

Marketing Executive
Life and Challenge Co Ltd[/caption]
Life and Challenge Co Ltd ကပေးနေတဲ့ ဝန်ဆောင် မှုတွေက
ကျွန်တော်တို့ ကုမ္ပဏီက3D Scanner နဲ့ 3D Printer တွေကို ဖြန့်ဖြူးရောင်းချပေးနေတဲ့အပြင် Animation လုပ်ချင်တဲ့သူတွေ၊ 3D Designer တွေ၊Reverse Engineering တွေအတွက် လိုအပ်တဲ့ 3D Model တွေ ရရှိစေဖို့ 3D Scan ဖတ်ပေးတာ၊ ကိုယ်တိုင်ရေးဆွဲထားတဲ့ 3D Design တွေ၊ Pattern Mould Design တွေကို ပုံစံတူ ရုပ်တုထုတ်လုပ်ပေးတာ၊ 3D ပုံစံတူ ရုပ်တုပြုလုပ်ချင်တဲ့ လူ၊ အနုစိတ်လက်ရာပစ္စည်းတွေ၊ ရှေးဟောင်းပစ္စည်းတွေနဲ့ တခြားအရာဝတ္ထုပစ္စည်းတွေကို 3D Scan ဖတ်ပြီး 3D Model ရုပ်တုတွေ ထုတ်လုပ်ပေးတာ စတဲ့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။တင်သွင်းရောင်းချပေးနေတဲ့ ပစ္စည်းတွေက
ကျွန်တော်တို့ကုမ္ပဏီက တင်သွင်းရောင်းချပေးနေတဲ့ 3D Printer တွေကတော့ အိုင်ယာလန်နိုင်ငံMcor Techno-logies ကတင်သွင်းတဲ့ ကမ္ဘာ့ပထမဦးဆုံးအနေနဲ့ စက္ကူနဲ့ ထုတ်လို့ရတဲ့ 3D Printer နှစ်မျိုးဖြစ်တဲ့ Mcor Iris (True Color) နဲ့ Mcor Matrix 300+ (Mono) ၊ အမေရိကန်နိုင်ငံ MakerBot Industries က ထုတ်လုပ်တဲ့ Plastic 3D Printer တွေ ဖြစ်ပါတယ်။ Mcor Matrix 300+ က စက်ထဲကို စာရွက်အဖြူထည့်လိုက်ရင် ထွက်လာတဲ့ 3D Model က အဖြူရောင်ထွက်လာပါမယ်။ အနီရောင် ထည့် လိုက်ရင် အနီရောင်ထွက်လာပါမယ်။ Print ထုတ်လိုက်တဲ့ အခါမှာ ထည့်လိုက်တဲ့ စက္ကူအရောင်အတိုင်းပဲ ထွက်လာမှာ ဖြစ်ပါတယ်။Mcor Iris ကတော့ သူ့မှာ 2D Print ထုတ်လို့ရတဲ့ Epson Printer ပါတဲ့အတွက် ကိုယ်လိုချင်တဲ့ အပြင်က တကယ့်ပစ္စည်းရဲ့ အရောင်တွေအတိုင်း True Color ရအောင် ထုတ်လုပ်နိုင်ပါတယ်။ 3D Scanner တွေအနေနဲ့ လူဇင်ဘတ်နိုင်ငံမှာရှိတဲ့ Artec Group ကနေ တင်သွင်းတဲ့ Artec Eva နဲ့ Artec Spider ဆိုပြီး နှစ်မျိုး ရှိပါတယ်။
တင်သွင်းရောင်းချပေးနေတဲ့ 3D Printer တွေရဲ့ ကွာခြားချက်
အဓိကကတော့ အသုံးပြုတဲ့ကုန်ကြမ်းပစ္စည်းပိုင်းမှာ ကွာ သွားတာပါ။ စက္ကူအသုံးပြုတဲ့ Printer နှစ်မျိုးလုံးအတွက် ကုန်ကြမ်းက A4 စာရွက်တွေပဲ အသုံးပြုရပြီး A4 စက္ကူ တစ်ထုပ်မှ အများဆုံး သုံးထောင်ကျပ်ပဲ ကျပါတယ်။ Plastic အသုံးပြုတဲ့ Printer မှာကျတော့ ABS လို့ ခေါ်တဲ့ Plastic တစ်မျိုးကို အသုံးပြုရပြီး အရည်အသွေးကောင်းတဲ့ Plastic တစ်ခွေကို ဒေါ်လာတစ်ရာဝန်းကျင်ခန့် ရှိပါတယ်။ နောက်တစ်ခုက စက္ကူအသုံးပြုတဲ့ Mcor Iris Printer က ထွက်လာမယ့် 3D Model အတွက် True Color ရရှိအောင် Color Code သန်းဂဏန်းအထိ အရောင်ရောစပ်လို့ ရပြီး Plastic Printer ကတော့ အများဆုံးနှစ်ရောင်အထိပဲ အသုံး ပြုလို့ရပါတယ်။စက္ကူအသုံးပြုတဲ့ Printer နဲ့ဆိုရင် ထုတ်လို့ရမယ့် 3D Model အရွယ်အစား
အရွယ်အစားအနေနဲ့ ပုံမှန်ကတော့ A4 Size မှာ အမြင့် A4 သုံးထုပ်စာအထိ ထုတ်လုပ်နိုင်ပါတယ်။ အဲဒီ Size ထက် ကျော်လွန်ပြီး လိုချင်တယ်ဆိုရင်တော့ အပိုင်းတစ်ပိုင်း ချင်းစီ ထုတ်ပြီး ပြန်ဆက်ပေးရပါတယ်။ ဥပမာ- လူခန္ဓာ ကိုယ်နဲ့ တစ်ပုံစံတည်း၊ တစ်ထပ်တည်းကျတဲ့ ရုပ်တုအကြီး ကြီးတွေ၊ တပ်မတော်၊ သစ်တောဌာန၊ ရေနံကုမ္ပဏီ စတာ တွေမှာ သုံးတဲ့ အခန်းပြည့်မြေပုံ အကြီးကြီးတွေအထိ ထုတ် လို့ရပါတယ်။ တစ်ခါထုတ်ရင်A4 Size ပဲ ထုတ်ပြီး နောက်မှ သူ့စကေးနဲ့သူပိုင်းပြီး ပြန်ဆက်ပေးလိုက်ရင် လိုချင် တဲ့အရွယ်အစားကို ရရှိနိုင်ပါတယ်။
အရွယ်အစားအလိုက် ထုတ်လုပ်မှုပိုင်းကြာချိန်
ထုတ်လုပ်တဲ့ Model ပေါ်မူတည်ပြီးတော့ ကြာချိန်တွေ မတူပါဘူး။ ဥပမာ - သုံးလက်မပတ်လည်အရွယ် ပခုံးအ ထက်နားထိ လူပုံ 3D Model တစ်ခုကို True Color ထုတ် မယ်ဆိုရင် ၁၆ နာရီနီးပါးကြာပါမယ်။ A4 တစ်ထုပ် (A4 အရွက်ရေငါးရာ) ဆိုရင် သုံးလက်မပတ်လည် အရုပ်ကလေး နှစ်ရုပ်ထုတ်လို့ ရပါတယ်။စက္ကူ အသုံးပြုတဲ့ Printer နဲ့ဆိုရင် ကျသင့်မယ့် ကုန်ကျ စရိတ်
ကုန်ကျစရိတ်အနေနဲ့ကတော့ Printing ပိုင်းမှာဆိုရင်True Color နဲ့ ထုတ်မယ်ဆိုရင် တစ်နာရီကို လေးထောင်ကျပ် ယူပါတယ်။ Color မပါဘဲ Mono ထုတ်မယ်ဆိုရင်တော့ တစ်နာရီကို သုံးထောင်ကျပ်ယူပါတယ်။ Scanning ပိုင်း မှာတော့ ပုံမှန်ဖတ်လို့ရတဲ့ ပစ္စည်းဆိုရင် Artec Eva နဲ့ ဖတ်ပြီး တစ်ပေပတ်လည်အောက်ကို တစ်သောင်းယူပါတယ်။ လူခန္ဓာကိုယ်ကို ဖတ်မယ်ဆိုရင် လည်ပင်းလောက်အထိကို တစ်သောင်းယူပါတယ်။ ရင်ဘတ်လောက်အထိဖတ်မယ်ဆိုရင် နှစ်သောင်း၊ ခါးလောက်အထိ ဖတ်မယ်ဆိုရင် သုံးသောင်းယူ ပါတယ်။ တအားရှုပ်ထွေးတဲ့ပုံစံဆိုရင်တော့ Artec Spider နဲ့ ဖတ်ပြီး တစ်ပေပတ်လည်အောက်ကို နှစ်သောင်းခန့်ယူပါ တယ်။
3D Printer တွေ လူသိများလာအောင်
3D Scanning ၊3D Printing တို့နဲ့ ပတ်သက်ရင် ကျွန် တော်တို့ဆီမှာက လူသိတအားနည်းနေပါသေးတယ်။ အခါ အားလျော်စွာ ပြပွဲတွေမှာ ဝင်ရောက်ပြသပြီး ဒီနည်းပညာ တွေ မြန်မာနိုင်ငံမှာရောက်ရှိနေပြီ၊ ဘယ်လိုတွေ သုံးလို့ရနေပြီ စသဖြင့် လူအများသိရှိအောင် ဆောင်ရွက်နေပါတယ်။ နောက် ပြီး သက်ဆိုင်ရာ အသုံးပြုနိုင်မယ့် နယ်ပယ်တွေအထိ သွား ရောက်ပြီး မိတ်ဆက်ပြသတွေ လုပ်ပါတယ်။ အခုလော လောဆယ်မှာတော့ ဆေးရုံတွေမှာ သွား၊ နား၊ ခြေ၊ လက် တို့လို ခန္ဓာကိုယ်အစိတ်အပိုင်း ပုံစံတူတွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေရဲ့ ဗိုက်ထဲက ခြောက်လဝန်းကျင် သန္ဓေသားလေး တွေကို 4D Ultrasound နဲ့ ဖတ်ပြီး ထွက်လာတဲ့ Data ကို ကျွန်တော်တို့စက်နဲ့ ပေါင်းစပ်ပြီး တကယ့်ပုံတူအတိုင်းကို ထုတ်လုပ်ပေးဖို့ စတာတွေအတွက် တချို့ဆေးရုံကြီးတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေပါတယ်။3D Printing မြန်မာနိုင်ငံမှာ တွင်ကျယ်လာမယ့် အချိန်
3D Printer တွေကို မြန်မာနိုင်ငံမှာ ကျွန်တော်တို့ကုမ္ပဏီ က ပထမဦးဆုံးအနေနဲ့ တရားဝင်တင်သွင်းဖြန့်ချိတာက တစ်နှစ်ကျော်ကျော်ပဲ ရှိသေးတာဆိုတော့ 3D Printing ဒီမှာ တွင်တွင်ကျယ်ကျယ် ဖြစ်လာဖို့ဆိုရင် အနည်းဆုံး နောက် ထပ်တစ်နှစ်၊ နှစ်နှစ်လောက်တော့ လိုဦးမယ်ထင်ပါတယ်။ ကျွန်တော်တို့က အရင်က အရောင်းပိုင်းကို ပိုပြီး ဦးစားပေး ခဲ့ပေမဲ့ သိပ်မကြာခင်ကမှ 3D Scanning နဲ့ 3D Printing အတွက် Service ပိုင်းပါ ပေးလာတဲ့အခါကျတော့ အခုဆို ရင် လူတွေက ပိုပြီး စိတ်ဝင်စားလာကြပါတယ်။
3D Model တွေကို အသုံးများတဲ့ နယ်ပယ်တွေက
ဆေးပညာပိုင်းဆိုင်ရာ၊ သင်ကြားမှုအထောက်အကူပြုပစ္စည်း တွေ၊ အင်ဂျင်နီယာတွေအနေနဲ့ ကိုယ်ဆွဲထားတဲ့ ဒီဇိုင်းလေး တွေကို အလွယ်တကူ 3D Model ထုတ်ကြည့်လို့ရမယ်။ ကြာလာရင် ပျက်ဆီးသွားမယ့် ပစ္စည်းမျိုးတွေ၊ ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းတဲ့နေရာတွေမှာ ပစ္စည်းကို 3D Scanner နဲ့ Scan ဖတ်ပြီး 3D Model Print ထုတ် ထားနိုင်ပါတယ်။ နောက်ပြီး စီးပွားရေးလောကမှာဆိုရင် မာစတာမိုလုပ်တဲ့အပိုင်းမှာ 3D Scanner တွေ၊ 3D Printer တွေကို အသုံးပြုလို့ရပါတယ်။ ဒါအပြင် အနုပညာဖန်တီးမှု ပိုင်းဆိုင်ရာမှာလည်း အသုံးဝင်ပါတယ်။ နိုင်ငံခြားမှာဆိုရင် 3D Scanner တွေ အသုံးပြုပြီးတော့ 3D Annimation တွေ အများကြီးလုပ်နေကြပါပြီ။World War Z ဇာတ်ကားမှာပါတဲ့ Zombie တွေရဲ့ Body တွေ၊ Coustume တွေကို 2h3D Ltd ကArtec 3D Scanner တွေကို အသုံးပြုပြီး ဖန်တီး ရယူထားတာပါ။အနာဂတ်အစီအစဉ်
တခြား Printer တွေဆိုရင် ကုန်ကြမ်းဈေးနှုန်းဈေးကြီးတဲ့ အတွက်Mcor Technologies က ဈေးနှုန်းသက်သာတဲ့ စက္ကူနဲ့ထုတ်နိုင်တဲ့ 3D Printer ကို လူတိုင်း ဈေးနှုန်းသက် သက်သာသာနဲ့ အသုံးပြုနိုင်အောင် ထုတ်လုပ်ထားတာပါ။ အဲဒီအခါကျတော့ နောင်လာမယ့် အနာဂတ်မှာလည်း မြန်မာနိုင်ငံမှာ 3D Printing ရော၊ 3D Scaning ပါ တွင် ကျယ်လာအောင် ကျွန်တော်တို့ကုမ္ပဏီက ဆောင်ရွက်သွား ပါမယ်။ သင်ကြားမှုပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာတွေ သာမက3D Model အသုံးပြုလို့ရမယ့် နေရာမှန်သမျ အသုံး ပြုလို့ရနိုင်အောင် Service အနေနဲ့ရော ပစ္စည်းရောင်းချမှု အနေနဲ့ရော လုပ်ဆောင်သွားပါမယ်။