လာမယ့်ငါးနှစ်အတွင်း ခေတ်တုံးသွားမယ့် နည်းပညာအသုံးအဆောင် ၅ မျိုး

နည်းပညာလောကမှာ တီထွင်ဆန်းသစ်မှု အရှိန်အဟုန် မြင့်လာတာနဲ့အမျှ ယနေ့ခေတ် နည်းပညာ အသုံးအဆောင်တွေထဲက လာမဲ့ ငါးနှစ်မှာ မကျန်ရစ်နိုင်တော့တာတွေကို ခန့်မှန်းလို့ရနိုင်ပါတယ်။ Bluray နဲ့ DVD ဖွင့်စက် DVD တွေကော၊ Bluray စက်တွေကိုပါ တော်လှန်ပစ်တာက Netflix ကုမ္ပဏီကြောင့်ပါပဲ။ ရုပ်ရှင်တွေကို လိုသလို ကြည့်နိုင်တာနဲ့ အရည်အသွေးကောင်းမွန်တာတွေကြောင့် Netflix ဟာ လာမယ့်နှစ်တွေအတွင်း ပိုမိုခေတ်စားလာဦးမှာပါ။ တခြားကုမ္ပဏီတွေလည်း ပေါ်လာနိုင်ပါတယ်။ ကားထဲက GPS သီးသန့်စက် ခြောက်နှစ်ကျော်ကာလလေးအတွင်း တစ်ကမ္ဘာလုံးမှာ iPhone နဲ့ Android စမတ်ဖုန်း ၁.၃ ဘီလီယံကျော် ရောင်းချထားရပါတယ်။ ဖုန်းတိုင်းမှာလဲ မြေပုံဆော့ဖ်ဝဲတွေ ပါတယ်။ ဒါကြောင့် ၂၀၀၀ ပြည့်နှစ်လွန် ဆယ်စုနှစ်အလယ်ပိုင်းမှာ ခေတ်စားခဲ့တဲ့ GPS သီးသန့် စက်ကလေးတွေ ကားထဲထည့်စရာ မလိုတော့ပါဘူး။ စမတ်ဖုန်းမှာ GPS တွေ ၂၀၀၈ ခုနှစ်ကစပြီး ပါဝင်လာကတည်းက GPS သီးသန့်စက်တွေရဲ့ ရောင်းအားဟာ တစ်နှစ်ကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိပါတယ်။ Dial-up အင်တာနက် Dial-up အင်တာနက်ကို အမေရိကန်လူမျိုး ၃ ရာခိုင်နှုန်းက သုံးနေဆဲပါပဲ။ လက်ရှိအမေရိကန် ၆၅ ရာခိုင်နှုန်းကတော့ Broadband အင်တာနက် ရှိပါတယ်။ ဒါ့အပြင် ဂြိုဟ်တုအင်တာနက်လို တခြားရွေးစရာတွေလည်းရှိတော့ Dial-up နည်းပညာဟာ သိပ်ကြာကြာ မခံနိုင်တော့ပါဘူး။ ဈေးပေါပေါ ဒစ်ဂျစ်တယ်ကင်မရာ ၂၀၁၀ ခုနှစ်ထုတ် iPhone 4 မှာ အရည်အသွေးမြင့် ကင်မရာ ပါဝင်လာပြီးနောက် ဒေါ်လာ ၂၀၀ တန်လောက် ဒစ်ဂျစ်တယ်ကင်မရာတွေ ခေတ်တုံးသွားပါတယ်။ လာမယ့်ငါးနှစ်မှာ Nikon, Canon, Sony တို့လို ကင်မရာကုမ္ပဏီတွေဟာလည်း တန်ဖိုးကြီးနဲ့ တန်ဖိုးလတ် ကင်မရာတွေဘက် ပိုအာရုံစိုက်ရတော့မှာပါ။ ကားသော့များ သာမန် ကားသော့ထက် စမတ်သော့တွေက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပြောင်းလဲခေတ်စားလာပါတယ်။ သုံးစွဲသူတွေ အတွက်လည်း အဆင်ပြေတော့ ကြိုက်နှစ်သက်လာကြပါတယ်။ ဒါပေမယ့် နောက်ဆိုရင်တော့ အဲဒီလို ကားသော့တွေနေရာမှာ စမတ်ဖုန်းတွေက နေရာယူလာနိုင်ပါတယ်။ Chevrolet ရဲ့ OnStar RemoteLink လို စမတ်ဖုန်း App က သင့်ကားကို ဖုန်းကနေ တံခါးဖွင့်တာ၊ စက်နှိုးတာတွေ လုပ်ဆောင်ပေးနိုင်ပါတယ်။