News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၄ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)တွင် အစီရင်ခံစာငါးစောင်ကို မှတ်တမ်းတင်
Editorial
May 12, 2014
Asean News
Highlight
Local News
News
၂၄ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)ကို မေလ ၁၁ ရက်နေ့၊ မနက် ဆယ်နာရီခွဲမှာ နေပြည်တော်ရှိ MICC-I မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ အာဆီယံနိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အဝန်းကောင်စီရဲ့ အစီရင်ခံစာ၊ အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီရဲ့ အစီရင်ခံစာ၊ အာဆီယံလူမှုရေးနဲ့ ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီရဲ့ အစီရင်ခံစာ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အာဆီယံအသိုက်အဝန်းအကောင်အထည်ဖော်မှုဆိုင်ရာ အစီရင်ခံစာနဲ့ အာဆီယံဖောင်ဒေးရှင်းရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးကတင်သွင်းတဲ့ အစီရင်ခံစာ စတဲ့ အစီရင်ခံစာငါးစောင်ကို မှတ်တမ်းတင်ခဲ့ပါတယ်။ အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အာဆီယံအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုကိုပြသပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကြိုးစားဖော်ဆောင်ရန်၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကွာဟချက်ကို လျော့နည်းစေပြီး မျှတတဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ကာ အလုံးစံလွှမ်းခြုံတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိအောင်ဆောင်ရွက်ရန်၊ အာဆီယံအဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် ပြည့်ဝစေရန်၊ ဒေသတွင်းရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုနဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်စွမ်းမြှင့်တင်ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း