၂၀၁၈ ၏ စိန်ခေါ်မှုများ

challenge2018

၂၀၁၈ သည် လက်ရှိအစိုးရအတွက် အလွန်အရေးပါသော နှစ်ကာလဖြစ်ပါသည်။ မသေချာမရေရာမှုများထဲမှ သေချာရေရာမှုများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ရမည် ဖြစ်ပါသည်။

လက်ရှိတွင် .  . .

- နိုင်ငံသူနိုင်ငံသားတို့၏ မျှော်လင့်ချက်များ

- ငြိမ်းချမ်းရေးအစီအစဉ်

- စီးပွားရေးတုံ့နှေးနေမှု

- ရင်းနှီးမြှုပ်နှံမှု နည်းပါးနေမှု

- သက်ဆိုင်သည့် ဥပဒေများနှင့်ဆက်စပ်သည့် နည်းဥပဒေများ လုပ်ထုံးလုပ်နည်းများ          ထုတ်ပြန်ရန် နှောင့်နှေးနေမှု

- နိုင်ငံ၏ရှေ့ရေးကောင်းကျိုးအတွက် ရည်ရွယ်ကာပူးပေါင်းလုပ်ကိုင်မှု အားနည်းနေခြင်း

- ရခိုင်အရေး

- ပြန်လာကြရမည့် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်အကိုင်အခွင့်အရေး ရရှိမှုအနေအထား

...

...

...

တို့ ရှိနေပါသည်။

ယနေ့မြန်မာများအနေဖြင့် အနာဂတ်မြန်မာများအတွက် မိမိတို့၏ အတ္တ၊ မာန၊ မောဟများကို ဖျောက်ဖျက်၍ အတိတ်၏သင်ခန်းစာများဖြင့် ယနေ့နှင့် အနာဂတ်အတွက် အကောင်းဆုံး ပူးပေါင်းလုပ်ကိုင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါကြောင်း။

မောင်သာ