပ်လုပ်ငန်းခွဲကို ရောင်းချ
Posted On September 4, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း