လုပ်ငန်းခွင်မှာ သင် လျင်မြန်စွာ ပြိုလဲခါနီးကြောင်းပြတဲ့ သင်္ကေတ ၇ ခု နဲ့ ဒီအခြေအနေကို တားဆီးနိုင်မယ့် နည်းလမ်းများ

sing7

၁၉၇၀ ပြည့်နှစ်အတွင်းက အလုပ်မနားတမ်းလုပ်ခြင်းရဲ့ စိတ်ပိုင်းဆိုင်ရာအကျိုးသက်ရောက်မှုတွေကို ရည်ညွှန်းတဲ့ ကိုယ်စိတ်နှစ်ဖြာ ချုံးချုံးကျမှုဟာ မနီးယိုးစွဲဖြစ်ပေါ်တာကြောင့် အအေးမိခြင်း၊ ဒါမှမဟုတ် ဆိုးရွားတဲ့ အလုပ်ရှင်တို့လို တခြားအပျက်သဘောဆောင်တဲ့ အင်အားစုတွေရဲ့လက္ခဏာတွေနဲ့ သင် အလွယ်တကူ ရောထွေးနိုင်ပါတယ်။ သင်ဟာ ကိုယ်စိတ်ချုံးချုံးကျမှုလက္ခဏာတွေကို သိပ်ကိုမြန်ဆန်စွာ သိတယ်၊ ခံစားနေရတယ်လို့ ထင်နေပြီလား။ အဲဒီလိုအမြဲတမ်းမဟုတ်ပါဘူး။ သင်ဟာ ပြင်းထန်တဲ့ စိတ်ဖိစီးမှုကို ခံစားနေရကြောင်း သတိပေးအချက်ပြတဲ့ သင်္ကေတခုနစ်ခုနဲ့ အဲဒါတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာ ဖော်ပြပါရစေ။

၁။ သင်ဟာ အပြစ်မြင်မှုလွန်ကဲနေတယ်။

သင်ဟာ အရင်ကထက်ပိုပြီး အရွဲ့တိုက်ပြောတတ်၊ လုပ်တတ်နေပါသလား။ သင့်အပေါ် မိတ်ဆွေကောင်းပီသတဲ့ သူငယ်ချင်းရဲ့လက်ထပ်ပွဲအကြိုလက်ဆောင်ပေးပွဲကို ကဲ့ရဲ့ပြောင်လှောင်မိသလား။ သင့်ကို အပြစ်မြင်စေတဲ့ ကြမ်းတမ်းခက်ခဲတဲ့ကိစ္စတွေ သင်ရင်ဆိုင်နေရသလားဆိုတာ သင့်ဘာသာသင်ပြန်စစ်ဆေးပါ။

၂။ သင်ထွက်ပြေးချင်နေသလား။

အလုပ်အားလုံးကို ဥပေက္ခာပြုပြီး ဘာလီကျွန်းကို သင်ထွက်သွားချင်နေပြီလား။ သင်ခြေရာဖျောက်ပြီး ကနေဒါနိုင်ငံ ကျေးလက်ဒေသက တဲအိမ်လေးကို ပြောင်းရွှေ့အခြေချချင်သလား။ ဒါဟာ ကိုယ်စိတ်ချုံးချုံးကျမှုရဲ့ လက္ခဏာသာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ အလုပ်ကို ရှောင်ပြေးခြင်းဟာ ဖြေရှင်းနည်းတစ်မျိုးဖြစ်ပါတယ်။ သင့်အောင်မြင်မှုကို အရှိန်မြှင့်ပေးလိမ့်မယ်လို့ တလွဲမျှော်လင့်ပြီး အားစိုက်ထုတ်မှု လွန်ကဲတာကို ရှောင်ရှားသင့်ပါတယ်။

၃။ ပုံမှန်အားဖြင့် လွယ်ကူတဲ့အလုပ်တာဝန်တွေကို တလွဲတချော် လုပ်နေတယ်။

အခုတလော သင်ဘာလုပ်လုပ် နမော်နမဲ့ဖြစ်နေသလား။ သင့်ရဲ့နှစ်ပတ်လည်နေ့ကို မေ့နေခြင်းကအစ၊ မနက်စာစားရင်း အစည်းအဝေးထိုင်ဖို့ ပျက်ကွက်လာတာမျိုးလို အသေးစိတ်ကိစ္စတွေကို ရုတ်တရက် အာရုံမစိုက်ဖြစ်ခြင်းဟာ ကိုယ်စိတ်ချုံးချုံးကျမှု သတိပေးတဲ့သင်္ကေတဖြစ်ပါတယ်။

sing72

၄။ သင်ဟာ အမြဲပင်ပန်းနွမ်းနယ်နေတယ်။

နေသာပြီး သာယာလှပတဲ့ စနေနေ့မနက်မှာ သင်အိပ်နေချင်သလား။ တစ်နေ့လုံး အိပ်စက်အနားယူခြင်းဟာ ညောင်းညာနုံးချိတာကို မပျောက်စေမှန်း သင်သိရှိရင် အဲဒီလိုနှေးကွေးလေးလံချင်စိတ်ဟာ အချက်ပြသင်္ကေတပဲ။ စိတ်ပိုင်းနွမ်းလျမှုဟာ သင့်အလုပ်တွေ ကသောင်းကနင်းဖြစ်မှုကို ကြုံတွေ့ခံစားနေရကြောင်း သင်္ကေတ ဖြစ်ပါတယ်။

၅။ သင်ဟာ အမြဲတမ်းအလိုမကျဖြစ်နေတယ်။

သင့်အလုပ်ထဲမှာ စိတ်မပါတော့ဘူးလား။ သင့်အလုပ်ရှင် (အထက်လူကြီး)တွေဟာ အနိုင်ကျင့် ဗိုလ်ကျတယ်။ သင့်လုပ်ဖော်ကိုင်ဖက်တွေဟာ မလိုတမာစိတ်ရှိတယ်စသဖြင့် သင်လျှောက်ပြောနေသလား။ စိတ်ပျက်စရာ လုပ်ငန်းခွင်အကြောင်း သင့်ရဲ့ သရုပ်ဖော်မှုဟာ တကယ်မှန်ချင်မှန်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီစိတ်ကူးယဉ်မှုတွေဟာ ကိုယ်စိတ်ချုံးချုံးကျမှုရဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ခြေကုန်လက်ပန်း မကျမချင်းအောင်မြင်မှုရဖို့ သွေးရူးသွေးတန်းဝန်ထမ်းဖြစ်တာကို ဖြေရှင်းဖို့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို (အကြောင်းမဲ့သက်သက်) အပြစ်တင်ကောင်း တင်မိပါလိမ့်မယ်လို့ စိတ်ပညာသိပ္ပံအသင်းကြီးက ဆိုထားပါတယ်။

၆။ သင်ဟာ သင့်ကိုယ်သင် အမြဲတမ်းသံသယဖြစ်နေတယ်။

သင်ဟာ သင်ရွေးချယ်တဲ့ လုပ်ငန်းနယ်ပယ်မှာ နာမည်ရဖို့ အပင်ပန်းခံလုပ်ခဲ့တယ်။ ဒါဖြင့် သင်လုပ်ခဲ့တာတွေ အချည်းနှီးဖြစ်နေသလားလို့ သင်အခုတလော ဘာကြောင့်တွေးနေသလဲ။ လျှော့ချတဲ့စွမ်းဆောင်မှု ခံစားချက်ဟာ ကိုယ်စိတ်ချုံးချုံးကျမှုရဲ့လက္ခဏာဖြစ်ပြီး ခွဲစိတ်ဆရာဝန်တွေကအစ၊ အတော်ဆုံး အားကစားသမားတွေအထိ ကြိုးစားတဲ့သူ ဘယ်သူမဆို သက်ရောက်မှုဖြစ်နိုင်ပါတယ်။ သင့်အလုပ်ကနေ ဆက်တိုက်တောင်းဆိုမှုတွေကို ဖြေရှင်းတဲ့နည်းလမ်းတစ်ခုအဖြစ် သင့်စိတ်က သင့်ကိုလှည့်စားစ ပြုလာတတ်ပါတယ်။

၇။ သင်ဟာ အချိန်ပြည့်နာမကျန်းဖြစ်နေတယ်။

သင့်ခေါင်းကိုက်နေတာ မပျောက်ဘူးလား။ သင့်ဗိုက်ထဲက အချိန်ပြည့် တဂွီဂွီမြည်နေတာ၊ ဒါမှမဟုတ် အသက်ရှူလမ်းကြောင်းရောဂါတစ်ခုခုက သင့်ကို ဆက်တိုက်ဒုက္ခပေးနေတာမျိုးရှိလား။ ဆရာဝန်တွေက ရောဂါရှာမတွေ့ရင် သင့်အလုပ် အစီအစဉ်ဇယားကို သေချာပြန်စစ်ဆေးပါလို့ ရုပ်ပိုင်းကျန်းမာရေး ပြဿနာတွေနဲ့ ကိုယ်စိတ်ချုံးချုံးကျမှုတို့ရဲ့ဆက်စပ်မှုတွေ သေသေချာချာရှာတွေ့ထားတဲ့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ တစ်ခါတလေ အလုပ်ဖိစီးမှုကြောင့် အမှန်တကယ် ကိုယ်ခန္ဓာထိခိုက်နာကျင်မှု ဖြစ်နိုင်သေးတယ်။ ကိုယ်စိတ်ချုံးချုံးကျမှုဟာ အအေးမိနှာစေခြင်းမှအစ နှလုံးရောဂါအထိ ရုပ်ပိုင်းကျန်းမာရေးယိုယွင်းပျက်စီးမှုနှုန်း ပိုမြန်ဆန်စေကြောင်း သိပ္ပံစာရေးဆရာတချို့က ပြောပါတယ်။

[caption id="attachment_27058" align="alignnone" width="720"]sing73အမြဲပြုံးအောင် လုပ်နိုင်တဲ့မိတ်ဆွေတွေနဲ့အတူ အချိန်ဖြန်းပါ[/caption]

သင်နေကောင်းအောင် ဘယ်လိုလုပ်မလဲ . . .

အကယ်၍ အထက်ဖော်ပြပါ သင်္ကေတတစ်ခုခု သင့်မှာရှိနေရင် အပြောင်းအလဲတွေ စလုပ်ဖို့ အချိန်တန်ပါပြီ။ အောက်မှာ ဖော်ပြထားတဲ့နည်းလမ်းတွေထဲက တစ်ခုခုကို သင်စမ်းကြည့်ပါ။

- သင့်ကို အမြဲပြုံးအောင်လုပ်နိုင်တဲ့ မိတ်ဆွေတွေနဲ့အတူ အချိန်ဖြုန်းဖို့စီစဉ်ပါ။ အဲဒီအတွက် သင့်အလုပ်တချို့ကို လျှော့ချရလိမ့်မယ်။ ‘Spa’ တစ်ခုခုသွားဖို့ ရက်ချိန်းယူပါ၊ ဒါမှမဟုတ် သင်စိတ်ဝင်စားတဲ့  နာမည်ကျော်ပွဲတစ်ခုခုကြည့်ဖို့ ကြိုတင်လက်မှတ်ဝယ်ပါ။ သင်အပင်ပန်းခံ တည်ဆောက်ခဲ့တဲ့ ကမ္ဘာလေးကို တန်ဖိုးထားမှု အသစ်ပြန်လုပ်ဖို့ အချိန်တန်ပါပြီ။

- သင်လုပ်ရမယ့်ကိစ္စစာရင်း လျှော့ချပါ။ အရေးကြီးတဲ့ကိစ္စတွေ လက်လွတ်သွားတယ်ဆိုတာ လက်တွေ့ဖြစ်နိုင်တာထက် သင့်တစ်နေ့တာ အလုပ်စာရင်းမှာ အလုပ်တွေ ပြွတ်သိပ်ထည့်ထားလို့ ဖြစ်နိုင်ပါတယ်။

- အလုပ်အတွက် စိုးရိမ်မကင်းကြောင်း သင့်အလုပ်ရှင်သိပါစေ။ အပြစ်တင်ရမယ့်လူတွေလို့ သင်ယူဆတဲ့လူတွေအပေါ် သင့်ရဲ့မကျေနပ်မှုကို အာရုံစိုက်စေခြင်းဟာ အလိုအလျောက်သိစိတ် တန်ပြန်မှုဖြစ်ပုံရပါတယ်။

- ပဋိပက္ခမဟုတ်ဘဲ ကြားဝင်တဲ့အနေနဲ့ စကားစမြည်ပြောမယ်ဆိုရင် နောက်ဆုံးမှာ တင်းမာမှုတွေကို သင်ဖယ်ရှားနိုင်ပါလိမ့်မယ်။

- သင့်ဘာသာအားဖြည့်ဖို့ သင့်ရဲ့အလုပ်ပန်းတိုင်တွေကို စနစ်တကျ ပြန်စီပါ။ ခြေကုန်လက်ပန်းကျမှုနဲ့ ဆက်စပ်တဲ့ ကိုယ်၊ စိတ် ချုံးချုံးကျမှုက သင်ပင်ပန်းနေရုံမဟုတ်ဘဲ သင့်ရဲ့ နေ့စဉ်လုပ်နေကျ အလုပ်တွေကို ငြီးငွေ့နေကြောင်း ညွှန်ပြပါတယ်။

- ပိုပြီးဆွဲဆောင်မှုရရှိအောင် တူညီတဲ့လုပ်ငန်းနယ်ပယ်မှာ တာဝန်ဝတ္တရားအသစ်တွေကို ထမ်းဆောင်ဖို့ နည်းသစ်တွေရှာပါ။ သင်အတွေ့အကြုံပိုရချင်တဲ့ သင့်အလုပ်ရဲ့ အင်္ဂါလက္ခဏာနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတစ်ခုခုမှာ အသင်းဝင်လိုက်ပါ။

- အပန်းဖြေခရီးထွက်ပါ။ ခွင့်ယူတာဟာ ရှောင်ပြေးခြင်းမဟုတ်ပါ။ ဆရာဝန်ညွှန်ကြားချက်လို့ သဘောထားပါ။ ကမ်းခြေမှာနားခြင်းဟာ သင်တကယ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

စိုးသိဏ်း