၂၀၁၈

၂၀၁၈ သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ပိုမိုတိုးမြှင့်လုပ်ဆောင်ရမည့်ကာလဖြစ်ကြောင်း အားလုံးက သဘောပေါက်နားလည်ထားကြပါသည်။ အားလုံးဟုဆိုရာ၌ နိုင်ငံတော်အစိုးရ၊ စီးပွားရေးနှင့် နှီးနွှယ်ဆက်စပ်နေသူများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သည်ဟု ယူဆနိုင်ပါသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်ဟုဆိုရာ၌ စီးပွားရေးမျက်နှာစာတစ်ခုတည်းကိုသာ အာရုံထားရန်မဟုတ်၊ ရှင်းလင်းပြတ်သားသော စီးပွားရေးဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များ ချမှတ်ရေးနှင့် ကျင့်သုံးရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပေဒစိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ ငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးကဲ့သို့သော ဆောင်ရွက်ဖွယ်ရာကိစ္စရပ်များစွာ ပေါင်းစပ်ပါဝင်လျက်ရှိနေပါသည်။

ဤသို့လုပ်ဆောင်ရာတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နည်းပညာ စသည့် လုပ်ငန်းနယ်ပယ်အသီးသီးတွင် လုပ်ကိုင်လျက်ရှိသော၊ ကျွမ်းကျင်နှံ့စပ်သော ပုဂ္ဂိုလ်အသီးသီးတို့၏ အတွေ့အကြုံနှင့် အမြင်အတွေးတို့ကို လေ့လာသုံးသပ်ခြင်းဖြင့် နှစ်သစ်တွင် မိမိလျှောက်လှမ်းရမည့်လမ်းကြောင်းကို ပိုမိုပီပြင်စွာ မျှော်မှန်းဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။

အယ်ဒီတာ့အမှာ