Advertising Fundamentals Course - Batch 1 သင်တန်းဆင်းပွဲမှ သင်တန်းအတွေ့အကြုံများ

aaam11

မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်း (Advertising Agencies Association of Myanmar)  ရဲ့ ပထမဆုံးသော Advertising Fundamentals Course - Batch 1 သင်တန်းဆင်းပွဲကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်က သင်တန်းတည်ရှိရာ အလုံမြို့နယ်၊ နှင်းဆီလမ်းရှိ Thalun International School မှာ ပြုလုပ်ခဲ့ပါတယ်။ လက်တွေ့လုပ်ငန်းခွင်ထဲက အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ သင်ကြားပေးခဲ့တာဖြစ်ပြီး သင်တန်းဆင်း Final Presentation အဖြစ် ဒွေးလေးထန်းလျက်ကို ဈေးကွက်တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ သင်တန်းသားတွေကို အဖွဲ့အလိုက် Presentation လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ကြော်ငြာလုပ်ငန်းခွင်ထဲက လူငယ်တွေ၊ ဒီဇိုင်နာတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ပြီး သင်ကြားတဲ့ Module ဆယ်ခုလုံးကို မပျက်မကွက်တက်ရောက်ခဲ့သူတွေကိုသာ အသိအမှတ်ပြုလက်မှတ် ပေးအပ်တာဖြစ်လို့ သင်တန်းသား ၅၄ ယောက်ဝန်းကျင်သာ အသိအမှတ်ပြုလက်မှတ် ရရှိခဲ့ကြတာပါ။ သင်တန်းဆင်းပွဲမှာ Advertising Fundamental သင်တန်း တက်ရောက်တာကြောင့် လုပ်ငန်းခွင်မှာကိုယ့်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ သင်တန်းသားတွေရဲ့ အတွေ့အကြုံတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။ (www.facebook.com/AdvertisingAgencies AssociationofMyanmar)

aaam1

 

ကိုခင်မောင်ရင်

Client Service Manager / Account Executive

Digital Mind Advertising Agency

ကြော်ငြာလုပ်ငန်းမှာ လုပ်နေတာကြာပေမယ့် ကိုယ်မသိတာတွေ အများကြီး ရှိပါသေးတယ်။ ကျွန်တော်တို့ကျတော့ မီဒီယာကိုပဲ အဓိက Focus ထားတော့ အခြားအရာတွေ မသိတော့ဘူး။ ဒါတွေကို ဒီသင်တန်းမှာအများကြီး သိလိုက်ရပါတယ်။ နောက်တစ်ခုက ကိုယ်ဘယ်လိုပြင်ဆင်ထားသင့်တယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတွေပါ သိလာပါတယ်။

 

 

aaam2

 

မဆုပြည့်လင်း

Brand Executive

Grand Royal Group

ကျွန်မက Client Field ဘက်ကပါ။ ဒီကြော်ငြာလုပ်ငန်းနယ်ပယ်ကို မရင်းနှီးတဲ့အတွက် လေ့လာချင်လို့ပါ။ အရင်ကတော့ ကိုယ်က Client ဘက်ကဆိုတော့ လိုချင်တာပဲသိခဲ့တယ်။ ဒီသင်တန်းကို တက်လိုက်တဲ့အခါ သူတို့ဘက်က (အေဂျင်စီတွေဘက်က) ဒီလို အခက်အခဲတွေရှိပါလားဆိုပြီး နားလည်လာတယ်။ နှစ်ဖက်စလုံးကို ပိုပြီးနားလည်လာတဲ့အတွက် အလုပ်မှာ ပိုအဆင်ပြေစေပါတယ်။

 

aaam3ကိုထက်မြက်အောင်

Production Executive

FutureCom. Advertising

ပထမတစ်ခုကတော့ Creative လုပ်ရတဲ့ အကျိုးကျေးဇူးကိုသိလာပါတယ်။ ပြီးတော့ Media Planning ဘယ်လိုလုပ်ရတယ်ဆိုတာ သိလာပါတယ်။ ပိုက်ဆံရှိရုံနဲ့မရဘဲ ဘယ် TV Channel ကနေ ကြော်ငြာထည့်ရင် ပြည်သူတွေဆီကို ပိုရောက်မလဲဆိုတာ သုတေသနပြုရပါတယ်။ ဒါကြောင့်လူတွေဆီရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အိုင်ဒီယာတွေ ရလာပါတယ်။

 

 

 

aaam4

မနှင်းအိလှိုင်

Media Buying Manager

Havas Riverorchid Myanmar

ကျွန်မအနေနဲ့ကတော့ Advertising Career က တခြားအလုပ်တွေနဲ့ မတူဘူးလို့ ထင်တယ်။ သူက အမြဲတမ်း ပတ်ဝန်းကျင်နဲ့ထိတွေ့နေရတယ်။ Knowledge တွေကလည်း တစ်ခုနဲ့တစ်ခု မရိုးရအောင် ရရှိတဲ့အတွက် ဒီ Field ကို ရွေးချယ်ခဲ့တာပါ။ ဒီသင်တန်းမှာ ဆရာတွေ ရှင်းပြသွားတဲ့ BTL - Below the Line နဲ့ ပတ်သက်တဲ့အကြောင်းတွေကို အဓိကမှတ်သားမိပါတယ်။

 

 

 

aaam5

ကိုမင်းချမ်းမွန်

Senior Graphic Designer

FutureCom. Advertising

ကိုယ့်အလုပ်က Creative ဖြစ်နေပေမယ့် တခြားနယ်ပယ်က သိသင့်သိထိုက်တာတွေကို လေ့လာသင်ယူချင်လို့ တက်ခဲ့တာပါ။ အလုပ်မှာ အသုံးဝင်ပြီး အသိအမြင်တွေပါ ပြောင်းလဲလာပါတယ်။ အခုခေတ်မှာ ကြော်ငြာလုပ်ငန်းက တအားကျယ်ပြန့်လာတယ်။ ဒါကြောင့် ဒီနယ်ပယ်မှာ လုပ်ကိုင်ကြမယ့်လူငယ်တွေ တက်သင့်တဲ့သင်တန်းတစ်ခုပါ။ သင်တန်းရဲ့ဆောင်ပုဒ်အတိုင်း Professional ရဲ့ ခြေလှမ်းအစပါပဲ။

 

 

 

aaam6

ကိုမင်းဆက်ကို

Graphic Designer

Insight Creative Agency

အလုပ်သဘောတရားကို အဓိက နားလည်လာပါတယ်။ ဒီ Industry က ဘယ်လိုလည်ပတ်နေတယ်ဆိုတာကို သိလာတယ်။ Creative ပိုင်းမှာ Client ဘက်က ဘာလိုလဲ၊ ကျွန်တော်ဘာလုပ်ရမလဲဆိုတာ သိသွားတယ်။ သူတို့လိုချင်တဲ့အပိုင်းနဲ့ ကိုယ်လုပ်ပေးနိုင်တဲ့အပိုင်းကို ချိတ်လိုက်မယ်ဆို တအားကောင်းသွားမယ်လို့ ယုံကြည်ပါတယ်။

 

 

 

aaam7

မယဉ်မြင့်အောင်

Account Executive

Myanmar Spa Today Far East Advertising Ltd

ကိုယ်တိုင်လည်း ကြော်ငြာလုပ်ငန်းမှာ လုပ်နေတော့ အထောက်အကူဖြစ်မယ်လို့ ယုံကြည်တဲ့အတွက် ဒီသင်တန်းကို တက်ဖြစ်ခဲ့တာပါ။ တန်ဖိုးရှိတဲ့ လုပ်ငန်းအတွေ့အကြုံတွေ အများကြီးသိလိုက်ရပါတယ်။ Team Work စိတ်ဓာတ်ရှိအောင်လည်း Group တွေ ခွဲပြီး လေ့လာခဲ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကူညီကြတယ်။ ဖေးမကြတယ်။ အိုင်ဒီယာတွေ မျှဝေကြပါတယ်။ Team Work ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြလို့ Final Presentation မှာ ကောင်းကောင်းတင်ပြနိုင်ခဲ့ပါတယ်။

 

 

aaam8

မဝါဝါမေခိုင်

Account Executive

Azuri Creative

လုပ်သက်တစ်နှစ်အောက်ရှိတဲ့ဝန်ထမ်းတွေကို အဓိကထားသင်ကြားပေးတဲ့ အခြေခံ Course ဖြစ်တာကြောင့် ကျွန်မတို့လို လုပ်သက်တစ်နှစ် မပြည့်သေးတဲ့သူတွေအတွက် အင်မတန်အကျိုးရှိပါတယ်။ Network လည်း ပိုကျယ်ပြန့်လာပါတယ်။ ဒီသင်တန်းမှာ သင်ကြားပေးတဲ့သူတွေက လုပ်ငန်းခွင်မှာ ဝါရင့်ကျွမ်းကျင်တဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်ဝေမျှတဲ့အတွက် ဒါတွေကအပြင်မှာ ရခဲပါတယ်။

 

 

 

aaam9

မသီရိထွဋ်

Mango Media

ဒီသင်တန်းတက်လိုက်တဲ့အခါ Media ပိုင်းမှာ ဘယ်အရာတွေကို ရှောင်သင့်တယ်၊ ဘာတွေလုပ်သင့်တယ်ဆိုတာ သိလာပါတယ်။ Media ပိုင်းမှာ လုပ်နေပေမယ့် တခြား Digital ပိုင်း၊ PR ပိုင်းတွေသာမက အေဂျင်စီတစ်ခုလုံးရဲ့လည်ပတ်နေပုံကိုပါ နားလည်လာပါတယ်။

 

 

 

 

 

aaam10

ကိုဟင်နရီရှိန်း

Client Service

Myanmar Spa Today Far East Advertising Ltd

ကျွန်တော်တို့ ကြော်ငြာအေဂျင်စီလောကမှာ သိသင့်သိထိုက်တာတွေအားလုံးကို ထောင့်စေ့အောင် ဆရာ၊ ဆရာမတွေက ပြောပြပေးပါတယ်။ အေဂျင်စီလောကမှာပဲလုပ်လုပ်၊ Client လောကမှာပဲလုပ်လုပ် ဒီအရာတွေကို နားလည်ထားမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အလုပ်လုပ်ရတာ အင်မတန်အဆင်ပြေပါတယ်။ Client တွေကို ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်ပါတယ်။

 

 

 

အယ်ဒီတာအဖွဲ့