မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းမှ ကြော်ငြာလုပ်ငန်း အခြေခံသင်တန်းဖွင့်လှစ်သင်ကြား

[caption id="attachment_26705" align="alignnone" width="720"]adv20161ဒေါက်တာသာထွန်းဦး[/caption]

[caption id="attachment_26706" align="alignnone" width="720"]adv20162ဦးအောင်သူရ[/caption]


[caption id="attachment_26709" align="alignnone" width="720"]adv20165ဒေါ်ခင်မြတ်သူ[/caption]

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်က ရန်ကုန်မြို့၊ အလုံမြို့နယ်၊ နှင်းဆီလမ်းရှိ Thalun International School မှာ Advertising Fundamental Course အမှတ်စဉ် ၁/၂၀၁၆ ကို စတင်ခဲ့ပြီး သင်တန်းဖွင့်ပွဲအခမ်းအနားမှာ မြန်မာနိုင်ငံ ကြော်ငြာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦးက အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်းရဲ့အလုပ်အမှုဆောင်တွေကို သင်တန်းသားတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းရဲ့ ဒု-ဥက္ကဋ္ဌတွေဖြစ်တဲ့ ဒေါ်လင်းလင်းတင်ထွန်းနဲ့ ဦးအောင်သူရတို့ကလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပေးကာ သင်တန်းနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကြပါတယ်။

[caption id="attachment_26708" align="alignnone" width="720"]adv20164ဒေါ်အေးနှင်းဆွေ[/caption]

[caption id="attachment_26710" align="alignnone" width="720"]adv20166ဒေါ်လင်းလင်းတင်ထွန်း[/caption]

adv20163

သင်တန်းသားဦးရေ ၉၃ ဦးကို သင်တန်းကြေး သုံးသောင်းကျပ်နှုန်းနဲ့ လက်ခံခဲ့ပြီး သင်တန်း ပထမနေ့မှာတော့ မြန်မာနိုင်ငံကြော်ငြာလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အေးနှင်းဆွေမှ Fundamentals of Advertising ၊ EC Member ဖြစ်သူ ဒေါ်ခင်မြတ်သူမှ Account Handling စတဲ့ ခေါင်းစဉ်တို့နဲ့ စတင်သင်ကြားပေးခဲ့ကြပါတယ်။ သင်တန်းကို အောက်တိုဘာလ ၁ ရက်အထိ အပတ်စဉ်စနေနေ့တိုင်း သင်ကြားပေးသွားမှာဖြစ်ပြီး Fundamentals of Advertising ၊ Account Handling ၊ Communication Strategy Development ၊ Media Basics ၊ Creative Introduction ၊ Starting Point of PR Services ၊ First Chapter of Digital Advertising ၊ First Step of Production ၊ Beginning of BTL Activation ၊ Campaign Effectiveness Measurement တို့ ပါဝင်မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၈ ရက်မှာတော့ Mini Workshop နဲ့ Certificate ပေးအပ်ခြင်း အခမ်းအနားပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကို https://www.facebook.com/AdvertisingAgenciesAssocia-tionofMyanmar မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

adv20167

ဦးအောင်သူရ

Vice President

Advertisitng Agencies Association of Myanmar

သင်တန်းဖွင့်လှစ်ရတဲ့ အဓိကရည်ရွယ်ချက်က Capacity Building ပါ။ ဒီပညာနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့သူတွေက မြန်မာနိုင်ငံမှာဆိုရင် လက်ချိုးရေတွက်လို့ရတဲ့ အနေအထားမှာရှိတာကြောင့် ဒီထက်ပိုများလာစေချင်တဲ့ ရည်ရွယ်ချက်နဲ့လုပ်တာ ဖြစ်ပါတယ်။ Advertisitng Agency Professional (ကြော်ငြာလုပ်ငန်းလုပ်တဲ့ ကျွမ်းကျင်သူတွေ) ဖြစ်ဖို့ ကျွန်တော်တို့လုပ်တာပါ။ သင်တန်းကတော့ Fundamental ဖြစ်တဲ့အတွက် လုပ်ငန်းခွင်စဝင်ခါစလူတွေနဲ့ လုပ်သက်တစ်နှစ်အောက်ရှိတဲ့သူတွေအတွက် အဓိကထားပါတယ်။ စလုပ်ခါစမှာ ကြော်ငြာလုပ်ငန်းကဘာတွေလဲ၊ ဘာတွေသိအောင် လုပ်ရမလဲ စတဲ့ အခြေခံတစ်ခုကိုရအောင် သင်တဲ့သင်တန်း ဖြစ်ပါတယ်။

ကျွန်တော်တို့ မဖြစ်မနေတက်စေချင်တဲ့သူတွေကတော့ အခုအချိန်မှာ ကြော်ငြာလုပ်ငန်းကုမ္ပဏီမှာ လုပ်နေတဲ့သူတွေ၊ လုပ်ချင်တဲ့သူတွေဖြစ်ပါတယ်။ ဒါပေမဲ့ General Interest အနေနဲ့ Public က စိတ်ဝင်စားတဲ့ သူတွေလည်း တက်လို့ရပါတယ်။  Marketing လုပ်တဲ့သူတွေ၊ Brand Manager တွေအတွက်လည်း ဒီသင်တန်းက သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြော်ငြာလုပ်ငန်းက Marketing မှာလည်း အရေးကြီးတဲ့ကဏ္ဍတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ နောက်ပြီးတော့လည်း Client တွေ တော်တော်များများက Budget ကြီးရင်ကြီးသလို ကြော်ငြာမှာ သုံးကြပါတယ်။ အဓိကကတော့ သူတို့ပိုက်ဆံတွေကို ဘယ်လိုသုံးနေတယ်ဆိုတာ သူတို့ကိုယ်တိုင်သိတယ်၊ မြင်တယ်ဆိုရင် ပိုမိုထိရောက်မှုရှိအောင် လုပ်လို့ရပါတယ်။ အဲဒါကြောင့် ခြုံပြောရမယ်ဆိုရင် ဘယ်သူတွေတက်သင့်လဲဆိုတော့ ကြော်ငြာလုပ်ငန်းလုပ်နေတဲ့ သူတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေဖြစ်ပါတယ်။

သင်တန်းက အခြေခံဖြစ်တဲ့အတွက် အဲဒါပြီးရင်တော့ Intermediate ၊ Advanced Advertising Skills ဆိုတာတွေ ဆက်လုပ်မှာပါ။ ဒါပေမဲ့ Basic ဖြစ်တဲ့ Fundamental တွေကိုလည်း ကျွန်တော်တို့ အမြဲတမ်း သင်နေရမှာပါပဲ။ သင်တန်းတွေလည်း အမြဲတမ်းဖွင့်လှစ်သွားနေမှာပါ။ Timing တွေ၊ Schedule တွေကိုတော့ အလျဉ်းသင့်သလို Announce လုပ်သွားပါမယ်။ အခုလောလောဆယ်တော့ Facebook က ဆက်သွယ်လို့ ရပါတယ်။ နောက်ပိုင်းလည်း Website လို ဆက်စပ်တာတွေ လုပ်သွားမှာပါ။ အဲဒီကနေလည်း ဆက်သွယ်လို့ရပါတယ်။

ဖြူလဲ့မွန်